Sweet December

Ma MaDecember 8, 20111min54544

မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်း ဆိုပြီး ရာသီဥတု ၃ မျိုး ရှိပါတယ်။
အဲဒီ ၃ မျိုးထဲမှာမှ နှင်းတွေဝေပြီး သဇင်တွေပွင့်တဲ့ အေးချမ်းတဲ့ ဆောင်းရာသီကို အနှစ်သက်ဆုံးပဲ။
ဆောင်းရာသီနဲ့ ပတ်သက်ပြီး ရေးဖွဲ့ထားတဲ့ ကဗျာတွေ စာတွေကလည်း များမှများလို့ ထင်မိပါတယ်။
(ရွာထဲမှာတင် ဆောင်းရာသီဖွဲ့ ကဗျာတွေ၊ ဓာတ်ပုံတွေ မနည်းဘူးပဲ။)
တစ်နှစ်တာ မောပမ်းသမျှကို အေးချမ်းမှုပေးတဲ့ ဒီဇင်ဘာဟာ ဆောင်းရာသီလည်းဖြစ် တစ်နှစ်တာရဲ့ နောက်ဆုံးလလည်းဖြစ်ပြီး ပွဲလမ်းသဘင်နဲ့
အမှတ်တရတွေလည်း များပြားလှပါတယ်။
နှစ်တိုင်း ဒီဇင်ဘာလရောက်ပြီဆိုတာနဲ့ အလုံမြို့နယ်က အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်မှာ Sweet December, Happy New Year ဆိုတဲ့ စာလုံးကြီးတွေကို ရေးထားတာတွေကလည်း ဒီဇင်ဘာရဲ့ အမှတ်တရတွေထဲက တစ်ခုပေ့ါ။
(ဘယ်အချိန်ကစပြီး ရေးတာလဲမသိ၊ ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၄-၅ နာရီလောက် လမ်းမပေါ်ရောက်တော့ ရေးပြီးနေပြီ။)
ငွေနှင်းစိုစို လပြာသို ဟာ နှစ်တစ်နှစ် ကို အေးချမ်းမှုတွေနဲ့ လက်ပြနှုတ်ဆက်တတ်သလို
ဒီဇင်ဘာလဟာလည်း တကမာ္ဘလုံးကို ခရစ်စမတ်တွေ၊ နယူးရီးယား အကြိုတွေနဲ့ အမှတ်တရတွေ အများကြီး ပေးတတ်ပါတယ်။
ရွက်ဟောင်းတွေ ကြွေပြီး ရွက်သစ်တွေ ဝေတဲ့ ရာသီမို့ လောကကြီးကိုလည်း အရောင်အသွေးစုံစုံလင်လင်နဲ့ ပန်းချီချယ်ထားသလို လှပစေတာကလည်း ဆောင်းရာသီကို နှစ်သက်စေမိတဲ့ အကြောင်းတွေထဲက အချက်တစ်ချက်ဖြစ်ပါတယ်။
အနှစ်သက်ဆုံးဖြစ်စေတာကတော့ ကိုယ့်မွေးလမို့ဖြစ်မယ်။ 😀


ဆစ်ဂနေချာ ထိုးမထားသော ဒါ့ပုံဆြာတစ်ယောက်၏ပုံကို အလွဲသုံးစားပြုထားပါသည်။

လှရက်ပါပေ့ ဆောင်းပန်းချီလို့တောင် တင်စားလိုက်ချင်တယ်။

ကမာ္ဘတလွှားထင်ရှား ကျော်ကြားသော ဒီဇင်ဘာမွေးများဆိုပြီး တင်ချင်ပေမယ့် အဖဦးဂူဂယ်၊ အမိဒေါ်ဝီကီတို့နဲ့ အကျွမ်းမဝင်တာကြောင့်…

ကိုယ်သိတဲ့ဆီကပဲ ပြန်ပြောပြတော့မယ်။

ဓနုရာသီဖွား (သို့) ဘဝ စစ်သည်တော်များ

အင်္ဂလိပ်ရက် နိုဝင်ဘာလ (22)ရက်ကနေ ဒီဇင်ဘာလ (21)အတွင်း မွေးဖွားကြသူများဟာ ဓနုရာသီဖွားများ ဖြစ်ကြ ပါတယ်။ ဓနုရာသီဟာ (၁၂)ရာသီခွင်မှာ (၉)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ရာသီခွင်ရုပ်ပုံကတော့ “လေးနဲ့ချိန်ရွယ်ထားတဲ့ လူတစ်ပိုင်း မြင်းတစ်ပိုင်းရုပ်” ဖြစ်ပါတယ်။ ဓနုရာသီဖွားများဟာ ဆရာသမား၊ အကြီးအကဲ၊ ဘာသာရေး ခေါင်းဆောင် ယုဂ်များ ရတဲ့ရာသီဖြစ်ပါတယ်။
ဓနုရာသီဖွားများဟာ ဘဝတိုက်ပွဲကို အမြဲတိုက်ခိုက်နေကြသူများ၊ တိုက်ခိုက်နေကြလိုသူများ ဖြစ်ပါတယ်။ သူတို့ဟာ အမြဲတမ်း ဘဝတက်လမ်း၊ ကြီးပွားရေး တိုးတက်ရေးများကို ကြံစည်နေ ကြသူများဖြစ်တယ်။
ဉာဏ်ပညာကြီးသူများဖြစ်ပြီး ဘယ်ပညာကိုမဆို အလွယ်တကူ တတ်မြောက်နိုင်ကြသူများ ဖြစ်ကြတယ်။
အမြဲတမ်း လေ့လာသင်ယူနေတတ်ကြသူများဖြစ်ပြီး အသက်ကြီးတဲ့အထိ အနားမယူကြတဲ့သူများထဲမှာ “ဓနုရာသီ” ဖွားများကို အများဆုံးတွေ့တတ်ပါတယ်။ ဓနုရာသီဖွားများဟာ အိမ်ထောင်ဆက် များတတ်ကြသူများ ဖြစ်တတ်ပါတယ်။ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးမျိုးကို ဓနုရာသီဖွားတွေမှာ တွေ့ရခဲလှပါတယ်။ ဓနုရာသီဖွားများရဲ့ အကြီးဆုံးအားနည်းချက်ကတော့ သူတို့နဲ့ သဘောမတွေ့သူကို စကားဆိုရာမှာ “ပိသာလေး နဲ့ ဘေးကိုပစ်သလို” ပြောတတ်ကြလို့ လူချစ်လူခင် မများလှသူများလည်း ဖြစ်လေ့ ရှိတတ်ပါတယ်။
ဘာဘဲဖြစ်ဖြစ် သူတို့ဟာ အမြဲတမ်းတက်ကြွလှုပ်ရှားနေသူများ ဖြစ်ကြပြီး ဘဝတက်လမ်းကို အမြဲတမ်း ကြံစည်လုပ်ကိုင်နေတတ်ကြလို့ သူတို့ကို “ဘဝ စစ်သည်တော်များ” လို့ နာမည်ကင်ပွန်း တပ်ပေးလိုက်ပါတယ်။
(ကွန်ပြူဗေဒ သုခုမ မှ ကြိုက်နှစ်သက်သည်များကို ကူးယူဖော်ပြပါသည်။)
အဲဒီထဲမှာမှ ကိုယ်ကြိုက်တာကို ရွေးရရင် အကြီးအကဲ ခေါင်းဆောင် ယုဂ်တွေရတယ်ဆိုတာပေ့ါ။

ကိုယ့်ဘဝကို အရင်းတည်ပြီး ဝါသနာ စေတနာ အနစ်နာဆိုတဲ့ နာ ၃ နာ နဲ့
ကျန်းမာရေးနဲ့ ပညာရေးလုပ်ငန်းတွေမှာ တနိုင်တပိုင်ကနေ ကြိုးစားလာလိုက်တာ ယခုလက်ရှိမှာ လူအများရဲ့ ချစ်ခင်ကြည်ညိုလေးစားမှုကို ရရှိနေတဲ့ ဆရာမကြီး ဒေါက်တာစင်သီယာမောင်ရဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာလုပ်တဲ့ မွေးနေ့ပွဲလေးက ဒီဇင်ဘာမွေးတွေအတွက် အနီးစပ်ဆုံး ဂုဏ်ယူစရာတစ်ခုလို့ ထင်မိပါတယ်။

ဒေါက်တာစင်သီယာမောင်ရဲ့ လုပ်ရပ်က (ကိုယ်မကြိုက်တဲ့ ပြောကြားချက်မို့ 🙂 ) လူချင်လူခင်မများဘူးဆိုတဲ့ ဟောစာတမ်းကို ချေဖျက်လိုက်နိုင်မယ်လို့ ထင်မိတယ်။

