မပြောဖြစ်သောနေ့ရက်များ

htet wayDecember 7, 20111min1125

မီးစိမ်းနေတယ်
ငါစောင့်ကြည့်တဲ့ အစိမ်းရောင်မပေါ်သေးဘူး
နှလုံးသားကစိမ်းနေတုန်းပဲလား
နေမကောင်းလို့ အိပ်ယာထဲလှဲနေလား
စိတ်တွေ ကြေမွလို့ တွန့်ကြေပြီးလွမ်းနေလား
ဘာမှ မလုပ်ချင်လောက်အောင် နွမ်းလျနေလား
အစိမ်းရောင်ကငါ့ကိုတစ္ဆေ ခြောက်တယ်
ငါ့ဝိညာဉ်ကို အကျည်းချထားတာလားအစိမ်း
ငါ့ ဝမ်းနည်းမူကို အစိမ်းရောင်တွေတူးဆွနေတယ်
G-talk မပြောဖြစ်သောနေ့ရက်များပါလေ
ရပ်ဝေးမြေခြားမို့ ပြေးတွေ့လို့မရပါဘူး
စာလုံးလေးရိုက်ပြီး ပြောဖို့တောင် အဆင်မပြေခဲ့ပါဘူး
ဂုဏ်ကြီးရှင်မာနက အစိမ်း
ပညာရှင်နှလုံးသားက အစိမ်း
စကားလုံးတွေ အေးစက်စက် အစိမ်း
G-talk မပြောဖြစ်သောနေ့ရက်များပါလေ
သူပို့တဲ့စာလုံးတွေ တွေ့ချင်တယ်
သူပြောတဲ့ ခပ်မာမာ ပညာဆန်တဲ့ စကားတွေ ကြားချင်တယ်
မလိုတဲ့ အစိမ်းတွေငါ့ကိုလာဟိုင်း(Hi) ကြတယ်
သွား…အားလုံးအနီ busy စမ်းပါ
ငါ့မျက်လုံးထဲ အစိမ်း
အားလုံးစိမ်းလိုက်ကြစမ်း
ဆန္ဒမပြည့်ခဲ့ပါဘူး ငါမျှော်နေတာကမစိမ်း
တစ်နေ့လုံး ထိုင်စောင့်တာတောင် ပေါ်မလာဘူး
G-talk မပြောဖြစ်သောနေ့ရက်များပါလေ။
G-talk မပြောဖြစ်သောနေ့ရက်များပါလေ။

5 comments

  • lulinmg

    December 7, 2011 at 6:53 pm

    ဪ ဒါ့ကြောင့်ဟာသတွေမရေးနိုင်တာကို
    အိမ်မဲရှေ့နေဆရာငွေကိုကြိုက်တယ်ဗျာ
    ဟာသလေးတွေဆက်ရေးပါဦး
    သက်ဆိုင်သူရေမီးစိမ်းလေးပြလိုက်ပါဗျာ
    ဆက်မရေးနိုင်ပဲဖြစ်လိမ့်မယ်

  • aye.kk

    December 7, 2011 at 7:53 pm

    အစိမ်းရောင်က..
    ပူလောင်နေတယ်..(စစ်အာဏာရှင်)
    မျက်လုံးစိမ်းစိမ်းနဲ ့တော့..(အကြည့်မခံချင်)
    ကမ္ဘာအားလုံးရဲ ့အေးချမ်းမှုတစ်ခွင်ဆောင်နေတာက..(အစိမ်းရောင်ပင်)
    အားလုံးတူညီသုံးစွဲလာနေပြီ..(အစိမ်းရောင်) ၊တို့အမြင်လေးပါ..။

    • kokoover

      December 7, 2011 at 9:33 pm

      မစိမ်းပင်ကြီး.ရေ.ဆိုတာကိုဘယ်ဂျောင်သွားထိုးရမှာလဲ ဂန္တဝင်နော်..

  • mandalarthu

    December 7, 2011 at 8:53 pm

    အစိမ်းရောင် က ငြိမ်းချမ်းရေး အရောင် ပါ။
    ကျွန်မ တော ့အကြိုက်ဆုံးဘဲ။ကမ္ဘာကြီး တခုလုံး စိမ်းလန်း စိုပြေဖို ့အခု ကြိုးပမ်းနေကြတာကိုဘဲ ကြည် ့လေ။
    တကမ္ဘာလုံး ငြိမ်းအေးစေဖို ့ရည်ရွယ်ထားတဲ ့ အရောင် က လည်း အစိမ်းရောင် ပါဘဲ။
    မျှော်လင်တဲ့ အစိမ်းရောင်လေး ပေါ်လာပြီး စိတ်နှလုံး ငြိမ်းချမ်းပါစေ။

  • windtalker

    December 7, 2011 at 9:12 pm

    ကိုထက်ဝေး ရဲ ့အလွမ်းဝေဒနာ
    ပန်းလေရှာ တမ်းနေမှာ

Leave a Reply