မိသားစု

အသက် 25နှစ်ရှိပြီဖြစ်သောကျောင်းဆရာလေးတစ်ယောက်နဲ 21နှစ်ရှိပြီဖြစ်သောဆရာမလေးတစ်ယောက် ရွာတစ် ရွာမှာအတူတူ အလုပ်လုပ် ကြရင် ဖြစ်ပေါ်လာသောချစ်ခြင်းတရားများဖြင်း လက်ထပ်လိုက်ကြပါတယ် ။ဆရာလေးက ဆရာမလေးကိုသိပ်ပြီး ချစ်သလို ဘေးကကြည်ရင်းခံစားနိုင်ပါတယ် ။ အဲလိုနဲ လက်ထပ်ပြီးတော ကျောင်းဆရာလေးတိုရွာကိုပြောင်းရွေ့တာဝန်တမ်းဆောင်ကြပါတယ် ။ အဲဒီရွာမှာနေတုန်း သမီးလေးနှစ်ယောက်မွေးဖွားခဲပါတယ် ။  ရာတူးတိုးပြီး မြိုနယ်လေးကိုတာဝန်ကျတော အဲဒီမြိုလေးရဲတစ်ဘက် ကမ်းမှ ရ်ှိသေား ကျောင်းဆရာလေး ပညာသင်စဉ်းကနေခဲတဲ အိမ်လေးမှာပြောင်းရွေ့နေကြပါတယ် ။ မြိုလေးကို သွားပြီး အလုပ်ဆင်ရတာ ကလေးတွေနဲအဆင်မပြေလို အဲဒီမြိုလေးကိုပြောင်းရွေ့နေကြပါတယ် ။ ရ်ှိသောပိုက်ဆံလေးဖြင့်  ဝယ်ရသောအိမ်လေးဖြစ်သဖြင့် သိပ်ပြီး အကောင်းကြီးမဟုတ်ပါ ။ လှေကားတစ် ငါးတတ်လောက် ပဲတက်ရပြီး သက်ကယ်မိုးထားပြီး ဝါးတံရံများကာထားပါတယ် ။ အဲဒီအိမ်လေးမှာ နေပြီး ကျောင်းဆရာအလုပ်လဲလုပ်ပြီး ဆောင်ရသီးမှာပန်းများစိုက်ပျ်ိုးရောင်းချပြီး နေတို်င်ခဲပါတယ် ။ သူတို့က သစ်ပင်စို်က်လဲ ဝါသနာပါ တောအိမ်လေးထဲမှာသီးပင်စားပင်များစိုက်ပျိုးပြီး ဝင်ငွေရအောင် လဲရှာဖွေခဲကြ ပါတယ် ။ဆရာလေးတို့အိမ်က လယ်တောများ ရ်ှိသဖြင့် တချို့နှစ်တွေမှာတော အာလူစိုက်ပြီး ဝင်ရအောင်လဲ ရှာခဲကြပါတယ် ။ ဆရာမလေးက ကျန်းမာရေးသိပ်မကောင်းလို ဆေးခန်းသွားရတာတွေမှာဆရာလေးကဖေးမခဲသလို ဘာမှာမညည်းညူခဲပါဘူး ။ မြိုလေးကိုရောက်လာတဲဆရာဝန်တွေနဲ လည်းမသိသူမရှိလောက်အောင်ဖြစ်ခဲပါတယ် ။နွေရာသီမှာကျောင်းဆရာလေးက ရွှေတောများမှာ သွားအလုပ်လုပ်ပြီး ပိုက်ဆံရှာပါတယ် ။ ကျောင်ဖွင်ချိန်မှာ ဆရာမလေးကောဆရာလေးပါ ကလေးများကို ကျူရှင်သင်ပေးရင် ဘဝကိုရပ်တည်နေတိုင်ခဲပါတယ် ။ မရှိမရှားဘဝနဲပါ ။ ကလေးလေးတစ်ယောက်ကိုလည် အဲဒီမှာမွေးဖွားခဲပါသေးတယ် ။ယောက်ျားလေးပါ ။ ကလေးများကို ပြုစုပျိုးတောင်ပေးရင် ဆရာလေးနဲဆရာမလေးလဲ အတူလက်တွဲရင်းလောကဓံအခက်အခဲ တွေကိုလဲဖြတ်သန်းနိုင်ခဲကြပါတယ် ။အခုအချိန်မှာတော ဆရာကြီး ဆရာမကြီး တပည့်များစွာနဲ ပညာသင်ပေးရင်း သားတစ်ယောက်သမီးနှစ်ယောက်နဲ ပျော်ရွင်စွာဘဝကြိုဖတ်သန်းနိင်ကြပါပြီး။

အဲဒါကတော့ကျမရဲ အိမ်ကလေး ငယ်ငယ်ကနေခဲတဲအိမ်လေးပဲဖြစ်ပါတယ် ။ ကျမအလှည်ကျရင်ဘယ်လိုအိမ်လေးတည်ဆောက်နို်င်မလဲဆိုတာ မှန်မျှော်ရင်းဖြင့်……………. 

