ကျေးဇူးပြု၍ နားဆင်ပါ အပျိုဂျီး မမအပေါင်းတို့

N59-1666

အမှန်တိုင်းပြောရမယ်ဆိုလျှင်ဖြင့် နောက်ထပ်သုံးလေးနှစ်ကြာမှ တစ်ခါတည်း ဘဝပြောင်းမလို့ပါဘဲ

ကိလေသာတွေ ထလို့ အားမရသေးလို့ပါ

လောကီထဲမှာ စားလိုက်သောက်လိုက် ဒါပြီးဒါကိုဘဲ လည်နေတယ်ဆိုတာ သိလိုက်ရပြီးတဲ့နောက်

ဘဝကို တန်ဖိုးရှိစွာ မမြင်ဘူးတဲ့ ကိုယ့်ကိုယ်ကတရား ကိုယ်ပြန်ရှာဦးမှလို့

အကြံစည်တော့ရှိပါ့ဗျာ မတတ်နိုင်သေးလို့ပါ

ခုတော့ ကံဇာတာက နိမ့်လာပြီခင်ဗျ

ဉာဏ်ဦးမှ တော်ကာကျတော့မယ်

ဒါ့ကြောင့် ဘုန်းကြီးခုနစ်ရက်လောက်ဝတ်မယ်လို့ အရေးပေါ်ဆုံးဖြတ်လိုက်ရတာပါ

ပြောလို့သာပြောတာ ကိုယ့်ယုံကြည်ချက်နဲ့ဆို ဘုန်းကြီးခုနစ်ရက်ဝတ်တယ်ဆိုတာ

တော်တော်ဗရုတ်သုက္ခ နိုင်တယ်လို့ ထင်တာဘဲ ( အထင် )

မဝတ်လို့မဖြစ်ဘူး သူ့ဖက်က တော်တော်ပုံပျက်နေပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံပေမယ့်

သူများကိုယုံလို့မရဘူး မတော်ရေတိမ်နစ်တာက ခံသာသေး ရေကန်ထဲဗွမ်းတာက အဘခေါ်နေရဦးမယ်

ကံဆိုးပုံများ ကျုပ်ထက်ဆိုးတဲ့သူ ဤလောကဝယ် ရှိမည်မထင်

ပြောရင်းစိတ်နာဒယ် ဒဂယ် ဒဂယ် ဟိုအမေဂျီးဂန် နိုင်ငံဂ သဂျီးဒို့အမျိုး အဖွားဂျီး

အိုက်ဒီ အဖွားဂျီးလာဒါဂနေ စဒါဘာဘဲ ပြောရင်းဆိုရင်း သဂျီးဂိုဘာ တိုလာဘီ ဂွီဂွီဂွမ်ဂွမ် ပွမ်ပွမ်

