မှတ်ပလား….. မိတ်အင်ဂျပန်

NKDecember 6, 20111min1143

အမေရိကန် သို့ခပ်ကြွှားကြွား ဂျပန်တစ်ယောက်အလည်ရောက်နေ၏ ။ပြန်မည့်နေ့မှာလေဆိပ်သို့
သွားရန်အတွက် တက်စီ တစ်စီးငှားလေသည်။ တက်စီဖြင့်လေဆိပ်သို့လာစဉ် လမ်းတွင်အရှိန်ပြင်း
စွာ မောင်းနှင်လာသောကားတစ်စီးက ၎င်းတို့ကားကို ကျော်တက်သွားရာဂျပန်က ကားအပြင် ခေါင်းထွက်၍ လက်သီးလက်မောင်း တန်းကာ ဟစ်ကြွေး လိုက်သည်။
“ဟွန်ဒါကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ”
တိုယိုတာ တစ်စီးက ကျော်တက်သွားပြန်ရာ ကိုရွှေဂျပန်က အထက်ပါအတိုင်း
“တိုယိုတာကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထအော်ပြန်ရာ ကားသမား အမေရိကန် အမြင်ကပ်စ ပြုလာသည်။
မစ်ဆူဘီရှီ ကားတစ်စင်း ကျော်တက်သွားပြန်သော အခါတွင်လည်း
“မစ်ဆူဘီရှီကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထကြွားပြန်ရာ ကားသမား အမေရိကန် သူ့ကို အတော်လေး ပေါက်နေပြီ ဖြစ်သည်။ သို့သော် စိတ်ကို ထိန်း၍ ဘာမှတော့ မပြော။
လေဆိပ်သို့ ရောက်သော အခါ ကားခ အမေရိကန်ဒေါ်လာ ၃၀ဝ ကျသင့်ကြောင်း ဒရိုင်ဘာက တောင်းလေရာ ဂျပန် မျက်လုံး ပြူးသွား၏။

“ဝါး…. ဈေးကြီးလှချည်လား”
” မီတာဗျ အရမ်းမြန်တယ်။ Made in Japan လေ ”

3 comments

  • zaymdy

    December 6, 2011 at 6:59 pm

    အော်ချင်ဦးလေ ဂျပန်လို. ဒီကတစ်လုတ်တွေလည်း
    နည်းနည်းအမြင်ကတ်နေလို.. ဆုံးမနည်းလေးပေးပါဦးဗျာ…:)

  • naywoonni

    December 6, 2011 at 7:48 pm

    သူ့ဟာနဲ့သူလာပါလိမ့်မယ်ဇေမန်းရေ……….။ အဲဒိကျမှသာလက်မနှေးစေနဲ့ 😛

  • kokoover

    December 9, 2011 at 9:59 pm

    လာပလေ့စေ…

Leave a Reply