ကိုယ်နဲ့ရာသီတူ မွေးတဲ့ဒီဇင်ဘာဖွားများအတွက် မိုးပြာရောင် တာကွိုက်စ် အဆောင်ကျောက်လေးကို လက်ဆောင်ပေးရရင်ဖြင့်…

တာကွိုက်စ် ကျောက်သည်
၁. ငြိမ်းချမ်းခြင်း၊ ကံကောင်းခြင်း၊ လုံခြုံစိတ်ချခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတို့ကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း၊

၂. ဥပစ္ဆေဒကကံ ကျရောက်ခြင်းမှ ကာကွယ်ခြင်း၊ မကောင်းသော ဘေးဒဏ် တို့မှ ကာကွယ်ပေးခြင်း၊

၃. အန္တရာယ်တစ်စုံတစ်ခု ကျရောက်ခါနီးပါက အရောင်ပြောင်းသွားခြင်း၊

၄. စိတ်ဝိဉာဏ်ကို သန့်ရှင်း ကြည်လင်စေခြင်း၊ ယုံကြည်မှုတိုးပွားစေခြင်း၊ ပညာဉာဏ်ကြီးမားခြင်း၊ နားလည်စာနာစိတ်၊ ကရုဏာစိတ် တိုးပွားခြင်း

၅. အဆောင်လက်ဖွဲ့၊ ပီယဆေးများအဖြစ် အသုံးပြုနိုင်ခြင်း၊

၆.စီးပွားရေး လုပ်ငန်းဆောင်တာများ ကောင်းမွန်တိုးတက်စေခြင်း စသည့် အစွမ်းသတ္တိများ ရှိကြောင်း ယုံကြည်လက်ခံကြပါတယ်။
(အစိမ်းရောင်လွင်ပြင်မှ ကူးယူဖော်ပြပါသည်။)

ကဲ- ဒီဇင်ဘာမွေး ရွာသူားများအားလုံး ကံကောင်းခြင်းလက်ဆောင်တွေနဲ့အတူ ကျန်းမာချမ်းသာ ပျော်ရွှင်စွာဖြင့် နှစ်သစ်မှာ အောင်မြင်မှုသရဖူဆောင်းနိုင်ကြပါစေ။ 🙂

နေဝန်းနီကတော့ စိတ်ကူးယဉ်မနေနဲ့ နွေရာသီရောက်လာတော့မယ်.. တဲ့။ 🙁

(ဆရာလေး ဂီဂီ၏ ဘယ်ကျော် ပိုစ့်ကို ဖတ်ပြီး ကိုယ်ရည်သွေးသည်။ 😆 )

44 comments

  • thit min

    December 8, 2011 at 4:36 pm

    လ စုံ ရေးရ မယ်နော်။ တလထဲ မရဘူးဗျ။

  • နွယ်ပင်

    December 8, 2011 at 4:52 pm

    ” ငွေနှင်းစိုစို လပြာသို ဟာ နှစ်တစ်နှစ် ကို အေးချမ်းမှုတွေနဲ့ လက်ပြနှုတ်ဆက်တတ်သလို
    ဒီဇင်ဘာလဟာလည်း တကမာ္ဘလုံးကို ခရစ်စမတ်တွေ၊ နယူးရီးယား အကြိုတွေနဲ့ အမှတ်တရတွေ အများကြီး ပေးတတ်ပါတယ်။
    ရွက်ဟောင်းတွေ ကြွေပြီး ရွက်သစ်တွေ ဝေတဲ့ ရာသီမို့ လောကကြီးကိုလည်း အရောင်အသွေးစုံစုံလင်လင်နဲ့ ပန်းချီချယ်ထားသလို လှပစေတာကလည်း ဆောင်းရာသီကို နှစ်သက်စေမိတဲ့ အကြောင်းတွေထဲက အချက်တစ်ချက်ဖြစ်ပါတယ်။
    အနှစ်သက်ဆုံးဖြစ်စေတာကတော့ ကိုယ့်မွေးလမို့ဖြစ်မယ်။ ” ထောက်ခံပါတယ် ထောက်ခံပါတယ် 🙂
    နွယ်ပင်လဲ ဒီဇင်ဘာလလေးကို အရမ်းကိုနှစ်သက်ပါတယ် ဘာကြောင့်လဲဆိုတော့ အန်တီမမလိုပါပဲ ဟိ 😛

  • ရှေးတုန်းကဆောင်းကို ဝင်းဦးက ဒီလိုဆိုထားခဲ့ပါတယ်။
    “ငွေနှင်းမူံရီ ထုံဝေစီ မြောက်လေဆော်သွေး အေးတဲ့လရာသီ သယမအခါဆီ”တဲ့။
    မေလှမြိုင်ကတော့
    ကိုအံ့ကြီးကတော့
    “နှင်းမူံပက်ဖျန်းမြောက်ပြန်လေ ဆော့သရမ်းလို့လားကွယ် ထွေးမလုံ……”တဲ့
    “အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ မယ်တစ်ရွာမောင်တမြို့တော့ နေလို့လဲမဖြစ်နိုင်ပါပြီ”တဲ့။
    တက္ကသိုလ်ခင်မောင်ကြီးကတော့
    “မြောက်ပြန်လေ တစ်ချက် ကသုတ်ကရက်ရိုက်ခတ်သည့်အခါဝယ် ချစ်သူ့ရနံ့မွှေးပျံ့ပျံ့ကိုပြန်လည်သတိရအောင့်မေ့လှတယ်”တဲ့
    ကိုသန်းလှိုင်ကတော့
    “မူံပြာရီ ရာသီတွေပြောင်း ……….တစ်ဆောင်းသစ်ပြန်ပြီ ငွေနှင်းမူံရီ “တဲ့။
    စိုင်းခမ်းသီကတော့
    “တုံရီကာ ချမ်းလွန်းတဲ့ဆောင်းညရက်ဝယ်………………ညှာတာပါဆောင်း”တဲ့
    ဗစ်တာခင်ညိုကတော့
    “ဒီဇင်ဘာနံနက်ခင်း မင်းလွမ်းတတ်ရင် အမှတ်တရနေရာဟောင်း”တဲ့
    မွန်းအောင်ကတော့
    “ငွေနှင်းလေးတွေ တဖွဲဖွဲကျခဲ့ပြီဆောင်းရယ်………”တဲ့
    ဘိုထီးကတော့ ပြန်ခံစားတာလေ
    “အချစ်ဆုံးနဲ့လမ်းခွဲကာ ဟိုဆီသွားမယ့် ဒီဆောင်းတစ်ညဝယ် အချစ်ဆုံးလဲလမ်းခွဲကာ ငိုနေခဲ့တယ်”တဲ့
    ကျနော်ဖေးဘရိတ်ထူးအိမ်သင်ကတော့
    “ညအရိပ်မှာ လလိပ်ပြာလွှင့်ဆဲ ပြူတင်းများမှာ နှင်းများလာရိုက်ခတ် အိုဟို တစ်ဆောင်းသစ်ပြန်ပြန်ပြီ” တဲ့

    လေးဖြူကတော့ သူများသီချင်းကိုစာသားသွတ်လု့ိခံစားပါတယ်
    “အိုး ဒီဇင်ဘာ…………………နှင်းကလေးတွေတဖွဲဖွဲကျ” တဲ့
    မမပို့စ်လေးကိုဖ တ်လိုက်တော့ ဖျတ်ကနဲရင်ထဲကိုရောက်လာတဲ့ဆောင်းဘွဲ့သီချင်းလေးတွေပါ။

    • MaMa

      December 8, 2011 at 8:53 pm

      ဆောင်းဘွဲ့သီချင်းတွေနဲ့ အားဖြည့်ပေးတဲ့ ကိုပေါက်ကို ကျေးဇူးအထူးပါ။
      (မနက်ကတည်းက ဆောင်းနဲ့ပတ်သက်တဲ့ သီချင်းထည့်ချင်နေတာ ကွန်မကောင်းတာနဲ့ မထည့်လိုက်နိုင်တာကို ဖြည့်ဆည်းပေးလို့)

    • TTNU

      December 8, 2011 at 11:12 pm

      ကိုပေါက်ရေ.. တွံတေးသိန်တန်ကလည်း
      ” ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါပဲ… စိတ်မှာစွဲ..”

