မင်္ဂလာဈေး အာမခံထားခြင်းမရှိ၊ ဆိုင်ခန်းအချို့က ပစ္စည်းအချို့သာ အာမခံထား

klnMay 25, 20101min571

မေလ ၂၄ရက်က မီးလောင်မှုဖြစ်ပွားခဲ့သော မင်္ဂလာဈေးကြီးမှာ အာမခံထားခြင်းမရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာ မောင်မောင်သိန်း ကပြောသည်။ “ ဈေးတစ်ခုလုံး အာမခံမထားထားဘူး။ ဈေးရဲ့ မြေညီထပ်၊ ပထမထပ်က ဆိုင်ခန်းတချို့ကပဲ အာမခံထားတယ်။ အဲလို အာမခံထားတာကလည်း ဆိုင်ခန်းကို ထားတာမဟုတ်ဘူး။ ဆိုင်ခန်းထဲက ပစ္စည်းကို ထားတာ ” ဟု ယင်းကပြောသည်။ ယင်းကဲ့သို့ အာမခံထားရှိရာတွင် အခြေခံစားသောက်ကုန်မှလွဲ၍ အဝတ်အထည်၊ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းများကို အာမခံထားရှိနိုင်ကြောင်းနှင့် မင်္ဂလာဈေး မြေညီထပ်နှင့် ပထမထပ်မှာ အထည်ဆိုင်များ အများဆုံးတည်ရှိကြောင်း သိရသည်။ ဈေးများအာမခံထားရှိရာတွင် ဈေးတစ်ခုလုံးကိုသာမက ဆိုင်ခန်း၊ ကုန်ပစ္စည်းများပါ အာမခံထားရှိနိုင်ကြောင်း သိရသည်။ “ အခုလက်ရှိ ရန်ကုန်မြို့ကဈေးတွေက တစ်ဈေးမှ အာမခံမထားဘူး။ ဈေးတွေက ဆိုင်ခန်းတချို့ပဲ အာမခံထားတယ်။ ဒါလည်းအရေအတွက် နည်းပါတယ် ” ဟု ၎င်းကဆက်လက်ပြောကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • Shwemannmay

    May 25, 2010 at 6:27 am

    ပစ္စည်းအတွက်ပဲ အာမခံကြေးရမှာပေါ့နော်။ ဆိုင်ခန်းအတွက်မပါဘူးလို ့ဆိုလိုတာလား

    ်အာမခံနဲ ့ပက်သတ်ပြီးလူတွေ ပိုသိဖို ့လိုလာပါပြီ၊

Leave a Reply