 

12 comments

  • htet way

    December 7, 2011 at 6:04 pm

    ကောင်းတဲ့ အိမ်ရဖို့ထက် နားလည်မည့်သူ အတူတကွ
    အပူမျှနိုင်မယ့်သူ ရ ဖို့ လိုပါတယ်

  • lulinmg

    December 7, 2011 at 6:05 pm

    မင်းမျှော်လင့်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်

  • thit min

    December 7, 2011 at 6:16 pm

    တင်းတိမ် ရောင့်ရဲ့ စွာ နေပြီး
    အမြင့်ဆုံးရောက်အောင် ကြိုးစားရမဲ့ အားပေးတဲ့ အိမ် လေးမျိုးကိုမျှော်မှန်းပါ။
    ၂ယောက်လဲဖြစ်ချင်ဖြစ်မယ် အများနဲ့ လည်းဖြစ်ချင်၊ဖြစ်မယ်
    အဲဒီ လူအားလုံး တသားတည်း ဖြစ်နေတဲ့ အိမ် လေးမျိုးကိုမျှော်မှန်းပါ။
    မကောင်းမှု ရှောင်၊ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားရင်း
    မကောင်းသူကိုလည်း ပြစ်မထားတဲ့၊ ကောင်းသူကိုချည်း ကပ်မဖားတဲ့၊ညစ်တဲ့စိတ်ကိုလည်း ကြည်စေတဲ့ အိမ်လေးမျိုး ကို
    မျှော်မှန်းပါ။
    {ဖတ်ရင်းနဲ့ သဘောကျလို့ ခုလိုရေးမိ ပါကြောင်း(^^)}

  • ကို်သစ်ရေ
    ငယ်ငယ်တုံးက စိတ်ကူးယဉ်ခဲ့တာ။
    အိမ်နောက်ဘေးမှာချောင်းကလေး။
    အိမ်က ပန်းခြံရဲ့အလည်မှာ။
    အိမ်ဘေးက သီးပင်စားပင်လေး။
    နေ့လည်ဆိုခြံထဲကသစ်ပင်ရိပ်မှာစာဖတ်။

    အခုလက်ရှိမှာတော့ အများအခေါ်တို်က်ခန်း
    ကျနော်အဖွားသမုတ်သွားတာတော့ တန်းလျား။
    ဆူဆူညံညံစည်စည်ကားကား
    ဒါပေမယ့် ကိုသစ်ပြောသလို နေတတ်အောင်ကြိုးစားနေပါတယ်။
    လောလောဆယ်တော့ ထမင်းစားဘု့ိအလုပ်လေးလုပ်လိုက်။
    အားရင်လက်ဆော့လို်က်။
    ပုံတွေတင်လိုက်စာတွေရေးလိုက်နဲ့။
    မချမ်းသာသော်လည်း ဘဝက နေပျော်တယ်လို့ ခံစားရကြောင်းပါ.

  • kokoover

    December 7, 2011 at 7:01 pm

    ဘယ်လိုစာမျိုးပါလိမ့် ဘယ်လို ရသ နဲ့ခံစားရမှာလဲဟင်!!!!

  • E.T

    December 7, 2011 at 7:36 pm

    တစ်ယောက်နှင့် တစ်ယောက် ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနှင့် အရာရာ ပျော်ရွှင်ဖွယ်အတိနဲ ့ ပြီးတဲ့ မိသားစုအိမ်လေး ပိုင်ဆိုင်ပါစေဗျာ 🙂

  • TTNU

    December 7, 2011 at 7:52 pm

    ဆိုတော့… မိုးပွင့်ဖြုက သမီး(၂)ယောက်ထဲက တစ်ယောက်ပေါ့။
    အကြီးမလေးလား၊ အငယ်မလေးလား။
    ဆရာမ အလုပ်လုပ်နေတာလား။

