ဘယ်သူ့ မှာ တာဝန်ရှိလဲ

parparaziMay 25, 20101min13018

ကျနော်သတင်းစာမှာ သတင်တွေဖတ်ယင်း မီးသတ်တွေက ကား၊လှေကားတွေနဲ့ တိုက်တွေပေါ်တက် မီးသတ်ဆေးဗူးတွေနဲ့ မီးတွေပေါ် ဖျန်းပြနဲ့ ကျနော် တော်တော်အားကျခဲ့ပါတယ်။ ဒီတစ်ခါတော့ တကယ်ပေါ့ ဆိုပြီး။ ဇာတ်ကားထဲမှာလည်း ကြိုးစားပမ်းစား ငြိမ်းလိုက်ကြတာပေါ.။

ဒီလိုနဲ့ ကျနော် ရက်တွေဖြတ်သန်းယင်း နံနက်တစ်ခုမှာ မင်္ဂလာဈေး မီးလောင်တယ်တဲ့ဆိုပြီး ကြားလိုက်ရတယ်။ နည်းနည်ပဲနေမှာပဲ ဆိုပြီး သတင်း ကို ဂရုမစိုက်မိလိုက်ဘူး။

မီးလောင်တာက နံနက် ၈နာရီ၃ဝ ဝန်းကျင်။ ညနေ ရနာရီ ဝန်းကျုင်ဈေးနားရောက်ခဲ့တယ်။ ဟာာာာာာ။ မီးခိုးတွေကအူလို့။ မီးတောက်တွေကလည်း ရှိနေဆဲ။ လူတွေအလဲ အော်ချင်သလိုအော်။ ကျနော် ဝမ်းနည်းစွာ ကြားလိုက်ရတာက မီးသတ်ကားတွေက ဆီတွေနဲ့များ ပက်နေသလားတဲ့။ တော်တော် များများ စိတ်တိုနေတာ တွေ့လိုက်ရပါတယ်။

ကျနော် အရှေ. တိုးကြည့်ဖို့ လူအုပ်ထဲ တိုးခဲ့ပါတယ်။ နိုင်ငံခြားဇာတ်ကားထဲကလို လှေကားကြီးနဲ့။ လှေကားထိပ်မှာတော့ ရေပိုက်ကြီးနဲ.။ ကျနော် တစ်ခုတွေ့လိုက်ရပါတယ်။ အများကြီးများတွေ့လေမလားပေါ.။ နောက်လမ်းတစ်ခုမှာ နောက်တစ်ခုတွေ့လိုက်ရတယ်။ ရေနဲ.တော့ ပက်ပါရဲ.။ ဘယ်လိုဖြစ်နေလဲဆိုတော့ အုတ်နံရံကို ကလေး သေးပန်းသလို ဖြစ်နေတယ်။

ဟာ မီးသတ်ကား လာပြီဆိုလို့ ကြည်လိုက်ကြတယ်။ ရေပက်ပါလေရော။ မီး က ၄လွှာမှာ။ ပက်တဲ့ရေက ၃လွှာတောင်မရောက်ခဲ့ဘူး။ နှစ်မိတောင် မကြာဘူး ရေကုန်သွားရော။ ပြန်သွားသယ်တာ မိနစ်၂ဝကြာတယ်။ ကဲ ကျနော်တို့ ဆီမှာ ကောင်းကင်က ဆေးနဲ့ ငြိမ်းလို့မရဘူလား။ ကန်တော်ကြီးကနေ ပိုက်နဲ့ တစ်ခါတည်း ပက်လို့ရအောင် မစီစဉ်နိုင်ဘူးလား။ မီးငြိမ်းနိုင်တဲ့ ဆေးတွေကော၊ ပစ်စရာ ဘူးတွေမရှိဘူးလား။ အခုက ဆေးတွေဆိုတော့ Chemical တွေပါမှာ။ အလှကုန် ပစ္စည်းတွေ။ ရေနည်းနည်းနဲ့ ဆို ပို စွသလို ဖြစ်မနေဘူးလား။

