ကိုဘလက် တို့ လုပ်ပုံက

thit minDecember 13, 20111min29917

သူက အကုန်လုံးရဲ့စာကို ဖတ်ညွန်းရေးနေသူ။

သူ့စာ သူပြန်ပြီး ညွန်း ရေးရအောင်ကလဲ ကြောင်တောင်တောင် ဆိုတော့။

အားလုံးမှာတာဝန်ရှိသလိုခံစားရတယ်။ အားလုံးဆိုတော့ သစ်မင်းလဲပါသည်ပေါ့။

ဤသို့ဤနှယ်တွေး၍ ရေးပါသည်။ တောင်တောင်အီအီတွေ မစဉ်းစားပါနဲ့။ ကြုံသူရေးလို့ရသည်လေ။

ကျနော် ဒီနေ့ကြုံလို့ကျနော် ရေးလိုက်ခြင်းသာဖြစ်ပါသည်လို့ ဂေဇက်နွယ်ဝင် သူတော်စင်အပေါင်းတို့ခင်ဗျား။

~~~~~~~~~~~~~

သူ့လုပ်ပုံက လို့ရေးတာအကြောင်းရှိတယ်ဗျ။ သူက အမှတ်တမဲ့ကြည့်တော့ လူအေးလိုလိုဘာလိုလိုနဲ့

“ဖွ”ချက်တွေက အားကစားပွဲတွေက ချီးယားလီဒါဂဲလ်တွေရဲ့(Cheerleader) ပန်းပွါးတွေလို လှချက်ဗျာ။

လက်လန်တယ်။ ဒါ့ကြောင့် ……..

“ပူရှိန်ညီးညီး မီး မှ လတ်လတ် သေစေ တတ်ဟု၊ မမှတ်စေရာ

သီတာ ရေ လည်း၊ အသဲတုန်အေး မနှေး ဆတ်ဆတ် သေစေတတ်၏လို့” မဃဒေဝမှာဆိုပေတာကိုးနော့။

ရေးချက်တွေက “သေ” လောက်တယ်။

 

ပို့စ်(၁)ပေါ့ပေါ့ပါးပါး ပဲ နော်

အဲဒီပို့စ်က ခင်ဗျားဉာဏ်ကောင်းရင်အလွတ်ရသင့်တဲ့ စာတချို့ပါတယ်ဗျ။ပြီးတော့ ကျင့်သုံးသင့်တယ်ပေါ့ဗျာ။

ဖတ်ကြည့်လိုက်၊ ဒီလိုတဲ့။

…………တို့ဘုရားက လူကို အမျိုးအစားလေးခုနဲ့ ခွဲခြားပြီး သတ်မှတ်တယ်။ အဲဒီလေးမျိုးက

၁။ လူ ငရဲသား

၂။ လူတိရစာ္ဆန်

၃။ လူပြိတ္တာ

၄။ လူပရမတ္တ ဆိုပြီး ခွဲခြား သတ်မှတ်လိုက်တယ်။

တစ်ခုခြင်း ရှင်းပြရလျှင်…………

ကုသိုလ်၊ အကုသိုလ်ရယ်လို့ မခွဲခြားတတ်၊ ဒါန၊ သီလလည်းမရှိ၊ ဘာဝနာဆိုတာဝေလာဝေး။

မွေးကတည်းက ဒုက္ခနဲ့စ ဒုက္ခနဲ့ ဆုံးပြီး လူ့လောကကနေ ထွက်သွားရသူများကို လူ့ငရဲသား တဲ့။

တိရစာ္ဆန်တွေဟာ စားဖို့ရှာမယ်၊ စားမယ်၊ အိပ်မယ်၊ ကာမဂုဏ်ခံစားမယ်၊ ဒါပဲသိတယ်။ လူဟာလည်း စားဖို့

အိပ်ဖို့ ကာမဂုဏ် ခံစား ဖို့ ဒီသုံးမျိုးပဲသိပြီး ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါးမသိ၊ ဘာသာရေးနားမလည်၊

နားလည်ဖို့လည်း မကြိုးစား၊ မလေ့လာ၊ ဘာသာရေး သုတမရှိတော့ ဒါနမသိ၊ သီလမရှိ၊ ကုသိုလ်၊ အကုသိုလ်

မခွဲခြားတတ်၊ ဒီလိုနဲ့ပဲ လူ့ဘဝမှာနေရင်း သေသွားသူများကို လူ့တိရစာ္ဆန်လို့ တို့ဘုရားက သတ်မှတ်တော်မူတယ်။

