ဒို့မြေပေါ်မှထိန်းသိမ်းသင့်သောနေရာတစ်ခု (သို့) ကြောင်ဝတုတ်မစဉ်းမစားလမ်းသလားနေသည် (၂)

မြောက်ဦးမြို့သို့ခြေချလျှင်ချခြင်း ပျော်ရွှင်ဖွယ်ရာသတင်းတစ်ခုကို ကြားလိုက်ရပါသည်..အဲဒါကတော့ မနက်ဖြန်(တနင်္ဂနွေနေ့) စစ်တွေပြန်ရင် နေ့လည်ကားမရှိဘူးဆိုသည့့်အကြောင်းပါ။ မြောက်ဦးရောက်တော့ နေ့လည် (၁)နာရီခွဲ။ တနင်္ဂနွေနေ့ မနက်ပိုင်းစောစောထပြီး ဘုရားဖူးပြီးတော့မှ နေ့လည်ကားနှင့်ပြန်မည်ဟု စဉ်းစားခဲ့သောကြောင် ကွိုင်တက်တော့သည်။ မတတ်နိုင်ပြီ သုံးဘီးကိုပဲ အားကိုးရပေတော့မည်။ ဗရမ်းဗတာခရီးကို နီးသလားမှတ်လို့သွားမိတာ အခုတော့နာချေပြီ။ ဖွတ်ကလီဒင်္ဂါးတစ်သောင်းကျပ်တိတိဖြင့် သုံးဘီးသမားအားခေါ်ပြီး ညနေချင်း ဘုရားစုံပတ်ရတော့သည်။ မနက်ပြန်ရမည်မဟုတ်ပါလော။ ဘုရားစုံကို ပေါက်စိန်ပေါက်ဖြင့် ပြူးပြာနေအောင် ကြောင်တစ်ကောင်သွားခဲ့ရပြန်တော့သည်။ တိုးရစ်ဂိုက်သုံးဘီးသမား ခေါ်ရာနောက် တစ်ကောက်ကောက်လိုက်ပါရပါတော့သည်။ ဆိုးလိုက်တဲ့ဘဝပေလော။

ပထမဆုံးရောက်သွားတဲ့ဘုရားကြီးကတော့ လောကမာရ်အောင်ဘုရားပါတဲ့ AD-1658 မှာ ဒကာတော် ဘုရင်စန္ဒသုဓမရာဇာ နှင့် မိဘုရားရတနာဝီယဒေဝီ တည်ထားကိုးကွယ်ခဲ့တာပါ။ ပုံစံအားဖြင့် ပုဂံမှာတွေ့နေကျ ဂူဖုရားပုံစံဖြစ်ပါတယ်။ လျှပ်စစ်မီးအလုံအလောက်မရရှိမှုကြောင့် အတွင်းပိုင်းမှောင်မဲနေလို့ တစ်နာရီကို ၁၀၀ဝကျပ်နဲ့ လျှပ်စစ်မီးပူဇော်ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ရရှိခဲ့သောကုသိုလ်အဝဝကို ရွာထဲမှာရှိသော လူယောင်္ကျား၊ မိန်းမ၊ ဟိုမရောက်ဒီမရောက်၊ သရဲ၊ သစ္ဆေ၊ စုန်း၊ အားလုံးကို အမျှဝေပါတယ်။ သာဓုခေါ်ကြပါ။ ဖူးမျှော်နိုင်ဖို့ကိုလဲ ဓာတ်ပုံလေးများ ဇွဲရှိရှိနဲ့တင်ပေးနေပါတယ်။

လောကမာရ်အောင်ဘုရားကြီးမုဒ်ဦးအဝင်

ဂူဘုရားအတွင်းမှဆင်းထုတော်

ဂူဘုရားအတွင်းမှဆင်းထုတော်
အတွင်းရှိရုပ်ပွားတော်အနီးကပ်မျက်နှာတော်
အပြင်စေတီတော်မြင်ကွင်း

