အရိုးကျီးပေါင်းရောဂါ လက္ခဏာများ

mg wineDecember 7, 20111min1097

ဒီတပတ် ဇက်ရိုးကျီးပေါင်းရောဂါ လက္ခဏာလေးတွရေးချင်ပါတယ်။ခြုံငုံပြီးလေ့လာမိသလောက် ရေးပါ့မယ်။လည်ဆစ်ရိုးမှာ ဖြစ်ပုံခြင်း မတူတာတွေ
ရှိတာ လက်တွေ့ လေ့လာ သိရှိရပါတယ်။ ဇက်ကြောတက်ခြင်း၊ ခေါင်းကျဉ်ခြင်း၊ပခုံးသားများရောင်တင်းနေခြင်းအုံးလွဲသလိုဖြစ်ခြင်း ဦးခေါင်းငုံမရခြင်း
လက်များရောင်ခြင်း၊ကျဉ်ခြင်း၊လက်ပြင်ငုတ်သလိုဖြစ်ခြင်းဖြစ်တတ်ပါတယ်။
နောက် တခုကလည်ဆစ်ရိုး၁၊၂၊၃၊လောက်မှာကျီးပေါင်းတက်သူတွေကချာချာလည်အောင်မူးခြင်း၊အာရုံစိုက်၍အမူကိစ္စများမပြုလုပ်နိုင်ခြင်း၊စိတ်မကြည်
လေးလံခြင်း၊ဦးခေါင်းလေး၍အုံခဲနေခြင်း၊သွေးပေါင်တက်သည့်လက္ခဏာများ ဖြစ်သလိုဖြစ်နေခြင်း၊သမ်းဝေခြင်းဖြစ်တတ်ပါသည်။
ဇက်ရိုးကျီးပေါင်းတက်သူများသည် အောက်ပိုင်းလေးလံခြင်း ထုံခြင်း လည်းဖြစ်တတ်ပါသည်။နောက်ဆုံးဇက်တောင့်ခြင်းဇက်ခိုင်ခြင်းလည်းကြုံတွေ့နိုင်ပါ
သည်။ကျီးပေါင်းတက်သူများမှာလက်များကျည်ခြင်း၊ကိုက်ခြင်း၊ လက်သီးဆုပ် အားမကောင်းခြင်း (ကိုင်တွယ် မမြဲခြင်း)လက်တဖက် ကျည်ခြင်းအပြင် လက်မောင်းဆစ်ကိုက်ခြင်း၊ ပင့်မြှောက်၍ မကောင်းတာကိုလည်းခံစားရနိုင်ပါသည်။
ခါးဆစ်ရိုးကျီးပေါင်းလက္ခဏာများမှာ….မကြာခဏ ခါးနာရာမှ စပါသည်။ခါးကြောတောင့်တင်းခြင်း၊တင်းပါးခွက်အောင့်ခြင်း
၊ပေါင်တွင်းကြောများ၊ခြေသလုံးမောင်းတင်ကြောကိုက်ခြင်း၊အောက်ပိုင်းလေးခြင်း၊ခြေချောင်းလေးများကျည်ခြင်း၊ကြာကြာထိုင်ပြီးထလျှင် ကြာကြာထိုင် ကြာကြာ၊
ရပ်လျှင် ခါးနာလာပါသည်။ပက်လက်ကြာကြာမအိပ်နိုင်ခြင်း၊ ရောဂါရင့်လာလျှင် အောက်ပိုင်းသေတတ်ပါသည်။
