ချစ်သူ…

လွမ်းမိတယ်ဆိုတာထက်

တမ်းတမိတယ်

မင်းသိရဲ့လား

ဒီနေ့ငါလွမ်းနေတယ်လေ

မင်းမရှိတဲ့နေ့ညတွေမှာလေ

ငါဘယ်လိုအသက်ရှင်ရမှာလဲ

အရင်ကဆိုရင်ငါ

နေ့ဘက်တွေကိုအရမ်းမုန်းခဲ့တာ

ခုတော့ငါနေ့ဘက်တွေကို

လွမ်းတက်လာတယ်

မင်းနဲ့မတွေ့နိုင်တဲ့ညတွေကို

ငါသက်ပြစ်ချင်နေမိတယ်

မိုးရွာတဲနေ့တွေမှာ

ငါမင်းကိုမျှော်လင့်လို့

မင်းဘယ်အချိန်ပြန်လာမှာလဲ….

ငါ့ရင်မှာငိုကြွေးနေတာကို

မင်းသိနိုင်ပါ့မလား…

သံယောဇဉ်ဆိုတာ

နုနယ်တဲ့အရွယ်မှာ

ရှိခဲ့ရင်ဘ၀တစ်သက်တာအတွက်

ထာဝရသတိရနေမှာပါဆို

ချစ်သူ

မင်းပဲပြောခဲ့တာလေ

ငါမမေ့သေးပါဘူး….

မင်းအတွက်ဆိုရင်

ငါ့ရင်ခွင်တံခါးကို

စေ့ထားရုံလေးပါ

ခဏပဲဖြစ်ဖြစ်

လမ်းကြုံရင်အလည်လာနိုင်ပါတယ်ချစ်သူရယ်…..

 

About lulinmg

has written 31 post in this Website..