ကွန်ပျူတာဆိုတာ သုံးတတ်ရင် ၀န်ထမ်းငါးယောက်လောက်ခန်.ထားသလို.အသုံးဝင်ပါတယ်..

အဲဒါပေမယ့် သူကိုတော့ ချစ်သူ၊အိမ်သူသက်ထားလို. ဂရုစိုက်ပေးရတယ်ဗျ..

ဝန်ထမ်းတွေကို အသုံးဝင်အောင် ခိုင်းတတ်ရင် အလုပ်ပြီးမြောက်သလို. ကွန်ပျူတာလဲ သုံးတတ်ရင် အရမ်းအလုပ်ပြီးပါတယ်… မခိုင်းတတ်ရင်တော့ ကွန်ပျူတာက ကိုယ့်ပြန်ခိုင်းပါလိမ့်မယ်…ကွန်ပျူတာကြီး မပြီး ဟိုဆိုင်ပြေးလိုက် ဒီဆိုင်ပြေးလိုက်နဲ.လေ..

ကွန်ပျူတာကို ဂရုစိုက်တဲ့နေရာမှာ သူက ဘာလုပ်ရင်ဘာဖြစ်လဲဆိုတာ သိထားရင်ဖြစ်ပါတယ်.. လူလိုပေါ့ ဒီဝန်ထမ်း ဘယ်လို သဘောထားရှိလဲ သူကို ခိုင်းရင် ဘယ်လိုခိုင်းရမလဲ ဆိုသလိုပေါ့…

အခုကွန်ပျူတာအသုံပြုသူတွေက ကွန်ပျူတာသာသုံးတာ ကိုယ်ကွန်ပျူတာ တစ်ခုခုဖြစ်ရင် ဘာဖြစ်တာလဲ သိပ်မသိကြဘူးဗျ… အဲဒီတော့ ဂရုစိုက်ပုံလေးတွေပြောပြချင်လို.ပါ…

ကွန်ပျူတာဆိုတာ သူလုပ်သမျှ Temp File နဲ. Jump File လေးတွေထွက်ပါတယ်.. Temp File ဆိုတာ File လေးတစ်ဖိုင်ဖွင့်တိုင် အလုပ်လုပ်ခဲ့တာတွေကို မှတ်ထားဖို.ထွက်တာပါ.. အဲဒီဖိုင်လေးရှိနေလို. ကိုယ်လုပ်တဲ့အလုပ် ကို Undo၊ Redo ပြန်လုပ်လို.ရတာပါ.. Jump File ကတော့ File တွေ အမှားလုပ်ရင် ထွက်တဲ့ File လေးပါ.. အဲဒီ File လေးတွေက အလုပ်ပြီးသွားပြီး ကွန်ပျူတာပိတ်လိုက်လဲ ပျက်မသွားပါဘူး အဲဒီတော့ အဲဒီဖိုင်လေးတွေကို ရှင်းပေးသင့်ပါတယ်.. (Game ဆော့ရင် အဲလို File တွေ ပိုထွက်ပါတယ်)..

အဲလို File တွေများလာရင်လဲ ကွန်ပျူတာ နဲနဲလေးနေတတ်ပါတယ်.. အဲဒီအခါ Window Key + R ကိုနှိပ်ပြီး run box ထဲမှာ %Temp% ရိုက်ပြီး Enter နှိပ်လိုက်ပါ ပေါ်လာတဲ့ File တွေကို ဖျက်လိုက်ရင်ရပါတယ်…

နောက်ပြီး ကွန်ပျူတာထဲမှာရှိတဲ့ Harddisk ပါ အဲဒါကတော့ ကျွန်တော်တို. သုံးနေတဲ့ File တွေ ကို ဖျက်လိုက်ထည့်လိုက် ပြင်လိုက်လုပ်တာတွေကို Harddisk က သိမ်းပေးထားတာပါ.. File တွေကို ဆောက်တဲ့အခါမှာ Harddisk ပေါ်မှာနေရာယူသလို. ဖျက်လိုက်တဲ့အခါမှာလဲ အဲဒီနေရာမှာ အလွတ်လေးတွေ ဖြစ်သွားပါတယ်.. အဲနောက်တစ်ခါ File အသစ်ထပ်ဆောက်ရင် အဲဒီ လွတ်သွားတဲ့နေရာလေးမှာ အစားပြန်မ၀င်ပါဘူး နောက်တစ်နေရာမှာ အသစ်ထပ်သိမ်း ပါတယ်… အဲဒီတော့ File တွေကို ဆောက်လိုက် ဖျက်လိုက် နဲ. ဆိုတော့ နေရာလွတ်တွေများများလာပါတယ်.. အဲဒီအခါ ကွန်ပျူတာက လေးလေးလာပါတယ်..

