မီးဘာကြောင့် မငြိမ်းသနည်း။

wunnaMay 25, 20101min1146

မင်္ဂလာဈေးမီး ဘာကြောင့်ဒီလောက်ကြာကြာ လောင်ရသနည်း။

မီးသတ်ဝန်ထမ်းများကို အပြစ်မပြောလိုပါ။ သူ့တို့လည်း တစ်ရက် နှင့် တစ်ည တိတိ မအိပ်၊ မစားကြိုးစားပြီး ငြိမ်းသတ်ကြပါသည်။

ဘာကြောင့် မငြိမ်းသနည်း။

အဖြေကရှင်းပါသည်။

ပစ္စည်းကိရိယာ မပြည့်စုံသောကြောင့်ဖြစ်ပါသည်။ အထပ်မြင့်များသို့ လှေကားထောင်ပြီး ပက်နိုင်သော မီးသတ်ကား ၂ စီး၊ ၂ စီးသာရှိပါသည်။

ရေတစ်မျိုးတည်းဖြင့်သာ ငြိမ်းသတ်ရပါသည်။ လောင်နေသော ပစ္စည်းများတွင် ဓါတုပစ္စည်းများ (ဆေးဆိုင်နှင့် အလှကုန်ဆိုင်) ပါဝင်နေမည်မှ သေချာပါသည်။ ဓါတုပစ္စည်းများလောင်ကျွမ်းပါက ငြိမ်းသတ်ရာတွင် သုံးသော ပစ္စည်းများ သုံးစရာမရှိပါ။

နောက်ဆုံးတော့ ဒီ ဘူတာ ပဲဆိုဒ်ပါသည်။ အုပ်ချုပ်သူ လူတန်းစား မကောင်းသဖြင့် ဖြစ်ပါသည်။ နေပြည်တော်ကြီး ဆောက်နိုင်သည်။ မီးဘေးအန္တရာယ်တားဆီးမည် လိုအပ်ချက်များကို မဖြည့်ပေးပါ။ ကျန်းမာရေးလိုအပ်ချက်များကို လှစ်လူ ရှုထားပါသည်။ ပညာရေးအတွက် လိုအပ်ချက်များကို လှည့်မကြည့်ပါ။

6 comments

  • Shwemannmay

    May 25, 2010 at 5:09 am

    အိမ်း
    ဘယ်လိုပြောရပ
    ဒါနဲ ့စကားမစပ် ကိုယ်ထူကိုယ်ထ ဆိုတာ မြန်မာမှာ ခုနောက်ပိုင်းအတော် အသုံးများလာတဲ့စကားလုံးပဲ
    ဆိုင်တော့မဆိုင်ဘူးနော 😀

  • Rain girl

    May 25, 2010 at 6:02 am

    ကိုယ်ထူ ကိုယ်ထ ကိုယ့်ဘဝ အခြေအနေပေါ့။ ကို်ယ်ထူ ကိုယ်ထ လမ်းတွေ၊ စာကြည့်တိုက်တွေ များလာတောတော့သိပါ့။ 🙂

  • chitkoko

    May 25, 2010 at 7:21 am

    နောက်ဆိုဒိထက်ပိုဆိုးလာမယ်။အရင်ကမဟာရန်ကုန်အခုတော.ရှိတာအကုန်ကုန်ဖြစ်နေပြီ။ပြိတ္တာရွာတည်ပြီးပြိတ္တာတွေအုပ်ခူပ်နေတော.ငယ်ကျွန်သရဲတစ္စေတွေကလည်းလူတွေကိုအမိူးမိူးဒုက္ခတွေပေးနေကြတယ်။
    ပြည်သူတွေရဲ.ကျန်မာရေးဆိုရင်သေချင်သေ၊ပညာရေးဆိုရင်ဖာလုပ်၊စားဝတ်နေရေးဆိုရင်သူတောင်းစားလုပ်စားဆိုပြီးအမိန်.မထုပ်ရုံတမယ်ပဲရှိတော.တယ်။
    သတင်းစာထဲမှာဆိုရင်သူတို.ငယ်ကျွန်တွေပိုင်တဲ.လယ်တွေယာတွေကိုဓတ်ပုံရိုက်ပြတယ်။
    တကယ်တောင်သားတွေကျတော.ငတ်နေတယ်၊အကြွေးလည်ပင်းအစ်နေတယ်၊သားသမီးတွေပညာမဲ.နေတယ်။
    ဒါတွေပြည်သူတွေသိပေမဲ.ဘယ်သူမှမပြောရဲဘူး။ဘာကြောင်.လည်းဆိုရင်သူတို.ရဲ.နှစ်၆ဝငရဲဆိုတဲ.ထောင်ကိုကြောက်နေလို.လေ၊ပြောမိလို.အဖေ၊အမေဝင်သွားရင်သားသမီးတွေရဲ.futureကလည်းမကောင်းအောင်လုပ်သေးတယ်။
    ဒါကြောင်.မီးလောင်လည်းမင်းတို.ခံ၊ရေကြီးလည်းမင်းတို.ခံ၊ငါတို.ကတော.သာသာယာယာပဲလို.သူတို.ရဲစိတ်မှာ………………………..
    …………….ကယ်တင်ရှင်အမြန်ပေါ်ပေါါ်က်ပါစေ……………..
    …………….ကျွန်တော်တို.ပြည်သူများဘဝအမြန်အေးချမ်ပါစေ……….။

  • intro

    May 25, 2010 at 12:40 pm

    Who will help us? Ha ha… We only can help ourselves. 🙂

  • timothy

    May 25, 2010 at 12:57 pm

    Exactly. The failed state as it becomes increasingly obvious, Burma and its sad stories are real nightmare for our ancestors and independence fathers and mothers. If they were able to wake up in this century, they would have died with grave sadness ten times by looking at the great suffering of people under invading fascist army of Than Shwe. Than Shwe and Than Shwe alone have the responsibility for all the missing equipments to tackle the fire incidence here. The root cause of Burma becoming failed state is Fascist military regime.

  • rat

    May 25, 2010 at 3:23 pm

    ကိုယ်ထူကိုယ်ထ ကိုယ့်အိပ်ထဲကပိုက်ဆံထဲ့ပြီးမှ သူတို.နာမည် ( ကြံ့ဖွတ် ) နာမည်တွေလိုက်တပ်တာတော့နဲနဲမှမကောင်းပါ ။

Leave a Reply