ဒို့မြေပေါ်မှထိန်းသိမ်းသင့်သောနေရာတစ်ခု (သို့) ကြောင်ဝတုတ်မစဉ်းမစားလမ်းသလားနေသည် (၃)

စန္ဒမုနိဘုရားကြီးတည်ရှိခဲ့ရာ ဗန္ဓုလကျောင်းကြီးကို အခုနောက်ပိုင်း စန္ဓမုနိဘုရားကြီးကျောင်းတော်လို့ အမည်နာမပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ သပ္ပါယ်လှတဲ့ စန္ဒမုနိဘုရားကြီးကိုတော ဖူးတွေ့ကြပါဦးစို့။

စန္ဓမုနိဘုရားကြီး

နိုင်ငံတော်အကျိုးပြုဇာတ်လမ်း (အစိုးရအခေါ်) တစ်ခုထဲမှာ ဒီဘုရားကြီးအကြောင်းထည့်ရိုက်ထားဖူးတယ်ဆိုတာကို ကြည့်ဖူးသူများမှတ်မိလိမ့်မယ် ထင်ပါတယ်။

ဗန္ဓုလကျောင်းရဲ့ ထူးခြားချက်ကတော့ ကျွန်တော်တို့ တစ်ခါမှမမြင်ဖူးတဲ့ မုဒြာအမျိုးမျိုး၊ ကိုယ်နေဟန်ထားအမျိုးမျိုးနဲ့ဆင်းထုတော်တွေကို အံ့မခန်းဖူး ခွင့်ရလိုက်တာပါပဲ။ ဗန္ဓုလကျောင်းတော်မှာ စနေနေ့တစ်ရက်သာဖွင့်လှစ်ပြီး အများပြည်သူဝင်ရောက်ခွင့်ပေး လေ့ရှိတာကြောင့် ဘုရားဖူးများအလွန်တရာ များပြားနေသည်ကတစ်ကြောင်း၊ အချိန်ကိုငဲ့ကွက်သောအားဖြင့်ရနိုင်သမျှ ဓာတ်ပုံတွေကိုအသည်းအသန် ရိုက်ယူခဲ့ရသောကြောင့် တုန်ခြင်းမှုန်ခြင်းအလင်းပြန်ခြင်းသည်းခံကြပါ ခင်ဗျာ။ ဗန္ဓုလကျောင်းကြီးမှာရှိသမျှ ရုပ်ပွားတော်မှန်သမျှကို ပြိုပျက်သွားသော စေတီတော်အဟောင်းများ၏ ဌာပနာတိုက်များအတွင်းမှ ရရှိပြီး၊ အတပ်နိုင်ဆုံးထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်ကြောင်းကို ကျောင်းမှတာဝန်ရှိသူဆရာတော်ဘုရားတစ်ပါးမှ ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။

ခြေတော်တစ်ဖက်ချထားသောရုပ်ပွားတော်
ခြေတော်နှစ်ဖက်လုံးချထိုင်ထားတဲ့ဗုဒ္ဓမြတ်စွာ
တရားရှင်းပြနေတဲ့ပုံ သွန်းထားတာထင်ပါရဲ့
နေမိတရုပ်ပွားတော်လို့ဆိုပါတယ်။ တစ်ပါးကမေး၊ တစ်ပါးကဖြေပါတယ်တဲ့

ဘုရင်းရှင် ရခိုင်ပြည်ကို ရဟန္တာငါးရာဖြင့်ကြတော်မူလာသည့်ပုံတော်
မဟာမုနိဘုရား လေးဆူသွန်းလုပ်ရာတွင် ဘုရားရှင်၊ ရဟန္တာငါးရာနှင့် မင်းပရိတ်သတ်များ
စန္ဓမုနိရုပ်ပွားတော်ကြီး ကျောက်ဆင်းထုအဖြစ်တည်နေစဉ်က မျက်လုံးတော်

