မင်္ဂလာပါ
ချန်ပီယံလိဂ် အုပ်စုအဆင့်ရဲ့ နောက်ဆုံးပွဲစဉ်များ ကန်ဖို့ အချိန်အခါရောက်ရှိလို့ လာပါပြီ ။
ဒီကနေ့ ညမှာ ကန်ကြမှာကတော့ Group E ၊ Group F ၊ Group G ၊ Group H တို့ ဘဲ ဖြစ်ပါတယ် ။
မနိုင်ရင်မဖြစ်တဲ့ ပွဲကောင်းများ ပါနေတာမို့ ၊ ဘောပွဲကြည့်သူများအတွက် ထူးရှယ်ရသများ ပေးစွမ်းနိုင်မှာ အသေအချာပါဘဲ ။ ဘောပွဲကြည့်သူတွေ အိပ်ရေးပျက်ကြမှာ အမှန်ပါဘဲ ။

သဂျီးခိုင် နဲ့ စာဖတ်ပရိသတ်များရေ
ကျုပ် မှာ နောက်ကြပြီ ဆိုပြီး
အမြန်ကမန်းကတမ်းနဲ့ ပြေးလာပြီး
တင်ပေမယ့်
စုတ်ပြတ်သော ကွန်နက်ရှင်ကြောင့်
ကျုပ် ပို့ စ်မှာ အကုန်ပါမသွားဘဲ
အပေါ်က အင်ထရိုလေးတင် ပါသွားပါတယ်
ခါတိုင်းလို အကုန်ပါမယ် မှတ်ပြီး ၊ တင်ပြီးပြီးချင်း အက်ဒစ်လုပ်ခိုင်းတဲ့ ပို့ စ် ကို ဖျက်လိုက်မိပါတယ် ။
ပြီးမှ ကိုယ့်ပို့ စ် ကို ပြန်ခေါ်ကြည့်တော့ စိတ်ပျက်မိသွားပါတယ်
ထပ်လည်း ရေးဖို့ အားမရှိတော့လို့ 
တိုတိုတုတ်တုတ် ဘဲ စိတ်ကြိုက်တွေ့ သော ပွဲများကို ရေးတင်လိုက်ပါပြီ ခင်ဗျာ
သည်းခံ ခွင့်လွှတ်တော်မူကြပါ
သောက်ကျိုးနဲ ကွန်နက်ရှင်း ၊ ခွီး

ချဲဆီး – ဗလင်စီယာ
( မဖြစ်မနေ အနိုင်ကန်မယ့် ချဲဆီး ၂-၁ ဗလင်စီယာ လို့ ခန့် မှန်းထားပါတယ် )
ပေါ်တို – ဇင်းနစ်
( ပကျော့ရှုံးကြွေးကိုလဲ ဆပ်မယ် ၊ အုပ်စုအဆင့်မှ တက်ဖို့ လဲ အနိုင်ကန်ရမယ်
ဆိုတော့ ပေါ်တို ၂-၁ ဇင်းနစ် ဆိုရင် အိုခေမယ် )
ဘာစီလိုနာ – ဘိတ်ဘိုရီဆော့
ဘာစီလိုနာ ဒီပွဲကို ရှုံးရင်တောင် ၊ ဒူးနန့် ကွင်းတစ်ပတ်ပတ်က ပြီး ပြုံးပြုံးကြီး နဲ့ နောက်တစ်ဆင့် တက်ပါတယ် ။
လာမယ့် စနေ၊တနင်္ဂနွေ မှာ ရီးရဲမက်ဒရစ် ကွင်း မှာ ဘာစီလိုနာ သွားကန်ရမှာ ဖြစ်လို့ 
ဒီပွဲ ကို အရံကစားသမားတွေ နဲ့ ပွဲထွက်လာမှာ ရာခိုင်နှုန်းပြည့် ပါ ။
ဘာစီလိုနာ ဒီတစ်ပွဲတော့ ဘိတ်ဘိုရီဆော့ ကို မရက်စက်တော့ဘဲ သနားစွာဖြင့် အနိုင်တောင် ပေးချင် ပေးနိုင်တာမို့ 
“ ဘိတ်ဘိုရီဆော့ ” ကို ရွေးခြယ်ပါ
***************************
***** ဖိုက်တာများအားလုံး ရွှင်လန်း အောင်မြင်ကြပါစေ ******

About မောင် ပေ

မောင် ပေ has written 396 post in this Website..