သူမလာခင် နှစ်ပတ်လောက်က ဈေးထဲသွားရင်း ငါးရှဉ့်ဆိုတာလေးတွေ့တော့

ကိလေသာထတာပေါ့

ဪ……………….မစားဖြစ်တာတောင်ကြာပါပေါ့လား ငါးရှဉ့်

ဒါနဲ့ဘဲပေါ့နော ဝယ်လာခဲ့တာပါ

ပြောရမှာလည်း ခပ်ခက်ခက်ပါဘဲ

ဝယ်လာပြီး ဘယ်လိုလုပ်စားရမလဲမသိတော့ ဒီလိုဘဲ အထုပ်လိုက် သိမ်းထားလိုက်တာ…

သတင်းဆိုတာကလည်း နားလည်ရခက်လိုက်တာ အိုက်ဒီအဖွားကြီး မနက်စာက

သတင်းဆိုပြီး ဖြစ်လာပြန်ရော

သူ့သတင်းထဲမှာ ပါတဲ့ မတ်နု တစ်မျိုးက ငါးရှဉ့်တဲ့

အကုသိုလ်က အဲ့သည်ကနေစ..ပြီးဝင်တာဘဲ ကျုပ်သတိလက်လွတ်ဖြစ်လိုက်ပုံ

ကိလေသာဟောင်းက ပြန်ထလာတယ် ငါးရှဉ့် ငါးရှဉ့် ငါ့ငါးရှဉ့်

မပေးပေးပေး   ..  ပေးပေးပေး ငါ့ ငါးရှဉ့် ပေး

ဘယ်လိုချက်ပြုပ်စားရတယ် မေးမိပါတယ်

ကျုပ်ဂိုလေ အရပ်ဂဒို့

ရွာထဲက အပျိုကြီးတစ်ယောက်

မောင်သားခြင်း အကိုသားခြင်းချင်းမစာ မနာ ကျုပ်လို လင်လို သားလို ကြံစည်ပြီး ပြစ်မှားလိုက်လေရဲ့

ဘယ်ကတည်းကများကြိတ်ပြီး ကြံစည်နေသလဲသိပါဘူး

စိတ်လျှော့လိုက်ကြပါတော့ ကျေးဇူးပြုပြီး ကျုပ်ကို မကြံစည်ဂျဘာနဲ့

ဒီနေရာမှာ ကျုပ် ရေကန်ထဲ ဗွမ်းကနဲ့ ကျတာထက်ဆိုးမယ့်အရေးကို ကယ်လိုက်တာက

ကျုပ်ရဲ့ တစ်ပြားမှ မရှိတဲ့စည်းစိမ်ဘဲဗျို့

ကျုပ်များ တစ်ပြားနှစ်ပြား ရှိရင် ကျုပ်ကို ဘယ်လောက်များ ကြံစည်လိုက်မလဲမသိ

ဪ…………… ဥစ္စာ ဥစ္စာ

ဣတ္ထိယ မာတုဃာမ တို့များ နှစ်ယောက်ပေါင်း တစ်နေလှန်း လို့ ငါးကျပ်သားသာမပြည့်တယ်

ဟင်းချက်နည်းလေး မေးမိပါတယ်

သေပေါက်ရင်ငံပြာရည်ထွက်တဲ့လေသံနဲ့ …

ဒါ့ကြောင့်

ဂေဇက်ရွာအတွင်း၌ မှီတင်းနေထိုင်ကြလေကုန်သော အို ဣတ္ထိယ မာတုဃာမ အပျိုကြီးမမအပေါင်းတို့

နားနဲ့မနာဖဝါးနဲ့နာကြပါ

ကျေးဇူးပြုပြီး ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ကို မပြစ်မှားကြပါကုန်လင့်

ကျွန်ုပ်သည် မည်သည့် ဣတ္ထိယ မာတုဃာမ တစ်ယောက်ကိုမျှ ပေါင်းသင်းမည်မဟုတ်ပါ

ပေါက်သောဖက်ကို ပလာစတာဖြင့် ကပ်ရန် အလွန်လွယ်သော်လည်း

ကျိုးသော ဆူးကို ချွန်ရန် အားထုတ်ရသည်မှာ အလွန်မလွယ်ကူလှပါ

သို့ပါ၍ သီးခံကြပါ မိမိဖီလ်းတက်သည်ကို နှစ်သက်ရာ စစ်ဗိုလ်များဖြင့်ကလိကြပါကုန်

အကြောင်းမှာ

ဘာမှ မရှိ ဘာမှမသိဘဲ ဘာမှမဟုတ်သည့်သတ္တဝါကို မိုက်ကယ်ဂျော်နီအောင်ပု ဟု ခေါ်လေသတတ်

ဟူသောကြောင့်ပင်တည်း။

 

 

29 comments

  • မှော်ဆရာ

    December 6, 2011 at 5:35 pm

    ကဲ ကိုအောင်ဘုကတော့ အပျိုကြီးများဘက်ကို ဒုံးကြည်တစ်လုံး ပစ်သွင်းလိုက်ပါတယ် ခင်ဗျား…..