ကျနော်မျှော်လင့်ကြီးစွာနဲ့ ကောင်းကင်မော့ကြည့်နေတယ်။ ရဟတ်ယာဉ်သုံး ငြိမ်းမလားပေါ့။ ဝေးစွ။ ပိုက်နှစ်ခု နဲ့ ရှူ ရှူး ဖလားဝါးနေပါတော့တယ်။ မီးသတ်တွေကာလည်း မီးကာအဝတ်တွေတောင် မရှိဘူးထင်ရပါတယ်။ မီးသတ်ဦးရေ ၁၅၀ဝ တဲ့။ ကဲ။ ဘယ်သူမှာ တာဝန်ရှိလဲ။

မီးသတ်ဦးစီးက မသိဘူးလား။ ဈေးတစ်ခါလောင်ပြီးသားပါ။ တစ်ခြားမြို့ မှာလဲလောင်ဘူးပါတယ်။ တာဝန်ယူထားတဲ့လူတွေ စဉ်းစားသင့်ပါတယ်။ ဘာဆေးတွေလိုမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ။ ၁၈နာရီလောက်တောင် မီးလောင်တယ်ဆိုတော့ မီးသတ် ဦးစီး ဘာတွေညွှန်ကြားနေလဲ။

မီးလောင်တဲ့အတွက် ငွေကြေးများစွာ ဆုံးရှုံးခဲ့ရပါတယ်။ နိုင်ငံတကာမှာရှက်စရာကောင်းလှပါတယ်။ ပြည်သူတွေနစ်နာ ဘဝတွေပြောင်းလဲ ခဲ့ရပါတယ်။

မီးသတ်ကသာ ပစ္စည်းတွေစုံ ခဲ၊့ ရဟတ်ယာဉ်တွေသုံးခဲ့၊ မီးငြိမ်းစေတဲ့ ဓါတုပစ္စည်းတွေတာ သုံးနိုင်မယ်ဆိုယင် သည်လောက် ဆုံးရှုံးနိုင်မလားပေါ.။ ကျနော် မီးသတ်ကို အဖြစ်တာပက်ခဲ့ သလို ရင်ထဲမှာ ခံစားရပါတယ်။ မပက်ခဲ့ရင်လဲ ဝိုင်းဆဲမှာလေ။ ပက်တာကလဲ ရေက အပြင်တစ်ခြမ်းလောက်တာ ပက်နိုင်တာပါ။ ပိုက်၂ခုတာ အများဆုံးမြင်ခဲ့ရပါတယ်။

ရင်ထဲမှာတော့ ကျနော်တို့နိုင်ငံရဲ. World Trade စတင်တာကြီးပျက်သလိုပေါ.။ ခံစားရလွန်းပါတယ်။ ဒီကြားထဲ အော်လံကြီးနဲ့ အော်နေတယ်။ အော်တာကတော့

ခင်ဗျားတို့တွေရပ်ကြည့်နေလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ ခင်ဗျားတို့ လည်းဘာမှ လုပ်လို့မရဘူး။ ရပ်ကြည့်နေလို့ဘာမှမထူးဘူး။ ဘာမလည်းမတတ်နိုင်ဘူး။စသဖြင့်ပေါ့။ ကျနော်ပြန်ပြောချင်တာက အော်နေတဲ့သက်ဆိုင်ရာကို ခင်ဗျားတို့ကော ဘာလုပ်နိုင်လို့လဲ။ ဘာတတ်နိုင်လို့လဲပေါ့။ တာဝန်ရှိသူတွေတောင် ဘာမှမလုပ်နိုင်တာ။

တာဝန်အရှိဆုံးက မီးသတ်ဦးစီးကပါ။ ဖြစ်နိုင်ရင် လုပ်နိုင်တဲ့ ပြည်သူကိုချစ်တဲ့ ပစ္စည်းစုံလင်အောင်လုပ်ပေးနိုင်သူကို တာဝန်လွှဲသင့်ပါတယ်။ ရမ်းပက်နေမဲ့အစား အရာရာကို သတိရှိရှိ ပညာပြည့်စုံသူတွေကို နေရာပေးသင့်ပါတယ်။