ဒူးဆစ်ရိုးကျီးပေါင်းရောဂါ လက္ခဏာများမှာ အကွေးအဆန့်ပြုလျှင် ခက်ခဲခြင်း၊ထိုင်ထပြုလျှင် ဒူးမှနာကျင်ခြင်း၊အတက်အဆင်းလုပ်လျှင် နာကျင်ခြင်း၊
ဆောင့်ဆောင့်မထိုင်နိုင်ခြင်း၊ ကွေးဆန့်ရာတွင်ဒူးမှအသံမြည်ခြင်း၊ဒူးဆစ်ရောင်ခြင်း၊ဂုံညင်းဒိုးပတ်လည်ရှိအရွတ်များပျက်ဆီးနေခြင်း၊
စသောလက္ခဏာများမှာ အရိုးကျီးပေါင်းရောဂါ လက္ခဏာများဖြစ်ပါသည်။ ပြည့်စုံမူ ရှိချင်မှရှိနိုင်ပါမည်။လေ့လာမိသလောက်ရေးပြခြင်းဖြစ်ပါသည်။
တိုင်းရင်းဆေးပညာဖြင့် ဆေးစည်းခြင်း၊ ဆေးလိမ်းခြင်း ၊ဆေးကြပ်ထုပ်ထိုးခြင်း၊ တိုင်းရင်းဆေးသမားတော်သုံး (ဆေးခန်းသုံး)ကို စားခြင်းဖြင့် ပျောက်
ကင်းပါသည်။ စနစ်ကျသောအကြောပြုပြင်ခြင်းပြုရန်လည်း လိုအပ်ပါသည်။
ဆေးကြပ်ထုပ်နည်းကို ဖေါ်ပြပြီးဖြစ်ပါသည်။ လိမ်းဆေးကိုလည်းဖေါ်ပြပြီးဖြစ်ပါသည်။ထပ်မံ၍ တိုင်းရင်းဆေးခန်းသုံး အကင်း၁ဝပါးဆေး နှင့် ၊အမှတ်၂၉
ဆေးကိုလိမ်းဆေးအဖြစ် လိမ်း၍ရပါသည်။ရေးချိုးပြီးစတွင်၎င်း၊ ကျီးပေါင်းတက်ရာနေရာတွင်၎င်း လိမ်းနိုင်ပါသည်။
နှမ်းဆီ ၁ဝကျပ်သား
ပရုပ် ၃ကျပ်သား
သိုင်းမို ၁ကျပ်သား
မင်သော် ၁ကျပ်သား
လေးညှင်းဆီ ၂ကျပ်သား
ယူကလစ်ဆီ ၂ကျပ်သား
တို့ကိုရောစပ်၍ မိတ်ဿလင်၊ ချင်းတက်၊ ၁ဝကျပ်သားကို မုန့်ညင်းဆီ၁ဝကျပ်သားဖြင့် ချက်ပြီးရသောအရည်ကိုရောစပ်ကာလိမ်းခြင်းဖြင့်သက်သာပါသည်။
ကြပ်ထုပ်ကို တနာရီလောက်ထိုးပြီး ဆေးဆီကို ခပ်ရွှဲရွှဲ အသားထဲစိမ့်ဝင်အောင်လိမ်းပါ။ သက်သာတာကိုတွေ့ရပါ့မယ်။လုံးဝပျောက်ကင်းရန် ဆေးစည်းရပါမည်။
ဆရာထက်သည် ၎င်း ရောဂါကို လူထောင်ပေါင်းများဏါာကို သက်သာပျောက်ကင်းအောင် ကုသခဲ့ ကြောင်း လေ့လာရပါသည်။လိမ်းဆေး ကြပ်ထုပ်ဆေးသည် အန္တရာယ်မရှိပါ ဝေဒနာရှင်များ လုပ်ကြည့်စေချင်ပါသည်။ မရှင်းသည်များ ဆရာထက်ထံတွင်မေးကြပါကုန်။

