Autumn in my Heart

ムラカミDecember 5, 20115min19415

ဗီဗယ်လ်ဒီ လည်းမဟုတ် ….ဟိုင်ဒင်လည်းမဟုတ်….

ဗီထိုးဗန်း လည်း မဟုတ်(စာလုံးပေါင်းသည်းခံပါ…) မိုးဇာတ် လည်းမဟုတ်(ရွာထဲက ချာတိတ် မဟုတ်ပါ…)

ဆီဗက်စတီယမ် ဗက်ထ် လည်းမဟုတ်တဲ့ ကအင်ဂျီး …တညနေ စိတ်ပေါက်ပေါက်နဲ့ ဂျမ်ပီး သကာလ..

သွားရှုထားတဲ့ အန်တန်မ် အင်မိုင် ဟာ့ထ် တွေဘာ …..

 

 

 

စာသားနည်းလို့ ပုံနဲ့ပဲ ဖြည့်စွက်ခံစားပေးပါဗျာ …

အတော်များများက သိပ်မထူးဆန်းတဲ့ ရှော့တွေဖြစ်ပေမယ့် ……

ရင်ဘတ်ထဲက ခံစားချက်တချို့နဲ့ ညီတဲ့ ….တချို့ပုံတွေကို ကျနော် ခေါင်းစဉ်မတပ်ရက်လို့ပါ…

ဟုတ်ကဲ့  …. သည်နှစ်ထဲတော့ ဒါ့ပုံ သိပ်ရိုက်ဖြစ်တော့မည် မဟုတ်ပါ…

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဘယ်လိုလုပ် သိပ်ရိုက်ဖြစ်တော့မတုန်း …

ခုဘဲ ဒီ ဇင်ဘာ ရှိပီကိုး ….

ခစ်ခစ်…

 

ခင်တဲ့…

15 comments

  • မှော်ဆရာ

    December 5, 2011 at 10:50 pm

    မောင်ဂီရယ်
    ဇာဒူးကြီးပဲ ဖြစ်ဖြစ်
    ရွာခေါင်းပဲ ဖြစ်ဖြစ် နာမည်တစ်လုံးကို အတည်တကျ ယူထားပါတော့လား …

  • TTNU

    December 6, 2011 at 1:26 am

    မောင်ဂီရေ… တီချာပုံ အကြိုက်ဆုံးလေးတွေ ကော်ပီလိုက်ပြီနော်။ လှလို်က်တာ။
    အရောင်တွေကလည်း တတွတ်တွတ် စကားတွေပြောနေလိုက်တာမှ။
    ကျေးဇူးတင်ပါတယ်နော်။

  • pooch

    December 6, 2011 at 2:02 am

    အော်… ပုံလေးတွေ မြင်တော့ စိတ်ထဲ ဖြစ်မိတယ်….. မသေခင်လေးတော့ ကိုယ်တိုင်ရိုက်တဲ့ပုံလေးတွေကို ဒီလို သဘာဝအလှလေးတွေနဲ့ ရိုက်တတ်ချင်တဲ့စိတ်လေးပေါ်လာမိတယ် …

    မတန်တရာတွေများ တွေးမိနေသလား မသိဘူး….

    တခါကလည်း ဓာတ်ပုံပြပွဲတခုကို သွားကြည့်တာ ငှက်တကောင်အားနဲ့မာန်နဲ့ လေကို ဆန်တက်ပြီး ပျံနေတဲ့ပုံ နာမည်ကလည်း မျှော်လင့်ခြင်းဆိုလားပဲ အဲ့ဒီပုံက အနီလေးတွေ ၅ ခုလောက်ကပ်ထားတာတွေ့တယ် သဘောက ဝယ်သူများတယ်ပေါ့ ဝယ်နို်င်တဲ့ သူတွေ ဝယ်ကြပါစေလေ( ရောင်းလို့ရတဲ့ပိုက်ဆံများကို သူတို့အဖွဲ့က လူမှုရေး အသင်းတခုကို ပြန်လှူတာပါ) ပြောရရင် ရံပုံငွေပွဲလားမသိဘူး ။သိပ်မမှတ်မိတော့ဘူး။ ကိုယ်က မဝယ်နိုင်တော့ နာရီဝက်လောက် တမေ့တမော ကြည့်ပစ်လိုက်တယ်.. သနားလို့ထင်ပါတယ် တယောက်ကလာပြောပြတယ်

    နှစ်ပေါက် ခရီးထွက်ပြီး ရိုက်တာ ငှက်ပုံ အဲ့ဒီတပုံပဲ ပြဖြစ်တယ်တဲ့ … အော်…. ဖန်တီးမှု အနုပညာဆိုတာ လွယ်လွယ်နဲ့ လူတိုင်းလုပ်နိုင်တာမှ မဟုတ်တာလေ ….