      မမရေ.. Turquoise Stone လေးတွေ လှလိုက်တာနော်။ သူ့ အရောင်ကိုက
      အအေးရောင်ဆိုတော့ ဒီဇင်ဘာလနဲ့ အံကိုက်ပဲနော်။
      နွေမှာမွေးတဲ့ တီချာကလေ ဆောင်းကို တအားကြိုက်နေတာ။

  • ဒီလိုဖြစ်ရမှာနော်
    မေလှမြိုင်ကတော့
    “အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ မယ်တစ်ရွာမောင်တမြို့တော့ နေလို့လဲမဖြစ်နိုင်ပါပြီ”တဲ့။
    ကိုအံ့ကြီးကတော့
    “နှင်းမူံပက်ဖျန်းမြောက်ပြန်လေ ဆော့သရမ်းလို့လားကွယ် ထွေးမလုံ……”တဲ့
    ရေးရမှာဘယ်လို လွဲသွားတယ်မသိဘူးဗျာ

  • alinsett

    December 8, 2011 at 6:30 pm

    ကျွန်တော်လည်း ဆောင်းနဲ ့နှင်းကို ချစ်တယ်ဗျ။
    မြန်မာပြည်ရဲ့ ့ရာသီဥတုတွေကတော့ မုန်းစရာ သိပ်မကောင်းပါဘူးဗျာ..နော့။

    အခုတောင်….ကမ္ဘာ မှာ ဒုတိယ လည်ပတ်အပန်းဖြေဖို ့အကောင်းဆုံး စာရင်း ဝင်ထားတယ်လေ..။

    ဒီ ခံစားမှု ပို ့စ်လေးကို ကျွန်တော်…နှစ်သက်ပါတယ် ။

    နောက်လည်း ဒါမျိုးလေးတွေ.ရေးပါဥှိး။

  • koaung

    December 8, 2011 at 7:04 pm

    မြန်မာပြည်ရဲ့ရာသီဥတုထဲမှာဒီဇင်ဘာလကိုအနှစ်သက်ဆုံး

  • koyinmaung

    December 8, 2011 at 7:46 pm

    စောစောအိပ်လို့စောစောထလို့
    စောစောလမ်းလျှောက်ကြပါစို့ သီချင်းလေးသတိရမိတယ်
    ငယ်ငယ်တုန်းက ဒီဇင်ဘာလရောက်တိုင်း
    နံက်စောစောသူငယ်ချင်းတွေနဲ့လမ်းလျှောက်ထွက်
    ထန်းတောကိုသွား ထန်းရည်သောက်ကြတာ
    အမှတ်ရမိပါရဲ့……..

  • naywoonni

    December 8, 2011 at 7:51 pm

    အော် … မမက ဓနု ကိုး…။ ကျွန်တော်က ဗြိစ္ဆာ…။ ကင်းမလက်မဲ ဆိုတော့ အမှောင်ခိုပြိး အလစ်ချောင်းတိုက်တာ ဝါသနာပါတယ်..။ ကိုယ့်ဘက်က အသာစီးယူပြိးမှတိုက်ရတာ သဘောကျတယ်…။ အဲဒိတော့ အဲဒိတော့ ချီတိုက်ခံခွာ နည်းဗျူဟာကိုမသုံးဘူး…။ ကိုယ့်ဘက်က ကာဘာကောင်းကောင်း နဲ့ ကိုယ်နိုင်မဲ့သူဆိုရင် အပြတ်ဆော်တာပဲ…။ မနိုင်လောက်ဘူးထင်ရင် ကိုယ်ရှိနေမှန်း မသိစေရဘူး..။ ဟာာ…..။ ဆောင်းရာသီပို့စ်နဲ့ နေဝန်းနီ မှတ်ချက်လိုက်ပါ့ ကွာ…။ ခင်ညားကြီးက ဗေဒင် အကြောင်းပါ ထည့်ရေးထားတာကိုး….။ အဲဒါတွေ ရှုပ်ကုန်တာ…..။

  • inz@ghi

    December 8, 2011 at 8:04 pm

    ဒီဇင်ဘာ ၂၂ကနေ ဇန်ညော်ရီ ၂၁ ကြားမွေးသူတွေကျတော့ အကျုံးမဝင်ဘူးဆိုပီးချင်ရက်ခဲ့လေခြင်း…

    ကတ်ပရီကွန်းတွေလည်း ၃ပုံ၁ပုံ မဟုတ်ရင် ၄ပုံ၁ပုံတော့ ဒီဇင်ဘာနဲ့ အမျိုးတော်ကြောင်းပါ…

    တောင်ဆိတ်
    ဂီဂီ

  • blackchaw

    December 8, 2011 at 8:10 pm

    ကျွန်ုပ်တို့ အောက်တိုဘာ မွေးသူများအတွက်လည်း ရေးသင့်ပါသည်။
    တစ်ရွာတည်းနေကြသူများ ဖြစ်ပါသဖြင့် သာတူညီမျှ အခွင့်အရေးရသင့်ပါကြောင်း။

    • weiwei

      December 8, 2011 at 8:22 pm

      ဟုတ်တယ်နော် ကိုဘလက် …
      ကျွန်မလဲ အောက်တိုဘာမို့လို့ ဝင်ရောက်ထောက်ခံပေးလိုက်ပါသည်။ 😛

      အခုနှစ် ဒီဇင်ဘာက အေးလဲ မအေးဘူးနော် …

      • MaMa

        December 8, 2011 at 9:32 pm

        ဝေဝေရေ-
        ပိုစ့်ကို ရေးတုန်းက မြှုပ်ကွက်လေးတစ်ခု ချန်ခဲ့တာ။
        မန့်တဲ့လူတွေ မသိရင် နောက်ဆုံးမှ ဖော်မယ်ဆိုပြီးတော့ပေ့ါ။
        ခုတော့ မဝေက ဖော်လိုက်လို့ ပြောရတော့မယ်။
        ငယ်ငယ်တုန်းလို ဆောင်းတွင်းဆို မနက်ဖက် နှင်းတွေကျပြီး
        မှိုင်းမှုန်နေတဲ့ ရှု့ခင်းလေးကို မမြင်ရတာ ကြာပြီ။
        ဆောင်းတွင်းဆိုပြီး အနွေးအကျီင်္တောင် ဝတ်စရာမလို လို့ အဲဒါကို ဖီးလ် ဖြစ်နေတာ 🙁

  • MaMa

    December 8, 2011 at 8:29 pm

    အစကတော့ သူများအတွက် မစဉ်းစားမိဘူး။ (တကိုယ်ကောင်းဆန်နေကျဆိုတော့ 🙁 )
    ဆြာဘလက်က သာတူညီမျှအခွင့်အရေးတောင်းဆိုလာတော့ နေသာတော့ဘူး။ 😀

    မောင်ဂီအတွက်

    မကာရရာသီဖွား (သို့) ပညာရှိသော်လည်း သတိဖြစ်ခဲလှသူများ

    အင်္ဂလိပ်ရက် ဒီဇင်ဘာလ (22)ရက်ကနေ ဇန်နဝါရီလ (19)အတွင်း မွေးဖွားကြသူများဟာ မကာရရာသီဖွားများ ဖြစ်ကြ ပါတယ်။ မကာရရာသီဟာ (၁၂)ရာသီခွင်မှာ (၁၀)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ကသစ်ဂြိုဟ်ဟာ “စနေဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ အင်္ဂါဂြိုဟ်ဟာ “ဥုစ်”အဖြစ် ရပ်တည်ပြီး၊ ကြာသပတေးဂြိုုဟ်ဟာ “နိစ်မူ” တဲ့ ရာသီလည်း ဖြစ်ပါတယ်။ ရာသီခွင်ရုပ်ပုံကတော့ “ဆိတ်တစ်ပိုင်းငါးတစ်ပိုင်း မကန်းကောင်ရုပ်” ဖြစ်ပါတယ်။ “စရရာသီ” , “မြေရာသီ” , “ကျား” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – အင်္ဂါဂြိုဟ် “ဥုစ်” ဖြစ်တာကြောင့် “စိတ်ဓာတ်တက်ကြွလျှင်မြန်မှု” နဲ့ စနေဂြိုဟ် ကသစ်ဖြစ်တာကြောင့် “ချင့်ချိန်ဝေဖန်နှိုင်းနှိုင်းဆဆလုပ်တတ်မှု” နှစ်ခုအကြားမှာ ပဋိပက္ခဖြစ်နေကြသူများ အဖြစ် တွေ့ရပါတယ်။ တစ်ခါတစ်ရံမှာ အလွန်တက်ကြွလျှင်မြန်သလို တစ်ခါတစ်ရံမှာ အလွန်ဖင့်နွဲ လေးကန် တတ်ကြသူများ ဖြစ်နေကြပြန်ပါတယ်။ ကုန်းသတ္တဝါ နဲ့ ရေသတ္တဝါ တို့ရဲ့ ပေါင်းစပ်မှုကြောင့် ကုန်းမှာ မှာလည်း အပြည့်ကျက်မစားနိုင်၊ ရေမှာလည်း အပြည့်ကျက်မစားနိုင်တာကြောင့် ဟိုမရောက်သည်မရောက်နဲ့ ဘဝကံကြမ္မာ တိုးလို့တန်းလန်းဖြစ်နေတဲ့ မကာရ ရာသီဖွားတွေကို အတွေ့ရအလွန်များပါတယ်။ အတွေးအခေါ်မြင့်မားပြီး လူကဲခတ် အလွန်ကောင်းကြသူများဖြစ်လို့ လူဆိုး/လူကောင်းခွဲခြားရာမှာ အလွန်တော်သူများဖြစ်ကြပါတယ်။ ဘာသာရပ်ပေါင်းစုံကို နှံ့စပ်ကျွမ်းကျင်ကြသူများဖြစ်လို့ ဘယ်လိုလူမျိုးနဲ့မဆို စကားအခြေအတင် ဆွေးနွေးပြောဆို နိုင်ကြပြီး အပေါင်းအသင်း အလွန်ဆန့်ကြသူများ ဖြစ်တတ် ကြပါတယ်။ လူစိမ်းများနှင့် ချက်ခြင်းမိတ်ဆွေဖြစ်လွယ်ပြီး တစ်ဖက်သား,ကျလောက်အောင် ပြောဆိုတတ်လို့ အပေါင်း အသင်း များသူများ၊ လူသိများသူများ ဖြစ်ကြပေမယ့် နေရာတစ်ကာ ဆရာလုပ်လိုတဲ့ “ဉာဉ်လေး” ရှိတတ်တာမို့ ရေရှည်မှာ အပေါင်းအသင်းမိတ်ဆွေများနှင့် ဆက်ဆံရေး မခိုင်မြဲတတ်တာကို တွေ့ရတတ်ပါတယ်။ ဒီလို လူမှုဆက်ဆံရေး ချို့ယွင်းလာကြောင့် ရေရှည်မှာ စီးပွားရေး၊ ကြီးပွားရေးတွေကို ထိခိုက်လာတတ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို မကာရ ရာသီဖွား အတော်များများဟာ သတိမမူမိတတ်ကြပါဘူး။ ဒါကြောင့် သူတို့ကို “ပညာရှိသော်လည်း သတိဖြစ်ခဲ လှသူများ” လို့ အမည်ပေးကင်ပွန်းတတ် ပေးလိုက်ပါတယ်။

