လွမ်းရစ်ဝေသောနွေဦးရက်များ နှင့်ထောင်အမိန့်ချခံရသောနေ့၊ သရဲဝင်စီးသောည။

ba gyiDecember 7, 20111min11613

လွမ်းရစ်ဝေသောနွေဦးရက်များနှင့် ထောင်အမိန့်ချခံရသောနေ့
သရဲဝင်စီးသောည။( ပထမပိုင်း)
1991 ခုနှစ်၏မတ်လ၊
ထောင်ထဲရောက်ပြီး(၃)လကျော်ကာလ
ထိုနှစ်ဆောင်းဥတုက ကျနော်တို့ကိုနှုတ်ဆက်ခဲ့ပြီ၊ခပ်လှမ်းလှမ်းမှ ဥဩ တွန်သံက နွေရောက်ပြီ-နွေရောက်ပြီလို့ ပြောချေပြီ၊ အခန်းသံတိုင်တံခါးဝတွင်ရပ်ပြီး၊ တွန်သံသာကိုရွှေဥ ဩကိုမြင်ချင် ဇော စိတ်ဖြင့် အသံကြားရာဘက်သို့မှန်းဆကာကြည့်မိသည်၊ အဆောင်တံစက်မြိတ် နှင့် ရှေ့တည့်တည့် မှ ကာဆီး ထားသော အဆောင်အုတ်တံတိုင်းအကြားမြင်ရသည့်မြင်ကွင်းကား လွန်စွာ ကျဉ်းမြောင်း ပေစွ၊ကောင်းကင်ပြာပြာဝယ်အဖြူရောင် မိုး သား တိမ်လိပ်တို့မှလွဲပြီးအခြားမြင်ကွင်း မရှိပါချေ။
( မိုးသားတိမ်လိပ်– တရိတ်ရိတ်တက်လို့– ရာသီစမ်းအလှချယ်—-ဘယ်ရာသီမယ်–မာလာ ရယ် ပွင့်မှာလည်း — တစ်ပွင့်ထဲ တစ်ငုံထည်း –ပြုံးပြုံးလေး ပွင့်တော်မူပါကွယ် ) —( ဥဩသံကြားလို့လွမ်းကြပြီထင့် ) — ဘေးခန်းမှ ကိုထွန်းနိုင် ကြီး၏၊ဆွေးမြေ့မြေ့ သီချင်းသံက ကျနော့ ရင်ကိုလှိုက်ခတ်စေပြီ၊ ဪသူလည်းကျနော့်လိုတံခါးဝ မှာ ရပ်ပြီး၊ တွန်သံသာရာအရပ် ကိုငေး မျှော် ကြည့် နေပုံရပါသည်။ ဗျို့ ကိုထွန်းနိုင်ကြီးစောစောစီးစီး လွမ်း နေပြီးလားဗျဟု ကျနော်က လှမ်းမေး လိုက်ရာ အတန်ကြာ သူ့အသံတိတ်သွားပြီးမှ ဝမ်းခေါင်းသံကြီးဖြင့် လေးတွဲ့စွာပြန် ဖြေ ရှာသည် ဘာ ရယ်ဟုတ်ပါဘူးဗျာ ဥဩသံလေးကြားလို့ပါတဲ့ ၊ နောက်တော့သူရော၊ ကျနော်ပါ၊ လုံးဝတိတ်ဆိတ် သွား ပြီး၊ ကျနော်လည်းကျနော့်အတွေးနှင့်ကျနော့် သူလည်း သူ့ အတွေး က လေး နှင့်သူရှိနေချေ လိမ့် မည်။
ထောင်ထဲတွင်- နေ့စဉ် အလုပ်က၊နံက်ထမင်းစားသောက်ပြီး၊နေ့လည်ဘက်မှာ- တော်တော်များများ တစ်ရေးအိပ်သူအိပ်၊ စိတ်ကြံ့ခိုင်စေရန် တရားထိုင်သူကထိုင်၊ ပုတီးစိပ်သူကစိပ်၊ သည်အလုပ်မှ လွဲပြီး အခြား လုပ်စရာက၊ ဘာ မှမရှိ၊ (ညနေ)ပိုင်း ရေချိုးချိန်ပြီးတော့ ထမင်းစားရန်ထမင်းဝေချိန် ရောက် ပြီ၊ ထမင်းစား သောက် ကြပြီးသောအခါတစ်အောင့် အကြာဆိုလျှင်ထမင်းလုံးစီကြပြီ။
