1 ဘွွှဲတော်အရင်းကတော့ မဟာသကျမာရဇိန် ဒါပေမယ့် အားလုံးသိတာကကျောက်တော်ကြီး

                    “မဟာသကျ မာရဇိန်{ခ}ကျောက်တော်ကြီး(အတွင်းကဆင်းတုတော်)”

 

(ကျောက်တော်ကြီးဘုရားက များအံ့လောက်ပေသည်

စမ်းကျတဲ့ရေအလျှင်ရွှေကျင်နန်းက ရတနာပုံမြန်းကြွတဲ့

လပုဏ္ဏမီ)လို့ နန်းတော်ရှေ့ဆရာတင်က ရေးဖွဲ့ခဲ့ဘူးပါတယ်။

“မြန်မာဂုဏ်ရည်”လို့အမည်ရတဲ့သီချင်းမှာပါ။

ဒီဘုရားကို မင်းတုန်းမင်း တည်ခဲ့ပါတယ်။

နေရာကတော့ မန်းလေးနန်းတော်ရဲ့မြောက်ဘက် မန်းလေးတောင်ခြေရင်းမှာရှိပါတယ်။

ရတနာပုံမန်းလေးရွှေမြို့တော်ရဲ့မြောက်ဘက် စကျင်တောင် ကနေတူးဖော်ရရှိတဲ့

ကြီးမားတဲ့စကျင်ကျောက်တုံးကြီးကနေ ထုလုပ်ထားတဲ့ဆင်းတုတော်ကြီးပါဘဲ။

2 ကျောက်တော်ကြီးဘုရားအရှေ့ဘက်စောင်းတန်းကအဝင်

3 ကျောက်တော်ကြီး(တစ်လုံးထဲသောစကျင်ကျောက်ကနေထုလုပ်ပူဇော်ထားပါတယ်)

4 တောင်ဘက်က နေဖုူးမျှော်ရတဲ့ပုံတော်

5 မြောက်ဘက်ခြမ်းက ဖူးမျှော်ရတာပါ

5 မြောက်ဘက်ခြမ်းက ဖူးမျှော်ရတာပါ

6 တောင်ဘက်အတွင်းထဲက ဖူးမျှော်ရတာပါ

 

7 မြောက်ဘက်ခြမ်းအတွင်းထဲက ဖူးမျော်ရတဲ့ ဆင်းတုုုတော်

8 တောင်ဘက်ခြမ်း အတွင်းထဲ့က ပုံတော်

9 အတွင်းထဲက အနီးကပ်ဖူးရတဲ့ပုံလေးပါ

10 (3-12-2011)နေ့က မှတ်တမ်းတင်ထားတဲ့ဆင်းတုတော်

10 ဒီပုံကတော့ 2010ခုနှစ်မေလမှာ မှတ်တမ်းတင်ထားတဲ ့ပုံတော်ပါဘဲ။

12 ဘုရားဒါယိကာ မင်းတုန်းမင်း ပုံတော်

 

အခုခေတ်လိုယာဉ်ကား စက်ကရိယာပေါများ နည်းပညာတွေကြွယ်ဝတဲ့ခေတ်မှာတော့

ဒီဆင်းတုတော်လောက်တော့ ဘာဆန်းလဲလို့ မေးရင်ရပါတယ်။

နည်းပညာမတိုးတက် လူနဲ့လက်ကိုသာအားကိုးလို့ဆောင်ရွက်ရတဲ့ခေတ်မှာတော့

ဟိုးအဝေးကြီးကနေ ဒီလောက်ကြီးတဲ့ ဆင်းတုကို အရောက်သယ်နို်င်ထုဆစ်နိုင်တာက

တော့ အံ့ဘွယ်တစ်ပါးပါဘဲ။

ဘွဲ့တော်အရင်းကတော့” မဟာသကျ မာရဇိန်”ဒါပေမယ့် ကျောက်တုံးကြီးတစ်တုံးထဲက

နေထုဆစ်ထားတော့ အရပ်အခေါ် “ကျောက်တော်ကြီး”

မန္တလေးမြို့ဂုဏ်ဆောင် ဘုရားတစ်ဆူလို့သတ်မှတ်ရင်ရပါတယ်။

ကျနော်ဒီဘုရားကို အကြိမ်ပေါင်းများစွာရောက်ဘူးပါတယ်။

ဒီတစ်ခါတော့ ဆင်းတုတော်ကို ရူ့ဒေါင့်အမျိုးမျုးိကနေမှတ်တမ်းတင်လို့

လက်ဆော့လိုက်ပါတယ်။

အရင်က ရိုက်ဘူးတဲ့ပုံနဲ့လဲယှဉ်လို့တင်ပေးလိုက်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(6-12-2011)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။