လူ့ဘဝတော့ ရလာပါရဲ့၊ ရောဂါဝေဒနာထူပြောတဲ့ အတွက် သူများတန်းတူမဟုတ်ပဲ ခက်ခဲပင်ပန်းစွာ ရုန်းကန်ပြီး

အလျင်မီအောင်စားဖို့ ဝတ်ဖို့ မနည်းကြိုးစား နေရတဲ့ ဒုက္ခတွေကြောင့် ရတနာသုံးပါးကို သတိမရနိုင်၊ ဒါနမှု

သီလမှုတွေ မဆောက်တည်မပြုလုပ်နိုင်ဘဲ လူ့ဘဝကို စွန့်ခွာသွားရသူတွေကို လူ့ပြိတ္တာတဲ့။

လူပရမတ္တဆိုတာကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မဟုတ်ပဲ ရတနာသုံးပါးကို ယုံကြည်မှုသဒ္ဓာနဲ့ ကိုးကွယ်တယ်။

ဒါနပြုရာမှာ ပါရမီ ထိုက်အောင် ပညာနဲ့လှူတယ်။ သီလစောင့်ရာမှာလည်း တစ်ပါးမှမကျိုးပေါက်အောင်

အသက်နဲ့လဲပြီး စောင့်တယ်။ ဝိပသနာတရားတွေကို နာကြားအားထုတ်ပြီး ကုသိုလ်၊ အကုသိုလ်ခွဲခြားနိုင်တဲ့

သူကို ဆိုလိုတာဖြစ်ပြီး ဒီလိုဘဝမျိုးပိုင်ဆိုင်သူကိုမှ လူလို့ တို့ဘုရားက သတ်မှတ်တယ်။

ဒီစံနှုန်းနဲ့ တိုင်းတာမယ်ဆိုရင် တစ်စက္ကန့်မှာ လူငါးယောက်နှုန်း မွေးတာမပြောနဲ့ လူတစ်ရာ၊

တစ်ထောင်မွေးလာတဲ့ အထဲမှာ လူတစ်ယောက်ဖြစ်ဘို့ လွယ်မလား။

(ကျနော်ဖြည့်မယ်နော်၊ ကြားအမျိုးအစားတွေရှိတယ်ဗျ၊ လူ မစ်က်စ်ချား(ဖိုးအင်ဝမ်း၊ သရီးအင်ဝမ်း၊ တူးအင်ဝမ်း)

ရှိမယ်နော်။)

 

ပို့စ်(၂) BLACK SUNDAY

အဲဒီပို့စ်က ပိုဇစ်ရှင်းနယ် ပါဝါနဲ့ ပါစင်နယ်ပါဝါရဲ့ ကွဲပြားမှုကိုပြောလိုရင်းပါတဲ့။

သူ့ပို့စ်မှာသူမေး သူ့ဟာသူ ပြန်ဖြေထားသော ကော်မန့်ဗျ။

Positional Power ဆိုတာ ရာထူးရှိနေစဉ်လေးမှာသာအဲဒီရာထူးကပေးထားတဲ့ ဩဇာအာဏာကို

ဆိုလိုတာဖြစ်ပါကြောင်း။

Personal Power ကတော့ ကိုယ်ပိုင် အရည်အချင်းနဲ့ ရလာတဲ့ကိုယ်ပိုင်ဩဇာအာဏာမျိုး ဖြစ်ပါကြောင်း။

ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ရှိနေတဲ့ ပါဝါမျိုးပါ။

(ကျနော် ဖြည့်မယ်ဗျာ၊ Personal Power ရှိသူPositional Power ရှိဖို့လိုတယ်ဗျာ၊အဲဒါလေး)

 

ပို့စ်(၃)BLACK SUNDAY II

သူက အပေါ်မှာ “ပါဝါ” ပြောပြီး ၊ ဒီ မှာကျတော့ …

ဗုဒ္ဓရဲ့ အောင်မြေ ဂယာမြို့က ဗောဓိညောင်ပင်ကြီး အောက်နားမှာဘုန်းကြီးတွေ အပေါ်က ထိုင်ခုံမှာ

ခန့်ခန့်ကြီးထိုင်နေတဲ့ ပုဂ္ဂိုလ်အကောင်းစားတစ်ယောက်ကို တွေ့ရမှာပါ။

ဆိုပြီး မှတ်ချက်တွေတောင်းတော့တာဘဲ။လူစုံတက်စုံ သမ လိုက်တာဟိုလူကြီးလဲတော်တော်မသက်သာရှာဘူး။

