“အဝေးကမြင်ရတဲ့မန်းတောင်”

1 မန်းလေးမြို့ မြူမူံမူံကြားက ၀ိုးတ၀ါးမန်းလေးတောင်တော်

2 ဒီပုံလေးကတော့ကြာပါပြီ ကင်မရာလေးစ ၀ယ်ပြီးစမှာရိုက်ထားတဲ့ပုံလေး

3 မန်းလေးတောင်အရှေ့ဘက်ကနေ မြင်ရတဲ့မြင်ကွင်း ရွှေကျောင်းကြီးနားကမြင်ရတာပါ

4 စောစောကပုံနဲ့ နေရာအတူတူ အလင်းအမှောင်လေးကွာသွားတာပါ

6 ဒီဇင်ဘာ 5ရက်နေ့ကပုံလေးပါဘဲ သဘောကျလို့

9ကျောက်တော်ကြီးဘုရားရှေ့ကမြင်ရတဲ့မန်းတောင်

10အမြင့်ကနေစီးမြင်ရတဲ့မန်းတောင်

11 စန္ဒာမုဏိဘုရားအရှေ့ဘက် သစ်ပင်တွေကြားက မြင်ရတဲ့ မန်းလေးတောင်

12 ရန်ကင်းတောင်အသွားလမ်း အောင်ပင်လယ်က နေမြင်ရတဲ့ မန်းတောင်

13 ရေတံခွန်တောင်ကိုသွားတဲ့လမ်း အောင်ပင်လယ် လယ်ကွင်းကြီးရဲ့ အလည်ခေါင်ကနေမြင်ရတဲ့ မန်းတောင်

14 ကြည်လင်ပြာလဲ့တဲ့ မေလတစ်ရက်မှာ မြင်ရတဲ့ မန်းလေးတောင်

15 ဒါကတော့ သင်္ကြန်တွင်းရက် သင်္ကြန်မဏ္ဍပ်ပေါ်ကနေမြင်ရတဲ့ မန်းလေးတောင်

16 အောက်တိုဘာတစ်ရက်မှာ အရှေ့ကျုံးလမ်းကတွေ့ရတဲ့မန်းတောင်

17 ဒါလဲမေလက ပုံလေးပါဘဲ

18 ကျောက်တော်ကြီးဘုရားထဲကမြင်ရတဲ့ မန်းတောင် ဒီပုံလေးကို တင်ဘူးတယ် ပဟေဠိဖွက်ပြီးတော့

 

မန်းလေးတောင်ဆိုတာ ကျနော်တို့မြို့ရဲ့အထိန်းအမှတ်။

ဂုဏ်ယူစရာ ကောင်းသလို ကြည့်မ၀ရူ့မ၀တဲ့မြင်ကွင်းတွေကို ပေးစွမ်းနိုင်သော

မန်းလေးတောင်ပါ။်  စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ကနေဖြစ်ဖြစ်၊

စစ်ကိုင်း ရွှေတောင်ဦးမော်က ဘဲဖြစ်ဖြစ်၊

မင်းကွင်းလှေဆိပ်ကဘဲဖြစ်ဖြစ်  ၊

လှမ်းကြည့်မယ်ဆိုရင် မူံပြပြလေးမြင်နေရတတ်ပါတယ်။

 

ကျနော်က နေရာအနှံ့သွားနေတတ်သူ ခြေဗွေပါသူဆိုတော့

မန်းလေးတောင်ပါတ်ဝန်းကျင်ကို ရောက်တဲ့အခါတိုင်း

မန်းလေးတောင်ကို အဝေးကလှမ်းမြင်ရတိုင်းလက်ဆော့မိပါတယ်။

အခုတင်ပေးတဲ့ပုံတွေက မန်းလေးတောင်ရဲ့ အရှေ့တည့်တည့်ကမြင်ရတဲ့ပုံတွေရယ်

တောင်ရဲ့ အရှေ့ဘက်ကနေမြင်ရတဲ့ပုံတွေဘဲဖြစ်ပါတယ်။

တောင်ရဲ့မြောက်ဘက် ကမြင်ကွင်းတွေ တောင်ရဲ့အနောက်ဘက်ခြမ်းကမြင်ကွင်းတွေ

ကျန်ပါသေးတယ်။

အခုတော့ ဒီလောက်နဲ့ဘဲကျေနပ်မယ်ထင်ပါရဲ့။

 

 

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။

(8-12-2011)

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။