7.12.2011 ဗုဒ္ဓဟူးနေ ့ည ချန်ပီယံလိဂ်ပွဲစဉ်များ

မောင် ပေDecember 7, 20111min1319

မင်္ဂလာပါ ခင်ဗျာ ။
မနေ ့တုန်းက အင်္ဂ ါညအတွက် ခန် ့မှန်းခဲ့ရာမှာ ၂မှား ၊ ၁မှန် ဆိုတော့ ၊ ၁ပွဲမှား ပါ ။
ကွန်မင့်မတက်မတက် နဲ ့သေချာပြန်ကြည့်လိုက်တော့မှ ကွန်မင့်အော့်ဖ် ဖြစ်နေပါတယ် ။
ပြန်ဖွင့်ဖို ့၊ အက်ဒစ်ပို ့စ်ထဲမှာ ဖန်ရှင်းလိုက်ရှာရာ မတွေ ့သဖြင့် ၊ ဒီတိုင်းဘဲ ထားလိုက်ပါတယ် ။
နောက်ပြီး ၊ အဲဒီပို ့စ်တင်တုန်းက ကွန်နက်ရှင်ဒုက္ခပေးလို ့ ရေးတင်တဲ့ စာအကုန်ပါမသွားခဲ့ပါဘူး။
ဒီကနေ ့ပွဲစဉ်များအားလုံးကိုတော့ သေချာစဉ်းစားသုံးသပ်ပြီး ရေးတင်ပေးလိုက်ပါတယ် ။
သည်ကနေ ့ည မှာ Group A ၊ Group B ၊ Group C နဲ ့Group D က အသင်းတွေ ကန်ကြမှာပါ ။ ပွဲကောင်းတွေ ပါနေလို ့၊ မြန်မာနိုင်ငံက ဘောလုံးဝါသနာရှင်များ အိပ်ရေးပျက်ကြမှာ အမှန်ပါဘဲ ။
အားလုံးဘဲ ကံကောင်းမှုများနဲ ့အောင်မြင်ကြပါစေ ။
ပွဲစဉ်များနဲ ့အချိန်များကတော့
၂:၁၅ မန်စီးတီး – ဘိုင်ယန်မြူးနစ်
။ ဗီလာရီးရဲ – နာပိုလီ
။ အင်တာမီလန် – စီအက်စ်ကေအေမော်စကို
။ လိုင်လီ – ထရာဇွန်စပေါ
။ အေဂျက် – ရီးရဲမက်ဒရစ်
။ ဒိုင်နမိုဇာဂရက် – လိုင်ယွန်
။ ဘေဆယ် – မန်ယူ
။ ဘင်ဖီကာ – အိုတီလူဂါလာတီ
*******
ဒီနေ ့ည ချန်ပီယံလိဂ်နောက်ဆုံးပွဲစဉ်များထဲမှာမှ ၊ အုပ်စုတက်နေပြီ ဖြစ်တဲ့ အသင်းများကတော့
အုပ်စုအေ မှ ဘိုင်ယန်မြူးနစ် ၊ အုပ်စုဘီမှ အင်တာမီလန် ၊ အုပ်စုစီမှ ဘင်ဖီကာ ၊ အုပ်စုဒီ မှ ရီးရဲမက်ဒရစ် အသင်းတို ့ဘဲ ဖြစ်ပါတယ် ။
ဆိုလိုချင်တာကတော့ အဲဒီအသင်းတွေ အနေနဲ ့ရှုံးရင်ဖြစ်ဖြစ် သရေကျရင်ဖြစ်ဖြစ် ဘာမှ မထူးခြားတော့ပါဘူး ။
မနိုင်ရင် ချန်ပီယံလိဂ်မှ ထွက်ရပြီ ဖြစ်တဲ့ အသင်းများကို အားပေးချင်ပါတယ်
*********************************
Group A
မန်စီးတီး(၃) – ဘိုင်ယန်မြူးနစ်(၁)
ပထမအကျော့ ဘိုင်ယန် အိမ်ကွင်းမှာ ကစားခဲ့တုန်းက ဘိုင်ယန်က ၂-ဝ နဲ ့နိုင်ခဲ့ပါတယ် ။
မန်စီးတီးဟာ ၂နိုင်၊၁သရေ၊၂ရှုံး ၊ ရဂိုးရ ပေးဂိုး၆ ၆ မှတ် နဲ ့အဆင့်၃
ဘိုင်ယန်ဟာ ၄နိုင် ၊ ၁သရေ ၊ ရဂိုး၁၁ ပေးဂိုး၄ ၁၃မှတ် နဲ ့အဆင့်၁
မန်စီးတီးရှေ ့ကစားခဲ့သော ငါးပွဲရလဒ်များမှာ နိုင်၊နိုင်၊သရေ၊ရှုံး၊နိုင်
ဘိုင်ယန် ရှေ ့ကစားခဲ့သော ငါးပွဲရလဒ်များမှာ နိုင်၊ရှုံး၊နိုင်၊ရှုံး၊နိုင်
ယခုပွဲမှာ မန်စီးတီး အနိုင်ကစားထားရင်တောင် အုပ်စုတက်ဖို ့မရေရာသေးပါဘူး ။
တစ်ဘက်ပွဲစဉ်ဖြစ်တဲ့ ဗီလာရီးရဲ နဲ ့နာပိုလီ တွေ ့ဆုံမှု မှာ ၊ နာပိုလီ ရှုံးမှ ၊ သရေ ကျမှ ၊ မန်စီးတီး အနိုင်ကစားထားမှ အုပ်စုအဆင့်က တက်မှာပါ ။