(ကျနော် ဖြည့်ရရင် အဲဒီလို အပေါက်အလမ်းမတဲ့တာတွေက အများကြီးကို တွေ့နေရတာပါလို့၊တကယ်ဘဲ)

 

ပို့စ်(၄)ပြည်တွင်း ဇ နှင့် ပြည်ပ ဇ ပူးပေါင်းရေး။

…တဲ့ လုပ်ပုံက အဲဒီလိုလှတာ။ကျနော် နာမည်ကြီးနဲ့ စ ထားတဲ့ ပို့စ်ခင်ဗျ။လန့်တောင်လန့်သွားတယ်။

ကိုဘလက်ရဲ့ ဆိုလိုရင်းက..ဇ ပူးပေါင်းရေး ဆိုတယ်။ ကျနော်တို့အားလုံးအဲဒီလိုပါဘဲ..

“ကလေးတို့ရေ အဲဒီလိုနဲ့ ရိုးသားတဲ့ သစ်ခုတ်သမားလေး ဟာ ရွှေပုဆိန်၊ ငွေပုဆိန်၊သံပုဆိန် သုံးလက်စလုံးကို

နောက်ဆုံးမှာ ရသွားတာပေါ့ကွယ်”၊ ဆိုတဲ့ ပုံပြင်လေးတွေလို စိတ်ချမ်းသာစရာ (Happy Future)

အနာဂတ်အတွက်ရိုးသားမှုအပါ အဝင် “ဇ” ရှိရမဲ့ လူတွေကို ပူးပေါင်းစေချင်တာ သဘာဝကျပါတယ်။

တည့်တည့်ပြောရရင်တော့ လောလောဆယ် အားမရသေးဘူးဗျာ။

ကိုယ့်စိတ်နဲ့ မကိုက်ရင် ကိုယ့်ဆန္ဒနဲ့မကိုက်ရင် လိုက်လုပ်ပါ့မလားလို့ စိုးရိမ်မိတယ်ဗျာ။

ဆိုလိုတာက “စိတ်ထားကောင်းမွန် မြင့်မြတ်သော ဇ ရှိသူများ” လိုပါတယ်။

အဲဒီလူတွေဘယ်လောက်ရှိလာပြီလဲဆိုတာက..

ကျနော်တို့ နိုင်ငံရဲ့ ကံကြမ္မာပါဘဲ။  လောလောဆယ်ဆယ်မှာတော့ ကျနော်တွေ့ဘူးတဲ့ အသက် ၃၀

ဝန်းကျင် အားကိုးသင့်တဲ့ လူတွေရဲ့စိတ်ဓာတ်တွေ ညံ့သေးတယ်ဗျာ။

သူများနိုင်ငံမှာ အသက် ၂ဝ ကျော်လောက်မှာရှိတဲ့ ရင့်ကျက်မှုလောက်ကို မရှိသေးဘူးဗျာ။

ပြီးတော့ ဒေါက်တာဒေါ်ရင်ရင်နွယ်လို ဧရာမ ကြီးရဲ့ ဇ ကိုသုံးချင်သုံးပါ ကိုဘလက်ရေ။ကျနော် လို ၅ ကျပ်သား

၁ဝ သား လေးက ဘာမှမဟုတ်ပါဘူး။ အဲ နောက်လိုက်ကောင်းတော့ဖြစ်အောင်ကြိုးစားပါ့မယ်ပေါ့ဗျာ။

 

ပို့စ်(၅) ဆိုက်ကားစီးတဲ့ လူ ပွဲချင်းပြီးသေတဲ့ ယဉ်တိုက်မှု

ဒါက သတင်းထောက် ဘလက် ဖြစ်သွားတဲ့ ပို့စ်ဗျ။

လူတွေက အမှုအခင်း သာ မဖြစ်ချင်တာနော်၊ ဖြစ်တဲ့အမှုအခင်းတွေကြတော့ ကြည့်ချင်တယ်ဗျ။

၄၃ဝ ကျော် ဟစ် ဖြစ်ထားတဲ့ ပို့စ်နော်။ ကျနော့ သက်တမ်းမှာ ၄၀ဝ ကျော် ဟစ်ဖြစ်ရင် တန်းဝင်အဆင့်လို့

တွေးထားတယ်ဗျ။(ကိုယ်ပိုင်အတွေးပါ၊ စိတ်ဓာတ်မကျ ကြပါနဲ့)။

သူကြီးပြောသလို အိုင်ပီ ထပ်နေလို့ နည်းတာလဲဖြစ်နိုင်တယ်ပေါ့ဗျာ။

အဲဒီ ပို့စ်ကိုကြည့်ပြီး ကိုဘလက်သတင်းထောက် လုပ်လို့ရပြီလို့တွေးမိတယ်ပေါ့ဗျာ။

 

ပို့စ်(၆) ခရမ်းလွန်ထုထည်များနှင့် နှစ်ဆယ့်လေးနာရီ – ညိုခက်ကျော်