  • ချစ်စ/ဆ ရာ

    December 6, 2011 at 6:04 pm

    အခြောက်လိုလို ဂန်ဒူးလိုလို မဝရေစာစားနေရတဲ့
    ကိုယ့်ကိုယ်မသိဘဲနဲ့
    မင်းကြီးကတော်အဆင့်တွေကို သွားပြစ်မှားမိလို့လား ?
    ဟိုက ရွှေလင်ဗန်းနဲ့ ရေဆေးတာ ဘာကိုဆေးလဲတော့သိဘူး
    ဆေးတော့ဆေးတာဘဲ
    ကိုယ့်ဟာကို ဆန်သုံးပြည် ငပိငါးခြောက် ဆယ်ရက်စာလောက်ရှိတာကို
    စင်္ကြာဝတေးမင်းလို ထင်နေတဲ့ကောင် မှတ်ထား
    ဒါနဲ့ ဘယ်အပျိုကြီးတုန်း အကိုကြီး ဂျီဘုန်းရဲ့
    ဘယ်ကနေဘယ်လို အမှု့လိုက်ရမှာလဲ
    ဘုန်းကြီးဝတ်မယ်ဆိုတာက တစ်ကယ်ပြောတာလား

    • မိုက်ကယ်ဂျော်နီအောင်ပု

      December 6, 2011 at 6:32 pm

      ဟေ့ကောင် ဘုန်းကြီးလူထွက်
      မင်းဂ ဂိတ်ပေါက်စောင့်လားကွ ?
      သူ့ဘာသာ ရွှေလင်ဗန်းနဲ့ ဘဲ ရေဆေးဆေး
      မီးသတ်ပိုက်နဲ့ဘဲဆေးဆေး
      ရေမဆေးဘဲဒီတိုင်းထားထား 😀 😀 😀
      ဂရုစိုက်ဘူးကွ
      အလဂါး ဟန်တစ်လုံးပန်တစ်လုံးတွေ
      ငါ့ခြံထဲက တောက်တဲ့သုံးကောင် ဖမ်းပြီးရောင်း
      ဒင်းတို့လောက် အေးဆေး အေးဆေး

      • ကိုရင်စည်သူ

        December 7, 2011 at 1:20 pm

        တစ်ယောက်ထဲ ရန်တွေ ဖြစ်နေဘလား.. အတိုပု..
        စိတ်ထိန်းဘာဗျာ… သာသနာ့ဘောင်ဝင်နေပြီပဲဟာကို..
        စိတ်လျော့.. စိတ်လျော့… 😆 😆

  • MaMa

    December 6, 2011 at 6:08 pm

    မမပုရယ်-
    တော်တို့ နည်း မပြလည်း
    ကိုယ်ပိုင်စတိုင်နဲ့ ငါးရှဉ့်ဟင်းချက်စားပြီးပြီ တော့ လို့ …..
    ရိုးရိုးလေး အော်လိုက်ပါရော့လား။
    ခုတော့….. 🙁

    • မှော်ဆရာ

      December 6, 2011 at 8:17 pm

      ဟဲဟဲ လက်သည်ရှာတွေ့ပီ … ဟိုက ရိုးရိုးသားသား ဟင်းချက်နည်း မေးရင်လဲ ပြောလိုက်ရောပေါ့ အမကြီးရယ် ..။ အခုတော့ စာတစ်စောင် ပေတဖွဲ့ အပြောခံရပြီ ..။
      ကိုပုအကြောင်းလဲ သိသားနဲ့ဟာကို ……

      • မှော်ဆရာ

        December 6, 2011 at 8:36 pm

        အရပ်ကတို့နဲ့ကို ကိုင်ပြောတာနော ………………

  • ကြောင်လတ်

    December 6, 2011 at 6:23 pm

    အဆုံးကစဖတ်ရတာ လိပ်ပတ်မလည်ဘူးကိုပုရေ……….၊ အူကြောင်ကြောင်နဲ့
    ဘာတွေ ဘယ်လိုဖြစ်ကြသလဲ ရှေ့ကြောင်းလေးတွေ ပြန်ရှာဖတ်ဦးမှပါလေ….။