  • E.T

    December 6, 2011 at 3:18 am

    ကအင်ကြီး ဘယ်လိုဖြစ်သွား ပြန်တာတုန်း။ လုံးရာက ပြားပြီး နီလေး ဖြစ်သွားပြီပေါ့။ ကရင်စည်သွပ်ကတော့ နီပါရင် အလွတ်ပေးမှာ မဟုတ်ဘူး 😀 အပင်အောက်မှာ မီးတွေထွန်းထားတာ တော်တော်လှတယ်။ ရန်ကုန်ပြန်လာရင် ဘယ်နေရာတွေမှာ သွားရိုက်ဖို ့ စိတ်ကူးထားပါလဲ။

  • aye.kk

    December 6, 2011 at 4:59 am

    သဘာဝအလှ..
    စာသ၍မကုန်..
    ပုံတွေမြင်ရ..
    အကုန်လှလို့ကူးသွားသည်..။

  • MaMa

    December 6, 2011 at 8:05 am

    တတိယပုံရိုက်တုန်းက လေတော်တော်တိုက်နေတယ် ထင်တယ်။ 😛
    (သည်နှစ်ထဲတော့ ဒါ့ပုံ သိပ်ရိုက်ဖြစ်တော့မည် မဟုတ်ပါ… ) ဆိုတော့
    2012 တနှစ်လုံး မျက်စေ့နောက် သက်သာတော့မှာပဲထင်နေတာ
    အဲ မှားလို့ ….
    မျက်စေ့ပသာဒလေးတွေ မတွေ့ရတော့ဘူး ထင်နေတာ 😆

    • Nishida

      December 6, 2011 at 10:32 am

      တတိယပုံက Zooming technique သုံးထားတာပါ အန်တီမမရေ…
      ရိုက်နေတုန်း Zoom ring ကို ဆွဲလှည့်တဲ့နည်းပါ
      ဖိုတိုရှော့ပ်နဲ့ အင်ထုလို့ ရပေမယ့် ကျနော်ကတော့ လှည့်ရတာ ပိုသဘောတွေ့ပါတယ်
      အချက်၂ဝလောက် ရိုက်/ပျက် ဖြစ်ပြီးမှ သည်တပုံရတာပါ
      tripod သုံးရမှာ ပျင်းမိလေတော့ hand-shake နည်းနည်းပါသွားပါသည်.

      သည်နှစ်က ရက်၃ဝတောင် မကျန်တော့လို့ အရိုက်နည်းမယ်ပြောတာပါ…
      (စနေကျရင် စိုင်၂ကောင်လောက် သွားပစ်လိုက်ဦးမည် …ဟီး)

  • MaMa

    December 6, 2011 at 8:25 am

    ပြောဖို့ မေ့သွားလို့…
    လောလောဆယ်တော့ desktop ပုံလေး ပြောင်းသွားပြီ။ 🙂

  • blackchaw

    December 6, 2011 at 10:58 am

    သေလောက်တယ် ဆိုတာ ဒီလို ရိုက်ချက်မျိုးတွေပေါ့။
    သေလောက်တယ် ဗျို့။

    • Nishida

      December 6, 2011 at 11:02 am

      မသေဘာနဲ့ ဘဘဘလက်ရယ်
      Facebook က Back to Earth ဆိုတဲ့
      အာ့ထစ်စ် တွေရဲ့ ခြေဖျား တောင် မမီဘာဘူးဂျာ..
      ခုမှ စုတုန်း တုတုန်းရယ်ပါ
      😛

  • Diamond Key

    December 6, 2011 at 3:42 pm

    ရွက်၊ ကိုင်း၊ စိုင် အားလုံးပိုင်တဲ့
    ကိုးမြို့ရှင် (အဲ) ကိုးမည်ရ
    Nishida ပါပေ။ 😀

  • ဆူး

    December 6, 2011 at 4:29 pm

    ဒါ့ပုံတွေ သိပ်လှပါတယ်။
    ဂိဂိ က နာမည် အတိအကျ မရှိ ဖြစ်နေတာ ဆိုတော့.. သူကို နာမည် တိတိကျကျ ပေးလိုက်ရင် ကောင်းမလားလို့ တွေးမိတယ်။
    အိမ်နာမည် ကျောင်းနာမည် ရှိသလိုပေါ့ ရွာနာမည် လည်း တိတိကျကျ ရှိသင့်နေပြီ။
    ဂိဂိ ဦးဖွတ်ကျား နောက်တော့ အများကြီးပဲ ဒီ ၂ခုပဲ မှတ်မိလေတော့…
    ဂီစိုင်ဖွတ် လို့ ပေးလိုက်လျှင် ဘယ်လို ရှိစ..
    ရွာသားများ မိမိ စိတ်တိုင်းကျ အမည်များ တယောက် တခု ကင်ပွန်းတပ် လုပ်ပေးလိုက်ကြပါ။
    အများ သဘောနဲ့ ကိုက်ညီတဲ့ နာမည် ကိုသာ ရွာထဲမှာ ခေါ်ဝေါ် ပါမည်။

  • windtalker

    December 6, 2011 at 8:40 pm

    လှတယ် ၊ လန်းတယ် ၊ ဒါမျိုးတွေ တစ်ခါမှ မမြင်ဖူးဘူး ၊
    ဒီလိုဘဲ ပြောတတ်ပါတော့တယ်
    တစ်ခြားပြောစရာလည်း မတွေးတတ်တော့ပါ

  • NAJA

    December 7, 2011 at 5:14 pm

    ဆရာပေ့လိုပဲ…မှတ်ပါတော့…

  • ပေါက်ဖော်

    December 7, 2011 at 7:56 pm

    ရေလည်လန်းဒယ်..မဖွတ်ကျားရေ…
    ပိုးစိုးပက်စက်ပဲ……လှတာ…

Leave a Reply