ဒါက သူကြီးကတော်ရဲ့ လွန်ခဲ့တဲ့ ၁၃ နှစ်က ဝထ္ထူတိုတဲ့။..သူဘဲ ကြံကြံဖန်ဖန်ရှာတွေ့တတ်တယ်ကိုဘလက်ရယ်။

အမေရိကားက ခုလို “နေရာ” နဲ့ ဆိုင်တဲ့ ပို့စ်လေး ဖတ်ချင်သေးတယ် ဗျ။

ဒါလဲ ကျနော်တို့အားလုံး ကံကောင်းတာပါဘဲ။ ဆရာမက စာရေးဆရာမ မဟုတ်ရင် ဒီဝက်ဆိုဒ် ဘယ်

သက်ဇိုးရှည်မှာတုန်းနော်။

သူကြီးကြည့်ရတာလည်း၊ “ဒီကစပြီး ရှေ့ကိုဆို~~~သူ့ရဲ့လိုအင်ရှိတာတွေ~~” ဒန့်တန်တန်ဗျာ(^^)

 

ပို့စ်(၇)ဒါ ငါ့ အိမ်

ဒီပို့စ်ကတော့ မြှားတစင်း ကိုကျွမ်းကျင်စွာ ပစ်ခွင်းလိုက်တာနဲ့ သိပ်ကိုတူတာဘဲ ကိုဘလက်ရေ။

လူတော်တော် များများရဲ့ ရင်တွင်းပစ်မှတ်များကို တည့်တည့်ထိ မှန်ပါတယ်။

အားလုံးရဲ့ တုန့်ပြန်မှုလေးတွေက တစုံတရာသော (Awareness) ကိုရသွားစေခဲ့တယ်လို့

ကျနော်ဝန်ခံပါတယ်။ အဲဒီ ကိစ္စကို တစုံတခုလုပ်နိုင်ချင်ပါတယ်။ အားလုံးဝိုင်းကြိုးစားရင် “ဒါ့ငါအိမ်”လေး

တွေလို့ ပြုံးပြုံးလေး နှုတ်ဖျားဖွဖွ ရွတ်ဆိုနိုင်ကြကောင်းပါရဲ့ လေ။(ငွေရောင်ပိတ်ကားပေါ်မှာကြည့်ပါနော်၊

ဒါလေးတော့ ပဟေဠိ ထားပါရစေ။)

 

ပို့စ်(၈)၉၄-၉၅ ဧရာဝတီည

ဆရာများနှင့်ကိုဘလက်တို့ 94-95ကျောင်းသားများ က ဧရာဝတီ ၏ ရင်ခွင်တွင် ပျော်ရွှင်စွာဆုံစည်းကြပုံများ

ကို ဓာတ်ပုံများ ဝေဝေဆာဆာဖော်ပြထားသော ပို့စ်လေးပါ။

အမိ ဧရာဝတီ နဲ့ ပါတ်သက်ပြီး ဆရာမောင်စိန်ဝင်းပြောသွားတာ သိပ်ကြိုက်ပါတယ်ဗျာ။

သူကဧရာဝတီ ကာကွယ်ရေးစာပေဟောပြောပွဲမှာ ၁ နာရီလောက်ပြောတော့ သူ့သူငယ်ချင်း

လေးတန်းမအောင်သောလယ်သမားက အကြံပေးပုံလေးပါ။

“မင်းကွာဧရာဝတီ ကို ကာကွယ်ဖို့များ ၁ နာရီ ပြောစရာကိုမလိုပါဘူး၊ တခွန်းထဲနဲ့

ပြီးပါတယ်ကွာတဲ့” ဘယ်လိုလဲ ဆိုတော့

“ခင်ဗျားတို့ အမေ ကိုဘယ်လောက်ပေးရင်ရောင်းမလဲ” လို့ပြောလိုက်ကွာ။

“အဲဒါဘဲ မိခင်ဧရာဝတီ  ကွ” ဘယ်လောက်ပေးပေး ဒါငါတို့အမေ လေ။ ရောင်းစရာလားတဲ့။

 

ပို့စ်(၉)မုဒိတာ

ဒါကတော့ ကိုဘလက်ရဲ့ “အားလုံး၊အားလုံး၊အားလုံး၊အားလုံးအားလုံး” ကို ထောက်ပြ ပြောဆိုပေးသွားသော

ပို့စ်ကောင်းလေးတပုဒ်ပါ။

မှန်ပါပေတယ် ကိုဘလက်ရေခင်ဗျားပြောသလို……………..

“မုဒိတာတရား ထားသည့်နေရာတွင်တော့ မြန်မာလူမျိုးတို့ အလွန်အားနည်းကြသည်ဟု ကျွန်ုပ်က

