“မဟာသကျမာရဇိန်(ခ)ကျောက်တော်ကြီး (ပရဝုဏ်မြင်ကွင်း)”

 

“မဟာသကျမာရဇိန်(ခ)ကျောက်တော်ကြီး (ပရဝုဏ်မြင်ကွင်း)”

 

 

ကျနော်ကနှစ်ပါတ်တစ်ခါလောက်တော့ ဒီကျောက်တော်ကြီးဘုရားကိုရောက်ပါတယ်။

မဒမ်ပေါက်ဘုရား ဝတ်ပြုနေချိန်မှာကျနော်က ဟိုဟိုဒီဒီလိုက်ကြည့်လို့ လက်ဆော့ပါတယ်။

အကြောင်းမသိခင်ကတော့ ဘုရားလူကြီးများက ကျနော်နောက် ကလိုက်လိုက်ကြည့်ပါတယ်။

ဥပဓိရုပ်ကလဲသူတို့ ယုံကြည်လောက်စရာ မဟုတ်လို့ထင်ပါရဲ့။

နောက်အကြောင်းသိသွားတော့လဲ ကျနော်ချောင်ကြိုချောင်ကြားဝင်လဲလိုက်မကြည့်တော့ပါဘူး။

သူတို့စိုးရိမ်တာကိုလဲအပြစ်မတင်ပါ။

ဖျက်လိုဖျက်ဆီးလုပ်သွားတဲ့သာဓကတွေလဲရှိတာကိုးဗျ။

 

ကျောက်တော်ကြီးဘုရား ပုရဝုဏ်က ကြီးမားကျယ်ပျံ့ပါတယ်။

ဘုရားပါတ်ပါတ်လည်မှာ ဂူလေးတွေနဲ့တည်ထားတဲ့ဘုရားတွေရှိပါတယ်။

နောက်ဘုရားဝင်ပေါက်ကလဲ လေးဘက်လေးတန် ကြိုက်တဲ့ဘက်က ဝင်လို့ရပါတယ်။

အများအားဖြင့်ကတော့ အရှေ့ဘက်အပေါက်က အဝင်များပါတယ်။

ဒီဘုရားကလဲ ကျနော်ဘဝနဲ့သွယ်ဝိုက်သောနည်းအားဖြင့်ပါတ်သက်ပါတယ်။

ကျနော်အမေက ဒီဘုရားပွဲကို နွားလှည်းနဲ့အသွား ပဲတွေများပြီးနောက်ကထို်င်အလိုက်။

ကျနော့်အဖေက လိုက်ပြီး ရော။

ဒါနဲ့ဘဲကျနော်ကိုပေါက်ဖြစ်လာတာပေါ့။

တက္ကသိုလ်ကျောင်းသားဘဝမှာ သူငယ်ချင်းတွေနဲ့ဒီဘုရားကိုအတူလာ

မဒမ်ပေါက်ဖြစ်လာမယ့်သူကလေးလဲပါသပေါ့။

စက်ဘီးတွေနဲ့ ဘုရားကအပြန် နန်းရှေ့တံခါးရောက်မှ ပိုက်ဆံအိတ်မေ့ကျန်ခဲ့တယ်ဆိုလို့ပြန်သွားကြည့်တော့ မရှိတော့ပါဘူး။

 

1 မန်းလေးတောင်ပေါ်ကနေမြင်ရတဲ့ ကျောက်တော်ကြီးနဲ့ကျုံး(တစ်ခါတင်ဘူးပါတယ် ဒီပုံလေးကို)
2 တိမ်တွေပြာနေတဲ့ ကောင်းကင်အောက်က ကျောက်တော်ကြီး ဘုရား
3 3-12-2011 နေ့က မြင်ရတဲ့ ကျောက်တော်ကြိး စေတီ
4 တောင်ဘက်စောင်းတန်းကနေမြင်ရတဲ့ ကျောက်တော်ကြီး စေတီ
5 တောင်ဘက်ကမြင်ရတဲ့ပုံ ဘေးမှာက မန်းကျီးပင် အတွင်းမှာထနောင်းပင်စိမ်းစိမ်း

