ခုတော့

manawphyulayDecember 6, 20111min1529


မင်းရဲ့ဘဝလေး
ပင်ယံမြင့်မှာ အဆင်သင့်လို့
အစဉ်တင့်မယ်ဆိုရင်
ပင်ခြေအောက်က ပန်းကောက်သူ
တို့ရင်မှာ ကြည်နူးရင်းနဲ့
အမြဲပန်ဆင်နေသူပါ
ခုတော့….
ကံကြမ္မာ အခြေမလှလို့
နာဂစ်ရဲ့ ရို်က်ချက်ကြောင့်
လဲပြိုခဲ့ရတဲ့
ပင်ခြေတောင် မမြင်ရတော့တဲ့
ပန်းခရေရေ…
တို့ဆံနွယ်မှာ ပန်ဆင်ခွင့်တွေ
စိတ်သုဉ်းခဲ့တာ ကြာခဲ့ပြီလေ
ခုတော့…
ဖွဖွလေးကောက်
ရွရွလေးသီပြီး
ပန်ဆင်ခဲ့ဖူးတဲ့
ပန်းခြောက်ကလေးတွေကိုပဲ
မြတ်နိုးစွာနဲ့ သိမ်းဆည်းထားလျက်
ပန်းခရေတွေ နွမ်းကြွေပေမယ့်
သစ္စာရှိစွာ သင်းပျံ့နေလျက်ပါ
ပန်းခြောက်ကလေးရယ်……

9 comments

  • ကြောင်လတ်

    December 6, 2011 at 7:49 pm

    မနောဖြူရေ ဦးကြောင်လတ်တို့ဘက်မှာတော့ ခရေပင်ရှိသေးတယ်၊လာကောက်ပါလား။

  • mandalarthu

    December 6, 2011 at 8:28 pm

    မနောေ၇
    ခရေပန်းအစိုနဲ ့အခြောက်ကို တွဲပြီး မြင်ထားတဲ ့အတွေးလေးက အရမ်းလှတယ်။
    အထူးသဖြင် ့ပန်းခြောက်ဓာတ်ပုံလေးကို ပို နှစ်သက်မိတယ်။
    သစ္စာရှိစွာ သင်းပျံ့နေတဲ ့
    ပန်းခြောက်လေးပေါ ့နော်။

  • True Answer

    December 7, 2011 at 1:32 pm

    ခရေပွင့်လေးရယ်
    မြေခတော့မှကွယ်
    လူတကာတွေက
    အော်မွှေးပျံလိုက်တာ တဲ့…..
    ပန်သူမရှိလည်း
    ကြွေဆင်းပေးခဲ့တယ်….

  • pasi

    December 7, 2011 at 3:24 pm

    အော်မနောရယ် ပေစိရင်မှာ မချိလိုက်တာနော်

  • etone

    December 7, 2011 at 3:37 pm

    ပန်းပန်တာ မကြိုက်လို့လား တော့မသိဘူး …. ခရေပန်းနံ ့ကို ကြိုက်ပေမယ့် .. ပန်တော့မပန်ချင်ဘူး … ။
    မြေပေါ်ကြွေကျမှသာ ကောက်ယူသီကုုံးရတဲ့ပန်းမို့ … ဘုရားပန်းကပ်ဖို့တောင် ဝန်လေးနေမိတယ် … ။
    ငယ်ငယ်တုန်းကတော့ ခရေပင်လမ်းမှာ … ရည်ရွယ်ချက်မရှိပဲ ပန်းတွေ လျှောက်ကောက်ဖူးတယ် … ။ အများကြီးရတော့ သူများတွေကို ခွဲပေးလိုက်တယ် … ။ 😀

    • manawphyulay

      December 7, 2011 at 3:59 pm

      ဒီလိုမှန်းသိ မနော လာယူပါတယ်။ မနောကတော့ ပန်ဖြစ်ပါတယ်။ အမြဲလည်းကောက်ဖြစ်တယ်။ ဘုရားလည်းလှူသလို သူများလည်း သီပြီးရင် ပေးပါတယ်။ ပန်းခြောက်တွေကိုလည်း စုပြီးသိမ်းထားတယ် နောက် မိတ်ထွက်တဲ့သူတွေကို သနပ်ခါးနဲ့သွေးလိမ်းဖို့ ပေးပါတယ်။

      • E.T

        December 8, 2011 at 3:57 am

        ကျွန်တော်တော့ အမအိမ်က သစ်ခွပန်းတွေ လာယူမလို ့ ချောင်းနေတယ် 😛

  • FattyCat

    December 7, 2011 at 4:19 pm

    အိမ်ရှေ့မှာ ခရေပင် (၂)ပင်စိုက်ထားတယ်။ လာကောက်လေ နောက်ထပ် ၅နှစ်လောက်နေရင်ပွင့်မယ်ထင်ပါတယ်။ အခုမှ တစ်ရပ်ကျော်ခါစလေးရှိသေးတယ်။ ဟီး

  • snow white

    March 1, 2012 at 3:21 pm

    ခရေကြိုက် လို့လားမမမနော ညီမကပန်းတော့ကြိုက်ဘူးအနံ့လေးတော့ကြိုက်တယ် ခရေကခြောက် လေတန်ဖိုးရှိတယ်လေအနံ့လေးတော့အရမ်းကြိုက်ပါတယ်

Leave a Reply