နာပိုလီသာ ဗီလာရီးရဲ ကို နိုင်ခဲ့ရင် မန်စီးတီး ဟာ ယူရိုပါလိဂ် ကို ဆင်းကန်ရမှာ ဖြစ်ပါတယ် ။
နာပိုလီသာ ခြေချော်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက် နဲ ့ဘိုင်ယန်ကို မန်စီးတီး အနိုင်ကစားမှာပါ ။
ပထမကျော့ ရှုံးကျွေးကို လည်း ပြန်ဆပ်ချင်နေမှာ အမှန်ပါဘဲ ။
ဘိုင်ယန် အနေနဲ ့ကလဲ ၊ ဒီပွဲရှုံးရင်တောင် အုပ်စုဗိုလ်အဖြစ်တက်မှာ ဖြစ်လို ့၊ သူ ့အတွက် ဘာမှ အရေးမပါတဲ့ ဒီလိုပွဲမျိုးကို ကစားသမား အင်အားချွေတာ မှာ အသေအချာပါဘဲ ။
ဂုဏ်သိက္ခာ အတွက် သရေခတ်နိုင်သော်လည်း ၊ အနိုင်ရလိုမှု စိတ်ဓါတ်ပြင်းထန်စွာနဲ ့၊ အိမ်ရှင် အားသာချက် ရှိတဲ့ မန်စီးတီး နိုင်သွားမယ် လို ့ ပြောပါရစေ ။
“ မန်စီးတီး ၂-၁ ဘိုင်ယန် ” လို ့ခန် ့မှန်းထားပါတယ် ။
*********************************
ဗီလာရီးရဲ(၄) – နာပိုလီ(၂)
ပထမအကျော့ နာပိုလီအိမ်ကွင်းမှာ ကန်ခဲ့တုန်းက နာပိုလီ ၂-ဝ နဲ ့နိုင်ခဲ့ပါတယ် ။
ဗီလာရီးရဲ အုပ်စုပွဲ ၅ပွဲကန်အပြီး နိုင်ပွဲမရှိ ၅ပွဲရှုံး ၊ ရဂိုး၂ ပေးဂိုး ၁၂ ဝမှတ် နဲ ့အဆင့်၄
နာပိုလီ ၂နိုင်၊၂သရေ၊၁ရှုံး ၊ ရဂိုး၈ ပေးဂိုး၆ ၈မှတ် နဲ ့အဆင့်၂
ဗီလာရီးရဲအသင်း ကန်ခဲ့သောရှေ ့ငါးပွဲရလဒ်များမှာ ရှုံး၊ရှုံး၊ရှုံး၊နိုင်၊သရေ
နာပိုလီအသင်း ကန်ခဲ့သောရှေ ့ငါးပွဲရလဒ်များမှာ နိုင်၊သရေ၊သရေ၊နိုင်၊သရေ
ဗီလာရီးရဲ အသင်းမှာ အဓိက ကစားသမားတွေ ဒဏ်ရာရရှိနေလို ့၊ အခုလို ချန်ပီယံလိဂ်မှာကော စပိန်လာလီဂါ အမှတ်ပေးပွဲစဉ်များမှာပါ အခြေအနေဆိုးနေတာပါ ။
ယခုပွဲမှာလည်း ဗီလာရီးရဲ မှာ လူမစုံသေးပါဘူး ။ ဒဏ်ရာ ပြဿနာတွေ ရှိနေတုန်း ။
နာပိုလီ အတွက် ယခုပွဲစဉ် ကို အနိုင်ကို ကန်ရမှာ ဖြစ်ပါတယ် ။ သရေကျလို ့ကို မရပါဘူး ။
သရေကျလို ့၊ တစ်ဘက်ပွဲမှာ မန်စီးတီး က ဘိုင်ယန်ကို နိုင်ခဲ့ရင် နာပိုလီ ယူရိုပါလိဂ် ကို ဆင်းရမှာ ဖြစ်ပါတယ် ။
လက်ရှိ ခြေစွမ်းအရ နာပိုလီ အနေနဲ ့ဗီလာရီးရဲ ကို အနိုင်ကစားနိုင်ပါတယ် ။
ဂိုးပြတ်မပြတ်သာ တစ်ချက်စောင့်ကြည့်ရမှာ ဖြစ်ပြီး ၊ ယခုပွဲအတွက် ရွေးခြယ်မယ်ဆိုရင်တော့
“ နာပိုလီ ” ကို သာ ရွေးခြယ်ရမှာပါ ။
*****************************
ကျန်ပွဲများကို အောက်ပါအတိုင်း ခန် ့မှန်းထားပါတယ်
လိုင်လီ ၂-၁ ထရာဇွန်စပေါ
အင်တာ ၁-၁ စီအက်စ်ကေအေ
ဘေဆဲ ဝ-၁ မန်ယူ
ဘင်ဖီကာ ၂-ဝ အိုတီလူ
ဒိုင်နမိုဇာဂရက် ဝ-၃ လိုင်ယွန်
အေဂျက် ၁-၂ ရီးရဲ
**********************************
******* ဖိုက်တာအားလုံး အောင်မြင်ကြပါစေ *******