ကဲ ကဲ ဖျော် ဖြေရေး အစီအစဉ်ကလေးစကြရအောင်ဗျားဟု ကျနော်မှစပြီး အားလုံးသောအဆောင်ရှိ အခန်းအသီးသီးသို့ကြားအောင်အော် လိုက်ရာ၊နေ့လည်က- အလွမ်းတန်း လန်း နှင့်ဟိုမရောက် သည် မရောက် လွမ်းခဲ့သောကိုထွန်းနိုင်ကြီးကိုဆွကာပွဲတောင်းလိုက်သည်။ကျနော့်အခန်းဖေါ်နှစ်ယောက်က လည်း ဝိုင်းထောက်ခံသည်၊ ကိုထွန်းနိုင်ကပွဲအစ ဆွသည့် နောက် ကိုပါလာပြီ၊သည်လိုနှင့်အလွမ်း၊အသောစုံပေစွ၊ ဆိုင်းသဘောအနေနှင့်ကတော့ ပါးစပ်တယောကလေး ထိုးပေးသူ က ထိုး ၊ပတ်ဗေပုံဂျိ ပတ်ဗေပုံဂျိ လိုက်သူကလိုက်၊ သီချင်းကိုအလှည့်ကျ အခန်းအလိုက်၊ဝေပုံကျ မဆိုမနေရဆို ကြ ရသည်။ ကိုင်း ပျင်းစရာကောင်းသော ညများစွာကို သည် လိုပုံဖြင့် ၊ကျနော်တို့ နေ့စဉ်ဖြတ် ကျော်ခဲ့ကြသည်။
သီချင်းဆိုပွဲအပိတ်မှာတော့ ကိုကိုကြီးကသူဆိုနေကျ တစ်ပုဒ် တည်းကိုနေ့တိုင်းနီးပါး ဆိုပြရှာသည်၊ သူတော် တော်ကျိုက်သော ကိုအံ့ကြီးသီချင်းပင်- ( ကြယ်ကလေးတွေချစ်စရာ အပြာရောင် ကောင်း ကင်မှာ— သူတို့ကိုတစ်လုံးချင်းပြုံးပြီးကြည့်နေစဉ်—မကြာ ခင်ပြန်ကာပြုံးလို့၊ သူတို့လည်း ကိုယ့် ကိုမြင်ကာ — ပြုံးတုန့် ပြုံးလှယ်ကျီဆယ်ရှာ။) သူကသည်တစ်ပုဒ်ကို၊နေ့တိုင်နီးပါးဆိုတော့ ကျနော် က ကြားဖြတ်ပြီး- ပရိတ်သတ်များသည်းခံကြပါဗျား၊ ကြယ်တွေမကုန်သေးလို့ ယနေ့မှာလည်းထုံးစံ အတိုင်းကြယ်ကြည့်ပြုံး သီချင်း ကလေး ကိုပဲအားပေးကြပါအုန်းလို့(တွံတေးသိန်းသံလေသံ) ဖြင့် ပြောလိုက်တော့ ၊ အခြားအခန်းမှတစ်ယောက်က ပါထပ်ဖြည့်ပြန်သည်၊သည် ကိုကိုကြီး တော့ -အုပ်ထုပ်ဆောင်းခိုင်းရတော့မယ်ဗျိူ့၊ ဘာဖြစ်လို့လည်း ဟ –၊ ကျနော်ကပြန်မေးတော့ ၊ သူကညတိုင်းကြယ်နဲ့လပဲကြည့်နေ တော့ ကုလားဗလီတက်ခိုင်းမှ ရတော့မယ် လေ ဟုပြန်ဖြေသည်။ မဟုတ်တာ မပြောကြပါနဲ့ကွာ– ကောင်းကင်တစ်ခုလုံးဆိုတော့ ကြယ်ကကုန်နိုင်တယ် ဘယ်ရှိ ပါ့မ လည်း ( ချို ပါစေ ချိုပါလေ့စေ) ၊ ဟု တစ်ယောက်ကဝင်ထောက်ခံပေးပြန်သည်။(ယခုရေးနေစဉ်ပင်) – ဪ သူ့ ခဗျာ တစ်ကောင်းကင် လုံးမှ ကြယ် တွေ မကုန်မချင်း၊ ယခုထိပင် ပြုံးပြနေတုန်းဘဲလားဟု စိတ် မကောင်း ဖြစ်မိပါသေးသည်။ သည်လိုနှင့် ညကိုးနာရီသံချောင်းခေါက်သံနှင့်အတူ- ထောင်ဝါ ဒါ ဆရာကြီး စံထွန်း ၏ အသံ ကြီးကိုကြားရပြန်ပြီ ၊( အိပ်ချိန်) ဟု သူအော်လိုက်ပြီဆို အဆောင်တိုင်း အသံတိတ်၊ ဖျာပေါ် လှဲသာချလိုက် ကြ ပေရော့ ၊နို့မဟုတ်လျှင် ဘယ်ချောင်ကလှမ်းပစ်လိုက်သည် မသိသော သူ့လောက်လေးဂွမှလောက်စာလုံးက အဆောင်ခေါင်မိုးတည့်တည့်သို့ ဂလုံးဂလုံး မြည် ကာကျပေရော့မည် ၊ထိုအသံနှင့်အတူမကြာမတင်ကလေးမှာပဲ၊ သူကတောက် လျှောက်လိုက်လာကာ၊ မအိပ်သေးသော/စကားပြောသံထွက်နေသေးသောအခန်းဝတွင်၊ဘာ ထင် သလဲကွဆိုသောအမူအရာ ဖြင့် ၊သူ့မျက်နှာပြားပြား ဝိုင်းဝိုင်း ကြီး နှင့် ခါးထောက်ကြည့်ကာ၊မားမား ကြီး လာရပ်ပေ ရော့ မည်၊ ပြီးလျှင် မအေ၊နှမအမျိုးကုန်အောင် မေတ္တာပို့တာခံကြပေရော့အံ့၊ အနှီကဲ့သို့ခံရပြီဆို ကိုယ်မဟုတ်သ လိုသာ ခေါင်းမြီးခြုံ ပြီးအိပ်ချင်ယောင်သာဆောင်နေပေရော့၊ ဆဲလို့ဝပြီဆ၊ိုသူပြန် သွား ထွက် သွား တော့မှ ခေါင်း ပြန်ဖေါ်ပြီး။အချင်းချင်း တစ်ဟီးဟီး ကြိတ်ကာရယ် ရသည် မှာလည်း ဖျော်ဖြေရေး တစ်ခုပင် တည်း။