လောကမာရ်အောင်ဘုရားမှ အထွက် မနီးမဝေးမှာတော့ လိပ်ကျောက်ကုန်းပေါ်မှာ တည်ထားတဲ့ ပေါ်တော်မူ ဘုရားကြီးကို ရောက်ခဲ့ပါတယ်။ အဲဒီမှာတော့ထူးခြားတာက လိပ်ရဲ့ဦးခေါင်းကိုတွေ့ခဲ့ရပြီးတော့ အနိမ့်ပိုင်း တွင်းလေးတစ်ခုအထဲမှာရှိတဲ့ လိပ်ရဲ့ဦးခေါင်းဟာ ရေဘယ်လောက်ကြီးကြီး နစ်မြုပ်မှုမရှိဘူးလို့ ဒေသခံတွေက ဆိုခဲ့ပါတယ်။ဒါဟာလဲ သဘာဝလွန်ဖြစ်ရပ်ထဲက တစ်ခုပေါ့ဗျာ။ ပေါ်တော်မူဘုရားကြီးဟာလဲ ဂူဖုရားသဏ္ဍာန် သာဖြစ်ပြီး အတွင်းရှိရုပ်ပွားတော်ရဲ့ ပုံသဏ္ဍာန်ဟာလဲ မြောက်ဦးခေတ်လက်ရာ ခပ်ဆင်ဆင်သာဖြစ်ပါတယ်။

ပေါ်တော်မူဘုရားကြီးအတွင်းရှိရုပ်ပွားတော်

ပေါ်တော်မူဘုရားကြီးအပြင်ဘက်

ပေါ်တော်မူဘုရားကြီးမုဒ်ဦး
ပေါ်တော်မူဘုရားကြီးအားကျောက်ကုန်းဖြင့်ထမ်းထားသောလိပ်ကြီး၏ဦးခေါင်း

အဲဒီနောက် ကျွန်တော်ရောက်ရှိသွားတဲ့နေရာကတော့ အရင်တုန်းက ဗန္ဓုလကျောင်းလို့ခေါ်ခဲ့ပြီး အခုအခါ မှာတော့ စန္ဒမုနိဘုရားကြီးကျောင်းတော်လို့ ခေါ်တဲ့ဘုန်းကြီးကျောင်းတစ်ခုပါပဲ။ အဲဒီ စန္ဒမုနိဘုရားကြီးဟာ ဟိုးအရင် အင်္ဂလိပ်များဗမာနိုင်ငံကို အုပ်စိုးစဉ်အချိန်အခါက ကြေးသတ္တုမှန်သမျှ ကျည်ဆံအတွက် လိုက်လံ သိမ်းဆည်းနေတဲ့အချိန် ဒေသခံပြည်သူတို့က ဘုရားကြီးကို အပေါ်မှ အင်္ဂတေနှင့်အုပ်ပြီး ကျောက်ဆင်းထု အသွင်နဲ့နှစ်ပေါင်းများစွာ ကိန်းဝတ်နေပြီးတော့မှ ယခုခေတ်ဘုရားကြီးမျက်လုံးတော်ကွာကျရာက အစပြုပြီး ကြေးဆင်းထုမှန်းသိလို့ အခုလို့ပြန်လည်ဖူးမြင်ရတာဖြစ်ပါတယ်။

စန္ဒမုနိဘုရားကြီးကျောင်းတိုက် အဝင်ဆိုင်းဘုတ်

ဆက်ရန်ရှိသေးသည်…..

ကြောင်ဝတုတ်၊ ရန်ကုန်

 

 

 

 

 

13 comments

  • ပေါက်ဖော်

    December 7, 2011 at 12:14 pm

    အားပေးလျက်..ဖက်တီးကတ်ထ်…
    ဆက်စရာရှိတာ..ပြန်လည်ဆက်…

    ဟယ်..
    အောက်ဆုံးမှာ ကိုရင်စည်သူ
    😯

  • Diamond Key

    December 7, 2011 at 1:10 pm

    အားပေးနေပါတယ်။ ဆက်ပါအုံးဗျာ။
    ကျွန်တော်ငယ်တုန်းက တစ်ကြိမ် ရောက်ခဲ့ဖူးပေမယ့် မမှတ်မိတော့ပါ။
    ခုနောက်ပိုင်း သိပ်သွားချင်နေမိပေမယ့် ခုထိ မရောက်နိုင်သေးပါ။
    ဝေသာလီကော ရောက်ခဲ့ပါသလား။ ပုံလေးတွေ တွေ့ချင်လို့ပါ။

  • blackchaw

    December 7, 2011 at 1:56 pm

    ကြောင် ဝတုတ်ရေ။
    မန့်တာ နောက်ကျနေပါတယ်ဗျို့။
    မြောက်ဦးမြို့ ကို သွားချင်နေတဲ့အချိန်မှာ ဒီပို့စ်ကိုတင်ပေးတာ ကျေးဇူးပါဗျို့။
    ဆက်လာမှာတွေလည်း စောင့်နေမယ်ဗျာ။ အားပေးပါတယ်ဗျို့။

