တောင့်တမိခြင်း

kotun winlattDecember 5, 20112min1265

အစီစဉ်ကျနမှုကင်းသော အတွေးတို့သည် တလွင့်လွင့်လူးရင်း တဝဲဝဲလည်ကာ

နေ့ညတို့သည် အသက်မဲ့လျှက် ….

ရုပ်နာမ်နှစ်ခုကြားမှ အတ္တမျက်နှာမူရာတည့်တည့် ခံစားချက်တို့ တဖွဲဖွဲ ယိုစီး

ကျနေကြပေသည်။

အဆုံးအစမဲ့သော ကောင်းကင်ကို မော်ကြည့်ရင်း မိမိကိုယ်ကို မဝေဖန်မိခြင်းအတွက်

မကျေနပ်မှုများက အခါခါ ….

နွေအကုန်မိုးအကူး ညတို့သည်လည်း အိုက်စပ်ခြင်းများဖြင့် အစီအစဉ်မကျသော စာတပုဒ်ကဲ့သို့

ဖရိုဖရဲနိုင်လွန်းနေ၏။

မကျေနပ်မှုအော်သံများ ကျဆုံးကာ ပြာနှမ်းဆို့နင့်နေသော်လည်း အခွင့်ရနေသမျှတော့

တစ်တစ်ခွခွပြောဆိုကျိန်ဆဲနေမိလျှက်ပါ….

မရှိခြင်း မသိခြင်း မလုပ်ခြင်းဟူသော အရာများကြားတွင် အမြင်းကျဉ်းမှုများကြောင့်

လူသားချင်းစာနာမှုတရားများ ကင်းဝေနေရလေ၏။

အစွန်းနှစ်ခုကြားက အလယ်အလတ်နေရာတွင် ငြိမ်းအေးမှု အစစ်အမှန်ရှိကြောင်း ယုံကြည်

မိသော်လည်း မရှာဖွေမိသေးချေ။

ဘာသာတရားနှင့်ဝေးခဲ့သော်ဟူသော ခေါင်းစဉ်အောက်ဝယ် အကြိမ်ကြိမ် ကျဆုံးနေရင်း

ငြိမ်းချမ်းမှုရရှိလိုနေချင်းကိုမည်သို့ ခေါင်းစဉ်တပ်ရလိမ့်မည်နည်း။

ဒီနေ့ မနက်ဖြန် အစီအစဉ်တို့သည် ထပ်တူမကျမှု ကိန်းကဏန်းများဖြင့် ရှုပ်ယှက်ခတ်လျှက်…

အလုပ်ရှုပ်ခြင်းလော…အရှုပ်လုပ်ခြင်းလော……

ကျနော့်ဖရိုဖရဲနိုင်မှုများသည် လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်တို့နှင့်ရောနှောကာ

ပတ်ဝန်းကျင်ကိုညစ်ညမ်းစေလေသလား…

မိုးမှာစနေ လေမှာရာဟု ဆိုသော ဆိုရိုးအတိုင်း စနေ့ထောင့်မှ မိုးသားတိမ်တောင်များ

တရိပ်ရိပ် လျှပ်စစ်လျှပ်နွယ်တို့ကလည်း တလက်လက်……

ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်…….

မငြိမ်သက်နိုင်သည်ကား ကျနော့်အတွေးစများသာ…

မနက်ဖြန်မှာ ရှင်သန်ဖို့ သေချာဦးမယ်ဆိုရင ကျနော့်အတ္တတို့ အရောင်ပြောင်းကောင်း

ပြောင်းလာနိုင်သော်လည်း ပတ်ဝန်းကျင်ကတော့ကောင်းလာနိုင်ပါ့မလား….

မိုးခြိမ်းသံမှတစ်ဆင့် မိုးကြိုးပစ်သံများ ဆူညံလာချေပြီ။

နာရီတို့သည်လည်း ပုံမှန်လည်လျှက်…

လွန်းလူးလေလွင့်နေသော အတွေးစများကို ဖမ်းဆုပ်နိုင်ဖို့ ကြိုးစားရင်း

ကျနော် ငြိမ်းချမ်းရေးတေးတစ်ပုဒ် ဒါမှမဟုတ်…..

ချိုးဖြူငှက်တို့ ကောင်းကင်ယံမှာပျံသန်းလာမယ့်အချိန်မှာ

တည်ကြည်စွာနေနိုင်ပါလိမ့်မလား…

ဪ….. အနိစ္စ  အမြဲ မရှိ

ဒုက္ခ ဆင်းရဲခြင်း များကြားမှ ငြိမ်းချမ်းရေးကို ရေဆာသလို ဆာလောင်နေမိတယ်လေ…။

5 comments

  • manawphyulay

    December 5, 2011 at 4:56 pm

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

  • aye.kk

    December 5, 2011 at 5:22 pm

    တောင့်တမိတယ်ဆိုလို ့ပြောပြမိပါတယ်..
    လူတိုင်းလူတိုင်း သမ္ပဒါတရားလေးပါးဆိုတဲ့ ..
    အရည်အချင်းကောင်းလေးများ လိုက်နာဆောင်ရွက်ဖို ့လည်းလိုပါတယ်လို ့..
    အမြင်လေးကိုပြောပြလိုက်ပါရစေ..။

  • ကဗျာလေးက တော့ ခံစားချက်အပြည့်နဲ့ဆိုတော့ ဖတ်လို့ကောင်း။
    ဒါပေမယ့် ခင်လို့လက်တို့ပြောရအုံးမယ်။
    ကျုပ်တို့ရွာသူကြီးက စည်းကမ်းဖောက်ရင် မကြိုက်ဘူး။
    သူက တစ်ရက် နှစ်ပုဒ်ဆိုနှစ်ပုဒ်။
    တစ်ပုဒ်ဆိုတစ်ပုဒ်ဘဲတင်။
    ပိုတင်ရင် ဝမ်နိန်တွေပေးပြီး ပက်ပက်စက်စက်ပြောတာတဲ့။
    တစ်ချို့ဆိုအဲလိုအပြောခံရလို့ ငိုတောင်ငိုတယ်ကြားဘူးတာဘဲ။
    အဲတော့ အပေါ်က အမကြီးပြောတာကိုလိုက်နာ.။
    နောက်ဆို တစ်ရက် နှစ်ပုဒ်ထက်ပိုမတင်နဲ့နော်…………

  • kolawyan

    December 6, 2011 at 8:35 am

    ဟုတ်ကဲ့ပါ..ဟုတ်ကဲ့…ကျနော်စည်းကမ်းချက်လေးတွေကို သေချာ မသိလို့ပါဗျာ..
    ပြီးတော့ ကျနော်နေရာ့က ကွန်နက်ရှင်ရတဲ့အခါလေး တင်ရတာမို့…
    ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါလို့ပဲ တောင်းပန်ပါတယ်..ခင်ဗျာ..
    အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ….

    • windtalker

      December 7, 2011 at 10:27 pm

      ဟုတ်တယ်
      ကိုလောရန် ရဲ ့
      ဆက်စောင့်နေမယ်နော်

Leave a Reply