မီးစိမ်းနေတယ်
ငါစောင့်ကြည့်တဲ့ အစိမ်းရောင်မပေါ်သေးဘူး
နှလုံးသားကစိမ်းနေတုန်းပဲလား
နေမကောင်းလို့ အိပ်ယာထဲလှဲနေလား
စိတ်တွေ ကြေမွလို့ တွန့်ကြေပြီးလွမ်းနေလား
ဘာမှ မလုပ်ချင်လောက်အောင် နွမ်းလျနေလား
အစိမ်းရောင်ကငါ့ကိုတစ္ဆေ ခြောက်တယ်
ငါ့ဝိညာဉ်ကို အကျည်းချထားတာလားအစိမ်း
ငါ့ ၀မ်းနည်းမူကို အစိမ်းရောင်တွေတူးဆွနေတယ်
G-talk မပြောဖြစ်သောနေ့ရက်များပါလေ
ရပ်ဝေးမြေခြားမို့ ပြေးတွေ့လို့မရပါဘူး
စာလုံးလေးရိုက်ပြီး ပြောဖို့တောင် အဆင်မပြေခဲ့ပါဘူး
ဂုဏ်ကြီးရှင်မာနက အစိမ်း
ပညာရှင်နှလုံးသားက အစိမ်း
စကားလုံးတွေ အေးစက်စက် အစိမ်း
G-talk မပြောဖြစ်သောနေ့ရက်များပါလေ
သူပို့တဲ့စာလုံးတွေ တွေ့ချင်တယ်
သူပြောတဲ့ ခပ်မာမာ ပညာဆန်တဲ့ စကားတွေ ကြားချင်တယ်
မလိုတဲ့ အစိမ်းတွေငါ့ကိုလာဟိုင်း(Hi) ကြတယ်
သွား…အားလုံးအနီ busy စမ်းပါ
ငါ့မျက်လုံးထဲ အစိမ်း
အားလုံးစိမ်းလိုက်ကြစမ်း
ဆန္ဒမပြည့်ခဲ့ပါဘူး ငါမျှော်နေတာကမစိမ်း
တစ်နေ့လုံး ထိုင်စောင့်တာတောင် ပေါ်မလာဘူး
G-talk မပြောဖြစ်သောနေ့ရက်များပါလေ။
G-talk မပြောဖြစ်သောနေ့ရက်များပါလေ။

About htet way

has written 133 post in this Website..