စွတ်စွဲချင်ပါသည်။”

“မြန်မာလူမျိုးတော်တော် များများသည် ဒုက္ခရောက်နေ၍ အကူအညီပေးမလား

ချမ်းသာနေ၍ မုဒိတာပွားမလားဟု ရွေးခိုင်းလျှင် ဒုက္ခရောက်နေတာကိုပဲ မြင်ချင်ကြပြီး

အကူအညီပေးချင်ကြသူများပါသည်။

အကူအညီပေးရခြင်းဖြင့် မိမိ၏ လက်အောက်တွင်သာ ရှိစေချင်ကြသူသာများပါသည်။ ချမ်းသာနေ၍

များတော့ မုဒိတာ ပွားလိမ့်မည်မထင်ပါနှင့်။ နှိမ့်ချပြောဆိုကြမည့်သူများသာ များပါသည်။”

ဆိုတာ သိပ်ကိုမှန်ပါတယ်။ အဲဒီ စိတ်တွေက ကိုယ့်ထက်သာ မနာလိုစိတ်က လာတာမို့

အမြဲတမ်းအပြိုင်အဆိုင်စိတ်မျိုးနဲ့နေတတ်စဉ်းစားတတ်တဲ့ ကျနော်တို့

လူမျိုးရဲ့ ယဉ်ကျေးမှုလိုတောင်ဖြစ်နေပါတယ်ဗျာ (အကြီးကြီးကိုလွဲတာပါဘဲ)။

အိမ်သူအိမ်သားချင်းတောင် “မုဒိတာ” ထားနိုင်လားဆိုတာလေး မေးကြည့်ပါရစေ?

 

ပို့စ်(၁၀) ရွာသားများအတွက် သီးသန့် (ရွာသူများလုံးဝမဖတ်ရ)

ဒီပို့စ်မှာတော့ ပတ်ဘလစ်ဆိုင်ရာသဘောတရားအနေနဲ့…….

“မြန်မာပြည်ထုတ် ဂျာနယ်တွေမှာ အဲဒီလို အကြောင်းအရာတွေကို

တစ်တစ်ခွခွ ဖေါ်ပြသင့်ပါသလား ဆိုတာလေးပါ

ဟိုလူကြီးလုပ်သလို မေးခွန်းလေး ထုတ်ချင်ပါတယ်။

ဖြေကြပါဗျာ။”လို့ ကိုဘလက်က ကော်မန့်နဲ့မေးထားပါတယ်။

ကျနော်က သွေးတိုးစမ်းတာလည်းဖြစ်နိုင်တယ်လို့ ဖြေထားပါတယ်။

ဟိုးအရင်က မြန်မာစာပေတွေမှာလည်း လွန်လွန်ကဲကဲလေးတွေ ရေးတာတွေ့ဘူးပါတယ်။

လက်ခုပ်တီးတာမမြင်ရပေမဲ့ စာပေတခု အပေါ် ပရိတ်သတ်ရဲ့ တုံ့ပြန်ချက်က သိသာလွန်းပါတယ်။

ကျနော်မှတ်မိသလောက် တခဏတော့ “ဟ” ဘာလဲဟ ပေါ့ဗျာ။ နောက်တော့ မဖတ်ကြတော့ပါဘူး။

 

ပို့စ်(၁၁)အထူးအာဏာကုန်လွဲအပ်ခြင်းခံရသော

ဒီပို့စ်လေးကတော့ ကိုဘလက် ၏ လွန်စွာ စေတနာပါလှသော ပို့စ်လေးပါဘဲ။

ဟင်းကောင်းစားရလျှင် မိတ်ဆွေကောင်းကိုသတိယဆိုသလို၊ စာကောင်းပေကောင်းဖတ်ရသောကြောင့်

ဂေဇက်မိတ်ဆွေများကိုသတိတယ ရှယ်ပေးသော ကိုဘလက်ရယ်ပါ။

ဒီနေ့တင်တဲ့ပို့စ်လေးမို့ ခုချက်ချင်းဘဲ အပြေးဖတ်လိုက်ပါ။ မြန်မာပြည်သားတို့ သိသင့်သိထိုက်သော

အကြောင်းအရာများဖြစ်၍လည်းကောင်း ခုလို ခူးပြီးခပ်ပြီးအဆင်သင့် ဖြစ်၍လည်းကောင်း

လွန်စွာဖတ်ထိုက်ကြောင်းသတင်းကောင်းပါးရင်း……….

ကိုဘလက်ချော၏ လုပ်ပုံများကိုတင်ပြလိုက်ရပါတော့သည်ခင်ဗျား။

