Password

NKDecember 6, 20111min946
clip_image001

အမျိုးသမီး ကွန်ပျူတာ ပညာရှင်တစ်ယောက်သည် ကွန်ပျူတာ မကျွမ်းကျင်သော ဘရုတ်သုက္ခ ယောက်ျားတစ်ယောက်၏ ကွန်ပျူတာကို ဝန်ဆောင်မှု ပေးနေရသည်။ Log in ဝင်ရန် Password အဖြစ် မည်သည့် စကားလုံးကို ထားလိုကြောင်း သူမက ကိုနှာဘူးကို မေးလိုက်သည်။

ထိုသူက အမျိုးသမီးကို ရှက်သွားစေလိုသော ရည်ရွယ်ချက်ဖြင့် PENIS (အမျိုးသားတန်ဆာ) ဟူသော စကားလုံးကို ထည့်ခိုင်း၏။

သူမကလည်း မျက်နှာကို တင်းတင်းထားရင်း ခပ်တည်တည်ဖြင့် သူပြောသည့် အတိုင်း Password ထည့်ပေးလိုက်၏။

ထိုအခါ ပေါ်လာသော ဆော့ဖ်ဝဲ၏ ပြန်ကြားချက်ကို ဖတ်ကာ ထိုလူ့ မျက်နှာ ရှုံ့မဲ့သွားသဖြင့် သူမ အူလှိုက်သည်းလှိုက် မရယ်မိအောင် အတင်းကို ထိန်းထားလိုက်ရလေတော့၏။ ပေါ်လာသော စာကြောင်းမှာ

*** PASSWORD REJECTED. NOT LONG ENOUGH ****

(Password ကို လက်မခံပါ။ လုံလောက်အောင် မရှည်သောကြောင့် ဖြစ်သည် ဟူ၏)

6 comments

  • “ဘီလူးကြီး”ogre

    December 6, 2011 at 7:03 pm

    ဟယ်….ကော်နန်းရှင် ကောင်းဒယ်နဲ့တူဒယ်
    တင်ထှာများ ဟောတစ်ပုဒ် ဟောတစ်ပုဒ်
    လုပ်ဂျဘာ..လုပ်ဂျဘာ….တော်ဒို့လုပ်ဂျဘာ(ကိုပုလေသံဖြင့်) 😉
    ဘေးမှာသူကြီးလက်ညောင်းခံရေးထားတဲ့စာလေးဘာလေးလဲ …ဖတ်ဂျဘာ
    ဂယ်ပဲ.. ;( 🙂

  • naywoonni

    December 6, 2011 at 8:41 pm

    အဲသဟာဆိုလဲ LONG LONG လုံလောက်အောင်ရှည်လျားတာတစ်ခုခု ပြောင်းပေးလိုက်ပေါ့……….။ Password ကိုပြောတာပါ……..။

  • ပေါက်ဖော်

    December 7, 2011 at 11:08 am

    ဟယ်…
    မောင်ပုလို…နာမည်ရှည်ပြီး လူပုနေရင်ကော ဘိုလုပ်မလဲမသိ
    🙄

  • etone

    December 7, 2011 at 1:57 pm

    ကဲ .. အခုတော့ …. မှတ်ကရောပဲ 😆

  • manawphyulay

    December 7, 2011 at 5:31 pm

    ပေါက်ပေါက်ရှာရှာ ပေးချင်ဦး။ စက်ကတောင်လက်မခံဘူး။

  • naywoonni

    December 10, 2011 at 6:54 pm

    စက်နဲ့ ရန်ဖြစ်ထားလို့ ရှိမှာပေါ့…….။ နော့

Leave a Reply