ပြည်တွင်းသုံး ၂၄လက်မ ကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့များ မေလတတိယပတ်အတွင်း ရန်ကုန်မြို့သို့ စမ်းသပ်ပို့လွှတ်မည

klnMay 25, 20101min311

မုတ္တမကမ်းလွန်မှ သွယ်တန်းလျက်ရှိသည့် ၂၄လက်မကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်း ပြီးဆုံးသွားပြီဖြစ်ရာ လျှပ်စစ်ဓာတ်အားရရှိရေး လည်ပတ်မည့်စက်ယန္တရားများတပ်ဆင်ပြီးစီးပါက လျှပ်စစ်မီးများပေးဝေနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ၂၄လက်မပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့များ မေလ တတိယပတ်အတွင်း ရန်ကုန်မြို့သို့ စမ်းသပ်ပို့လွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အလားတူပင် ယင်း ၂၄လက်မ ပိုက်လိုင်းသွယ်တန်းမှုနှင့်ပတ်သက်၍ ပိုက်လိုင်းသွယ်တန်းမှုစီမံကိန်း၏ ကမ်းလွန်သဘာဝဓာတ်ငွေ့ ထိန်းချုပ်တိုင်းတာဖြန့်ဖြူးရေးစခန်း(ရွာမ)နှင့် သဘာဝဓာတ်ငွေ့လက်ခံစခန်း(အလုံ) တည်ဆောက်ရေးလုပ်ငန်း များရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၂၆ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။