မိုးရွာသွန်းမှုအားနည်းနေသေး၍ လောပိတနှင့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးနိုင်မှုပုံမှန်မရှိသေး

klnMay 25, 20101min460

မေလနောက်ဆုံးပတ်သို့ ရောက်ရှိလာပြီဖြစ်သော်လည်း မိုးရွာသွန်းမှု အားနည်းနေသေး၍ ရန်ကုန်မြို့အား လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနေသော လောပိတနှင့် ရဲရွာရေအားလျှပ်စစ်ပုံမှန်လည်ပတ်မှုမရှိနိုင်သေးကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအနေဖြင့်မူ ယခုနှစ်ကာလ အပိုင်းအခြားအတွင်း ရေအားလျှပ်စစ်ကဏ္ဍအတွက် တိုးမြှင့်လုပ်ဆောင်လာကြောင်းနှင့် အဓိကအားဖြင့် ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့တွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများမြင့်တက်နေကြောင်း သိရှိရသည်။ ရေအားလျှပ်စစ်ကဏ္ဍကို မြှင့်တင်တာကောင်းပါတယ်။ လောလောဆယ် သဘာဝဓာတ်ငွေ့နဲ့မီးအပြည့်အဝမပေးနိုင်တဲ့အချိန်မှာ ရေအားနဲ့လည်ပတ်ပြီးမီးရတာ။ ဒါပေမယ့် ရေအားကလည်း မိုးရေချိန်ပေါ်မူတည်နေတော့ ရေရှည်အတွက် ရေအားတစ်ခုတည်းကိုပဲ အားကိုးလို့ရ၊ မရဆိုတာစဉ်းစားစရာပဲ။ အခုနှစ်ပိုင်းတွေမှာ သဘာဝပတ်ဝန်းကျင်အနေအထားတွေ ပြောင်းလဲနေပြီလေ။ ဘာပဲဖြစ်ဖြစ် အခုတည်ဆောက်နေတဲ့ ၂၄လက်မပိုင်လိုင်းက အမှန်တကယ်မီးရရှိလာပြီဆိုရင်တော့ အထိုက်အလျောက်အဆင်ပြေသွားမှာပါ”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သ်။ အစဉ်အလာအားဖြင့် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ လောပိတနှင့် ရဲရွာရေအားလျှပ်စစ်သာဖြစ်ကြောင်းနှင့် ပေါင်းလောင်းရေအားလျှပ်စစ်မှ ထွက်သော လျှပ်စစ်ဓာတ်အားမှာ လက်ရှိအခြေအနေတွင် National Grid ထဲသို့ ဝင်ရောက်လာနိုင်မှုမရှိသေးကြောင်း ၂၀၁ဝခုနှစ် မေလ ၂၆ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။