~~~~~~~~~~~~~~

လေးစားစွာဖြင့်

မောင်သစ်မင်း (^^)

17 comments

  • လင်းဝေ

    December 13, 2011 at 5:00 pm

    မန်းဂေထဲမှာ မဖွချင်ပါဘူးဆိုတဲ့သူရှိပါ့မလား။
    ဖွချင်မှု ဒီကရီ အနည်းအများပဲကွာမယ်ထင်ပါ့။
    အမှတ်တမဲ့ကြည့်ရင်တော့ လူတိုင်း လူအေးပါပဲခင်ဗျ။ ကျနော်တို့လည်း အလွန်အေးပါသည်။
    ကိုဘလက် ပို့စ်တွေ တစ်ခုချင်း သီးသန့်ဖတ်ပြီးမှ တပတ်လည် ပြန်မန့်ပါရစေခင်ဗျား။

  • windtalker

    December 13, 2011 at 7:40 pm

    အက်စ်ဘီ ၊ စီအိုင်အေ ၊ ကေဂျီဘီ ၊ မြောက်ကိုရီးယားစပိုင် ၊ တောင်ကိုရီးယားစပိုင် အို… ဘယ်ဌာန က လို ့ခေါင်းစဉ်တပ်ရမှန်းကို မသိတော့ဘူး ။

  • blackchaw

    December 13, 2011 at 7:47 pm

    ကိုသစ်ရေ။
    ကျေးဇူးတင်တယ် ဆိုတဲ့ စကားကို အထင်ရှားဆုံးဖြစ်အောင်
    ဘယ်လိုပြောရမှန်း မသိတော့ပါဘူးဗျာ။
    ဒီရက်ပိုင်း ကျွန်တော် ပို့စ်တွေ အများကြီးရေးဖြစ်ပါတယ်။
    ရေးပြီးသားတွေ ကို မတင်ဖြစ်တာကတော့
    ရိုးရိုးသားသား ဝန်ခံရရင် ကြောက်လို့ပါဗျာ။
    ဥပမာ ဗျာ – ဗိုလ်ချုပ် အတ္ထုပတ္တိကို ရုပ်ရှင်ရိုက်မယ်ပေါ့ဗျာ။
    ကျွန်တော်က စိုးရိမ်တယ်ဗျား။ တစ်သက်လုံး ကျွန်တော်တို့
    လေးစားလာရတဲ့ ဗိုလ်ချုပ် ရုပ်ရှင် ရိုက်လိုက်မှ
    အလကားပါကွာ ဆိုတာမျိုးဖြစ်သွားမလား။
    အဲဒီလို လေးတွေပါ။ ကျွန်တော်ကတော့ မရိုက်စေချင်ဘူးဗျာ။
    ဒီပို့စ်လေး တင်ပေးတဲ့ ကိုသစ်ကို ပိုချစ်သွားပြီဗျို့။
    ဖြိုးတို့လို MAN TO MAN တော့ ဟုတ်ဘူးနော်။ တလွဲမတွေးပါနဲ့။
    ကိုလင်းဝေ ရော ကိုပေ ရော ကျေးဇူးတင်ပါတယ်ဗျာ။

    • မှော်ဆရာ

      December 13, 2011 at 7:59 pm

      စေတနာရောင်ပြန်ဟတ်သွားပြီပေါ့ ဆရာဘလက်ရယ်..

    • KING

      December 13, 2011 at 9:26 pm

      လူကြီးတွေ စကားကောင်းပြောနေတဲ့အထဲ ပဲကြီးလှော် ဝင်နှိုက်အုံးမှ
      နှိုက်ဆို ဆာလို့ နှိုက်တာကို အပစ်မယူလောက်ပါဘူးနော် .. 😀
      ရွာထဲမှာ MAN TO MAN ပြောနေကြတော့
      ဟိုလေ
      GiRl tO gIrL ရော ရှိတယ်လို့ ကြားမိကြလား
      😛

  • ကိုချောက ဘယ်သူမှမတွေးမိတဲ့ စာညွန်းကိုစလုပ်ပေးတယ်။
    ကိုသစ်က စာညွန်းလုပ်သူကိုယ်တိုင်ရေးတဲ့ စာကောင်းတွေပြန်ဖော်ပေးတယ်။
    ထူးခြားတာက နှစ်ယောက်လုံးကလဲ စာကောင်းတွေရေးနေတဲ့လက်ကောင်းတွေ။
    ခင်ဗျားတို့နှစ်ယောက်ရဲ့ကောင်းမွန်တဲ့လုပ်ရပ်ကိုမြင်တော့
    ကိုယ်ရေးချင်တာတွေဘဲရေး၊
    ကိုယ်တင်ချင်တဲ့ပုံကိုတင်။
    အားမှသူများရေးတာကို ဝင်ဖတ်ပြီးကော်မင်းပေး ဆိုတာကိုဘဲနေ့စဉ်လုပ်နေတဲ့ကျနော်
    အတ္တသမားကျနော်ဖြစ်နေပြီလို့ခံစားရလာပါတယ်။
    နှစ်ယောက်လုံးကို တစ်ကယ်ကိုလေးစားပါတယ်။.

    • TTNU

      December 13, 2011 at 11:01 pm

      Me,too.
      ဒါကြောင့် တတ်နှိုင်တာလေးလုပ်ပေးလိုက်တယ်။
      ွPlus and Thumb-up!