  • ba gyi

    December 6, 2011 at 6:31 pm

    ဟိ ဟိ ကတော့် ကိုအောင်ပုကြီး ဘယ်ဒူ့ကို ကညော် မှန်းတော့မသိပါ့ (မသေးမျှင်လေသံနှင့်ဖတ်ရန်)
    ဟို ပုဂံပြားကြီးထဲက ဟာကတော့ တော်တော်ကို စပ်ပြီး၊ ပူထူသွားမည့်ဖြစ်ခြင်း။

  • koyinmaung

    December 6, 2011 at 6:43 pm

    ဒီဟင်းကအစိုကျော်တော့ဟုတ်မယ်မထင်ဘူး
    အခြောက်ကျော် ကျော်ထားတာဘဲဖစ်မယ်ထင်တယ်….ဟီဟိ

  • windtalker

    December 6, 2011 at 7:26 pm

    ကျေးဇူးပြုပြီး နားဆင်ကြပါ
    မိုက်ကယ်ဂျော်နီအောင်ပု စိတ်တိုပြီး အတိုဖြင့် ရမ်းနေပါသည် ။
    အားလုံးဘဲ အထူးသတိပြုကြပါ

  • htet way

    December 6, 2011 at 8:21 pm

    အပျို ကြီးဆိုတာ…… အပျိုကြီးဘဝကို နှစ်ခြိုက်သူ
    အင်းပြောလည်းပြောချင်ရဲ့ အင်္ဂါ ဂြိုလ်ကလည်းရောက်နေ
    ဝိုင်းတွယ်ခံရမယ်ထင်တယ်
    စိတ်ချဆရာရေ …. ပြစ်မှားမခံရမှာသေချာတယ်
    အပျိုကြီးတွေ …ခုဝိုင်းဝိုင်းလည်တဲ့ခောတ်ဗျ။
    ကိုယ်တောင်ရုပ်ချော ဥစ္စာပေါ အပြောကောင်း
    အပျိုကြီးက ခါ ချလိုက်တယ် ဒင်းမှာ ကိုယ်ထက် အဆ တစ်သိန်းသာ
    တဲ့ လူ အယောက် တစ်သောင်းလောက်ရှိတယ် ခေါင်းခေါက်ရွေးနိုင်တယ်တဲ့
    သွပ်….သွပ်…..သွပ်

  • naywoonni

    December 6, 2011 at 8:34 pm

    ဘယ်လိုပဲရမ်းရမ်း သူ့ငါးရှဉ့်ခြောက်ကြော်ကတော့ အမြည်းလုပ်လို့ ကောင်းမှကောင်း ….။

  • nigimi77

    December 6, 2011 at 8:41 pm

    ကိုရင့် ဆူးကျိုးက ငါးရှည့်စားရင် ပြန်ချွန်မယ် ထင်တာပဲ ။

  • အေမီ

    December 6, 2011 at 9:42 pm

    ဒီစာ ဖတ်ရင် ကိုယ်လည်း အပျိုကြီးဖြစ်မယ်……….ဒါပေမဲ့ စပ်စုချင်စိတ်ကများနေလို့ ဖတ်ကြည့်ပါတယ်။ ဘယ်သူ့ကို ဘာဆိုလိုချင်နေမှန်းကို မသိပါလား၊ ငါးရှဉ့်နဲ့ ကိလေသာနဲ့ ဘာဆိုင်လို့တုန်း ကိုမိုက်ကယ်…ဂျော်နီ…အောင်ပု ရယ်

    • small cat

      December 7, 2011 at 9:06 am

      ငါရှဉ့်အကြောင်း အေမီ မသိသေးလို့ဖြစ်မယ် ခုတလောရွာထဲမှာခေတ်စားနေတဲ့ ဟိုနှူးဘာဂိုဏ်း သားတွေကိုမေးကြည့်လိုက်ပါလား၊

  • KING

    December 6, 2011 at 10:38 pm

    ဘာတွေပဲ ဖြစ်ဖြစ် ဂရုမစိုက်ဘူး
    ငါးရှဉ့် တစ်ဝက် စားရရင် ကျေနပ်ပီ
    ဒါဗျဲ .. အဲ ဒါပဲ .. 😀