 

6 ကျောက်တော်ကြီးဘုရားထဲက တောင်ဘက်အုဌ်တံတိုင်းနားက ဂူကလေးတွေ
7 ကျောက်တော်ကြီးက ဘုရားဂူလေးတွေ
8 အနောက်ဘက်ခြမ်းမှာရှိတဲ့ ညောင်ပင်ကြီးပါ
9 အနောက်ဘက်ခြမ်းမှာရှိတဲ့ညောင်ပင်ကြီး အနှစ်တစ်ရာကျော်မယ်ထင်ပါရဲ့

 

10 အနောက်မြောက်ဘက် ကညောင်ပင်
11 အနောက်မြောက်ဒေါင့်ကဂူလေးတွေ ဟိုးနောက်ကမြင်နေရတာ မန်းလေးတောင်
12 စောစောက ပုံနဲ့သိပ်မကွာပေမယ့် ထန်းနှစ်ပင်ကြားက မန်းလေးတောင်ကလှမှလှ
13 ညောင်ပင်တွေကြားမှာမြင်ရတဲ့ စေတီတော် ပုံစံထူးခြားပါတယ် အနောက်ဘက်ခြမ်းကမြင်ရတာ
14 အနောက်တောင်ဘက်က ဂူဘုရား ထန်းပင်လေးတွေစီတန်းနေတာကလှတပတ
15 တောင်ဘက်ခြမ်းက ဂူဘုရားလေးတွေပါ
16 အဝေးမှာ မန်းလေးတောင်ပါ
17 အနောက်ဘက်ဖူးမျှော်ရတဲ့ စေတီတော်
18 ကောင်းကင်ပြာ ဘုရားကဖြူဖြူ ထန်းပင်ကစိမ်းညိုညို လက်ဆော့ ကြည့်တာပါ

 

 

ပြီးခဲ့တဲ့ဥပုဒ်နေ့(3-12-2011)နေ့က ဘုရားပုရဝုဏ်ထဲကို လျှောက်ကြည့်ရင်း

မှတ်တမ်းတင်ခဲ့တာလေးတွေကို တင်ပေးလိုက်ပါတယ်။

ဘုရားစောင်းတန်းက ဆိုင်လေးတွေကတော့ အလင်းရောင်သိပ်မရတော့ မရိုက်ဖြစ်ခဲ့ပါဘူး။

ဘုရားတောင်ဘက်က ဂူလေးတွေ။

အနောက်ဘက်က မြင်ရတဲ့စေတီ။

အနောက်ဘက်ခြမ်းကညောင်ပင် နဲ့ဂူဘုရား။

အနောက်မြောက်ဘက် ဂူတွေနဲ့ထန်းပင်ကြားကမြင်ရတဲ့မန်းလေးတောင်အစုံပါဘဲ။

ဘုရားကို ရူ့ဒေါင့်မျုးိစုံက မှတ်တမ်းတင်ခဲ့ပါတယ်။

ရောက်ဘူးသူများသတိရ။

မရောက်ဘူးသူများကလာချင်။

အဲလိုလေးဆိုရင် တင်ပေးရကျိုးနပ်တယ်လို့ ယူဆပါတယ်။.

 

 

ကိုပေါက်လက်ဆောင် စနက်ရှော့မဟုတ်တဲ့လက်ဆော့။

(6-12-2011)

10 comments

  • အစက ပုံ25ပုံလောက်တင်မလို့ပါ။
    ကော်နက်ရှင်ကစုတ်နေလို့ ဒီလောက်နဲ့ဘဲကျေနပ်လိုက်ရပါတယ်။

    • windtalker

      December 6, 2011 at 8:26 pm

      ကိုပေါက်နည်းတူ
      ကွန်နက်ရှင် ၏ အကြီးအကျယ် ဒုက္ခပေးခြင်းကြောင့်
      တင်လိုက်သော ပို ့စ်မှာ တစ်ဝက်သာ ပါသွားပါကြောင်း
      အဟင့်..