ထိုဝါဒါကြီးကိုထောင်သားတွေမပြောနှင့်ဝါဒါတွေအားလုံးကြောက်ကြရသည်၊လူပုံကဝဝဖိုင့်ဖိုင့်၊ဗိုက်ကပူပူ၊မျက် နှာကပြားပြားဝိုင်းဝိုင်း၊ အရပ်ကထောင်ထောင်မောင်းမောင်းဆိုတော့ ယခုခေတ်စားသောနပမ်း သမားတွေထဲက(ဘစ်ရှိုး) ကြီးနဲ့တူသည်၊ အသားရောင်ကတော့ခပ်လတ်လတ် ၊လက်ထဲလေးဂွကိုင်ပြီး ၊ လောက်စာလုံး လွယ် အိတ် အမြဲ လွယ်ထားတတ်သည်။ ထိုဝါဒါကြီးဝင်လာပြီဆိုအဝေးကပင်သူ့အသံကြားရပြီ၊သူ့မျက်စိ ကိုက ကြံဖန် ပြီး ဆဲစရာဆိုတွေ့တတ်သည် ၊ ( သိမ်းငှက်မျက်လုံး နှင့် လင်းနို့နားများ ရထား သလားမသိ ၊) သို့သော် ဒါကိုက ကျနော် တို့အဖို့ဟန်ကျသည် ပြောရမည်၊သူ့အသံကျိုတင်ကြားတော့ အဆဲမခံရအောင် ၊လောက်လေးဂွစာမမိ အောင်နေနိုင်သည်ပေါ့၊ ထိုလောက်ကိုနာမည်ကြီးသော ဆရာကြီးစံထွန်း တစ်နေ့တော့ သူခံရသည့်အ လှည့် ရောက် လာသည်၊ နေ့၊ည ဂျူတီချိန်းချိန် ၊ညီအစ်ကိုမသိတသိ အချိန်မှာ သူကလမ်းလျှောက်စစ်ဆေးရင်း ထောင်၏ အလယ် ဗဟို တည့် တည့် ရှိ ပန်းခြံ ဘေးစိုက်ထားသောပန်းခြုံကလေးအရောက်၊ လူလစ်ပြီထင်ပြီး သူ့ဘောင်း ဘီ ဇစ်ကိုဆွဲဖြုတ် ကာ ရေသွန်တော်မူမည်အလုပ်၊ ဖြစ်ချင်တော့ သူ့အသံကြားကတည်းက ထောင်ဝန်းထဲရှိရှိသမျှ၊လူအပေါင်းက သူ့ကိုဘယ် နေရာရောက်နေသလဲလို့ မျက်စိဖွင့် တတ် ကြ ပေရာသူ့ အတတ်နဲ့သူစူး၊ ပတ်ချာလယ် ထောင် သားများ၏ ဝိုင်းအော်တာခံရပေတော့၏၊အော်ကြပုံကြည့်အုန်း- ဟေ့ စည်းးမရှိကမ်းမရှိ ဘယ်နေရာမို့ သေး ပေါက် သလဲကွ ဆိုတာတစ်မျိုး၊ ဟေ့ လူမြင်ကွင်းကြိးမှာ အရှက်ကို မရှိဘူးလား၊ ဆိုတာတစ်ဖုံ၊ ဘာလုပ်နေတာ လည်း ကွ ဂွနဲ့ ပစ် ဂွနဲ့ ပစ် ၊ဆိုတဲ့အခါ သူ့ခဗျာ ဇစ်မြန်မြန်ဆွဲပိတ်၊ တို့လို့ တန်းလန်း နှင့် ဖင်အကြောရှုံ့တဲ့ပြီး၊ ကွတတ ပြေးရရှာပေရော့သတည်း။
နောက်ပိုင်းတော့ ဆရာကြီး စံထွန်းနှင့်ကျနော်တို့ အစစအရာရာ အစဉ်ပြေသွားပြီ၊ သူ့အထာများ ဟဲ ဟဲ အလွယ် ကလေး၊ ညမအိပ်နိုင်လို့ လေကလေး ရတဲ့ အခန်းဝ သံတံခါးနားသွားထိုင်ချင်ရင်၊သူ့အတွက်မုန့်က လေး၊ပဲကလေးသာဆောင်ထား၊ သူလာပြီဆိုရင်ဖိနပ်သံရော၊သူ့အသံပါကြားနေရတာ အဲဒါ– ကိုယ့်အခန်းဝ လောက်အရောက် အိပ်ယာထဲလှဲနေရာကနေ ဇတ်ကနဲသာထ၊ သူကပြောဘို့ပါးစပ်မပြင်ခင် ဆရာကြီး လာဘာ အုန်း မုန်းကလေးစားပါအုန်းခေါ်လိုက် ၊သူပါထိုင်ပြီးစကားကလေးတပြောပြောနဲ့ အဖေါ်ပြုပေးပါသဗျား။