အဲဒီဘုရားဆင်းထုတော်တွေကို စနစ်ကျနသော စာရင်းပြုစုမှု၊ ထိန်းသိမ်းမှု၊ တိကျသောသမိုင်းကြောင်း အထောက်အထားများနဲ့ ပြတိုက်တစ်ခုသဖွယ် ခင်းကျင်းပြသနိုင်ရင်ဖြင့် နိုင်ငံခြားဝင်ငွေအပြင် ရှားပါးသမိုင်းဝင်ရုပ်ပွားတော်များကို အခုထက်ပိုပြီး ရည်ရှည်ထိန်းသိမ်းထား နိုင်လိမ့်မယ်လို့မြင်မိပါတယ်။ အခုလိုအနေအထားမှာ Security အရ မကောင်းတဲ့အတွက် မသမာသူများလက်ထဲ အချိန်မရွေးရောက်ရှိသွားနိုင်သလို၊ နိုင်ငံတော်ရဲ့ အမွေအနှစ် ရခိုင်ပြည်နယ်ရဲ့ သမိုင်းကြောင်းဟာလဲ လေထဲမှာပင်ပျောက်ဆုံးသွားနိုင်တာကြောင့် တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ စေတနာရှင်ပြည်သူလူထုများပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။ ကျွန်တော်တို့မသိပဲ ထိန်းသိမ်းမှု ကင်းသောကြောင့် ပျက်ဆီးသွားသော၊ ပျောက်ဆုံးသွားသော၊ ရှေးဟောင်းမြန်မာ့လက်ရာများ မရည်မတွက်နိုင် အောင်ရှိနေလိမ့်မယ်ဆိုတာ ငြင်းလို့မရပါဘူး။

ကဲ…အခုတော့ ပျောက်တာတွေ မပျောက်တာတွေ၊ ထိန်းသိမ်းတာတွေ မထိန်းသိမ်းနိုင်တာတွေ အသာထားလို့ နေမစောင်းခင် ဆက်ရန်ကျန်သေးသော ဘုရားပုထိုးတော်တွေဆီ ခရီးဆန့်ရပေဦးမပေါ့လေ။ နောက်တစ်ခါသွားရမယ့်ဘုရားကတော့ မာရ်(၅)ပါးထဲက ဇိနမာရ်အောင်ဆိုတဲ့ ဘုရားပါပဲ။

ဇိနမာရ်အောင်ဘုရားကြီး အဝင် အတက်လမ်း

ဆက်ရန်ရှိသေးသည်…

ကြောင်ဝတုတ်၊ ရန်ကုန်

5 comments

  • blackchaw

    December 7, 2011 at 4:04 pm

    ဆက်ရန်ရှိသေးရင် ကြည့်ရန် စောင့်ဦးမည်ပေါ့ ဝတုတ်ကြောင်ရေ။
    ခင်ဗျားကိုတော့ ရခိုင်ဝတုတ်လို့ နာမည်ပေးလိုက်ပြီဗျာ။
    ရခိုင်စပရှယ်လစ်လုပ်ပြီး ဒါ့ပုံတွေ တင်ဘို့ တောင်းဆိုပါတယ်ဗျို့။

  • ကြောင်လတ်

    December 7, 2011 at 9:59 pm

    ခြေတော်နှစ်ဘက်ချထားတဲ့ ပုံ ကိုဖူးတွေ့ ရတာကျေးဇူးတင်ပါတယ်၊
    စဉ်းစားရာတချက်က ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က အဲသလိုထိုင်နေတဲ့အနေအထားမျိုး နေခဲ့မှာပါ၊
    ဆင်းတုတော်တွေထုတဲ့အခါ ဘာလို့ အဲသလိုမျိုးများများမထုလုပ်ကြတာလဲဆိုတာပါ။
    အဲလို ဆင်းတုမျိုးဟာ ရှားပါးပြီးဖူးတွေ့ရခဲတဲ့ လက်ရာပါ။

  • zawmyothu

    December 8, 2011 at 10:50 am

    ွှပထမဦးဆုံး (နံပါတ်တစ်) ပုံမှာ လူတစ်ယောက်ပုံ အလင်းပြန်နေတာ
    အဲ.ဒါ ဦးဖတ် ပုံလား 😛
    ပုံတွေကို ကြိုက်လို. ကူးသွားပြီဗျာ။

  • windtalker

    December 8, 2011 at 1:08 pm

    တစ်ခါမှ မမြင်ဖူး သော ဘုရားဆင်းတုများ ကို ဖူးမျှော်ခွင့်ရသည့်အတွက် လွန်စွာကျေးဇူးတင်မိပါသည် ခင်ဗျာ

  • char too lan

    December 8, 2011 at 4:43 pm

    ခြေတော်တစ်ဖက်ချထားသောရုပ်ပွားတော် .. အဲ့ဒီပုံမှာရှိတဲ့ ၂ရုပ်ကိုု
    ဘုရားဆင်းတုတော်လို့ မထင်ဘူးဗျ .. @_@

Leave a Reply