  • weiwei

    December 13, 2011 at 9:29 pm

    ကိုဘလက်ကို ပြန်ညွှန်းပေးဖို့ ကျွန်မမှာလဲ တာဝန်ရှိတယ် …
    ဒါပေမယ့် ကျွန်မက သိပ်မအားတာနဲ့ စာတွေအကုန်မဖတ်အားလို့ ပြန်ညွှန်းပေးရလောက်အောင် အရည်အချင်းမရှိဖြစ်နေလို့ပါ …
    တံခါးစောင့်တဲ့ ကိုဘလက်စေတနာကို အထူးသတိပြုမိပါတယ် ….
    အရင်တုန်းက ကျွန်မလဲ တံခါးစောင့်ကြီးလို အားလုံးဖတ်ဖြစ်ခဲ့ပါတယ် … ဒါပေမယ့် ပြန်ညွှန်းပေးရလောက်အောင်တော့ စိတ်ထားမပြည့်ဝပေးနိုင်တာကို ဝန်ခံရင်း ကိုဘလက်စေတနာကို အလွန်လေးစားပါကြောင်း အသိပေးလိုက်ချင်ပါတယ် …

  • kai

    December 14, 2011 at 2:32 am

    ကိုရင်ဘလက်…

    ရေးပြီးသားတွေ ကို မတင်ဖြစ်တာကတော့
    ရိုးရိုးသားသား ဝန်ခံရရင် ကြောက်လို့ပါဗျာ။
    ဥပမာ ဗျာ – ဗိုလ်ချုပ် အတ္ထုပတ္တိကို ရုပ်ရှင်ရိုက်မယ်ပေါ့ဗျာ။
    ကျွန်တော်က စိုးရိမ်တယ်ဗျား။ တစ်သက်လုံး ကျွန်တော်တို့
    လေးစားလာရတဲ့ ဗိုလ်ချုပ် ရုပ်ရှင် ရိုက်လိုက်မှ
    အလကားပါကွာ ဆိုတာမျိုးဖြစ်သွားမလား။

    အဲလိုကြီးတော့ မလုပ်ပါနဲ့..။ တင်စရာရှိရင်..တင်သာတင်ပါ~နော..။

    ကိုသစ်ရေ..
    . ပြောရရင်..ကျုပ်လည်း..မျိုးဆက်၃ခုလောက်.. စာရေးစားတဲ့အမျိုးတွေပါ..။
    ဒါပေမဲ့..
    ~~သိအောင်ကြိုးစားပြီးလေ~~~~ ကိုယ်ဖြည့်စွမ်းမယ် ~~~ ” ဒန့်တန်တန်ဗျာ(^^)

  • ကိုခိုင်ရေ
    ~~သိအောင်ကြိုးစားပြီးလေ~~~~ ကိုယ်ဖြည့်စွမ်းမယ် ~~~ ” ဒန့်တန်တန်ဗျာ(^^)
    အဲလိုစိတ်ကလေးကတော့ရှိပါရဲ့။
    ဒါပေမယ့်ကျနော်တို့ဆီက လူစွဲသိပ်ကြီးတယ်။
    ဘာမဟုတ်တဲ့ကိစ္စတစ်ခုနဲ့ အကြီးကြီးဖြစ်သွားတတ်တော့
    အများနဲ့ကွဲလွဲတဲ့ကိစ္စတွေပါ လက်ရှောင်ကြတာများပါတယ်။
    ကိစ္စတစ်ခုကို အကြောင်းအချက် ပြည့်ပြည့်ဝဝနဲ့ သဘောမတူတာကို တင်ပြမယ်။
    ငြင်းမယ်ဆိုတာထက် မနိုင်နိုင်ရာ နဲ့ကိုင်ပေါက်ကြတာများပါတယ်။
    အဲတော့ တော်ရုံကိစ္စမှာ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဝင်မပြောကြတာတော့တာကတော့
    အမှန်တရားပါဘဲ။
    ငြိမ်းချမ်းစွာကွဲလွဲခွင့်ရဘို့က ဒီမှာအတော်လေးခက်ခဲတဲ့ကိစ္စတစ်ရပ်ပါဘဲ ကိုခိုင်ရေ။

  • ကြောင်ကြီး

    December 14, 2011 at 9:41 am

    ဘလက်တို့လုပ်ပုံ
    ကြပ်လို့ဒုတ်ခုန်
    ကပ်ပျို့ဘုတ်ဆုံ
    ဓာတ်ငြို့ဟုတ်တုန်
    ရပ်ဖို့မလှုပ်တုန်
    ခက်သဗျို့ရှုပ်ကုန်…။ 😛

  • ကိုရင်စည်သူ

    December 14, 2011 at 1:15 pm

    ကိုဘလက်နဲ့ ကိုသစ်တို့ကတော့
    ရွာထဲက တပ်ဖွဲ့မှာ စစ်သူကြီးတွေပါပဲလား။
    စစ်သူကြီးဘလက်ချောခင်ညား….
    ရေးစရာရှိတာသာ ရေးပါ… အားပေးနေပါတယ်..
    စာပေစစ်ပွဲတို့မည်သည် စစ်သူကြီးများ ဝင်တိုက်ပါမှ
    ပိုမိုမြိုင်ဆိုင် သွေးတက်ဖွယ်ဖြစ်၏….. 👿 👿

    ဗုံထမ်းသမားလေး
    ကိုရင်စည်သူ

  • ဆူး

    December 14, 2011 at 1:25 pm

    အရှေ့က စစ်သူကြီးတွေ တိုက်ပွဲဝင်လို့ ချီတက်သွားတာ ဟုတ်ပါပြီ အနောက်က ဘာလို့ ဗုံးထမ်းပြီး လိုက်တာလဲ.. ဘာဗုံးလဲတော့ မသိဘူး..
    ပေါက်ဗုံးလား
    နံဗုံးလား
    ရေဗုံးလား..