9 comments

  • ssa

    December 7, 2011 at 2:20 pm

    နောက်လည်းခန့်မှန်ပီးတင်ပေးပါဦး..မဆိုးဘူးလို့ပြောရမယ်ဗျ…
    နီးတော့နီးစပ်ပါတယ်…ကျေးဇူးတင်ပါတယ်…

    • windtalker

      December 7, 2011 at 2:27 pm

      ဟုတ်ကဲ့ ဦးဦးဖျားဖျား ကွန်မင့် ချီးမြှင့်ပေးတဲ့ အတွက် သီဟသူရကိုကိုစိုး ကို ကျေးဇူးတင်ပါတယ်
      စနေ ၊ တနင်္ဂနွေ ပရီးမီးယားလိဂ် ၊ စီးရီးအေ နဲ ့လာလီဂါ များမှ သေချာနိုင်မည့် ပွဲစဉ်များကို အပတ်စဉ် ခန် ့မှန်း ရေးတင်သွားမှာပါ ။

      • E.T

        December 7, 2011 at 7:31 pm

        ကိုပေက တော်တော်ဘောလုံး ဝါသနာပါတာပဲ။ ဘောပွဲကြည့်လိုက်၊ ပိုစ့်ရေးလိုက်နဲ ့ အိပ်ကောအိပ်ရရဲ ့လား။ မိန်းမက ကိုပေကို ့ သူ ့ထက် ဘောလုံးကို ပိုချစ်ပါတယ်ဆိုပြီး ကောက်နေဦးမယ် 😀

  • TTCG

    December 7, 2011 at 3:27 pm

    Can Lyon go through next round if they won Dynamo?

