“ကုသိုလ်တော်နဲ့စန္ဒာမုနိအဝေးမြင်ကွင်း”

“ကုသိုလ်တော်နဲ့စန္ဒာမုနိအဝေးမြင်ကွင်း”

ကျောက်တော်ကြီးဘုရားကနေထွက် မန်းလေးဘိုးဘိုးကြီးနန်းရှေ့ကလမ်းကနေ မြောက်ဘက်ကိုသွားရင်

ကုသိုလ်တော်ဘုရားဝင်းတဲကိုဝင်တဲ့လမ်းလေးကိုတွေ့နိုင်ပါတယ်။

1 ကုသိုလ်တော်ကို မန်းလေးတောင်ဘက်ကနေ အသွား

အနောက်ဘက်ကနေဝင်တဲ့လမ်းလေးရဲ့တဘက်တချက်မှာ သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်း။

စန္ဒကူးတောလို့ အမည်ပေးထားပါတယ်။

သမီးရီးစားအတွဲတွေအဆင်ပြေပြေထိုင်လို့ရအောင် အုတ်ထိုင်ခုံလေးတွေတောင်လုပ်ပေးထားပါတယ်။

အတွင်းကိုဝင်လိုက်တာနဲ့ ကုသိုလ်တော်ဘုရား ရွှေရောင်ဝင်းဝင်းကိုဖူးမြင်နေရပါပြီ။

2 ဥပုဒ်နေ့ဆိုတော့ တစ်ချို့က ဥပုဒ်စောင့်ဘို့ ဘုရားထဲကို သွားကြတယ်လေ

ဥပုဒ်နေ့ဖြစ်နေတာကြောင့်  ကုသိုလ်တော်ဘုရားရဲ့အတွင်းထဲမှာ ဥပုဒ်စောင့်ဘို့သွားနေသူကိုလဲတွေ့ရပါတယ်။

 

3 အဝင်ကနေလှမ်းမြင်နေရတဲ့ရွှေရောင်ေွတွဝင်းနေတဲ့စေတီက ကုသိုလ်တော်
4 ကုသိုလ်တော်ဘုရားက ဂူလေးတွေကို အနောက်ဘက်ကမြင်ရတာပါ
5 ကုသိုလ်တော်က နာမယ်ကျော် တဲ့..............................

ကုသိုလ်တော်ဘုရားတံတိုင်းအတွင်းမှာတော့ ကျောက်စာချပ်တွေကို ထိန်းသိမ်းထားတဲ့ဂူလေးတွေကို

လှမ်းမြင်နေရပါတယ်။

6 အနောက်ဘက်ကိုလှမ်းကြည့်တော့ အပင်တွေကြားက မြင်ရတဲ့ စန္ဒာမုဏိကစေတီလေးတွေ
6B ပုံကတော့သိ်ပ်မကွာဘူး မြင်ကွင်းကျယ်ကျယ်လေးမို့ ပြန်တင်တာပါ

အနောက်ဘက်ကိုလှမ်းကြည့်တော့ ခြုံနွယ်ပင်တွေကြားကမြင်ရတဲ့စန္ဒာမုနိဘုရား။

7 အဝင်မုုဒ်ဦး

ဆက်သွားတော့ စန္ဒာမုဏိဘုရား အဝင်ဆိုင်းဘုတ်။

8 မော်ကွန်းမှတ်တိုင်

ဘုရားအဝင်ကမှာတော့  ဘုရားသမိုင်းကျောက်စာတိုင်။

9 အုဌ်တံတိုင်းပေါ်က မြင်ရတဲ့ စန္ဒာမုနိ
10 အေးစိမ်းနေတဲ့ကက္ကိုပင်အောက်က ဘုရားတွေ
11 စိမ်းစိုစိုအပင်ကြားက ဘုရားလေးတွေ

ကြီးမားတဲ့ကုက္ကိုပင်ရိပ်အောက်မှာတော့ကျောက်စာတွေသိမ်းထားတဲ့ ဂူဘုရားလေးတွေ။

အဝင်က လှမ်းကြည့်တော့ ပြုပြင်နေတဲ့စေတီ။

12 အပေါ်က ပုံနဲ့တော့ ဆင်ပါတယ်

ဒီဘုရားထဲမှာ ရှေးဘုရင်မင်းတုန်းမင်းလက်ထက်က ကနောင်မင်းသားအလုပ်ကြံရခံရတဲ့နေရာလေးနဲ့အုတ်ဂူရှိပါတယ်။

ဘုရားမြောက်ဘက်ခြမ်းကိုကြည့်ရင်တော့ မန်းလေးတောင်။

13 အရှေ့ဘက်က မြင်ရတဲ့ ဘုရားတောင်ဘက်ခြမ်း
15 အဖြူအစိမ်း လိုက်ဖက်တဲ့မြင်ကွင်း

ဒီဂူဘုရားလေးတွေက အတွဲတွေချိန်းလေ့ရှိတော့ ချောင်းသူတွေလဲအပြည့်၊

အဲဒီကနေထွက်လာလို့ အရှေ့ဘက်ထိပ်လမ်းကွေ့လေးကလှမ်းကြည့်တော့

လှပတဲ့ဒီမြင်ကွင်းကို……………………….

17 အဝင်လမ်း အေးအေးချမ်းချမ်း

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(7-12-2011)

 

 

4 comments

  • ပေါက်ဖော်

    December 7, 2011 at 11:19 am

    အာပါး..အာပါး..အားပါးပါး..
    စေတီဖြူလေးတွေ တန်းစီနေတာပဲ
    😯

  • blackchaw

    December 7, 2011 at 12:20 pm

    လှတယ်ဗျာ။ စေတီဖြူဖြူလေးတွေ။
    ဘယ်လိုအချိန်လုပြီး သွားရိုက်လိုက်တာလဲ ဗျို့။

  • htoosan

    December 7, 2011 at 12:29 pm

    ကိုပေါက်ရေ.
    ကုသိုလ်တော် နဲ့ ကောင်းမှု့တော် ဆိုတာ ဘုရားတစ်ဆူထဲလား ..
    ဟိုနေ့က ရွှေမင်းသား ပုံတွေမှာ ကောင်းမှု့တော် ရေးထားလို့ ကျွန်တော်လည် နေပါတယ်။ အဲ့ဒီ ပိုစ်မှာထဲက မေးမလို့ အင်တာနက် ပြတ်သွားတာနဲ့ မမေးဖြစ်လိုက်ဘူး .. အခု ကိုပေါက် ပုံတက်လာတာနဲ့ အတော်ဘဲ ဖြစ်သွားတယ် ။
    ကုသိုလ်တော် ကတော့ World biggest book အဖြစ် မှတ်တမ်းဝင် ထားတာမို့ အလွဲမသုံးမိဖို့ လိုလို့ပါ။

Leave a Reply