ရယ်စရာများ…..၂

NKDecember 6, 20111min687

ဝတ်ချင်သလို ဝတ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အကျင်္ီအကျား၊
ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင်
ခွဲလို့မရဘူး။
အဲ့ဒါ… ငါ့သမီးပါ။
အော်… ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟအကောင်ရ… ငါက သူ့အမေကွ။

သမိုင်းဆရာ – ၁၉၁၅ မှာ ဘာဖြစ်ခဲ့သလဲ။
ကျောင်းသား – ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့ပါတယ်ဆရာ။
သမိုင်းဆရာ – ကောင်းပြီ၊ ၁၉၂ဝ မှာရော ဘာဖြစ်ခဲ့သလဲ။
ကျောင်းသား – ဗိုလ်ချုပ်အောင်ဆန်း အသက်(၅)နှစ် ပြည့်ပါတယ်ဆရာ။

7 comments

  • Yan Shin

    December 6, 2011 at 4:28 pm

    ဒါလောက်တောင်တော်တဲ့ကောင် ထပ်မေးမယ်
    ၁၉၁၄ မှာ ဘာဖြစ်ခဲ့လဲ ကဲပြော

    • “ဘီလူးကြီး”ogre

      December 6, 2011 at 5:36 pm

      ဒေါ်စု
      ကိုယ်ဝန်ရှိတာပေါ့…ရန်ရှင်းရဲ့
      အဲဒါဗိုလ်ချုပ်ရဲ..မွေးသမိခင်လေ 🙂 😛

  • ကြောင်လတ်

    December 6, 2011 at 7:52 pm

    တော်လိုက်တဲ့ ကိုဘီလူးရယ် ၊မှန်လို်က်တဲ့အဖြေပါပဲဗျာ။

  • htet way

    December 6, 2011 at 8:34 pm

    ဟာသ အသစ်တွေ တင်ပါဗျာ
    ရီချင်ပါတယ် ဟာကရှားတယ်လေ

  • kokoover

    December 6, 2011 at 11:25 pm

    ကောင်းပါတယ်ဗျာ
    ဒါလေးကောကြိုက်မလားလို.
    ချစ်ရတဲ့ မြေးလေး

    အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ဝင်သွားခဲ့သည်။
    “ကျွန်တော်ဟာ သူငယ်တန်းက ဆန်နီလေးရဲ့ အဘိုးပါ။ ကျွန်တော်မြေးလေးကျောင်းတက်တာ ကိုလာကြည့်တာပါ”
    “ဪ…ဟုတ်ကဲ့၊ ဆန်နီလေးဟာ သူ့ အဘိုးအငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကိုလိုက်ပို့စရာရှိလို့ ဆိုပြီး ခွင့်ယူသွားပါတယ်ရှင် ”
    from mutd fan

  • FLoW

    December 7, 2011 at 12:32 pm

    her her…………
    ကလေးလဲကျောင်းလစ်တက်တာဘဲ..

  • cobra

    December 7, 2011 at 2:40 pm

    အော်..
    သူဖြေတာလည်းမှန်တာပဲလေ
    ဘာလို့ဟာသလိုတွေးနေတာလည်း

Leave a Reply