7 comments

  • windtalker

    December 7, 2011 at 10:04 pm

    ကောင်းလေစွ ကိုမောင်ဝိုင်းရေ
    ကူးသွားပါတယ် နော်
    ခွင့်ပြုပြီးသား ဖြစ်မယ် လို ့ထင်ပါတယ် ခင်ဗျာ

  • koyinmaung

    December 7, 2011 at 10:05 pm

    ကိုဝိုင်းခင်ဗျာအရိုးဆက်ပညာပို့စ်မှာကျနော်မေးထားတာလေးရှိပါတယ်ပြန်မဖြေသေးလို့
    ဒီပို့မှာပြန်ကူးတင်ပေးလိုက်ပါတယ်………….

    ကိုဝိုင်းခင်ဗျာ…..
    ကျနော်နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်
    (မချက်ရသေးရင်ကြက်ခြေတောက်ရနိုင်မလားမေးတယ်။
    ကြက်ကလည်းစောစောကမှသတ်တဲ့လတ်လတ်ဆတ်ဆတ်ပါ။
    ဆရာကကြက်သေခြေတောက်ကိုတူနဲ့ကျွန်တော်ကိုထုခိုင်းပါတယ်။
    ကျွန်တော်ကလည်းအားရပါးရထုပါတယ်။ကြေမွလောက်ပြီဆိုမှဆရာကိုပေးလိုက်တယ်၊
    ဆရာက ကြက်ခြေတောက်ကိုဆေးစည်တယ်ဒုတ်ချောင်းထည့်ပြီးကြပ်ကြပ်ကလေးပတ်တီးနဲ့စည်တာပါ။
    ပြီးတော့“ခဏနော်” ဆိုပြီးသူကုစရာရှိတဲ့လူနာကိုဆက်ကုပါတယ်။
    ၁၂နာရီထိုးတော့ ကျွန်တော်တို့ထမင်းစားကြပါတယ်။
    ကြက်ခြေတောက်ကိုဆေးစည်းထားတာကိုပဲကျွန်တော်ကစိတ်ဝင်စားနေမိပါတယ်။
    ဆရာကဓါးလေးထုတ်ပေးပြီးကျွန်တော်ကိုကြက်ခြေတောက်ကိုအရေခွံခွာခိုင်းပါတယ်
    ကျွန်တော်လည်း အရေခွံကိုတလွှာချင်းခွာတယ်။အကြောလေးတွေဖယ်ထုတ်တယ်။
    ထူးတယ်ဗျာ ကြက်ခြေတောက်ကနဂိုအတိုင်းပဲ ပြောစရာရှိတာက
    ကွေးလိုက်တော့ ဖယောင်းတိုင်အပူပေးထားသလို ကွေးသွားတယ် ကြက်အရိုးက ညီနေတာပဲ။
    ကြေမွနေတဲ့ အရိုးဗျာ ဆက်နေတယ် ညီနေအောင်ဆက်တာ)
    ဒီအကြောင်းအရာတွေကကိုဝိုင်းကိုယ်တိုင်ကြုံခဲ့တာလားတဆင့်ပြောတာကိုကြားခဲ့တာလားဆိုတာသိပါရစေ…
    သက်ရှိသတ္တဝါတိုင်းအရိုးကျိုးသွားယင်အဲ့ဒီနေရာကိုဘာမှမလုပ်ဘဲငြိမ်ငြိမ်လေးထားယင်တောင်
    သူ့အလိုလိုပြန်ဆက်နိုင်ပါတယ်…ညီညီညာညာမရှိယင်သာ နေတာပါ
    ခုကိုဝိုင်းပြောသွားတာကသေနေတဲ့အကောင်ရဲ့ခြေထောက်တူနဲ့ထုထားတာ
    ကြေမွနေတာ ဒါကိုပြန်ကောင်းတယ်ဆိုတော့ ဆေးစွမ်းတာလား
    ကုတဲ့သူကတန်ခိုးရှိတာလား….
    နည်းနည်းလောက်ထပ်ရှင်းပြပါလား…လေးစားစွာဖြင့်
    ကိုရင်မောင်

