အမှန်တိုင်းပြောရမယ်ဆိုလျှင်ဖြင့် နောက်ထပ်သုံးလေးနှစ်ကြာမှ တစ်ခါတည်း ဘဝပြောင်းမလို့ပါဘဲ

ကိလေသာတွေ ထလို့ အားမရသေးလို့ပါ

လောကီထဲမှာ စားလိုက်သောက်လိုက် ဒါပြီးဒါကိုဘဲ လည်နေတယ်ဆိုတာ သိလိုက်ရပြီးတဲ့နောက်

ဘဝကို တန်ဖိုးရှိစွာ မမြင်ဘူးတဲ့ ကိုယ့်ကိုယ်ကတရား ကိုယ်ပြန်ရှာဦးမှလို့

အကြံစည်တော့ရှိပါ့ဗျာ မတတ်နိုင်သေးလို့ပါ

ခုတော့ ကံဇာတာက နိမ့်လာပြီခင်ဗျ

ဉာဏ်ဦးမှ တော်ကာကျတော့မယ်

ဒါ့ကြောင့် ဘုန်းကြီးခုနစ်ရက်လောက်ဝတ်မယ်လို့ အရေးပေါ်ဆုံးဖြတ်လိုက်ရတာပါ

ပြောလို့သာပြောတာ ကိုယ့်ယုံကြည်ချက်နဲ့ဆို ဘုန်းကြီးခုနစ်ရက်ဝတ်တယ်ဆိုတာ

တော်တော်ဗရုတ်သုက္ခ နိုင်တယ်လို့ ထင်တာဘဲ ( အထင် )

မဝတ်လို့မဖြစ်ဘူး သူ့ဖက်က တော်တော်ပုံပျက်နေပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံပေမယ့်

သူများကိုယုံလို့မရဘူး မတော်ရေတိမ်နစ်တာက ခံသာသေး ရေကန်ထဲဗွမ်းတာက အဘခေါ်နေရဦးမယ်

ကံဆိုးပုံများ ကျုပ်ထက်ဆိုးတဲ့သူ ဤလောကဝယ် ရှိမည်မထင်

ပြောရင်းစိတ်နာဒယ် ဒဂယ် ဒဂယ် ဟိုအမေဂျီးဂန် နိုင်ငံဂ သဂျီးဒို့အမျိုး အဖွားဂျီး

အိုက်ဒီ အဖွားဂျီးလာဒါဂနေ စဒါဘာဘဲ ပြောရင်းဆိုရင်း သဂျီးဂိုဘာ တိုလာဘီ ဂွီဂွီဂွမ်ဂွမ် ပွမ်ပွမ်

သူမလာခင် နှစ်ပတ်လောက်က ဈေးထဲသွားရင်း ငါးရှဉ့်ဆိုတာလေးတွေ့တော့

ကိလေသာထတာပေါ့

သြော်……………….မစားဖြစ်တာတောင်ကြာပါပေါ့လား ငါးရှဉ့်

ဒါနဲ့ဘဲပေါ့နော ဝယ်လာခဲ့တာပါ

ပြောရမှာလည်း ခပ်ခက်ခက်ပါဘဲ

ဝယ်လာပြီး ဘယ်လိုလုပ်စားရမလဲမသိတော့ ဒီလိုဘဲ အထုပ်လိုက် သိမ်းထားလိုက်တာ…

သတင်းဆိုတာကလည်း နားလည်ရခက်လိုက်တာ အိုက်ဒီအဖွားကြီး မနက်စာက

သတင်းဆိုပြီး ဖြစ်လာပြန်ရော

သူ့သတင်းထဲမှာ ပါတဲ့ မတ်နု တစ်မျိုးက ငါးရှဉ့်တဲ့

အကုသိုလ်က အဲ့သည်ကနေစ..ပြီးဝင်တာဘဲ ကျုပ်သတိလက်လွတ်ဖြစ်လိုက်ပုံ

ကိလေသာဟောင်းက ပြန်ထလာတယ် ငါးရှဉ့် ငါးရှဉ့် ငါ့ငါးရှဉ့်

မပေးပေးပေး   ..  ပေးပေးပေး ငါ့ ငါးရှဉ့် ပေး

ဘယ်လိုချက်ပြုပ်စားရတယ် မေးမိပါတယ်

ကျုပ်ဂိုလေ အရပ်ဂဒို့

ရွာထဲက အပျိုကြီးတစ်ယောက်

မောင်သားခြင်း အကိုသားခြင်းချင်းမစာ မနာ ကျုပ်လို လင်လို သားလို ကြံစည်ပြီး ပြစ်မှားလိုက်လေရဲ့

ဘယ်ကတည်းကများကြိတ်ပြီး ကြံစည်နေသလဲသိပါဘူး

စိတ်လျှော့လိုက်ကြပါတော့ ကျေးဇူးပြုပြီး ကျုပ်ကို မကြံစည်ဂျဘာနဲ့

ဒီနေရာမှာ ကျုပ် ရေကန်ထဲ ဗွမ်းကနဲ့ ကျတာထက်ဆိုးမယ့်အရေးကို ကယ်လိုက်တာက

ကျုပ်ရဲ့ တစ်ပြားမှ မရှိတဲ့စည်းစိမ်ဘဲဗျို့

ကျုပ်များ တစ်ပြားနှစ်ပြား ရှိရင် ကျုပ်ကို ဘယ်လောက်များ ကြံစည်လိုက်မလဲမသိ

သြော်…………… ဥစ္စာ ဥစ္စာ

ဣတ္ထိယ မာတုဃာမ တို့များ နှစ်ယောက်ပေါင်း တစ်နေလှန်း လို့ ငါးကျပ်သားသာမပြည့်တယ်

ဟင်းချက်နည်းလေး မေးမိပါတယ်

သေပေါက်ရင်ငံပြာရည်ထွက်တဲ့လေသံနဲ့ …

ဒါ့ကြောင့်

ဂေဇက်ရွာအတွင်း၌ မှီတင်းနေထိုင်ကြလေကုန်သော အို ဣတ္ထိယ မာတုဃာမ အပျိုကြီးမမအပေါင်းတို့

နားနဲ့မနာဖဝါးနဲ့နာကြပါ

ကျေးဇူးပြုပြီး ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ကို မပြစ်မှားကြပါကုန်လင့်

ကျွန်ုပ်သည် မည်သည့် ဣတ္ထိယ မာတုဃာမ တစ်ယောက်ကိုမျှ ပေါင်းသင်းမည်မဟုတ်ပါ

ပေါက်သောဖက်ကို ပလာစတာဖြင့် ကပ်ရန် အလွန်လွယ်သော်လည်း

ကျိုးသော ဆူးကို ချွန်ရန် အားထုတ်ရသည်မှာ အလွန်မလွယ်ကူလှပါ

သို့ပါ၍ သီးခံကြပါ မိမိဖီလ်းတက်သည်ကို နှစ်သက်ရာ စစ်ဗိုလ်များဖြင့်ကလိကြပါကုန်

အကြောင်းမှာ

ဘာမှ မရှိ ဘာမှမသိဘဲ ဘာမှမဟုတ်သည့်သတ္တဝါကို မိုက်ကယ်ဂျော်နီအောင်ပု ဟု ခေါ်လေသတတ်

ဟူသောကြောင့်ပင်တည်း။

 

 

About မိုက်ကယ်ဂျော်နီအောင်ပု

aungpu michaelaungpu has written 87 post in this Website..

friend