မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှုများလာ

klnMay 25, 20101min432

ယခုနှစ်ပိုင်းကာလများသည် စွမ်းအင်ရှားပါးသည့် ကာလတစ်ခုသို့ ချဉ်းနင်းဝင်ရောက်ပြီဖြစ်သဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့များအပြင် အခြားစွမ်းအင်ကဏ္ဍများကိုလည်း စိတ်ဝင်စားမှုများပြားလာကြကြောင်း၊ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရင်းနှီးမြှုပ်နှံမှုများ နေကြောင်းသိရှိရသည်။ ယင်းရေအားလျှပ်စစ်ကဏ္ဍတွင် ကချင်ပြည်နယ်ဧရာဝတီမြစ်ဆုံရေကာတာမှ ရေအားလျှပ်စစ် ၆၀၀ဝမဂ္ဂဝါဝပ်ထုတ်လုပ်ကာ တရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ဧရာဝတီမြစ်ဆုံပေါ်တွင် ရေကာတာခုနစ်ခုတည်ဆောက်ရေးစီမံချက်၏ပထမဆုံးစီမံချက်ဖြစ်ကြောင်း သိရှိရသည်။ ထို့အတူ ရွှေလီမြစ်ပေါ်တွင် တည်ဆောက်ထားသည့် နမ့်ခမ်းမြို့အနီးရွှေလီရေအားလျှပ်စစ်ကို ၂၀၀၉ခုနှစ် ဩဂုတ်လတွင် စတင်ထုတ်လုုပ်ခဲ့ပြီးစုစုပေါင်းဓာတ်အား၏ ၅ဝရာခိုင်နှုန်းအား တရုတ်နိုင်ငံသို့ တင်ပို့ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။ အလားတူပင် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား CPI ခေါ်တရုတ်စွမ်းအင်ရင်နှီးမြှုပ်နှံမှုကော်ပိုရေးရှင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အေးရှားဝေါလ်ကုမ္ပဏီတို့က အကောင်အထည်ဖော်နေကြောင်း သိရှိရသည်။ ထို့အတူ ရှမ်းပြည်နယ် သံလွင်အထက်ပိုင်းကွမ်းလုံဒေသတွင်လည်း တရုတ်နိုင်ငံနှင့် ဒုတိယအကြီးဆုံးရေးအားလျှပ်စစ်စီမံကိန်းတစ်ခုတည်းဆောက်ရန် သဘောတူထားကြောင်း၊ ယင်းစီမံကိန်းအားသက်ဆိုင်ရာ ဝန်ကြီးဌာန တရုတ်နိုင်ငံ Energy Holding Group Ltd နှင့် Gold Water Resources Ltd တို့က စာချုပ်ချုပ်ဆိုကြပြီး လျှပ်စစ်ဓာတ်အား ၂၄၀ဝကီလိုဝပ်ထုပ်လုပ်နိုင်မည်ဖြစ်ကာ တရုတ်နိုင်ငံအတွက် သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် စီမံကိန်းဖြစ်ကြောင်း နှင့် ပထမစီမံကိန်းမှာ တာစန်းရေအားလျှပ်စစ်စီမံကိန်းဖြစ်ကြောင်း ၊ လက်ရှိအခြေအနေတွင် မူတရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပြီး လျှပ်စစ်ဓာတ်အားကီလိုဝပ် ၇၁၀ဝထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံအနေဖြင့် လည်းသံလွင်မြစ်ရေအားလျှပ်စစ်စီမံကိန်းတွင်အမေရိကန်ဒေါ်လာခြောက်ဘီလျံထိရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုပမာဏအား ရဒသမ ၇၈ဘီလျံမှ ၁၃ဒသမ ၈ဘီလျံထိ တိုးမြှင့်ရန်ရည်ရွယ်ထားကြောင်း၂၀၁ဝခုနှစ်မေလ ၂၆ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

2 comments

  • htethtet

    June 5, 2010 at 5:29 pm

    မီးအားတွေများပြီး ဓာတ်လိုက်မှစိုးလို့
    ၁၀ဝိ မီး၄ဘဲ တော်ပါပီ အာကြီးတို့ရယ်
    ရေဖြတ်/ မီးဖြတ်ခံရတဲ့ ဝတ်က အမြန်ကျွှတ်ရပါစေလို၏

  • khaung shan

    August 2, 2010 at 10:46 am

    comment ပေးရတာတောင် ခပ်လန့်လန့်..။
    တော်နေဓာတ်လိုက်သွားရင် ခွ….။
    တောက်…! ဆိုင်ကမီးစက်ကလည်း ဆူလိုက်တာ..။

Leave a Reply