  • Moe Z

    December 7, 2011 at 8:30 am

    ဒီရွာထဲကတော့ ဘယ်သူမှမကြံစည်လောက်ပါဘူး ဘဘပုရယ်
    စိတ်ချလက်ချသာသွားပါ အဲ ဘုန်းကြီးဝတ်ပါလို့ပြောတာ 😀

    • ပေါက်ဖော်

      December 7, 2011 at 10:26 am

      အမျှ..အမျှ..အဲ..သာဓု..သာဓု..
      ဘုန်းကြီးဝတ်ကြီးနဲ ့..ငါးရှဥ့်စားပြီး ကိလေသာ ထမနေနဲ ့ဦး…
      ဆရာလေး..အပျိုဂျီး.ချန်ဂင်ဝံသ ဆိုတာ..ရွာက အပျိုဂျီးတွေထက်ကြမ်းသတဲ့

  • ကြောင်ကြီး

    December 7, 2011 at 11:33 am

    နင်ကိလေသာ ထသလို အမေလိကံ အဖွားဂျီးနဲ့ မြန်မာအပျိုဂျီးတို့လည်း ထတယ်လို့ ဆိုချင်သလား အောင်ဘု…..။ 🙄

  • Shwe Ei

    December 7, 2011 at 1:06 pm

    ဖတ်ရင်း ဖတ်ရင်း နောက်ဆုံးရောက်မှ သဘောပေါက်သွားဒယ်။ ဒါ ငရှဉ့် ပို့စ်ဘဲ။ 🙂

  • ဆူး

    December 7, 2011 at 1:36 pm

    အချဉ်လောက် ပင်ပေါက်လို့ (ဖသံ ဖြည့်ကြည့်ပါ) ရေထဲ ခုန်ဆင်း
    http://myanmargazette.net/29579/arts-humanities
    သီချင်းထဲကလို အမှတ်မရှိတဲ့ အသည်း ကွဲတာပဲ ကောင်းတယ် ဆိုလား…

    ဒါတောင် မမှတ်သေး ငါးရှဉ့်သား စားချင်သေးတယ်။

    ဘုန်းကြီးဝတ်တာကတော့ ကောင်းပါ၏… ရဟန်းခံရင်တော့ မေးခွန်းလေးတွေ ဖြေရတယ်။
    ရှေးခေတ်က မိန်းမတွေ ရဟန်းခိုးဝတ်တာ နဂါးတွေ လူယောင်ဆောင်ပြီး ရဟန်း ခိုးဝတ် တတ်လို့ မေးတဲ့ မေးခွန်းလေးတွေ.. အခုတော့ ခေတ်အချိန်အခါ အရ မေးခွန်း ထုတ်ခြင်းကတော့ ပြောင်းလဲမှာ မဟုတ်ဘူး။

    ရဟန်းခံပေးမဲ့ ကိုယ်တော် အမေး းး သင်သည် လူသား စင်စစ် ဖြစ်ရဲ့လား။
    ရဟန်းခံချင်သူ ၏ အဖြေ းး #$%^%%^#%

    ရဟန်းခံပေးမဲ့ ကိုယ်တော် အမေး းး သင်သည် ယောကျား စင်စစ်ဖြစ်ရဲ့လား။
    ရဟန်းခံချင်သူ ၏ အဖြေ းး အဟင့်.. မီးက တခါတည်းပါ.. အဲ ၂ထာ အို မဟုတ်ပါဘူး.. ခဏခဏ အဲဟုတ်ပေါင် ၁ထာ ပဲ များကလေ နာမည်က အောင်ပု ရွာလူတွေက ခေါ်တာတော့ ဥပေါင်.. (ဘန်ကောက်က ဆေးရုံမှာ ပေါင်ခဲ့တာ တောက်တဲ့ဖမ်းရင်း တင်သွားတဲ့ အကြွေး ဆပ်ချင်လို့)

    အချင် ဖယား.. တပဲ့တော် ပုန်းပုန်း ဝတ်လို့ ရပါတယ်နော်.. နော်လို့ အဲလို လျှောက်လို့ တခါတုန်းကလည်း ရွာဦးဘုန်းကြီး ရိုက်လို့ ဆင်းပြေးခဲ့ရဘူးတယ် မဟုတ်ဘူး။

