ကော်နီ့သီချင်းများနဲ့ လမ်းလျှောက်ထွက်ခြင်း

naywoon niDecember 6, 20111min17511

စိတ်ညစ်တဲ့ အခါ
လ္ဘက်ရည်ဆိုင်မှာ
ကော်နီ့သီချင်းလေးတွေဟာ
စိတ်ကျဉ်းကျပ်မှုကိုပြေစေတယ်…။
စိတ်ညစ်တဲ့ အခါ
ကော်နီနဲ့လာတွေ့
နာရီတွေကို ရွှေ့ပစ်စေတယ်….။
စိတ်ညစ်တဲ့အခါ
ကွမ်းယာဟာဆေးဖြစ်
အရက်ဟာဝါးဖြစ်
အချစ်ဟာခါးသက်
(ကော်နီကျေနပ်ရင်)
အပြစ်တွေအားလုံးထားရစ်ခဲ့မယ်….။
စိတ်ညစ်တဲ့အခါ
ဆေးလိပ်ဟာအဖော်
ကော်နီ့တေးလေးတစ်ကျော်ကျော်ဟစ်
ပျော်ပါးစွာလမ်းလျှောက်
လမ်းပျောက်သွားတာလည်းရှိချင်ရှိမယ်….။
စိတ်ညစ်တဲ့အခါ
ဝါသနာကဗျာနဲ့
ဝေဒနာတေးညည်းဆိုရင်း
သောကနာရီအိုသံပတ်တင်းရစ်
ကောနီ့သီချင်းကိုချစ်ရင်းနဲ့
အရာအားလုံးကိုသစ်လွင်စေမယ်….။
စိတ်ညစ်တဲ့အခါ
လိမ်မာမှု
လိမ်ညာမှု
ဘာဘာညာညာပြုစု
(ကဲ…. မိကော် လာ…..)
အခု ……အားလုံးကို ဆုတ်ဖြဲပစ်မယ်….။
သို့ပေမဲ့
ကြင်နာခြင်းဟာ
ရင်ထဲမှာ
နာကျင်စွာဒဏ်ရာရခဲ့လေတော့
ဝေခွဲခြင်းမဲ့….
သဲကွဲခြင်းအလျဉ်းမရှိ
နောက်ပြန်ကြည့်စမ်း
သူမရင်ထဲမှာ
အအေးဖန်ခွက်တွေ ရိုက်ခွဲနေပါပေါ့လား………။
နေဝန်းနီ

11 comments

  • naywoonni

    December 6, 2011 at 10:26 pm

    ငယ်ငယ်က စိတ်အလျဉ်ရေးနည်းနဲ့ ရေးထားဖူးတဲ့ ဝတ္ထုတိုလေး ပြန်ရှာတာ …။ တစ်ပိုင်းစတစ်စစီပဲတွေ့လိုက်ရတော့တယ်…။ အဲဒါနဲ့ ဒီကဗျာလေးတွေ တွေ့လာလို့ နေဝန်းနီတို့ကျောင်းသား ဘဝက မော်ဒန်..။ ဖြစ်တည်မှု….။ သရုပ်မှန်ဝါဒ စသည်စသည်ဖြင့် ဘယ်သူကမှမသတ်မှတ်ပေမယ်လို့ ကိုယ်ရေးတာကို အဟုတ်ကြီး မှတ်ပြီး ရေးခဲ့တာလေးတွေ သတိရလာလို့ ..။ တင်ပေးလိုက်တာပါ….။ ဆရာ မောင်သာနိုးကတော့ ” မြန်မာစာပေမှာ မော်ဒန်ကဗျာ ဆိုလို့ မူးရင်တောင်ရှူစရာ မရှိသေးပါဘူးတဲ့…။ 1974 လောက်က(ထင်းရူးပင်ရိပ် -ဘာသာပြန် ကဗျာ စာအုပ်မှာ) ပြောခဲ့တာပါ…။ နောက်လည်း မော်ဒန်ကဗျာတွေ့ပြီလို့ ပြောသံမကြားဖူးသေးပါဘူး…။

  • အချစ်က စိမ်းကားတော့
    ကိုနေကြီးက အတွင်းကြေလို့
    ကော်နီကိုအော်ခိုင်းပြိီး
    အခုထိလူပျိုကြီးလုပ်နေတယ်ထင်ပါ့

  • comegyi

    December 6, 2011 at 11:04 pm

    ကိုနေကြီးကကိုနီကြီး ခရေဇီကိုး…………………..
    ………………………….

    • windtalker

      December 7, 2011 at 2:31 pm

      အခုမှ ပေါ်ပြီ
      ကော်နီ လဲ အပျိုကြီး
      ဘိုနီ လဲ လူပျိုကြီး
      သူရို ့နှစ်ယောက် အပြင်မှာများ ဆုံခဲ့ဖူးကြလေလား

  • TTNU

    December 7, 2011 at 12:08 am

    ဆရာနေဝန်း
    ကျမတို့လည်းကော်နီ ပရိတ်သတ်ပါပဲ။

  • aye.kk

    December 7, 2011 at 6:47 am

    ကော်နီ ့သီချင်းနဲ ့လမ်းလျှောက်တာတော့ဟုတ်ပါတယ်..
    လေကောင်းလေသန် ့ရတဲ့ဘက်လေးထွက်လျှောက်တော့..ပိုစိတ်ရှင်းတာပေါ့နော်..အမြင်အမြင်..။

  • small cat

    December 7, 2011 at 7:20 am

    ကိုနေက လူပျိုကြီးဆိုတော့ ငယ်ငယ်က ကော်နီရဲ့ ကော်လံပေါ်ကနှုတ်ခမ်းနီဇတ်လမ်းရှိခဲ့မယ်ထင်တယ်။

  • ပေါက်ဖော်

    December 7, 2011 at 11:14 am

    ဘယ်သချင်းလဲဂျ…
    အတွင်းကျေလား….

    ရင်မှာခံစား..နီမမြင်နိုင်..နီ ့ရဲ့သဲထဲက ..တွင်းကျေ…တွင်းကျေ
    😆

  • blackchaw

    December 7, 2011 at 12:36 pm

    အော် ကိုနီရယ်။
    ကိုနီက ကော်နီကို ကြိုက်သတဲ့လား။
    အဲဒါဆို ကော်နီ ပြောထားတာ မမေ့နဲ့နော်။
    အားလုံးကို ပြတ်သွားအောင် မင်းဖြတ်ရင်ဖြတ်
    ဒါမှမဟုတ်ရင် မင်းငါ့ကိုဖြတ်
    တဲ့။ ကဲဘယ်လိုလဲ ဆရာ။

  • kokoover

    December 7, 2011 at 7:07 pm

    တို့ကတော့ ကိုကိုချစ် ဘဲ

  • ဦးဘဇင်း

    December 7, 2011 at 9:40 pm

    ကော်နီ = ဂျားလား ?
    နေဝန်းနီ = ဂျားဘဲ ( သိပ်သိတတ်တာဘဲ )

Leave a Reply