အဲလိုလေးလာရင် File စီတယ်လို.ခေါ်တဲ့ Defragmentation လုပ်ပေးရပါတယ်..လုပ်နည်းကတော့ MyComputer ထဲကို ၀င်ပြီး C: ဖြစ်ဖြစ် D: ဖြစ်ဖြစ် တစ်ခုခုကို Right Click လုပ်ပြီး Properties ထဲက Tool Tab ထဲမှာ Defragment Button လေးကို နှိပ်ရပါတယ်။(အားလုံးသိပြီးသားပါ)။ အဲဒါပြီးရင် အဲဒီ Properties ထဲမှာပဲ Disk Cleanup ကိုလဲ လုပ်ပေးရပါမယ်။

ပြီတော့ MailWare၊ FreeWare တွေကြောင့်လဲ လေးတတ်ပါတယ်။ဒါကတော့ အင်တာနက်ကြည့်ပြီးဟို ဆိုဒ်ဝင်လိုက် ဒီဆိုဒ်ဝင်လိုက် Register လုပ်လိုက် Free ရှာလိုက်နဲ. သူအလိုလိုဝင်လာတတ်ပါတယ်..အဲဒီအခါ ကွန်ပျူတာက လေးလာတတ်ပါတယ်… နောက်ပြီး ကွန်ပျူတာသုံးတဲ့သူ အမှားလုပ်လို. Computer အတွင်းပိုင်း Setting တွေအမှားများလာရင်လဲ လေးလာတတ်ပါတယ်…

ကဲ အဲဒါတွေအားလုံးကို အခု ကျွန်တော်ပေးမယ့် Software လေးက Care ဆိုတာလေး နှိပ်တာနဲ. အကုန်လုံးလုပ်ပေးသွားမှာပါ.. အင်တာနက်သုံးတာပဲဖြစ်ဖြစ်၊ ဂိတ်ဆော့တာပဲဖြစ်ဖြစ်၊ ရုံးအလုပ် အိမ်အလုပ် လုပ်လုပ် တစ်ပတ်တစ်ခါ အဲဒါလေးကို လုပ်ပေးရင် ကွန်ပျူတာကို ပေါ့ပေါ့ပါးပါး သုံးနိုင်တာပေါ့..

ကဲဒီမှာ Download လုပ်ပြီး သုံးနိုင်ပါတယ်…

http://www.mediafire.com/?2qnyayjbc659ijr   Free Version ပါ.. သုံးလို.အရမ်းကောင်းပါတယ်.

အမလေးမောတာ…. Software လေးတစ်ခုပေးဖို. လေရှည်ရတာ..

အခုလို လေရှည်ရတဲ့ အကြောင်းကတော့ ကျွန်တော်သူငယ်ချင်းတစ်ယောက် ဂိမ်းတအားကြီး ဆော့ပါတယ်.. သူလောက်ကျွမ်းတာသူပဲရှိတယ် အဲဒီကောင် သူ.ကွန်ပျူတာလေးတာ သူမလုပ်တတ်ဘူးဗျ.. အဲဒါ သူ.ကို အခု Software လေးပေးရင် ဆရာလုပ်လာတာ တစ်ခါထဲ ပဲ ရွာထဲမှာလဲ ဆရာဝင်လုပ်လိုက်ရခြင်းဖြစ်ပါတယ်..

သိပြီးသူ ကျွန်တော့်ထက် တတ်သူများကို လဲ အမှားပါရင်ခွင့်လွှတ်ပါလို. နော့

အော်ဒါနဲ. ကွန်ပျူတာကို ချစ်သူ အိမ်သူသက်ထားလို. ဂရုစိုက်ပါလို. ပြောတာ နဲနဲလေးပြောတာနော် တော်ကြာ ရွှေတိုက်စိုးပြောလို. ကွန်ပျူတာကို ဂရုစိုက်နေတာ အိမ်သူသက်ထားကို မေ့နေလို. မေတ္တာပို.ခံရအုံးမယ်… ဟေဟေ

 ရွှင်လန်းချမ်းမြေ့ပါစေ

About ရွှေတိုက်စိုး

has written 79 post in this Website..