မီးသတ် ၁၅၀ဝ နဲ့ အဆောက်အဦး တစ်ခုကို မီးငြိမ်းတာ ၁၈နာရီကျော် ကြာသတဲ့ဗျာ။ ဂရင်းနစ် စံချိန်ယူပါက ယူနိုင်ကြောင်းပါ။

18 comments

  • Ammit9

    May 25, 2010 at 7:51 am

    It isn’t the only event our country people suffer.

  • wunna

    May 25, 2010 at 8:26 am

    မန္တလေးမှာ sky walk shopping mall လောင်တုံးကလည်း ဒီလိုပါပဲ။ အဓိက က တော့ ပစ္စည်းမပြည့်စုံတာပါ။

  • Bayote

    May 25, 2010 at 8:34 am

    ပစ္စည်းမပြည့်စုံတာကို ပြည့်စုံအောင် မလုပ်နိုင်ကြတော့ဘူးလား။ တံတားတွေဆောက်၊ ဆည်တွေဖောက်နေတာ။ မီးသတ်ဖို့ ပစ္စည်းတွေဝယ်ယူသင့်နေပါပြီ။ ဆုံးရှုံးမှုတွေများလွန်းနေပါပြီ။ ဒီအတိုင်းတာ ဆက်ကြည့်နေမယ်ဆိုယင် ဆုံးရှုံးမှုတွေ ရပ်တန့်သွားမှာ မဟုတ်ပါ။ နိုင်ငံတော်မှာတာဝန်ရှိပါတယ်။ ကိုယ်ထူကိုထ လို့စကားရှောင်နေမယ်ဆိုယင် ဘာလို့ အုပ်ချုပ်တာကို တာဝန်ယူနေပါသလဲလို့ မေးပါရစေ။ အထက်ကစာအတိုင်း ပိုင်ပိုင်နိုင်နိုင် ထက်မြက်တဲ့ လူတွေကို မီးသတ်မှာနေရာပေးသင့်ပါပြီ။

  • MandalayThar

    May 25, 2010 at 8:46 am

    ရေးတဲ့သူတွေက ရန်ကုန်ကမှန်းသိသာတာ… ျမီးလောင်တဲ့ အတွေအကြုံကလဲ နည်းလိုက်တာ။ မီးလောင်တာ မီးသတ်အကြောင်းများ ငါတို့ မန်းတလေးသားတွေက ရိုးနေပြီ.. မန်းတလေးမှာလောင်ကြည့် သံဃာတွေ ထိပ်ဆုံးက ပတ်မှာ၊ လမ်းရှင်းရာမှာလဲ သံဃာတွေက ၂ × ၁ နဲ့ စောင့်နေတာ။ မီးသတ်ကားပေါ်မှာ မီးသတ်သမားက ၃ လေးယောက် သံဃာက တစ်ကျောင်းလောက် နဲ့ မီးငြိ်မ်းကြတာ ပြလိုက်ချင်သေးတယ်။ ငါတို့ မန်းတလေးသားကတော့ မီးလောင်တဲ့ ဓါတ်ပုံတွေမှာ သံဃာတွေ မမြင်ရတော့.. မီးလောင်တာမှ ဟုတ်ရဲ့လားလို့ထင်မိတယ်။