    ဆြာဘလက်အတွက်-
    (အောက်တိုဘာက ၂ပိုင်းကွဲနေလို့ ၂ခုလုံး တင်ပေးလိုက်ပါတယ်။)

    တူရာသီဖွား (သို့) သဘောထားမျှတကြသူများ

    အင်္ဂလိပ်ရက် စက်တင်ဘာလ (23)ရက်ကနေ အောက်တိုဘာ (22)အတွင်း မွေးဖွားကြသူများဟာ တူရာသီဖွားများ ဖြစ်ကြ ပါတယ်။ တူရာသီဟာ (၁၂)ရာသီခွင်မှာ (၇)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ကသစ်ဂြိုဟ်ဟာ “သောကြာဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ စနေဂြိုဟ်ဟာ “ဥုစ်”အဖြစ် ရပ်တည်ပြီး တနင်္ဂနွေဂြိုုဟ်ဟာ “နိစ်မူ” တဲ့ ရာသီလည်း ဖြစ်ပါတယ်။ ရာသီခွင် ရုပ်ပုံကတော့ “ချိန်ခွင်ရုပ်” ဖြစ်ပါတယ်။ “စရရာသီ” , “လေရာသီ” , “ကျား” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – တူရာသီဖွားများဟာ အေးချမ်းစွာ နေလိုတတ်ကြသူများဖြစ်ပြီး စည်းကမ်းသေဝတ်ကြသူများ၊ တရားဥပဒေ ကို ရိုသေလေးစားလိုက်နာကြသူများဖြစ်ပါတယ်။ သောကြာဂြိုဟ် ကသစ်ရလို့ နှစ်လိုဘွယ်ကောင်းတဲ့ ရုပ်ရည်၊ ဥပတိရုပ်မျိုး ရှိတတ်ကြပြီး လူအများနှင့်လည်း သင့်မြတ်စွာ ပေါင်းသင်းနိုင်ကြပါတယ်။ သူ့ဖက်ကိုယ့်ဖက် မျှတတဲ့ အယူအဆမျိုး ရှိပြီး ကိုယ်ခြင်းစာတရား မြင့်မားကြသူများလည်း ဖြစ်ကြပါတယ်။ စနေဂြိုဟ်ဟာ “ဥုစ်မူ” ပြီး အားပြည့် တာကြောင့် ဇွဲကောင်းသူများ၊ လုံ့လ ဝီရိယရှိသူများ၊ ရှေ့ရေးကို ကြိုတင်တွက်ဆပြီး ရေရှည်စီမံကိန်းများ ဆွဲတတ်ကြသူများလည်းဖြစ်ပါတယ်။ “စိတ်ရှည်၊ ဇွဲသန်၊ သည်းညဉ်းခံ” ဆိုတာ သူတို့ရဲ့ ဆောင်ပုဒ်လို့ တင်စားရမလိုပါဘဲ။ ဒါပေမယ့် “ချိန်ခွင်ရုပ်” ဟာ မျှတမှုကို ကိုယ်စားပြုသလို ချိန်ခွင်လျှာဟာ အတိမ်းအစောင်းမခံတဲ့ သဘာဝလည်း ရှိနေပါတယ်။ ဒါကြောင့် “တူရာသီဖွား” များဟာ အပေါင်းအသင်း မှားလို့ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းအရာကြောင့် ဖြစ်စေ ချိန်ခွင်တစ်ဖက်ကို အလေးပစ်ထည့်လိုက်တဲ့အခါ ချိန်ခွင်လျှာ စောင်းသွားသလို အတွေးအခေါ် အယူအဆ တိမ်းစောင်း သွားတတ်ပြီး အစွန်းရောက်ခြင်း၊ အယူသည်းခြင်း၊ လမ်းမှားရောက်ခြင်းများ နှင့် ကြုံဆုံရတတ်တာကို အထူးသတိပြု သင့်လှပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် “တူရာသီ” ဖွား အများစုဟာ ချိန်ခွင်ရုပ် သဏ္ဍန်နှင့် တူညီစွာ ပြုမူတတ်ကြလို့ သူတို့ကို “သဘောထားမျှတကြသူများ” လို့ အမည်ပေး ကင်ပွန်းတပ် ပေးလိုက်ပါတယ်။

    ဗြိစ္ဆာရာသီဖွား (သို့) လျှို့ဝှက်ပြီး အသိရခက်သူများ

    အင်္ဂလိပ်ရက် အောက်တိုဘာလ (23)ရက်ကနေ နိုဝင်ဘာလ (21)အတွင်း မွေးဖွားကြသူများဟာ ဗြိစ္ဆာရာသီဖွားများ ဖြစ်ကြ ပါတယ်။ ဗြိစ္ဆာရာသီဟာ (၁၂)ရာသီခွင်မှာ (၈)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ကသစ်ဂြိုဟ်ဟာ “အင်္ဂါဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ ရာဟုဂြိုဟ်ဟာ “ဥုစ်”အဖြစ် ရပ်တည်ပြီး၊ တနင်္လာဂြိုုဟ်ဟာ “နိစ်မူ” တဲ့ ရာသီလည်း ဖြစ်ပါတယ်။ ရာသီခွင်ရုပ်ပုံကတော့ “ကင်းမြီးကောက်ရုပ်” ဖြစ်ပါတယ်။ “ထိရရာသီ” , “ရေရာသီ” , “မ” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – ဗြိစ္ဆာရာသီဟာ “အင်္ဂါဂြိုဟ်” ပိုင်တဲ့ရာသီဖြစ်လို့ စွန့်စားခြင်း၊ တိုက်ခိုက်ခြင်း၊ အကြံကြီး ခြင်း၊ ရည်မှန်းချက် ကြီးခြင်းများ ရှိပေမယ့် “ရာဟုဂြိုဟ်” ဥုစ်မူတဲ့အတွက် လျှို့ဝှက်ခြင်း၊ တိတ်တဆိတ်ကြံစည်ခြင်း၊ အချစ်ရေး အိမ်ထောင်ရေး စတဲ့ ဘဝ ရှုတ်ထွေးမှုများခြင်းများ ရှိတတ်ပါတယ်။ “တနင်္လာ” ဂြိုဟ် အားမရှိလို့ စိတ်ထားပျော့ ပြောင်း နူးညံ့မှု မရှိလှဘဲ လိုအပ်လာရင် ကိုယ်ခြင်းစာတရားကို လစ်လျူရှုနိုင်ကြသူများဖြစ်တယ်။ ညအခါ ဘက်မှာ ထွက်ပြီး ကျက်စားတတ်တဲ့ “ကင်းမြီးကောက်” နဲ့ သဏ္ဍန်တူစွာ လျှို့ဝှက်စွာ ကြံစည်လုပ်ကိုင်တတ်ကြသူများဖြစ်တတ်တယ်။ သူတို့ ရဲ့ အတွင်းသဘောကို အလွန်အသိရခက်ပါတယ်။ အင်္ဂါဂြိုဟ်ပိုင်လို့ စိတ်ဓာတ် ထက်မြက်ပေမယ့် “ထိရ” ရာသီဖြစ်လို့ မိဿရာသီဖွား များလောက် အရင်မလိုတတ်ကြဘဲ အချိန်ကောင်းအခါကောင်းကို စိတ်ရှည်စွာ စောင့်ဆိုင်းနိုင်ကြသူများ ဖြစ်ပါတယ်။ ကင်းမြီးကောက်ဟာ လက်မနှစ်ချောင်းကို အရောင်ပြပြီး အဆိပ်ပါတဲ့ အမြီးနဲ့ ထိုးတတ်သလို ဘဝတိုက်ပွဲကို တိုက်ခိုက်ဖို့ အရာရာကို အဆင့်သင့်ပြင်ထားတတ်ကြသူများဖြစ်ပါတယ်။ ခက်ခဲနက်နဲတဲ့ အတတ်ပညာရပ်များ၊ ဂမ္ဘီရပညာ ရပ်များ၊ လျှို့ဝှက်မှုကို ဖော်ထုတ်ရတဲ့ပညာရပ်များကို လိုက်စားနိုင်စွမ်းရှိပြီး ထူးလည်း ထူးချွန်တတ်ကြပါတယ်။ သူတို့ဘဝ ဟာ လျှို့ဝှက်ခြင်းများ၊ ကွယ်ဝှက်ထားခြင်းများရှိတတ်ပြီး သူတို့ရဲ့ အတွင်းစိတ်အမှန်ကိုလည်း အကဲခတ်ရန် ခက်ခဲလှတာမို့ သူတို့ကို “လျှို့ဝှက်ပြီး အသိရခက်သူများ” လို့ နာမည်ကင်ပွန်းတပ်ပေးလိုက်ပါတယ်။