    ပိုစ်လေး တခု ရေးထားရင် တံခါးစောင့်ကြီးထဲ ပါမလားလို့ ရှာရတာ အမော..
    လူတကာကို တံခါးစောင့်ကြီး မှတ်တမ်းတင်ပေးပေမဲ့ တံခါးစောင့်ကြီးကို မှတ်တမ်း ပြန်တင်ပေးသင့်တယ်။

    • ကိုရင်စည်သူ

      December 14, 2011 at 2:32 pm

      ဖွားဆူးကလဲ …. ရှေးခေတ်က တိုက်ပွဲတွေမှာ
      ရှေ့တန်းက တိုက်ခိုက်တဲ့သူတွေ စိတ်ဓါတ်တက်ကြွအောင်
      ဗုံတွေတီးပြီး ဗုံသံတွေ ဒုန်းဒုန်းအုန်းအုန်းနဲ့ တက်ကြွအောင်လုပ်ပေးတယ်…
      ရွာထဲမှာ အညတရ နောက်တန်းစစ်သားလေးကိုရင်က ရှေ့တန်းက
      မတိုက်နိုင်လို့ နောက်ကပဲ ဗုံသံပေးပြီး အားပေးနေတယ်ပြောတာပါဂျာ…
      ဖွားဆူးနော်… တို့အပေါ်ဆို သူသိပ်ပြီး မြင်တတ်တာပဲ… 😳 😳

  • alinsett

    December 14, 2011 at 7:51 pm

    ဆရာသစ်မင်း..ရေ..

    ပို ့စ်တစ်ခု ကို နောက်ထပ် ပို ့စ်တစ်ခု ဖြစ်လာအောင်..ရေးတာ..။ဆရာသစ်မင်းရဲ ့ ပို ့စ် တင်ပြပုံ ဆွဲဆောင်မှု ရှိတာကို တွေု ့ရတော့ ကျွန်တော် တော်တော် ကြိုးစားရဦးမယ်..လိုူ ့ တွေးမိပါတယ် ။

    ဆရာသစ်မင်းရဲ ့ပို ့စ်တွေက အမြဲလိုလို ပဲ… တွေးခေါ်စရာ မှတ်သားစရာတွေပါနေတာ..တွေ့ ့ရလို ့ လေးစားစွာ…ခင်မင်မိပါတယ်။

    ပြီးတော့ ကျွန်တော် လေးစား နေတဲ ့ဆရာတော်ဦးဇောတိက ကို လည်း ………..ဆရာသစ်မင်းက လေးစားတာမို ့ ဆရာသစ်မင်းကို ထပ်လေးစားရပါတယ် ။

    (အံမယ် ။ ဆရာသစ်မင်း ကို လေးစားခင်မင်တဲ ့အကြောင်းရေးရင် ပို ့စ်ခုတော့ ရမယ်ထင်တယ်နော်။ ။အဟဲ..)

    ဆရာသစ်မင်းရဲ ့ စာရေးသားမှု..က အင်မတန် ပြေပြစ်ပြီး ဖတ်ရတာ ပေါ့ပါးတယ် ။ ဒါပေမယ့် တပြိုင်တည်းမှာပဲ..လေးနက်တဲ ့ အတွေးတွေကို ပေးပြန်တယ် ။

    ကျွန်တော့်ကို ရေးပုံရေးနည်း သင်ပေးနေသလိုပါပဲ။

    ကျေးဇူးတင်…ခင်မင်…လေးစားလျက်ပါ။

    လေးစားစွာ…

    အလင်းဆက်

  • ပေါက်ဖော်

    December 14, 2011 at 8:08 pm

    လုပ်ပုံကတော့..ပြောမနေနဲ ့..
    တားတို ့တွေ..အန်ကယ်ချောလို..လိုက်မလုပ်နိုင်ဘူး….
    လုံးဝလေးစားတယ်

  • MaMa

    December 14, 2011 at 8:46 pm

    ဆြာသစ်ရေ-
    လိုအပ်ချက်ကို မြင်တတ် ဖြည့်တတ်လို့ ….
    အားလုံးရဲ့ ကိုယ်စား …
    ဆြာဘလက်အပေါ် တာဝန်ကျေပွန်လိုက်တာမို့ …
    ကျေးဇူးပါပဲ။
    🙂 🙂 🙂

Leave a Reply