  • kai

    May 25, 2010 at 8:53 am

    မှတ်မိသလောက် ပြောရရင် မြန်မာ့မီးသတ်က လက်ရှိကားတော်တော်များများတွေဟာ ဂျပန်က လက်ဆောင်ပေးထားတာတွေပါ။
    နောက်ပိုင်း..မြန်မာအစိုးရလည်း ရှိသမျှကမ္ဘာ့အလှူရှင်နိုင်ငံကြီးတွေနဲ့ လှည့်ရန်ဖြစ်တာမို ့ဘယ်အလှူရှင်ကမှ မပေးတော့တာဖြစ်ပါတယ်။
    မီးသတ်တာမှာသာ နည်းပညာရှိတာမဟုတ်ပါဘူး။ အဆောက်အဦးဆောက်တာမှာလည်း နည်းပညာအများကြီးလိုပါတယ်။
    လူတွေအဝင်အထွက်များတဲ့ ရှော့ပင်စင်တာမျိုးဆို ဒီဇိုင်းဆွဲတဲ့ အာခီတက်တွေကအစ အတွေ့အကြုံရှိပြီး နိုင်ငံကြီးတွေမှာ ပညာတော်သင်သွားထားမှ ဖြစ်မှာပါ။
    မြို ့ကွက်ဆောက်တယ်ဆိုလည်း ဒီအတိုင်းပါပဲ။ မြို ့အကွက်ချတာ။ ကားဝင်ကားထွက်။ ဈေးတွေအတွက် လမ်း၊ ရေ၊ လျှပ်စစ် ထောက်ပံ့နိုင်မှု အကုန် အသေအလဲကို တွက်ကြချက်ကြရတာဖြစ်ပါတယ်။
    ဒါကလည်း ပညာတော်သင်တွေ လိုတာပါပဲ။
    ရှေးကတော့..ဖွံ ့ဖြိုးပြီးနိုင်ငံကြီးတွေက..ကုလအစီအစဉ်တို ့..နိုင်ငံအစိုးရချင်းဆက်သွယ်မှုတို့နဲ့..လုပ်ပေးပါတယ်။လူတွေခေါ်ပါတယ်။

    မြန်မာ့ အုပ်ချုပ်ရေးထုံးစံက..အုံဖွဆိုပြီး မိုးပေါ်က ဆင်းဆင်းအုပ်ချုပ်….အကြီးအကဲဖြစ်ကြတော့….ကာ..။
    အကြီးအကဲကလည်း…လက်ညိုးတချက်ညွှန်ပြီး..ဒီနေရာ ဒါလုပ်မယ်ဆိုပြီး..စစ်တပ်ရဲ့ စစ်ဆင်ရေးအမြင်၊ စစ်ရေးမဟာဗျူဟာနည်းဗျူဟာတွေနဲ့..မြို ့ပြတွေဝင်စီမံတော့..ကာ..

    ဒါမျို ့နေ့စဉ်အလွဲများ…အများကြီးကြုံရဆုံရဦးမယ်လို့သာ…ပြောချင်ပါတော့တယ်ခင်ဗျား..။

  • intro

    May 25, 2010 at 10:02 am

    နည်းပညာနဲ့ ပတ်သတ်လို့ လိုအပ်ချက်တွေရှိနေတာ၊ မပြည့်စုံတာကတော့ အမှန်ပါပဲ… မီးသတ်ရာမှာတင်မဟုတ်ပါဘူး၊ နေရာတိုင်းမှာ ကျွန်တော်တို့ နိုင်ငံက လိုအပ်ချက်တွေ အတော်များနေတာပါ.. အားလုံးလဲ သိကြပါတယ်ဗျာ…

  • kyawgyi

    May 25, 2010 at 10:55 am

    ကျွန်တော် အထင် ပေါ့ ကျွန်တော်တိုမြန်မာ ဗီဇကြောင်လဲပါမယ်။ ဘာလိုလဲဆိုတော. ကျွန်တာ်တို့တွေက တခုခု လုပ်မယ်ဆို future plan မရှိခဲ့တာကြောင်.ဖြစ်မယ်။ တခါမီးလောင်မှုကြောင့် ဆုံးရှုံးမှု ဖြစ်ခဲ့ပြီးရင် နောက်တခါအတွက်ဘာတွေလိုအပ်မယ် .. ဘယ်လိုကာကွယ်မှုတွေ.လုပ်ရမယ် ..စသဖြင်.ပေါ့ စည်းစနစ်ကျတဲ့
    planတွေရေးဆွဲပြီး ဘာဖြစ်ရင်ဘာလုပ်ရမယ်ဆိုတာ ကြိုတင်လုပ်ဆောင်ထားသင်.တယ်…နိူင်ငံတကာမှာလဲ ဒီစနစ်ကိုပဲကျင့်သုံးနေတာပဲ… ကျတော်တို.ဆီမှာက ဒီလို အကွက်ကျစီမံမှု လိုအပ်မှုတွေရှိသေးတယ် .လိုထင်ပါတယ်

