ခြေဆော့လက်ဆော့ ဇနပုဒ်သားတစ်ယောက် မန်းလေးဂေဇက်ဆိုဒ်ကြီးထဲကို မယောင်မလည်ရောက်လာခဲ့ပါတယ်…

ပို့စ်တွေ တင်ပြီးမှ မိတ်ဆက်ရတာ အားတော့နာပါတယ်ဗျာ… အမှားအယွင်းတွေရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြစေလိုပါတယ်။

မသိနားမလည်တဲ့ မလည်မ၀ယ် ဇနပုဒ်သားတစ်ယောက်မို့ပါ… ခွင့်လွှတ်နားလည်ပေးကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ခင်ဗျား။

ဟုတ်ပါတယ်ဗျာ..ကျနော်ဟာ တကယ်ကို ဇနပုဒ်သားပါ..မန်းလေးဂေဇက်ဆိုတော့ မန်းလေးသားတွေပါမှာပဲ

ငါတော့ မြို့သားတွေနဲ့ခင်မင်ရတော့မယ်ဆိုပြီး ပျော်ရွှင်နေခဲ့တာပါ…ဗျာ…မဖြီးနဲ့….ဟုတ်လားးးး

တကယ်အမှန်အကန်ပြောတာပါ…ကျနော့်နေရပ်လိပ်စာပြောရင် ခင်ဗျားတို့တွေ အံ့သြပါလိမ့်မယ်…

တကယ်တော့ရွာက ဇနပုဒ်သားတစ်ယောက်ဗျာ….အင်တာနက်သုံးတာလားးး သြော်….

ကြိုးဖုန်းကို နာရီ ၃၀ စာကဒ်နဲ့ သုံးရတာဗျ….ကွန်နက်ရှင်ကတော့ သိတော်မူတဲ့ အတိုင်းပါပဲဗျာ…

ကွန်ပျူတာကတော့ လက်ဆော့ခြေဆော့နိုင်လွန်းလို့ စာရိုက်တတ်ရုံတော့ တတ်ပါတယ်…

ကျနော်ဒီနေရာလေးကိုရောက်လာတာက ကျနော်နေတဲ့နေရာဒေသလေးအကြောင်းတွေပြောပြ

ချင်တယ်..ပြီးတော့ ရင်ထဲကခံစားရတာလေးတွေကို ကဗျာအနေနဲ့ ရေးချင်တယ်…

သူကြီးဖြစ်သူကလည်း ဒါကိုကိုခွင့်ပြုမယ်ထင်ပါတယ်….

ပြီးတော့ မြို့ကြီးသားတွေနဲ့လည်းမိတ်ဆွေ ဖြစ်ချင်သဗျ…တကယ်လို့ မြို့ကြီးပြကြီးရောက်ရင်

တည်းခိုးခန်းခသက်သာ ထမင်းတစ်နပ်သက်သာလည်းး မနည်းဘူးးလေ….ဟဲ..ဟဲ..ဟဲ..

တောသားလူလည်လို့တော့မထင်ကြပါနဲ့ဗျာ….ကျနော်တို့တောသူတောင်သား လယ်သမားတွေက

ဖင်ထဲရွံ့တစ်ထောင်လောက်ဝင်မှ ထမင်းစားကြရတာပါ…ဒါပေမယ့် ဇနပုဒ်ကိုစိတ်ဝင်စားတယ်..

လာလည်ချင်တယ်ဆိုလည်း ဖိတ်ခေါ်ပါတယ်ဗျာ…. ကျနော်တို့ဆီမှာ အပေါဆုံးကတော့ ကလေးနဲ့

ခွေးတွေပဲဗျ…. လာည်ချင်သပဆိုရင်လည်း လာကြပါ…ထမင်းဟင်းအတွက်နဲ့ တည်းခိုဘို့

အတွက်တော့မပူကြနဲ့ ရွာဦးဆရာတော်က ကျနော့်ဘကြီးပါ…ပြီးတော့ သူကြီး၊ ဆယ်အိမ်ခေါင်း၊ ရွာဆော်က

အစ ကျနော့် အဖေကို မော်မကြည့်ရဲ့ဘူးလေ..ကျနော့်အဖေက အရပ်ပုလို့ပါ…  ကျနော်တို့ ဇနပုဒ်ရောက်လာရင်တော့

ခင်ဗျားတို့ ရီကြလိမ့်မယ်…ကျနော်တို့ ဇနပုဒ်သားတွေက အသက်တွေကြီးနေပေမယ့် စကားမပီကြသလို

အသုံးအနှုန်းလေးတွေလည်းလွဲနေသေးတယ်ဗျ… ဥပမာဗျာ…သနဲ့ တကို ပီအောင်မပြောတတ်ကြဘူး။

“သူ့ကို သိပ်ချစ်တယ်” ဆိုတာကို “ တူ့ကိုတိတ်ချစ်တယ်” အဲ့လိုပြောကြတယ်..။

ပြီးတော့ အပင်ပေါ်က ပန်းတို့ အသီးတို့ကို ခူးတယ်မပြောဘူး ကောက်တယ်လို့ပြောကြတယ်လေ…။

ဒီမှာနေကြတာကတော့ ရှမ်း၊ ဂဒူး တွေများတယ်လေ…။ ရှမ်းစကားလည်းးကောင်းကောင်းမတတ်ကြသလို

ဂဒူးစကားကလည်း ကွယ်ပျောက်လုနီးပါးပေါ့….။ လာချင်တယ်ဆိုရင်တော့ မန်းလေးမြစ်ကြီးနား မီးရထားကြီးကိုစီးခဲ့ပါ..။

မီးရထားစီးရတဲ့ ဒုက္ခကိုခံနိုင်တယ်ဆိုရင်ပေါ့..။ ဆရာဦးဘုန်းဓာတုကတော့ ရကောက်ရထားကြီး ပျော်ပျော်စီးဆိုပြီး

မိုးညှင်းမြို့ စာပေဟောပြောပွဲမှာ ပြောသွားတာပဲ…ခင်ဗျားတို့လည်း ပျော်နိုင်မယ်ထင်ပါတယ်….

ကျနော်နေတဲ့နေရာက မိုးညှင်းမြို့ မရောက်ခင်မြစ်ကြီးနားမန်းလေး ရထားလမ်းဘေးက  မော်လူးဆိုတဲ့ရွာပါ….

လာချင်သူများ လာလည်နိုင်ပါတယ်..မန်းလေးဂေဇက်က မင်ဘာများ လာလည်ချင်တယ်ဆိုရင်တော့

ကြိုပြောထားကြပေါ့လေ…ဟဲဟဲ…

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ….

အားလုံးကိုလေးစားခင်မင်လျှက်……

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။