    တခြား ရာသီဖွားတွေလည်း အောက်ကလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
    http://compubaydathukhuma.com/?p=1070

    • weiwei

      December 8, 2011 at 9:06 pm

      ကျွန်မက တူရာသီမို့ သဘောထားမျှတသူတစ်ဦးဖြစ်ပါတယ် … 😛 😛 😛

      • amatmin

        December 8, 2011 at 9:44 pm

        အန်တီဝေ ပြောတာအင်မတန်မှန်ကန် သင့်မြတ် ရိုးရှင်းသော စကားတရပ်ဖြစ်ပါကြောင်း… တူ တူချင်းမို့ ဝင်ပြောတယ်မထင်ပါနှင့်..
        ကျွန်တော်က ၁ဝ လပိုင်းဖွားနော်.. 🙂
        အန်တီမမ ရေ သဘောထားမျှတကြသူများ ဆိုတဲ့ စကားလေးက
        ကျေနပ်ဖို့အတော်ကောင်းဗျ..

    • inz@ghi

      December 9, 2011 at 8:51 am

      ခုပဲ ချုံးပွဲချရမလို ခုပဲ လက်ပန်းပေါက် ထခတ်ရမလို ခံစားရတဲ့…….
      ခုဖက်နမ်းလိုက် ခုပါးထချလိုက် ဟောစတမ်းဂျီးဘာလားဟရို့ …..

      အဲ့လိုဒွေ ဟောထားတော့ …..Nicolas Cage နဲ့Lewis Hamilton တို့နဲ့
      မွေးနေ့တူတဲ့ ဂီဂီလေးက ဘာလုပ်စားရမှာတုန်းဟင်င်င်င်

  • MaMa

    December 8, 2011 at 8:50 pm

    အဆောင်ကျောက်တွေ လိုချင်ရင်တော့ ချောရဲ့ အစိမ်းရောင်လွင်ပြင်မှာ ယူနိုင်ကြကြောင်းပါ..
    http://www.planet.com.mm/beautynfashion/detail.cfm/type/fashion/id/234 အဲဒီလင့်ခ်မှာလည်း ရနိုင်ပါတယ်။

  • ကိုရင်စည်သူ

    December 8, 2011 at 8:58 pm

    ကိုရင်က ဓနုရာသီဖွားလေးပါဂျာ..
    ဒီဇင်ဘာလ ၁၂ရက်နေ့က တားတားမွေးနေ့ပါ… မမ 😉 😉
    ခုလို တားတားတို့ ဓနုရာသီဖွားတွေကို ဗေဒင်တွက်ပေးလို့
    သိုင်းကယူးဘဲရီးမတ်စ်ပါနော့… 😀 😀
    ဒီဇင်ဘာနှင်းတွေနဲ့အတူ အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ…

    ပုံ
    စစ်သည်တော်ကိုရင်

    • MaMa

      December 8, 2011 at 9:24 pm

      မွေးနေ့မှီသေးတယ်။ ကျွေးလို့ရတယ်နော် အားမနာနဲ့။ 🙂

  • naywoonni

    December 8, 2011 at 9:09 pm

    ဗြိစ္ဆာရာသီဖွား (သို့) လျှို့ဝှက်ပြီး အသိရခက်သူများ

    အင်္ဂလိပ်ရက် အောက်တိုဘာလ (23)ရက်ကနေ နိုဝင်ဘာလ (21)အတွင်း မွေးဖွားကြသူများဟာ ဗြိစ္ဆာရာသီဖွားများ ဖြစ်ကြ ပါတယ်။ ဗြိစ္ဆာရာသီဟာ (၁၂)ရာသီခွင်မှာ (၈)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ကသစ်ဂြိုဟ်ဟာ “အင်္ဂါဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ ရာဟုဂြိုဟ်ဟာ “ဥုစ်”အဖြစ် ရပ်တည်ပြီး၊ တနင်္လာဂြိုုဟ်ဟာ “နိစ်မူ” တဲ့ ရာသီလည်း ဖြစ်ပါတယ်။ ရာသီခွင်ရုပ်ပုံကတော့ “ကင်းမြီးကောက်ရုပ်” ဖြစ်ပါတယ်။ “ထိရရာသီ” , “ရေရာသီ” , “မ” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – ဗြိစ္ဆာရာသီဟာ “အင်္ဂါဂြိုဟ်” ပိုင်တဲ့ရာသီဖြစ်လို့ စွန့်စားခြင်း၊ တိုက်ခိုက်ခြင်း၊ အကြံကြီး ခြင်း၊ ရည်မှန်းချက် ကြီးခြင်းများ ရှိပေမယ့် “ရာဟုဂြိုဟ်” ဥုစ်မူတဲ့အတွက် လျှို့ဝှက်ခြင်း၊ တိတ်တဆိတ်ကြံစည်ခြင်း၊ အချစ်ရေး အိမ်ထောင်ရေး စတဲ့ ဘဝ ရှုတ်ထွေးမှုများခြင်းများ ရှိတတ်ပါတယ်။ “တနင်္လာ” ဂြိုဟ် အားမရှိလို့ စိတ်ထားပျော့ ပြောင်း နူးညံ့မှု မရှိလှဘဲ လိုအပ်လာရင် ကိုယ်ခြင်းစာတရားကို လစ်လျူရှုနိုင်ကြသူများဖြစ်တယ်။ ညအခါ ဘက်မှာ ထွက်ပြီး ကျက်စားတတ်တဲ့ “ကင်းမြီးကောက်” နဲ့ သဏ္ဍန်တူစွာ လျှို့ဝှက်စွာ ကြံစည်လုပ်ကိုင်တတ်ကြသူများဖြစ်တတ်တယ်။ သူတို့ ရဲ့ အတွင်းသဘောကို အလွန်အသိရခက်ပါတယ်။ အင်္ဂါဂြိုဟ်ပိုင်လို့ စိတ်ဓာတ် ထက်မြက်ပေမယ့် “ထိရ” ရာသီဖြစ်လို့ မိဿရာသီဖွား များလောက် အရင်မလိုတတ်ကြဘဲ အချိန်ကောင်းအခါကောင်းကို စိတ်ရှည်စွာ စောင့်ဆိုင်းနိုင်ကြသူများ ဖြစ်ပါတယ်။ ကင်းမြီးကောက်ဟာ လက်မနှစ်ချောင်းကို အရောင်ပြပြီး အဆိပ်ပါတဲ့ အမြီးနဲ့ ထိုးတတ်သလို ဘဝတိုက်ပွဲကို တိုက်ခိုက်ဖို့ အရာရာကို အဆင့်သင့်ပြင်ထားတတ်ကြသူများဖြစ်ပါတယ်။ ခက်ခဲနက်နဲတဲ့ အတတ်ပညာရပ်များ၊ ဂမ္ဘီရပညာ ရပ်များ၊ လျှို့ဝှက်မှုကို ဖော်ထုတ်ရတဲ့ပညာရပ်များကို လိုက်စားနိုင်စွမ်းရှိပြီး ထူးလည်း ထူးချွန်တတ်ကြပါတယ်။ သူတို့ဘဝ ဟာ လျှို့ဝှက်ခြင်းများ၊ ကွယ်ဝှက်ထားခြင်းများရှိတတ်ပြီး သူတို့ရဲ့ အတွင်းစိတ်အမှန်ကိုလည်း အကဲခတ်ရန် ခက်ခဲလှတာမို့ သူတို့ကို “လျှို့ဝှက်ပြီး အသိရခက်သူများ” လို့ နာမည်ကင်ပွန်းတပ်ပေးလိုက်ပါတယ်။