  • agkyawthant

    May 25, 2010 at 10:55 am

    သည်းခံပါ ခင်ဗျာ ဒါ မြန်မာပြည်လေ

  • maungshwe

    May 25, 2010 at 11:09 am

    ဒီလိုတော့မပြောပါနဲ့ သူတို့လဲ plan လုပ်တာဘဲ
    အကွက်မကျဒါတော့ ပြသနာပေါ့
    educate လုပ်ဖို့လဲလိုတာပေါ့
    စုပေါင်းကာကွယ်ရမှာပေါ့

  • poeaung6

    May 25, 2010 at 11:26 am

    နည်းပညာဟာ ကမ္ဘာမှာရောမြန်မာမှာပါ အရေးပါပါတယ် မဖွင့်ဖြိုးသေး(ဖွင့်ဖြိုးဆဲ) နိုင်ငံဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံမှာ ပိုပြီးလိုအပ်ပါတယ် အခုလိုကိစ္စတွေဟာ သက်သေပါပဲ ကဲ ဘယ်လိုလုပ်ကြမလည်း

  • rat

    May 25, 2010 at 3:53 pm

    ဘာပဲပြောပြော အပြောပဲရှိတယ်ဆိုကတော့သက်သေခံသွားပြီ ။
    တစ်လောက အစိုးရပိုင်ရုပ်မြင်သံကြားလိုင်းတစ်လိုင်းမှာ ကြည်.လိုက်ရပါတယ် ။
    မီးသတ်တပ်ဖွဲ.ရဲ. ဘယ်နှနှစ်မြောက်ဆိုလား ။ အားပါးပါး …. ပြထားတာတွေကတော့
    အပျံစားပဲ ။ လုပ်ပြတာတွေကလဲစုံလို. ။ ကြည့်နေတဲ့ကျွန်တော်တို.ကတော့အားရလိုက်တာ ။
    ငါတို.နိုင်ငံမှာ ဒါမျိုးတွေရှိလာပြီဟဲ့လို. ။ ဟောကြည့်………… တစ်ကယ်နင်လားငါလား
    လဲဆိုရော တီဗွီထဲမှာပြတဲ့ဟာတွေတစ်ခှမှလဲမပါဘူး ။ အော်…… စောသေးလို.ပေါ့ ။
    ကုန်ကာနီးအထိ ကနေ လုံးဝ ကုန်သွားတဲ့အထိဘာမှမလာဘူး ။ ကြည့်နေရင်းနဲ. စိတ်ထဲက
    ဒေါသဖြစ်တယ်ဗျာ ။ ဒီနိုင်ငံမှာကတော့ ကိုယ်ဖြစ်ကိုယ်ခံပဲ ။ အဲဒီ့တော့ ကိုယ့်ဘဝ ကိုယ်တွေး
    ပြီး ကိုယ်.သမိုင်းသာ ကိုယ်ရေးကြပေတော့ဗျို. ။။။။။။။။။။။။။။။။ ရှိတာဒါအကုန်ပဲတဲ့ ။
    ပြောနေလိုက်ကြတာတော့ ဆင်ဖမ်းမယ် … ကြားဖမ်းမယ်နဲ. ။
    တကယ်တမ်းကျတော့ မြွေဖမ်းပြီး ကိုယ့်ဖင်ထဲ ကိုယ်ထဲ့မဲ့ဟာတွေ ။