  • mg wine

    December 8, 2011 at 9:31 am

    ဟုတ်ကဲ့ ဆရာကိုရင်မောင်ခင်ဗျား အခုလို အမှတ်တရ ရှိတာ လေးစားပါတယ်
    ကြက်ကိစ္စ က ဆေစည်း ပြီးချက်ချင်းကညီနေပါတယ် ဆက်ပါတယ် ခဏနေတော့
    ပြန်ပြုတ်သွားပါတယ် ခင်ဗျား။ဒါတောင် ချက်ချင်းသတ်ထားတာပါ။သေနေတဲ့
    သတ္တဝါကိုတော့မရနိုင်ပါဘူး။ခဏဆိုခဏလေးပါ။နောက် နဂိုကြေနေတဲ့ အတိုင်းပါပဲ။
    သက်ရှိသတ္တဝါတိုင်း အရိုးပြန်ဆက်တယ်ဆိုတဲ့ နေရာမှာ အရိုးဖြစ်ဆဲလ်ကြောင့်ပါ
    ကျွှန်တော် အတွေ့ အကြုံအရတော့ ပြန်ဆက်တာ မှန်ပေမယ့် ဖုတာ ဖေါင်းတာ ကောက်တာ
    ကွေးတာ ရှိနေပါတယ်။လူတွေ ကျိုးတဲ့ အခါ နဂို အတိုင်းပြန်ကောင်းတာရှားပါတယ်
    တိုင်းရင်းဆေးကတော့ မြန်ပြီး သန်တာကိုလက်တွေ့ပါ။ကျွန်တော် ကိုယ်တိုင်လိုက်ပြီးလေ့လာ
    ရင်း အရိုးကျိုးတဲ့ လူတွေကို မေးမြန်းပါတယ် ။ဆရာထက် ဆေးကို စည်းပြီးနာရီပိုင်းအတွင်း
    လုပ်ရှားနိုင်တာ၊ရရက်လောက်နဲ့ ထက်ပိုင်းကျိုးတွေ ကောင်းမွန်စွာလုပ်ရှားနိုင်တာ လက်တွေ့ပါ။
    ဆေးဆရာကြော်ငြာနေခြင်းမဟုတ်ပါ။ဒီလို နည်းမျိုးကျွန်တော်တာမသိတာပါ ဝါးခယ်မ ၊
    ကျွန်းကုန်းမော်လမြိုင်ကျွန်း အိမ်မဲ၊ပုသိမ် မြောင်းမြနဲ့ အခြားဧရာဝတီတိုင်းတွေမှာ
    ဒီပညာကပြန့်နံ့နေပါတယ်။အရိုးကျိုးရင်အများစုတိုင်းရင်းဆေးပဲ စည်းတာပါ။တခု ပြောချင်ပါသေးတယ်
    အသက် ၃၅နှစ်လောက်ရှိတဲ့ လူငယ်တယောက် သစ်ပင်ပေါ်ကကျတယ် လက်ဇျံရိုးကျိုးသွားတယ်
    တင်ပါးဆုံခွက်လွဲသွားတယ် ကွာသွားတယ် လက်ကသွင်သွင်ကျိုးတာပါ လမ်းမလျှောက်နိုင်ဘူး
    လက်ကတော့ ရက်ပိုင်းနဲ့ အရိုးဆက်ပါတယ်။၁၅ရက်ကြာတော့ ပုံမှန် မနိုင် ပြုနိုင်ပါတယ်
    တင်ပါးဆုံကို ကုသရင်း ၁၅ရက်မှာ လမ်းလျှေက်တယ်ဗျာ လူတွဲနဲ့လျှောက်တာပါ တစ်လကြာတော့
    ပုံမှန်လက်လွတ်လျှောက်တယ် နောက်တော့လည်းပုံမှန်ပါပဲ။ပြောရ ရင် အများကြီးကိုရင်မောင်ရေ
    အရိုးဆက်တာတော့ လက်တွေ့ပါ ပုသိမ်က ကမ္ဘကျော် အရိုးဆက်မှာလည်းကြုံ ရင်လေ့လာလို့ ရပါတယ်
    ကိုရင်မောင် မေးတာချက်ချင်းမဖြေဖြစ်တာ ကျွှ့န်တော် ခရီးသွားနေလို့ နက်ဆိုင် မထိုင်ဖြစ်တာရယ်
    ထိုင်ရင်လည်း ခဏလေး သတင်းတပုဒ်ရေးတာနဲ့ပါ စိတ်မဆိုးပါနဲ့ခင်ဗျား။