13 comments

  • blackchaw

    December 7, 2011 at 1:43 pm

    ဘကြီးရေ။ စောစော ဝင်ဖတ်ပြီး စောစောပဲ မန့်သွားပါတယ်။
    အတွေ့အကြုံ ပုလဲလေးတွေကို ကြိုးနဲ့ပြန်သီပြီး လည်မှာဆွဲထားသင့်ပါတယ်ဗျာ။
    တန်ဘိုးကတော့ ဖြတ်လို့ မရပါဘူးဗျာ။

  • koaung

    December 7, 2011 at 2:02 pm

    ဆက်ပါဦးဗျာ

  • ကိုရင်စည်သူ

    December 7, 2011 at 2:05 pm

    ခဏလေး.. ဘပု ပြန်လာဖတ်မယ်နော့..
    ဒါမျိုးစိတ်သိပ်ဝင်စားတာ.. သတင်းလာပေးသွားတာပါဗျာ.. 😎

  • pasi

    December 7, 2011 at 2:06 pm

    ဘကြီး မိသားစု အပေါင်းအဖေါ်တွေနဲ့ဝေးကွာတဲ့အချိန် ကြံဖန်ပြီးပျော်စရာရှာရတဲ့ဘဝကို ကိုယ်ချင်းစာပါတယ်

  • windtalker

    December 7, 2011 at 2:13 pm

    မန်းတလေး အိုးဘိုထောင်ကြီးမှာ လဲ ညဆိုရင် သရဲဝင်စီးတယ်တဲ့ဗျို ့
    ကျုပ် သူငယ်ချင်း အဖေ ၊ ၂/၃ နဲ ့ဝင်တုန်းက ကြုံခဲ့ဖူးတယ် တဲ့ ။
    ပြောပြတာ တစ်နှစ်လောက်ရှိပြီ ဆိုတော့ ၊ သူ ့ကို အင်တာဗျူးပြီး ရေးတင်ဦးမယ်ဗျာ
    ဘကြီး ရေ မြန်မြန်ဆက်တင်ပေးပါဦးနော်