  • rat

    May 25, 2010 at 3:58 pm

    သူတို.ပြောနေလုပ်နေတဲ့ plan ကဘာမှမဟုတ်ဘူး ။
    သူတို. ဆွေမျိုးတွေနဲ. မိသားစုတွေကောင်းစား plan ပဲ ။
    ဘယ်တော့မှအကွက်ကျမှာလဲမဟုတ်ဘူး ။ တကယ်အကွက်
    ကျသွားရင် သူတို.အိပ်ထဲကို ထဲ့ဖို.နည်းသွားလိမ့်မယ်လေ ။
    နောင်ရေးကိုမျှော်တွေးပြီးတော့လုပ်နေကြတာပါ ။ သူတို.ကောင်းစားရေးအတွက်လေ ။

  • BaKo

    May 25, 2010 at 9:09 pm

    ဆည်တွေတား ဂေဟပျက် ရေတွေခန်း
    လျှပ်စစ်အချိန်အခါမဟုတ်လွှတ် ဝါယာတွေရှော့ မီးတွေလောင်
    မကြာခင် မိုးတွေကြီး ရေတွေလျှံ မြောင်းတွေပိတ် ဝမ်းတွေလျှော
    နောက် ဗုံးတွေကွဲ ပြည်တွင်းစစ်တွေဖြစ် လူတွေသေ
    ပါတီတွေချကြ ခုံနေရာတွေလုကြ လူတွေသတ်ကြ
    ထောင်တွေခါချ လူမိုက်တွေပေါ
    ခြေလှမ်းတွေ ငါမြင်နေတယ်နော် မြင်နေတယ်။

  • Foreign Resident

    May 25, 2010 at 10:14 pm

    Dear All,

    Please don’t blame only to Fire Brigade,
    As I have experienced with some firemen ( officer ).
    They surely want to kill the fire.
    They don’t want to suffer their people.
    I truly know about their good mind set.

    But they said they don’t have enough equipments.
    The equipments you seen on TV is only 1 or 2 sets only.
    Moreover they are just for show only, just for TV show only.
    You can noticed that,
    they said all fire engines & resources from Yangon & Pegu Division are coming,
    But consist only ( 2 ) reachable ladder type fire engine.
    You see in pictures,
    mostly all firemen cannot wear self contained breathing apparatus set.
    ( instead they wear soaked / wet clothes cover their nose )
    I am sure they also don’t have enough chemical & other equipments.
    Without this, they cannot control, contain nor kill this type of fire,
    as I also finished the advanced level fire fighting course,
    so, I know about this situation.

    Sure, no way, just sit n pray,
    without enough advanced equipments & materials,

    If you want to blame, blame only to government,
    for not supply enough materials & money to Fire Brigade.

    • Bayote

      May 26, 2010 at 3:41 am

      ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေးလိုက်ရင်ကော ? မီးသတ်ခွင့် ကန်ထရိုက်ပေးလိုက်ပေါ. မလုပ်နိုင်ရင်လဲ။