  • pasi

    December 7, 2011 at 2:45 pm

    ကောင်းပါတယ် ကိုကိုကြောင်တုတ် ဆက်ပြီးအားပေးနေပါတယ် ရခိုင်လည်းဗမာ ဗမာလည်းရခိုင်ပါ

  • windtalker

    December 7, 2011 at 2:54 pm

    သာဓု သာဓု သာဓု ပါ ကိုကြောင်ဖက်တီးရေ
    အားရပါးရ ဖူးမျှော် ကြည်ညိုသွားပါတယ် နော်

  • FattyCat

    December 7, 2011 at 3:49 pm

    ကိုစိန်သော့ရေ
    ဝေသာလီကိုသွားချင်တယ်ဗျာ..ဒါပေမယ့်မရောက်ခဲ့ဘူး
    နောက်တစ်ခါပေါ့…ထပ်ကြိုးစားဦးမယ် ဝေသာလီခရီးစဉ်ဆိုပါတော့
    အခွင့်အခါစောင့်ရင်း…ဓနအင်အားပါ..ခဏနားပြီးဖြည့်လိုက်ဦးမယ်

  • kai

    December 7, 2011 at 4:28 pm

    ဖဝါးနဲ့နာပါနော..
    ရခိုင်..ဘယ်နေရာလည်းတော့မသိ.. ရှေးဟောင်းဘုရားတဆူမှာ.. ယောက်ျားမိန်းမ.. လိင်ဆက်ဆံနေတဲ့ ပုံထုလုပ်ထားတဲ့.. ရုပ်ထုရှိတာ.. စာထဲဖတ်ဖူးတယ်..။
    အဲဒါ.. မေးမြန်းစုံစမ်းကြည့်ပြီး.. ဓါတ်ပုံရိုက်ပေးပါလားဟင်…။

  • Shwe Ei

    December 7, 2011 at 5:06 pm

    ကြောင်ဖက်တီး ကုသိုလ်အတွက် ထပ်ပြီး သာဓုခေါ်ပါတယ်ဗျာ။ ကျနော်တို့လို လူမွဲတွေ စိတ်ကူးယဉ်ရုံကလွဲပီး မရောက်နိုင်တဲ့နေရာတွေက တန်ခိုးကြီးဘုရားတွေကို ငွေမကုန် လူမပန်းဘဲ ဖူးခွင့်ရလို့ပါ။

  • FattyCat

    December 7, 2011 at 5:18 pm

    သဂျီးရေ-
    ရခိုင်ကို နောက်တစ်ခါသွားရင် ကြိုးစားကြည့်ပါ့မယ်…
    စကားအခက်အခဲရှိသလို ဆက်ဆံရေးလဲ နဲနဲအခက်အခဲရှိပါတယ်…
    ဝိုင်းရိုက်ခံရအောင်မတာတော့မဟုတ်ပါဘူးနော်…

    ညီမလေးရွှေအိရေ-
    လူမွဲတွေအတွက် ဘုရားဖူးခွင့်ရအောင် လူမွဲအဖြစ်ခံပြီး လုပ်ပေးပါ့မယ်နော်…ဟီးဟီး

  • ကြောင်လတ်

    December 7, 2011 at 9:47 pm

    ရွာထဲမှာဘုရားစုံဖူးလို့ရတာ ကျေနပ်စရာပါ။ ကြောင်တစ်ကောင်ရဲ့ကုသိုလ်အပေါင်းအတွက်
    ကြောင်တစ်ကောင်က သာဓုခေါ်ပါတယ်၊
    ညောင်………..ဓု×၃

  • ကြောင်ကြီး

    December 8, 2011 at 12:07 pm

    ကြောင်ခေတ်ရောက်ရမည်မှာ မလွဲဧကန်ဖြစ်ပေသည်။။။

  • Novy

    December 8, 2011 at 1:21 pm

    ရခိုင်ဘက်ကို ဘုရားဘူးထွက်ချင်ပေမဲ့ မရောက်နိုင်သေးပါဘူး
    အခုလို ရခိုင်ဘက်မှဘုရားများကို
    မသွားဘဲ ဖူးခွင့်ရတဲ့ အတွက် ကျေးဇူးကမ်ဘာပါ၊

  • char too lan

    December 8, 2011 at 5:18 pm

    လောကမာရ်အောင်ဘုရားကြီးမုဒ်ဦးအဝင် … ဆိုတဲ့ပုံကို
    ပြန်ထွက်မှရိုက်ခဲ့တာ ထင်တယ် 😉

Leave a Reply