မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ ၈၅ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များဖြစ်ပြီး မိမိဘဝရပ်တည်နိုင်ရေးအတွက် အခက်အခဲများစွာရှိနေ

klnMay 25, 20101min490

မြန်မာနိုင်ငံရှိမသန်စွမ်းသူများ၏ ၈၅ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များဖြစ်ပြီး မသန်စွမ်းသူများသည် မိမိတို့ဘဝရပ်တည်နိုင်ရေးအတွက် အခက်အခဲများစွာရှိနေကြောင်း သိရသည်။ မြန်မာုနိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် မသန်စွမ်းသူများ၏ ၈၅ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များဖြစ်ပြီး အများစုမှာ အလုပ်လုပ်နိုင်သည့် အသက် ၁၆နှစ်မှ ၆၅နှစ်အတွင်းရှိသူများဖြစ်ကြောင်း မသန်စွမ်းသူများ၏ လက်ရှိအလုပ်အကိုင်ရရှိမှုမှာ ၁၅ရာခိုင်နှုန်းထက်လျော့နည်းလျက်ရှိကြောင်းလူမှုဝန်ထမ်းဦးစီးဌာနနှင့် The Leprosy Mission International ( TLMI) တို့မှ စစ်တမ်းကောက်ယူမှုများအရသိရသည်။ စစ်တမ်းများအရ ဧရာဝတီတိုင်းတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများအများဆုံးရှိပြီး ပညာအရည်အချင်းအနေဖြင့်လည်း မူလတန်းအဆင့်အထိသာ တက်ရောက်မှုများကြောင့်၊ မသန်စွမ်းသူများအတွက် လုပ်ငန်းစီမံချက်များ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်သည့်အခက်အခဲများထဲတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေခြင်းလည်းပါဝင်နေကြောင်းသိရသည်။ “အခုဆိုရင် လူမှုဝန်ထမ်းလက်အောက်မှာ မသန်စွမ်းသူတွေအတွက် ဖွင့်လှစ်ပေးထားတဲ့သင်တန်းကျောင်းတွေနဲ့ တခြားအဖွဲ့အစည်းတွေက ဖွင့်လှစ်ပေးထားတဲ့အသက်မွေးဝမ်းကျောင်းသင်တန်းတွေလည်းရှိနေပါပြီ။ ဒါပေမယ့် အများစုက ရန်ကုန်မှာ ပဲရှိတဲ့အတွက် တခြားနယ်တွေမှာ ရှိတဲ့မသန်စွမ်းသူတွေတက်ရောက်ဖို့အတွက် အခွင့်အလမ်းနည်းနေပါသေးတယ်” ဟုမသန်စွမ်းသူတစ်ဦးကပြောပါသည်။ ယင်းသင်တန်းကျောင်းများ၌ ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆံသသင်တန်း၊ ပိုးဇာပုံနှိပ်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ကြိမ်ထိုး၊ ဇာထိုးပန်းထိုး၊ ဂျပန်ရှပ်စုအနှိပ်သင်တန်းစသည့် သင်တန်များ သင်ကြားပေးကြောင်းသိရသည်။ မသန်စွမ်းသူများတွင် လုံးဝကျောင်းမနေဖူးသူ ၅၂ဒသမ ၉ရာခိုင်နှုန်းရှိပြီးကျောင်းနေဖူသူမှာ ၄ရဒသမ ၁ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနနှင့် The Leprosy Mission International တို့ပူးပေါင်းကောက်ယူခဲ့သည့် စစ်တမ်းအရသိရကြောင်း ၂၀၁ဝခုနှစ် မေလ ၂၆ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။