  • soemoe

    June 25, 2010 at 3:36 pm

    ခင်ဗျားတော့ပြောတာအားလုံးကို လက်ခံပါတယ်…ကျွန်တော်ပြောချင်တာက အခုလို မီးတွေဆက်တိုက်လောင်နေ (အထူးပြောရမယ်ဆိုရင်) ဈေးတွေပေါ့
    ပထမဆုံး မန္တလေးမြို့ ရတနာပုံဈေး (sky wall center) ဒုတိယ ရန်ကုန်မြို့ မင်္ဂလာဈေး တတိယ မုံရွာမြို့ ချင်းတွင်းရတနာဈေး အဲဒါတွေဟာ
    တိုက်ဆိုင်မှုတွေလား တကယ်အဖြစ်အပျက်တွေလား၊နောက်ပြီး လုပ်ကြံမှုတွေလား ဆိုတာ မသိရပေမဲ့ ဘယ်သူကိုမှလည်း အပြစ် ပုံမချချင်ပါဘူး
    ဒီလိုနဲ့ ဆုံးရှံးနှစ်နာ မှုတွေ ဖြစ်ခဲ့ ရတယ် အဲဒီဆုံးရှံးနစ်နာ မှုတွေအပေါ်မှာ ဘယ်သူတွေ အမျက်ထုတ်နေလဲ ဘယ်သူတွေက ဘယ်လို ဈေးကွက်ကို
    ချဲ့ထွင်မလဲ ခုဆိုရင် မန္တလေးမြို့ အရင်ရတနာပုံဈေး နေရာမှာ ပြန်လည် တည်ဆောက်နေ့တဲ့ Diamond Plaza မြေညီထပ် မှာ တောင် ဆိုင်ခန်းတွေ
    ဖွင့်လှစ်နေပါပီ ကျွန်တော်သိရသလောက်တော့ ဒီဆိုင်ခန်းတွေ ရဲ့ တန်ဖိုးဟာ သိန်း ရာနဲ့ ချီပြီး ပေးရသလို တစ်ချို့အခန်းတွေဆို ထောင် နဲ့ ချီပေးရတယ်လို့
    ကြားရပါတယ်…ဒါတွေဟာ ဘာတွေလဲ…ဒီဈေးကွက်တွေကို ဘယ်သူက အမြတ်ထုတ်နေတာလဲ ဆုံးရှံး နစ်နာ သူ က တစ်ယောက် အမြတ်ထွက်တဲ့ လူက
    တစ်ယောက်..ကျွန်တော်ဆိုလိုတဲ့ အဓိပါယ် ကို သဘော ပေါက်ကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်….

  • cruz

    October 13, 2010 at 3:00 pm

    လိုအပ်ချက်တွေရှိတယ်အမှန်ပါပဲ……ပြီးတော့ ခင်ဗျားတို့ သတိမထားမိတာတစ်ခုရှိမယ်ဗျ
    မန်းလေး ရတနာပုံဈေးမီးလောင်တာလေ မီးသတ်တွေကြောင့်လို့တောင် လူတွေက ဝိုင်းပြောနေကြသေးတယ်..
    ဘာလို့လည်းဆိုတော့… ရတနာပုံဈေးမီးမလောင်ခင် သူတို့မီးသတ်တွေ မီးဘေး ကာကွယ်ရေးဆိုပီး သရုပ်ပြတာတွေ ဘာတွေလုပ်သွားတာကို….. အဲသိပ်မကြာပါဘူး…တကယ်လောင်ပါလေရော… အဲကျတော့ အကုန်ကိုကုန်ရော…..
    အဲနောက်ပိုင်းဆို… သူတို့ သရုပ်တောင်ပြရဲတော့ဘူး….

  • unclegyi1974

    October 13, 2010 at 4:12 pm

    ဒီလိုရှော့ပင်းမောကြီးတွေ ဆောက်ရင် ဒီလိုမီးငြိမ်း
    သတ်ရေးအစီအစဉ်တွေလုပ်ရတယ်ဆိုတာ
    အခုခေတ်စာဖတ်သူတိုင်းသိပါတယ်
    ဥပမာ။ ။ အထပ်တိုင်းမီးသတ်ရေပိုက်ငုတ်ရှိနေရမယ်
    မီးသတ်ပိုက်ရှိနေရမယ် အရေးပေါ်မီးသတ်ဗူးတွေရှိရ
    မယ် မီးသတ်သမား၊ ပြည်သူဝင်လမ်းထွက်လမ်းကောင်း
    ရမယ် လှေကားတွေပြည့်စုံရမယ်
    လျှပ်စစ်နဲ့ပတ်သက်ရင်လဲ စံချိန်မှီဝါယာတွေပစ္စည်းတွေ
    သုံးရမယ်၊ လျှပ်စစ် စစ်ဆေးရေးကခွင့်ပြုချက်ရရမယ်
    စသဖြင့်ပေါ့
    ဒါတွေမရှိဘဲ မပြည့်စုံဘဲဘာဖြစ်လို့ဖွင့်ခွင့်ပေးလဲ
    ဘယ်သူတွေမှာတာဝန်ရှိလဲ
    တချိန်မှာတော့အဖြေရှိလာမယ်ထင်ပါတယ်

Leave a Reply