    တရွာထဲ သားချင်းပဲ ဒါမျိုးတွေ လိမ်လို့ ရမလားကွ.. ဒီရွာလေး သေးသေးလေး ဘာဖြစ်နေတယ် ဆိုတာ အချင်းချင်း သိပါတယ် အောင်ပုရယ်။

    • Moe Z

      December 7, 2011 at 1:41 pm

      ဒါဆိုရင် ဘုန်းကြီးဝတ်မယ့် အစီအစဉ်ဖျက်လိုက်ပါတော့ မာမီပုရယ်
      ကပ္ပိယလောက်ဆိုရင်တော့ ရမယ်ထင်ပါရဲ့ 😀 😀

  • pasi

    December 7, 2011 at 2:39 pm

    ဟာဒုက္ခပဲ အကိုကြီးပုအကြောင်းတွေ ဆူးကတော်တော်သိတာပါလား အကိုမကြီးပုလို့ခေါ်ရမလား ဟင် အဟင့် ပေါင်ထားတဲ့ ဥ– ရောပြန်ရွေးပြီးပြီလား ဘာဥလဲဟင်

  • cobra

    December 7, 2011 at 4:01 pm

    ငါးရှည့်ကိုရင်းပြီးပို့စ်အသစ်တစ်ခုရသွားတယ်
    တန်တယ်ဗျာ….
    windtalker ပြောသလိုတိုတိုလေးလား
    ငါးရှည့်ပြောပါတယ်

  • manawphyulay

    December 7, 2011 at 4:31 pm

    ဘုန်းကြီးခုနစ်ရက်လောက်ဝတ်မယ်လို့ အရေးပေါ်ဆုံးဖြတ်လိုက်ရတာပါ

    ကိလေသာကုန်သွားအောင် အပြီးဝတ်စေချင်ပါတယ် ဘဘကြီးရှင့်
    ရ ရက်ကတော့ လူကြားကောင်းအောင်မလုပ်ပါနဲ့။ အားလုံးလည်း သာဓုခေါ်နိုင်အောင် အပြီးဝတ်စေချင်ပါတယ်။

  • တညင်သား

    December 7, 2011 at 11:29 pm

    ၆ ရက်နေ့
    ငါးရှည့် ၆ ကောင်ဝယ်
    တကောင်ကို ၆ ပိုင်းခုတ်
    ၆ မိနစ်ကျော် ပြုတ်ပြီး
    အရိုး ၆ ထောင်ကျော်ကိုဖယ်
    ဆီ ၆ ကျပ်သားလောက်ထည့်
    ကြက်သွန်ဖြူ/နီ ဂျင်း ၆ ချက်လောက်ထောင်း
    တစ်ဆယ့် ၆ မိနစ်သာသာ
    ၆ သွားအောင် ကြော်
    ငရုပ်သီ ၆ တောင့်ပါထည့်
    ဘီယာ ၆ ဗူးနဲ့
    ၆ ကြိမ်လောက် မော့လိုက်ရင်းးးးးးးးးးးးးးးးးးးးးးးးးးးး 😛 😛
    ဒီတခါ ပုလင်းစိမ်းလေး မတွေ့ပါလားဗျ

  • pooch

    December 8, 2011 at 7:41 am

    အော်….. လတ်စသတ်တော့ မာမီပုလည်း ပေါင်ချင်တာတွေ ပေါင်ထားတာကိုး ;P

  • ကိုတောက်တဲ့

    December 8, 2011 at 11:40 am

    ဘုန်းကြီးဝတ်မယ်ဆိုလို ့..ဂယ်လားလို ့ထင်နေတာ..
    ဘယ်ဟုတ်မတုန်း.. နာမည်ကို “ဦးဘဇင်း” ဆိုပြီးပြောင်းပလိုက်တာဟ
    ကောင်းလယ်..ကောင်းလယ်..တိပ်ကောင်းလယ်..
    😆

Leave a Reply