  • naywoonni

    December 6, 2011 at 8:51 pm

    အဲဒိနေရာက 1999 လောက်က အတွဲတွေ တော်တော် ဆိုးဗျ…။ ကျွန်တော်တို့လည်း လိုက်ချောင်းတာပဲ…။ အတွဲတွေက ရှေ့ကပြေး ချော်းတဲ့သူတွေက နောက်ကလိုက် ဟုတ်လို့……….။

  • ကျောက်တော်ကြီးထက် စန္ဒာမုနိက ပိုများတယ်ကိုနေရ
    တစ်ချို့ဆို ထမင်းထုပ်ပြီး အတွဲသွားချောင်းတာ။

  • ရင်နင့်

    December 7, 2011 at 2:48 am

    သတိရတယ်ဂျာ သွားမယ်နောက်နေ့

  • small cat

    December 7, 2011 at 8:17 am

    ကွန်နက်ရှင်စုတ်တာတော့ မပြောနဲ့ ဟိုရက်က မန့်လို့တောင်မရဘူး ၊ပေ့တစ်ခုကနေ တစ်ခုပြောင်းတာ ၁၅ မိနစ်လောက်စောင့်ရတယ်၊ အခုတောင် မနက်စောစောထလို့အဆင်ပြေတာ၊ ကိုးနာရီလောက်ဆို ဘာမှလုပ်မရတော့ဘူး၊

  • etone

    December 7, 2011 at 11:47 am

    ရုပ်ရှင်တွေထဲမှာတော့… မြင်ဖူးတယ် .. တစ်ခါမှတော့မရောက်ဖူးသေးဘူး … ။ ဓါတ်ပုံတွေထဲကပဲ ဖူးလိုက်ပါတယ်လေးပေါက်ရေ … ။

    ဘုရားဖူးရင်း လိပ်ဥတူးလာတဲ့ အတွဲတွေတော့များမှာပဲနော် … အရိပ်ကောင်းတဲ့နေရာတွေချည်းမို့ … တွေးကြည့်တာ .. 😀

  • TTNU

    December 7, 2011 at 11:55 am

    ရောက်ဘူးသူများသတိရ။

    မရောက်ဘူးသူများကလာချင်။

    အဲလိုလေးဆိုရင် တင်ပေးရကျိုးနပ်တယ်လို့ ယူဆပါတယ်။.

    တီချာ က ( ရောက်ဘူးသူများသတိရ ) ပထမအဖွဲ့ထဲကပါ။

    ဆိုတော့ ကိုပေါက်ရေးရကျိုးနပ်ပြီ။

  • Diamond Key

    December 7, 2011 at 5:17 pm

    ကိုပေါက်ရေ၊ မန်းတောင်ခြေ ကျောက်တော်ကြီးမှာ ပိုက်ဆံအိတ်ပျောက်ပြီးနောက် တောင်သမန်ကျောက်တော်ကြီးကော လွယ်အိပ်ကျန်တာလေးတွေ နောက်ဆက်တွဲလေး ရှိလာအုံးမှာလား။
    ရှိရင် ဓါတ်ပုံလေးတွေနဲ့ လာပါအုံး။ 😆

  • တောင်သမန်ကျောက်တော်ကြီးက ဟိုဓါတ်ပုံတွေတင်စက တစ်ခါတင်ဘူးတယ်။
    အမြင်သစ်ကလေးနဲ့ပြန်တင်ပေးပါအုံးမယ်။
    ဓါတ်ပုံစရိုက်စနဲ့အခု အမြင်ခြင်းတော့ကွာသွားတယ်ဗျ။

    ဟိုနေ့က ရွှေကြက်ယက် သစ်သားတံတားနားက သစ်ခြောက်ပင်ရိုက်မလို့သွားတာ
    အခုထင်းဖြစ်သွားပြီ.
    ရောက်တုန်းက ဝေ့ပြီးမရိုက်မိတာ။
    ဒါနဲ့ဆိုနှစ်ခါရှိပြီ။
    စက်ရှင်တံတားတုံးကတစ်ခါ အခုတစ်ခါ အမှတ်တရလေးတွေမကျန်ခဲ့တော့ဘူးရယ်

Leave a Reply