ခင်ဗျားတို့ရတဲ့သတင်းတွေမှာ မှားနေတာတွေရှိတယ်လို ့ ဦးတေဇ မှ ဖြေကြား

chatsuDecember 6, 20111min1268

တရားဝင်နို်င်ငံရေးပါတီအဖြစ် တည်ထောင်ရန်စီစဉ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇက နိုဝင် ဘာ ၃ဝ ရက်တွင် ယင်း၏ နေအိမ်သို့သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

” ဦးတေဇက ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၃ဝ ရက်ညနေ ၃ နာရီခွဲကနေ ၄ နာရီခွဲအ ထိလာရောက် တွေ့ဆုံသွားပါတယ်” ဟု အမျိုးသးဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦး အုန်းကြိုင်က ရန်ကုန်တို်င်းမ် ဂျာနယ်သို့ နိုဝင်ဘာ ၃ဝ ရက်ည ၈ နာရီတွင် အတည်ပြုပြောသည်။

” ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ ဦးတေဇက ကူညီပေးဖူးတာရှိပါတယ်။ ညောင် လေးပင်မှာ အင်န်အယ်လ်ဒီရွေးကောက်ပွဲဝင်တုန်းကလဲ သူကူညီပေးဖူးပါတယ်” ဟု ဦးအုန်းကြိုင်က အတည်ပြု ပြောသည်။

၂၀၁၁ ခုနှစ် မတ်လကဖြစ်ပွားခဲ့သည့် ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်သည့်ကိုယ်တိုင် ရေးမှတ်တမ်းစာအုပ်တွင် ရဟတ်ယာဉ်ပျက်ကျပြီး နောက်ပိုင်းမိမိဘဝတစ်လျှောက်တွင် မြန်မာနိုင်ငံအတွက် တန်ဖိုးရှိသည့်လူတစ်ယောက်အဖြစ် ကျင့်ကြံနေထိုင်သွားပြီး တိုင်းပြည်နှင့်လူမျိုးအတွက် လိုအပ်ပါက အသက် ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားရန် အသင့်ရှိပါကြောင်း ဖော်ပြထားသည်။

အဆို်ပါတွေ့ဆုံမှုနှင့် ပတ်သက်၍ ဦးတေဇအား ရန်ကုန်တိုင်းမ်ဂျာနယ်မှ တိုက်ရိုက်ဆက်သွယ် မေးမြန်းရာ ” ခင်ဗျားတို့ရတဲ့သတင်းတွေမှာ မှားနေတာတွေရှိတယ်” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
The Yangon Times
Myanmar News Now

8 comments

  • chatsu

    December 6, 2011 at 9:46 pm

    သိပ်နားမလည်းဘူး။သိတဲ့သူရှိရင် ဖြေပေးကြပါဦး။ဒီသတင်းနဲ့ပတ်သက်လို့ပါ

    • kokoover

      December 7, 2011 at 6:53 pm

      မှားနေတာတွေရှိတယ်ဆိုတော့ မှန်တာလဲရှိတယ် ဆိုတဲ့ သဘောပေါကွယ်ရို…

  • pasi

    December 7, 2011 at 12:57 am

    ရှင်းရှင်းပြောပါလား ရှင်းရှင်းပြောကွယ်(ဟေမာနေဝင်းသီချင်း) အဲဒီလိုပဲ ဆန့်ငင်ဆန့်ငင်မလုပ်ပါနဲ့
    ငရဲကြီးဝဋ်လည်တတ်တယ်နော် ရှင်းမပြရင် ချက်ကြီးပိုစူပါစေ

  • etone

    December 7, 2011 at 8:20 am

    သူတို့နှစ်ယောက်ပြောတဲ့စကားကို လေသံကြား ဖမ်းတရားနာတဲ့ လူတွေ ပြောတာ မှားနေတာကို ဆိုလိုချင်တာလား ။ သူဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဖြစ်တာကို ဆိုချင်တာလား … မကြာခင်တော့ … သတင်းထွက်လာဦးမှာပါပဲ … ။

  • နီလေး

    December 7, 2011 at 9:22 am

    ဒီသတင်းက ဘာကိုဆိုလိုချင်မှန်းလဲမသိဘူး ပေစိပြောသလိုပဲ ချက်ကြီးစူလာပါစေ

  • cobra

    December 7, 2011 at 1:26 pm

    ဘာကိုပြောချင်တာလဲ
    ဘာကိုရည်ရွယ်တာလဲ…။

  • cobra

    December 7, 2011 at 1:41 pm

    ဘာကိုပြောချင်တာလဲ
    ဘာကိုရည်ရွယ်တာလဲ…။

  • eveningstar

    December 7, 2011 at 2:03 pm

    သုံးပွင့်ဆိုင်ပဲ တစ်ယောက်ယောက်ကတော့ လိမ်နေပီ……

Leave a Reply