  • windtalker

    December 7, 2011 at 9:09 pm

    ဒန်တန်တန်
    သမီး၏ နာမည် မှာ မိုးပွင့်ဖြူ ဖြစ်ပါသည် ။
    သမီး ၏ အဖေနှင့် အမေ မှာ ကျောင်းဆရာ/မ များဖြစ်ပြီး သူတို ့လက်ထပ်တော့ အဖေ က အမေ့ထက် ၄ နှစ် ပိုကြီးပါသည် ။
    သမီးတွင် မောင်တစ်ယောက် နှင့် အမတစ်ယောက် ရှိပါသည် ။
    သမီး ငယ်စဉ် ၊ ကလေးဘဝ က အဖေနှင့်အမေ တို ့၏ မင်္ဂလာပွဲအခမ်းအနားဓါတ်ပုံများကို မြင်ရသောအခါ ၊ အဲဒီပွဲမှာ သမီးပုံမပါလို ့ဟု ဆိုကာ ငိုယို ဂျီကြ ခဲ့ဖူးကြောင်း ၊ အဖေနှင့်အမေ က ပြန်ပြောလို ့သိရပါသည် ။
    သမီးတို ့ညီအမ နှစ်ယောက် မွေးပြီးချိန်က ဆိုလျှင် သမီး အမေသည် ကျန်းမာရေး ချူချာခဲ့သဖြင့် ၊ တာဝန်ကျလေရာမြို ့တိုင်းရှိ ဆရာဝန်တိုင်းနှင့် မသိမရှိခဲ့ပေ ။
    ထိုစဉ်တုန်းက အဖေနှင့်အမေ တို ့မှာ ကျောင်းဆရာအလုပ်တစ်ဘက် နှင့် ပန်းစိုက် ၊ ရာသီစာသီးနှံလေးတွေ စိုက်ပျိုးစားသောက်ခဲ့သည် ကို မှတ်မိနေပါသေးသည် ။
    တစ်ခုသော နွေရာသီ ကျောင်းပိတ်ချိန်တွင် သမီးအဖေ သည် ရွှေသွားတူးရာမှ ၊ အချီကြီး ထောခဲ့ပါသည် ။
    ထိုအချိန်မှ စ၍ သမီးတို ့မိသားစု အရမ်းချမ်းသာလာခဲ့ပါသည် ။
    ယနေ ့အချိန်တွင် သမီးအနေဖြင့် အရွယ်ရောက်ပြီ ဖြစ်၍( ၁၈ နှစ်ပြည့်ခဲ့သည်မှာ တော်တော်လေး ကြာခဲ့ပြီ ဖြစ်၍ ) အဆိုတော် “ဟန်ထွန်း” ၏ “ရင်ခုန်ဘက်သို ့တမ်းချင်း” သီချင်း ကို လွန်စွာနှစ်ခြိုက်ကာ အချိန်တိုင်း နားထောင်လေ့ ရှိပါကြောင်း ။
    ( ဟီး…စိတ်မဆိုးပါနဲ ့နော် )

  • ကြောင်လတ်

    December 7, 2011 at 11:16 pm

    ချမ်းမြေ့ပျော်ရွှင်ဖွယ်ရာအိမ်လေးမှာ မိသားစုလေးတစ်ခုတည်ဆောက်နိုင်ပါစေကွယ်။

  • FattyCat

    December 8, 2011 at 8:59 am

    တစ်ခါတစ်လေကျတော့ ဘဝဟာ ဆန္ဒနဲ့ ထပ်တူမကျတတ်ဘူးကွယ်

  • မိုးပွင့်ဖြူ

    December 8, 2011 at 9:49 am

    ဟုတ်
    အားလုံးကိုကျေးဇူးတင်ပါတယ် အခုလို ပြောပဲတဲအတွက်ပါ ငယ်ငယ်ကနေခဲတဲအိမ်လေးကတော ပျော်စရာအတိနဲ အေးချမ်းတဲအိမ်လေးဖြစ်ခဲပါတယ် မိုးပွင့်က အကြီးပါ အခုတောရန်ကုန်မှာအလုပ်လုပ်နေပါတယ် ညီမလေ ပဲအိမ်မှာနေတာပါ မောင်လေးကလဲ မန္တလေ မှာသင်တန်းတက်နေတာပါ ဆရာတောတယောက်မှမလုပ်ကြပါဘူး………

  • blackchaw

    December 8, 2011 at 9:57 am

    လေးလေးစားစား ဖတ်သွားပါတယ် မိုးပွင့်ဖြူ ရေ။
    မနေ့က ကျွန်တော့် ပို့စ်မှာ ကွန်းမန့်ဝင်ရေးသွားကတည်းက
    မု(ဒ်) ဝင်နေခဲ့ပြီလို့ ထင်ပါတယ်။
    အဆုံးသတ်ကလေးကိုက
    “အမေရဲအိမ်လို ပျော်စရာကောင်းတဲအိမ်လေးတစ်ခုတည်ဆောက်နိုင်ပါမလားဆိုတာတွေးရင်ဖြင့်…..”
    တဲ့။
    တည်ဆောက်နိုင်ပါလိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်ဗျာ။

Leave a Reply