  • lulinmg

    December 8, 2011 at 12:16 pm

    ကျိုုးတာနဲ့ပါတ်သက်လို့ ဗမာဆေးက လုံးဝပြန်ကောင်းတယ်ဆိုတာ
    ယုံပါတယ် လက်တွေ့ပဲ။ အရိုူးကျီးပေါင်းနဲ့ပါတ်သက်လို့
    လည်ဆစ်ရိုးမှာကျီးပေါင်းတက်ပြီးခေါင်းမူးတယ်၊သမ်းဝေတယ်၊
    ဆေးခန်းသွားပြတော့အရိုးကျီးပေါင်းတဲ့
    ကိုမောင်ဝိုင်းဆောင်းပါးထဲက ဆေးနည်းကူးပြီး ကျွန်တော့်အဒေါ်ကို
    ဆေးကျပ်ထုတ်ထိုးတယ်၊ လိမ်းဆေးလိမ်းပေးတယ်
    တိုင်းရင်းဆေးခန်းမှာဆေးအမှတ်တွေသွားဝယ်တော့ဟိုက
    အလကားပေးလိုက်ပါတယ်။လုပ်ကြည့်တော့သိသိသာသာသက်သာသွားတယ်ဗျ
    ကျေးဇူးတင်တယ်ကိုမောင်ဝိုင်းရေ စည်းတဲ့ဆေးနည်းလေးဖေါ်ပြပေးရင် ပိုကောင်းမယ်
    ဒီ့ထက်ကောင်းတာက ဆရာထက်ကိုဆေးနည်းနိုင်ငံတော်ကိုလှူလိုက်ရင်
    ပိုအကျိုးရှိမလားလို့ အဒေါ်ကိုဆေးစည်းပေးချင်လို့ ဖြစ်နိုင်ရင်
    ဆေးနည်းလေးဖေါ်ပြပေးပါ။

  • Shwe Tike Soe

    December 8, 2011 at 12:40 pm

    ကိုမောင်ဝိုင်း ကျေးဇူးဗျာ.. ကျွန်တော် အဲဒါသိချင်နေတာ ကျွန်တော်တို.က နေ.တိုင်းကွန်ပျူတာကြည့်နေရတာဆိုတော့ အဲဒီရောဂါ အချက်အလက်တွေကို သိချင်တာ အခုတော့ ဆေးနည်းလေးပါပေးတော့ ပိုအဆင်ပြေသွားတာပေါ့ ကြိုတင်ကာကွယ် လိုရသွားပါပြီး ကျေးဇူး 😀

  • Novy

    December 8, 2011 at 1:07 pm

    ကိုမောင်ဝိုင်းရေ..
    ကျေးဇူးတင်ပါတယ် မိတ်ဆွေတွေ ထည်မှာလဲ ကျည်းပေါင်း ဖြစ်တဲ့လူတွေရှိလို့
    ပြန်ပြီးမျှဝေလိုက်မယ်နော်

  • mg wine

    December 8, 2011 at 4:33 pm

    ကိုလုလင်ခင်ဗျား
    ဆရာထက်က ၂၀၀၃ခုနှစ်က တိုင်းရင်းဆေးကို ပညာလှူထားပြီးသားပါ
    အရိုးကျီးပေါင်းရောဂါ ကိုယ်တွေ့ကုထုံးစာတမ်းလို့ သိရပါတယ်။
    ဆရာထက် မကြာခင်ရက်မှာ ရန်ကုန် သွားမယ်လို့ သိရပါတယ် အကိုတွေ့ပြီးမေးကြည့်ပါ
    ဖုန်းနံပတ် တောင်းပေးပါ့မယ်။အကို ကဆေးဆရာ မဟုတ်တော့ ဆေးနည်းကသူပေးမှ
    ပဲရမှာပါ။အကို့ အဒေါ်ကို ကျွှန်တော် ဆောင်းပါးထဲက အတိုင်းဆောင်ရွက်တာ
    သက်သာတယ်ဆိုလို့ ဝမ်းသာပါတယ်ခင်ဗျား။

Leave a Reply