    If Lyon won and Ajax lost, the marks will be the same and they both got 0-0 in both home and away matches. So, how does UEFA decide? Goal Difference or Goal Attained?

    • windtalker

      December 7, 2011 at 8:13 pm

      အေဂျက် ရဲ ့ရပ်တည်မှုမှာ ၂ နိုင် ၂ သရေ ၁ ရှုံး ရဂိုး၆ ပေးဂိုး၃ ၈မှတ် နဲ ့အဆင့်၂
      လိုင်ယွန် ရဲ ့ရပ်တည်မှုမှာ ၁ နိုင် ၂ သရေ ၂ ရှုံး ရဂိုး၂ ပေးဂိုး၆ ၅မှတ် နဲ ့အဆင့်၃
      အေဂျက်ရှုံးပြီး လိုင်ယွန်နိုင်မယ် ဆိုရင်တောင် ဒိုင်နမိုဇာဂရက် ကို ရဂိုး အသာလောက်နဲ ့နိုင်မှ တက်မှာပါ ။
      အမှတ်တူနေရင် ရဂိုး ပေးဂိုး ကွာခြားချက် နဲ ့ဆုံးဖြတ်ပါတယ်
      ဥပမာ အခုအနေအထားအတိုင်း အမှတ်တူခဲ့ရင် အေဂျက် တက်မှာပါ ။

  • kyawkoko

    December 7, 2011 at 4:22 pm

    ဘာ ပြောရမှန်းတောင် မသိ… ပိုက်ပိုက် လဲ သိပ်မရ… ပြန်ကျေသွားတာများ 🙁

  • ပေါက်ဖော်

    December 7, 2011 at 7:30 pm

    ဒို ့ကတော့….ဒိုလေး..ဒိုလေး…
    အဟေး..ဟေး….
    စကားမစပစ်…
    ဒီပို ့စ်က နေ ့ခင်းက တစ်လစ်ကြီး..နော့..

    • windtalker

      December 7, 2011 at 10:08 pm

      အဲဒီ တစ်လစ်ကြီးဆိုတာ မနေ ့ညက တင်ခဲ့တဲ့ ပို ့စ် ဟ
      ကွန်မင့်ကလဲ ပိတ်နေတယ် ဆိုဘဲ
      ပြန်မပြင်တတ်လို ့ ဒီအတိုင်း ပစ်ထားလိုက်ရတယ်

  • windtalker

    December 8, 2011 at 12:12 pm

    ဖက်စ်ချွိုက်စ် ၂ ပွဲ မှာ ၂ ပွဲလုံး အောင်ပွဲရခဲ့ပါတယ်
    “ မန်စီးတီး ၂-ဝ ဘိုင်ယန်မြူးနစ်
    ဗီလာရီးရဲ ဝ-၂ နာပိုလီ ”
    ကျန်ပွဲများမှာ
    လိုင်လီ ဝ-ဝ ထရာဇွန်စပေါ ( ခန် ့မှန်းချက်မှား )
    အင်တာမီလန် ၁-၂ စီအက်စ်ကေအေ ( မှန် )
    ဘေဆဲ ၂-၁ မာယော့ကာ ( မှား )
    ဘင်ဖီကာ ၁-ဝ အိုတီလူ ( ၁/၂မှား )
    အေဂျက် ဝ-၃ ရီးရဲ ( မှန် )
    ဇာဂရက် ၁-ရ လိုင်ယွန် ( မှန် )
    အားလုံးဘဲ အဆင်ပြေကြလိမ့်မယ် လို ့မျှော်လင့်မိပါတယ်

Leave a Reply