    ဟားဟား…. အဲဒါ နေဝန်းနီကွ မှတ်ထား ….။ (ကျပ်ပြား -မုန်းဝယ်စား ဗိုက်ကား)
    မမနဲ့ကျမှပဲ ဗေဒင်ကြည့်ဖြစ်တော့တယ်…။ ယုံတယ်လို့တော့ မဟုတ်ပါဘူး…။ “လျှို့ဝှက်ပြီး အသိရခက်သူများ” လို့ အဲဒိစကားလုံးလေးကို သဘောကျသွားလို့ ….။

  • windtalker

    December 8, 2011 at 9:42 pm

    ဒီဇင်ဘာလမွေး ကွင်း၂ယောက်နဲ ့ရင်ခုန်ခဲ့ဖူးတယ်
    (မှတ်ချက် ယခုကွန်မင့်ကိုရေးချိန်မှာ ကောင်းနေပြီဖြစ်သဖြင့် )
    ကတိဆိုတာ ယောက်ျားမှာဘဲ ရှိတယ်

  • parlayar46

    December 8, 2011 at 10:25 pm

    ဆောင်းကိုတော့ အကြိုက်ဆုံးပဲ။
    ဆောင်း ထဲ မှာမှ ဒီဇင်ဘာကိုအကြိုက်ဆုံး။
    ငယ်ငယ်က ဒီလို လ မျိုးများမှာဆို-
    အိပ်လို့ကောင်းတဲ့ကြားက မနက်စောစော ဝေလိဝေလင်းမှာ လူးလဲပြီး အိပ်ယာက ထ..
    အနွေးထည်ကြီးစွပ်ပြီး မြို့ထဲ ဈေးဘက် သွားရင်..
    နှင်းတွေကလဲ မှုန်ဝေ …လို့..
    မြောက်လေအေးအေးလေးကို ရှိုက်မိတော့ ရင်ထဲကိုအေးပြီး လန်းသွားတော့တာ..
    ပန်းပေါင်းစုံပွင့်တဲ့ရာသီမို့ လမ်းတလျှောက်မှာလဲ ပန်းသည်တွေခင်းရောင်းတဲ့ပန်းတွေ တဝေဝေနဲ့..

    ဆောင်းအေးအေးရယ်၊ နှင်းဖွေးဖွေးရယ်၊ ပန်းရနံ့ မွှေးမွှေး တွေရယ်
    အဲဒါတွေ အခုမရ နိုင်တော့ပါဘူး။
    ရနိုင်ရင်တောင်မှ
    ညနက်သန်းခေါင်မှအိပ်ပြီး မိုးစင်စင်လင်းပြီးမှ အိပ်ယာထတဲ့ မြို့ပြအကျင့်ဆိုးကြီးစွဲနေပြီမို့
    ရယူ ခံစားနိုင်မှာမဟုတ်တော့ဘူး။

  • kai

    December 9, 2011 at 5:03 am

    ဆောင်းရဲ့ရင်သွေး.. ဒီဇင်ဘာဖွားတွေ… စာလုံးအသစ်တွေ တီထွင်ဖို့တောင်းဆိုချင်တယ်..။
    မြန်မာစာလုံးအသစ်ထွင်တာ.. ပရီနဲ့ပိုစ်ဝါး ကာလမှာပဲများပြီး နောက်ပိုင်း တော်တော်နည်းနေတာ သတိထားမိလို့ပါ..။

    ဆိုတော့..
    နှင်း…
    snow ကို.. နှင်းလို့လည်းမခေါ်…နှင်းခဲလို့လဲ မခေါ်ပဲ.. ပိုလှပြီး အနုပညာဆန်တဲ့.. မြန်မာစာလုံးအသစ်လေး ထွင်ရေးပေးကြပါလား…။
    တတ်နိုင်ရင် ..တလုံးထဲနဲ့ သိသာစေတာ ဖြစ်စေချင်ပါတယ်..။
    မြန်မာစကား..” နှင်းတွေကျနေတယ်”ဆိုတာ.. မြူနှင်းတွေကျနေတာဖြစ်ပြီး.. နယူးယောက်ကလိုSnow တွေ ဘုတ်ဘုတ်နဲ့..ကျနေတာကို ခေါ်တာမဟုတ်တာတော့ သိကြမှာပါနော..။
    မြန်မာပြည်က..(မြောက်စွန်းဖျားကလွဲလို့)Snowမကျတော့.. အဲဒီစကားလုံး မတီထွင်တာထင်တယ်..။

    တကယ်တော့… ရေခဲခြစ်..ရေခဲသုတ်ထဲက.. ရေခဲတုံးကို.. ခြစ်လိုက်ရင်.. ထွက်လာတဲ့ရေခဲခြစ်မှုန်ဟာ..Snow နဲ့တော်တော်တူပါတယ်..။

    အောက်မှာ.. အင်္ဂလိပ်လို.. စာလုံးတွေရေးပေးထားတယ်..။
    တလက်စထဲ..ဘာသာပြန်ပြီး မြန်မာစာလုံးလှလှလေး(တိုတိုလေး)တွေ..ထွင် ရေးကြည့်ပါလား…။

    ကိုပေါက်လို.. သီချင်းစာသားတွေမှတ်မိသူတွေ…. ရှေးကဗျာ အဖတ်များသူတွေ.. သက္ကဋ၊ ပါဠိ၊ ကျွမ်းသူတွေလည်း ကူပေးစေချင်ပါတယ်နော..။

    မြန်မာစကားမှာ..
    “တန်ဆောင်မုန်းလသည် ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးဟူသော ညစ်မျိုး(၅)ပါး ကင်းစင်၍ရာသီဥတုသည် အလွန်အေးမြကြည်လင်သော လပင်ဖြစ်သည်။ ”
    ဆိုတာမျိုးရှိတယ်..။
    “စိန္ဒိမာ = ဆီးနှင်း မြူ တိမ် သူရိန် မီးခိုး ညစ်မျိုးကင်းမဲ့ စိမ်းလဲ့လျှံခြယ် ရောင်ခြည်ကယ်၍ ရှုဖွယ်မခန်း သော်တာစန်းသည်။” ဆိုတာမျိုးရှိတယ်..။
    ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုး ကို.. အကားအဆီးဖြစ်စေတဲ့..ညစ်မျိုးတွေလို့ သတ်မှတ်ပုံရပါတယ်..။

    =
    snow: နှင်း a precipitation in the form of ice crystals, mainly of intricately branched, hexagonal form and often agglomerated into snowflakes, formed directly from the freezing of the water vapor in the air.

    rain: မိုး water that is condensed from the aqueous vapor in the atmosphere and falls to earth in drops more than 1/50 in. (0.5 mm) in diameter.

    fog: မြူ a cloud-like mass or layer of minute water droplets or ice crystals near the surface of the earth, appreciably reducing visibility.

    mist: မြူတိမ်? a cloud-like aggregation of minute globules of water suspended in the atmosphere at or near the earth’s surface, reducing visibility to a lesser degree than fog.

    smog: မြူခိုး? smoke or other atmospheric pollutants combined with fog in an unhealthy or irritating mixture.

    hail: မိုးသီး showery precipitation in the form of irregular pellets or balls of ice more than 1/5 in. (5 mm) in diameter, falling from a cumulonimbus cloud.

    sleet: နှင်းခါးမိုး? precipitation in the form of ice pellets created by the freezing of rain as it falls.
    Source(s):
    dictionary.com

    Drizzle (also called mizzle) မိုးငွေ့ : is light precipitation consisting of liquid water drops smaller than those of rain, and generally smaller than 0.5 mm (0.02 in.) in diameter. Drizzle is normally produced by low stratiform clouds and stratocumulus clouds. Precipitation rates due to drizzle are on the order of a millimeter per day or less at the ground. Owing to the small size of drizzle drops, under many circumstances drizzle largely evaporates before reaching the surface, and so may be undetected by observers on the ground. The METAR code for drizzle is DZ.

  • zoe

    December 9, 2011 at 9:10 am

    ဝီကီ မှ http://en.wikipedia.org/wiki/Sagittarius_%28astrology%29

    agittarius (♐) is the ninth astrological sign in the Zodiac, which spans the zodiac between the 240th and 269th degree of celestial longitude. According to the tropical zodiac of western astrology, the Sun transits this area of the zodiac between November 22 and December 21 each year (sometimes the dates vary slightly).
    Contents
    [hide]

    1 Key characteristics and definitions
    2 Compatibilities
    3 Sidereal zodiac
    4 References

    [edit] Key characteristics and definitions

    Sagittarius is seasonally associated with the transition from autumnal moisture to mid-winter dryness. Because its period indicates a change of season, it is known as a “mutable sign” [1]:88 describing an instinct toward change and an easy ability to modify or adapt to the demands of the environment.