  • ssa

    December 7, 2011 at 2:27 pm

    သရဲဝင်စီးတဲ့အခန်းမရောက်သေးဘူးလား..ဗျို့

  • KMN

    December 7, 2011 at 3:05 pm

    ကိုယ်စိတ်ဒုက္ခဝေဒနာခံစားနေရသည့်အချိန်များကို အရယ်အနှောအမော်များဖြင့်၊ အချိန်ကုန်လွန်စေနိုင်သော ဘကြီးရဲ့ကြံ့ခိုင်မှုကို အလေးထား၊ လေးစာလျှက်ပါဗျာ ။။

  • ကြောင်ကြီး

    December 8, 2011 at 12:00 pm

    သရဲစီးတာတော့ မသိဘူး။ သကျဲစီးတာတော့ ရွာထဲရှိတယ်။ သကျဲစီး သကျီးဆဲတာ…. 😆
    ကိုဘဂျီးရေ ဆက်ပြီးရေးပါအုံး။ ထင်ရှားလူသိမျာတဲ့ နိုင်ငံရေး အကျဉ်းသမားတွေအကြောင်း နာမည်တပ်ရေးလို့ရရင်လည်း ရေးပေးပါ။ ဥပမာ ကေကျုတို့လိုပေါ့….။

  • thit min

    December 8, 2011 at 3:40 pm

    တန်းလန်းကြီး ဝါသနာ ကိုဘကြီးမှာ ပါ။
    မျှော်ရင်းနဲ့ ဖတ်၊ ဖတ်ရင်းနဲ့ အသက်ကြီး၊ တို့ဘကြီး က စာ မပြီး။

  • char too lan

    December 8, 2011 at 5:33 pm

    1991 ခုနှစ်၏မတ်လ၊ ……. ဆိုတာနဲ့ ကျနော့်မေလ်းထဲက (မတ်လရဲ့ ဝမ်းနည်းမှတ်တမ်း) လေး သတိရသွားလို့ ထုတ်ကြည့်မိလိုက်တယ်ဗျာ……………….
    ~~~~~~~~~~~~~~
    ~~~~~~~~~~~~~~~~
    ယနေ့ မတ်လ ၁၃ ရက်နေ့သည် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် စစ်အာဏာရှင်တို့ လက်ချက်ဖြင့် ကွယ်လွန်ခဲ့သည်မှာ ၂၁ နှစ်ပြည့်သည့်နေ့ဖြစ်သည်။ ထို့ကြောင့် မတ်လ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးနေ့ အဖြစ် ဒီမိုကရေစီ အင်အားစုများက သတ်မှတ်ထားခဲ့ကြသည်။ ~~~~~~~~~~~~~~~~~~
    ~~~~~~~~~~~~~~~~~~
    Ref : http://www.irrawaddyblog.com/
    http://www.mgpala.com/2011/03/blog-post_8624.html

  • ba gyi

    December 8, 2011 at 5:37 pm

    ကို Black,Koaung,ကိုရင်၊ pasi,windtalker,ssa,KMN,ကိုကြောင်ကြီး၊ ko thit min ကြီးတို့အားလုံးမျှဝေ
    ခံစားပေးကြလို့အထူးကျေးဇူးပါဗျား၊
    ကိုသစ်ကြီးအတွက်-
    ပြီးတော့မှာ ပါကိုသစ်ရာ
    မကြာတော့ပါဗျာ၊
    အမ်ဒီ လစ်တုန်းခဏလေးတို့ကဝင်ဝင်ရေး၊
    ကျေးဇူးတင်ပါသလေး။
    လောလောဆယ်မှာ အမ်ဒီဟာ
    တာ့ဂက် မပြည့်ရှာ၊
    တာ့ဂက်ပြည့်ဘို့ သည်အရေး
    ကျနော့်ကိုထောင်းမယ်ဝေး—–။
    ကိုသစ်ရေကျေးဇူးပါဗျား။

  • ba gyi

    December 8, 2011 at 5:48 pm

    ko char too lan ရေမတ်လဟာ ကျနော်တို့ မြန်မာ့ သမိုင်းအတွက် အထင်ကရ အပြောင်းအလဲ အမှတ် ရစရာသမိုင်းတွေများလှပါသဗျား၊ ဝင်အားပေးလို့ကျေးဇူးပါဗျား။

  • ဆူး

    December 8, 2011 at 5:53 pm

    လုပ်ငန်းခွင်မှာ မသိမသာ ခိုးရေးရတာ ဆိုရင်တော့ အလုပ်ကို ပိုဦးစားပေးပါ။
    အပြစ်ရှာချင်နေတာ ခွင်တွေ့သလို ဖြစ်သွားမှာ စိုးလို့..
    စောင့်ဖတ်နိုင်ပါတယ်။

Leave a Reply