ကျွန်တော့ ခြေလှမ်းတွေကို အိမ် ထဲကို မလှမ်းသေးခင် လက်ထဲမှာ ဆွဲလာသော မုန့်ထုပ်တွေ ကို

ကျောပိုးအိတ်အနောက်သို့ အသာဖွက် လိုက်သည်..အိမ်ထဲ လှမ်းဝင်ပြီးမျက်လုံးဝေ့ ကြည့်လိုက်တော့

အားလုံး တီဗီ ဇာတ်လမ်းမှာမျောနေတာ မြင်လိုက်ပြီး အမေတယောက်သာ သူ့ကိုမြင်သွားလျက်.. ဟော.

သားလေးပြန်လာပြီ အတော်ပင်ပန်းနေတဲ့ပုံပဲ .

သမီးငယ် နင့်အကိုလေး ကိုသောက်ရေတခွက်ခပ်ပေး လိုက်ပါဦး..ခဏနားနေလိုက်ဦး

ပြီးမှ ရေချိုးထမင်းစား ဒါနဲ့ လည်ပင်းအကြောညှပ်တာရော သက်သာ ရဲ့လား

အိပ်ခါနီးကျရင်အမေဆေးလိမ်းပေးမယ်..

အမေပြောတာတွေကိုနားထောင်နေရင်း စိတ်ထဲသူ လမ်းမှာ ကြိုတွေးထားသလိုအမေတော့ လည်ပင်းနာတာ

ကိုအိမ်ရောက်ရင်မေးအုံးမယ်ထင်ထားတာ မှန်နေသဖြင့်  အတော်ကြည်နူးသွားရင်း ခေါင်းလေး  အသာညိမ့်ကာ

ထမင်းအရင်စားမယ် အိပ်ခါနီးမှ ရေချိုးတော့မယ် ရော့ဒီမှာ

အိမ်အတွက် မုန့်တွေဝယ်လာတယ်အရင်စားလိုက်ကြဦး ပြီးမှတီဗီ ဆက်ကြည့်ကြပေါ့..

ဟုပြောကာ ထမင်းစားခန်းသို့ တန်းဝင်ခဲ့လိုက်သည်…ထမင်းခူးကျွေးဖို့အတွက် ညီမတွေ

ကိုမနှောင့်ယှက်ချင်တော့ တာနှင့် ကိုယ့်ဘာသာ ထမင်းခူးနေရင်း ဒီနေ့ အိမ်ကို လာဖို့မှာထားသော

လူတယောက်လာမလာ လှမ်းမေးမိသည်..အဲဒီမှာတင်ဇာတ်လမ်းက စတော့သည်ကိုး သူတို့ကလည်း

တီဗီကိုစိတ်ဝင်စားနေတော့ ကိုယ်မေးတာကို အာရုံမစိုက် .သုံးလေးခွန်းမေးလည်း စကားပြန်မလာတော့

လူကကျွဲမီး တိုလာသည်..ဟိတ်မေးနေတာ မကြား ကြဘူးလား ..အဲသလို မေးလိုက်ပြီးကာမှ

ကိုယ့်အသံကျယ်သွားမှန်း တော့သိလိုက်သည်..ဒါပေမဲ့ ထိန်းမရတော့..ဒီမှာတင်ပဲ အမေက သူထိုင်နေတာ

မြင်နေရက် နဲ့တောင်လေသံ ဒီလောက်ကျယ်ရကောင်းသလား ဒါသူ့ကိုမလေးစားတာ အရေးမထားတာဆိုပြီး

ဆူတော့သည်.ခုနကသားလေးပြန်လာပြီလားအသံတော့ မဟုတ်တော့ ဒီတော့ သွားပြီဟု သူ့စိတ်ထဲ

ခံစားလိုက်ရပြီး သူ့မေးနေတာကို အလေးမထားကြတာကိုစိတ်တို

လို့အော်မိကြောင်းရှင်းပြလည်းမရတော့..အမှန်တော့ ကိုယ်ဘက်ကကြည့်ပါက အငယ်တွေက

ကိုယ့်ကိုမထေမဲ့မြင်လုပ်တာဟုမြင်သလို အမေဘက်မှကြည့်လျင်လည်း သူ့ကိုကိုယ်က

အဲလိုလုပ်တယ်ဟု မြင်နိုင်တယ်ဆိုတာကို မတွေးပေးမိ သြော် ဒေါသပေါ့လေ

နောက်တော့အမေ့ထံမှ ကျန်ခဲ့တဲ့ ရက်များစွာကကျွန်တော် လုပ်ကိုင်နေပုံ မဟုတ်ကြောင်း

သူထင်သောအချက်များ ကိုပါဆွဲသွင်းလာတော့သည်..ကျွန်တော်ကလဲ ငြိမ်ခံမနေတတ်တော့ ပြန်၇ှင်းပြ ရင်းနဲ့

သားအမိ နှစ်ယောက်အတောသတ်လို့မရတော့..ဆူနေရင်း ရှင်းပြရင်းနဲ့ပဲ နောက်ဆုံးတော့ အမေမျက်ရည်

ကျသွားရသည်..ကျွန်တော်အနေ နဲ့ပြန်၇ှင်းပြနေတာကို ကအမေ့ကို ပိုဒေါသထွက်အောင်လုပ်မှန်းသိပေမဲ့

ကိုယ်မမှားကြောင်း ရှင်းပြချင်တဲ့ ညဉ်လေးက ထိန်းမရ..အခုအမေ မျက်ရည်ထွက်နေတာမြင်ရတော့

စိတ်ထဲအတော်လေးမှားမှန်းခံစားလိုက်ရပြီးအသာလေးငြိမ်နေလိုက်ရတော့သည်..အမေကတော့

မျက်ရည်များနဲ့ ဆက်ပြောနေတုန်း…

လူကပါးစပ်ကသာ ငြိမ်နေသော်လည်း စိတ်ထဲက တော့ အမေ့ကိုမှားမှန်းဖွင့်ဝန်ခံချင်သည်. ဒါပေမဲ့

ဝန်ခံဖို့လည်းစိတ်မရဲ .စာတွေဖတ်မှတ်ပြီး အသိဥာဏ်တွေ စုဆောင်းနေပေမဲ့ အမေ့ကိုမျက်ရည်ကျအောင်ထိ

ပြန်ပြောနေမိခဲ့သော ကိုယ့် ကို ကိုယ်လည်း စိတ်ပျက်မိ..ညီမတွေကလည်းစကားမပြောကြတဲ့အပြင်

ကိုယ်ဝယ်လာတဲ့မုန့်လည်း ကိုင်တောင်မကြည့်ကြ ဒါနဲ့တယောက်တည်း

ကွန်ပျူတာရှေ့ထိုင်ပြီးဘာလုပ်ရင်ကောင်းမလဲတွေးရင်း အမေ့ကို တောင်းပန်ဖို့အတွက်

ဒီဝန်ခံစာလေးရေးဖြစ်သွားပါသည်ဗျား…

 

PS. သဂျီးက ရေးဖူးတယ် စိတ်ထဲမှာ မကျေလည်တာ( ခံစားနေမိတာ )ရှိရင် တယောက်ယောက်ဆီိမှာ ဖွင့်ဟ ပြီးစိတ်ပေါ့သွားအောင် လုပ်လိုက်တာအကောင်းဆုံးပဲတဲ့…ကျွန်တော်ကတော့ ရွာထဲမှာကိုဟစ်လိုက်တယ်..

 

About amatmin

amatmin has written 27 post in this Website..