    The sign is governed by Jupiter, a planet which is symbolically associated with temperate qualities which loosen, relax and expand. Sagittarius is also linked with the “element of fire,” which represents outgoing, action-oriented energy that seeks spontaneous expression.[2]:46 As the mutable fire sign, governed by an expansive planet, the symbolic focus of the sign is connected to the principle of exploration and evolution. Correspondingly, Sagittarians are reputed to be drawn toward travel and philosophy, and to enjoy social contacts, meeting new people and exploring other cultures. They are said to be highly intelligent, broad-visioned, tolerant in their views, mainly concerned with the “big picture” but with little patience for the details.[2]:71

    Joanna Watters (2003) defined a key phrase for this sign as “I seek” and describes Sagittarius as “the sign of the higher mind … the pursuit of wisdom and search for meaning are just as important as new places and experiences”.[3]:24 Like all the fire signs, Sagittarius can be idealistic in vision but tactless in expression. They are known for their bluntness yet are often unaware of their ability to cause anguish in others.[3]:24

    Sagittarius keywords: philosophical, optimism, expansion, farseeing, anticipation, direct, idealism, pride, restlessness, freedom-loving.

    Definitions and Associations Glyph meaning: (♐) The bow and arrow of the Archer.[3]:13
    Quality Positive: outwardly expressive, extrovert.[4]
    Element (triplicity)[5] Fire: energy, warmth, vision, intuition.[3]
    Mode (quadruplicity)[5] Mutable: the element in its most fluid form – associated with change and the dissemination of energy.[3]:15
    Body part Thighs.[1]:94
    Direction East by south [1]:365
    Traditional definitions Bestial – the signs symbolised by four-footed animals (also called quadrupedian ‘four-footed’). These can lack in social graces and sometimes indicate coarseness and a poor appreciation for “niceties” and polite manners. They can also be a little inarticulate, caring more about making their point, than the elegance of the style in which it is made. [6]

    Bi-corporeal (double-bodied) – all the mutable signs are double-bodied – Gemini: two twins; Virgo: maiden and bird; Sagittarius: man and horse; Pisces: two fishes. They represent the months that join the seasons and signify a dualistic nature that is easily adaptable and can be one thing or another. For this reason the mutable signs are referred to as “common” signs in traditional terminology.[6]

    Feral – the sign of Leo and the last part of Sagittarius (the animalistic part) is traditionally defined as “feral,” which literally means wild, uncultivated, savage or brutal. This relates to the cruel and insensitive streak associated with these signs when they disassociate their actions from their feelings and empathetic consideration of others. It is also one of the reasons why these signs may be taken to signify uncultivated territory and places where wild animals roam.[6]
    [edit] Compatibilities

    Generally, the qualities of Sagittarius are considered to be compatible with these signs: Aries and Leo, and to a lesser extent with these signs: Gemini, Libra and Aquarius. Compatibility based on sun-sign alone is considered to be only a very general guideline. The branch of astrology dealing with interpersonal relationships is called Synastry. In this, astrologers analyse the horoscopes of both parties being considered with particular reference to the positions of the Sun and Moon, and Venus and Mars.[7]
    General astrological compatibility of Sagittarius with other signs Sign Highest compatibility High compatibility Low compatibility
    Sagittarius Aries, Leo Gemini, Libra, Aquarius Taurus, Cancer, Pisces, Scorpio, Capricorn, Virgo
    [edit] Sidereal zodiac
    Main article: Sidereand tropical astrology

    The dates that the Sun traverses the sign of Sagittarius according to the Sidereal system are (generally) between 15 of December and 14 January each year. But I really dont no you have to check the websites more.
    [edit] References

    ^ a b c William Lilly, (1647) Christian Astrology. Republished as facsimile, London: Regulus, 1985. ISBN 0948472014.
    ^ a b Kevin Burk, Astrology: understanding the birth chart: a comprehensive guide to classical interpretation. Llewellyn Worldwide, 2001. ISBN 9781567180886.
    ^ a b c d e Joanna Watters, Astrology for today. London: Carroll & Brown, 2003. ISBN 1903258693.
    ^ Sasha Fenton, Astrology for Living, p.12. Readers Digest, 1999. ISBN 9780762102303.
    ^ a b There are three signs for each element that are related to each other across the zodiac by the shape of the triangle; therefore these are traditionally known as “triplicities.” Marcus Manilius, (c.10 AD.) Astronomica 2.270-295. Translated by G.P. Goold. Harvard University Press, 1977. ISBN 0674995163.
    ^ a b c Deborah Houlding, ‘Sagittarius the Archer

    ‘. The Mountain Astrologer, issue #131, February 2007. ISSN 1079-1345.
    ^ Linda Goodman, Linda Goodman’s Love Signs: A New Approach to the Human Heart. Harper Paperbacks; 1st edition (1991) ISBN 0060968966 p.8 “Even between two individuals whose Sun and Moon Signs harmonize, there are always some planets in their mutual nativities which clash causing periodic friction and tension.”

    Wikimedia Commons has media related to: Sagittarius (astrology)
    [hide]v · d · e
    Western zodiac
    Elements
    Fire · Earth · Air · Water
    Qualities
    Cardinal · Fixed · Mutable
    Nature
    Positive · Negative

    ဂူဂဲ မှ http://www.gaiaonline.com/journal/?mode=view&u=3965505

    Famous Saggitarians

    John F. Kennedy, Jr. November 25 My B-Day
    Tina Turner November 26
    Bruce Lee November 27
    Britney Spears December 02
    Tyra Banks December 04 smilies/icon_eek.gif
    Brad Pitt December 18 smilies/icon_wink.gif
    Steven Spielberg December 18
    Alyssa Milano December 19
    Ray Romano December 21
    Samuel L. Jackson December 21 smilies/icon_whee.gif

    http://www.allfamouspeople.com/star-signs/sagittarius.htm

    Zodiac – Sagittarius Sign is symbolized with the “Archer” and is the ninth sign of the Zodiac.

    Saggitarians are born between November 22 and December 21.

    Characteristics of those born under Sagittarius include; funny, full of compassion, ethical, dynamic, energetic, and have an open heart.

    Saggitarians are also known to have less flattering characteristics like being too impulsive, superstitious, being foolish, pride, and being unpredictable.

    Famous people born under the zodiac sign of Sagittarius include comedian Billy Connolly born November 24, Christina Applegate born November 25, John F. Kennedy, Junior born November 25, Singer Tina Turner born November 26, martial arts expert Bruce Lee born November 27, Caroline Kennedy born November 27, Jimi Hendrix born November 27, Ed Harris born November 28, Ben Stiller born November 30, Bette Midler born December 1, Woody Allen born December 1, Pop singer Britney Spears born December 2, Gianni Versace born December 2, Daryl Hannah born December 3, Julianne Moore born December 3, Jeff Bridges born December 4, Marisa Tomei born December 4, model Tyra Banks born December 4, comedian Steven Wright born December 6, singer Tom Waits born December 7, Kim Basinger born December 8, Irish singer Sinead O’Connor born December 8, Britisg actress Judi Dench born December 9, actor Don Johnson born December 15, Milla Jovovich born December 17, Brad Pitt born December 18, actress Katie Holmes born December 18, Rolling Stones rocker Keith Richards born December 18, movie director Steven Spielberg born December 18, Alyssa Milano born December 19, Billy Bragg born December 20, Jane Fonda born December 21, actor Kiefer Sutherland born December 21, talkshow host Phil Donahue born December 21, Ray Romano born December 21, and the African American actor Samuel L. Jackson born on December 21.

    Famous People Profiled on All Famous People.com

    Brad Pitt – Profile of the famous Hollywood actor and star of movies like Fight Club and Troy.

    • MaMa

      December 9, 2011 at 4:29 pm

      အဖ ဦးဂူဂယ် အမိဒေါ်ဝီကီတို့ကို ရှာလာပေးလို့ ကျေးဇူးတင်တယ်နော် ဇိုး။
      😀

  • MaMa

    December 9, 2011 at 9:15 am

    @နွယ်ပင်
    နွယ်ပင်လည်း ဘဝ စစ်သည်တော် ပဲလား။ စစ်သည်တော်ချင်း ထောက်ခံပေးတာကို ကြိုဆိုပါတယ် နော်။ 🙂
    @TTNU
    နွေမင်းသမီးလေး တီတီနုကလည်း ဆောင်းနှင်းကို ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။
    @ကိုပေါက်
    ကိုပေါက်ရေ- ကျမ မျက်နှာလိုက်တာ မဟုတ်ရပါ။
    ဗေဒင်ဆရာကဝိပညာရှိ မမ က မွေးနေ့သိရင် အတတ်ဟောကြားပေးမည် (ဟောထားသောစာများကို ကူးချပေးမည်။) ဖြစ်ပါသည်။ 😀
    @alinsett
    အလင်းဆက်ရေ-အကြောင်းအရာ၊ အချက်အလက်ခိုင်မာတဲ့ ပိုစ့်တွေကြားထဲမှာ
    မျက်နှာငယ်ငယ်နဲ့ တင်လိုက်တဲ့ ခံစားမှုပိုစ့်လေးကို အားပေးတာ အထူးကျေးဇူးပါ နော်။
    @koaung
    ကိုအောင်ရေ- ဖုံထူ၊ နေပူ၊ မီးပျက် (အခုတော့ မီးမှန်မှန်လာနေသေးတယ်။) တဲ့ အထဲမှာ စိတ်ညစ်ညူးစွာ နေရတာကြောင့် သဘာဝကပေးတဲ့ အအေးဓာတ်ကို အဲယားကွန်းအေးတာထက် ပိုနှစ်သက်မိတယ် ထင်ပါတယ်။
    (အမေက သကြားမင်း အဲယားကွန်းလို့တောင် ပြောတယ်။) 😀
    @koyinmaung
    ဟုတ်တယ် ကိုရင်မောင်ရေ
    အအိပ်မက်တဲ့ ကျမလည်း ဒီဇင်ဘာဆို မနက်စောစော လမ်းထလျှောက်ရတာကို သဘောကျတယ်။
    @naywoonni
    ကင်းမလက်မဲ အဘနီ
    (ကိုယ်နိုင်မဲ့သူဆိုရင် အပြတ်ဆော်တာပဲ…။ မနိုင်လောက်ဘူးထင်ရင် ကိုယ်ရှိနေမှန်း မသိစေရဘူး..။) အဲဒါတော့ မကောင်းဘူးထင်တယ်။ ကြီးနိုင် ငယ်ညှင်းများ ဖြစ်နေမလားလို့ 🙁
    @inz@ghi
    ရွာ့မင်းသား မောင်ဂီရေ- ပညာရှိလို့ ဟောတာတော့ မှန်တယ်။ သတိဖြစ်ခဲဆိုတာတော့ မမှန်နိုင်လောက်ဘူး ထင်တယ်။ (မြှောက်ပြီးပြီ) ဟောပြောခလေး မ စ ပါ။ 😉
    @blackchaw, wei wei, amatmin
    ရွာထဲမှာတော့ အရေးအသား အပြောအဆိုတွေကို ကြည့်ပြီး သဘောထားမျှတကြသူများ လို့ ဟောထားတာ မှန်တယ်နော်။ (ကိုယ့်ငါးချဉ် ကိုယ်ချဉ်ခြင်း မဟုတ်ပါ။)
    @windtalker
    မောင်ပေ (ဆြာဘလက်ကတော့ မောင်ရှိုဆိုလား)
    (ကတိဆိုတာ ယောက်ျားမှာဘဲ ရှိတယ်) ဆိုတာကိုတော့ ငြင်းချက်ထုတ်ရလိမ့်မယ်။
    စကားပုံကတော့ မင်းမှာ သစ္စာ၊ လူမှာ ကတိ လို့ ဆိုထားပါတယ်။
    @parlayar
    ဦးပါလေရာရဲ့ –
    (ငယ်ငယ်က ဒီလို လ မျိုးများမှာဆို-
    အိပ်လို့ကောင်းတဲ့ကြားက မနက်စောစော ဝေလိဝေလင်းမှာ လူးလဲပြီး အိပ်ယာက ထ..
    အနွေးထည်ကြီးစွပ်ပြီး မြို့ထဲ ဈေးဘက် သွားရင်..
    နှင်းတွေကလဲ မှုန်ဝေ …လို့..
    မြောက်လေအေးအေးလေးကို ရှိုက်မိတော့ ရင်ထဲကိုအေးပြီး လန်းသွားတော့တာ..
    ပန်းပေါင်းစုံပွင့်တဲ့ရာသီမို့ လမ်းတလျှောက်မှာလဲ ပန်းသည်တွေခင်းရောင်းတဲ့ပန်းတွေ တဝေဝေနဲ့..
    ဆောင်းအေးအေးရယ်၊ နှင်းဖွေးဖွေးရယ်၊ ပန်းရနံ့ မွှေးမွှေး တွေရယ်) လို့ ဆိုတဲ့
    ဆောင်းဖွဲ့တေးနဲ့ ချီးမြှင့်တာကို ဝမ်းသာအားရ ရှိလှပါတယ် ရှင့်။
    @kai
    သဂျီးရေ-
    (snow ကို.. နှင်းလို့လည်းမခေါ်…နှင်းခဲလို့လဲ မခေါ်ပဲ.. ပိုလှပြီး အနုပညာဆန်တဲ့.. မြန်မာစာလုံးအသစ်လေး ထွင်ရေးပေးကြပါလား…။) ဆိုတာကို ထောက်ခံပါတယ်။
    ဒါပေမယ့်
    (ဆောင်းရဲ့ရင်သွေး.. ဒီဇင်ဘာမွေးတွေအတွက်… စာလုံးအသစ်တွေ တီထွင်ဖို့တောင်းဆိုချင်တယ်..။) လို့ နည်းနည်းလေး ပြောင်းပေးပါရစေလား။ 🙂

    • windtalker

      December 9, 2011 at 8:54 pm

      ဟီး ကောင်းနေလို ့ပါ ခင်ဗျာ
      အန်တီ ရေ
      လွန်တာရှိ ဝန္ဒာမိ ပါခင်ဗျ

  • ဆူး

    December 9, 2011 at 9:42 am

    ဓနုရာသီဖွား စာရင်းထဲမှာ ဆူး လည်းပါတယ်။
    တခုခု မကျေနပ်ရင် ပိဿလေးနဲ့ ပေးပစ်သလိုမျိုး ပြောတတ်တဲ့ အကျင့်က အခုထိ မပြင်နိုင်သေးဘူး။
    အန်တီနဲ့ ဆူး နဲ့ တူညီတဲ့ ရာသီဖွားတွေ ဆိုတော့ ရာသီတူ တဲ့ တူရီး လာဖွဲ့သွားပါသည်။

  • ကြောင်ကြီး

    December 9, 2011 at 11:08 am

    အကြင်သူသည် ဓနုရာသီဖွားဖြစ်ပြီး ဓနုလူမျိုးဖြစ်ကာ ဓနုဖြူမြို့၌နေအံ့၊ အကြင်သူသည် တရာတွင်တယောက် ရှာမှရှားသူ ဖြစ်သည်ဟု အကျွန်ုပ်ကြောင်ကြီး တပ်အပ်ဆိုညားအံ့။။

  • မမ ကျနော့်မွေးနေ့မမှတ်မိဘူးဆိုရင် ဝမ်းနည်းတယ်နော်။
    ဒီလောက်ထူးခြားသွားတဲ့မွေးနေ့ကြီးဟာကို။
    မဝေ ကျနော်က တော့ အမြဲတန်း ကတ်သီးကတ်သပ် ကန့်လန့်တွေးတဲ့ ကရကဋ်လေးပါနော်.

    • chitlay

      December 9, 2011 at 2:39 pm

      ဝိုးးးး ရွာထဲမှာ ချစ်လေးနဲ့မွေးရာသီတူတဲ့ လေးပေါက်ရှိပါလား … အန်တီမမရေ ကရကဋ်လေးလဲ ရေးပေးပါအုံးနော်။

  • MaMa

    December 9, 2011 at 4:53 pm

    @ဆူး
    တစ်ရွာတည်းနေ၊ တရေတည်းသောက်၊ တရာသီတည်း မွေးလို့ စိတ်ဓာတ်တွေ တူနေတာထင်တယ်။ 🙂
    @ကြောင်ကြီး
    ကိုကြောင်ကြီးကတော့ ဓနုဖြူ (မြစ်ဝကျွန်းပေါ်) မှာ နေတယ်ဆိုမှတော့
    ဓနုလူမျိုး (တောင်ပေါ်သား) မဟုတ်မှန်းသိလို့ တစ်ရာတစ်ယောက်လို့ ပြောလိုက်တာ ထင်ပါရဲ့။
    @ကိုပေါက်
    ကိုပေါက်ရေ- သူတပါးအကြောင်းကိစ္စတွေ အမှတ်အသားနည်းတာ ကျမအားနည်းချက်ပါပဲ။
    ကိုပေါက်မွေးနေ့မှာ ကျွေးတာကို စားပြီး မွေးနေ့ကိုတော့ မေ့သွားတယ်။ 😀
    @chitlay-
    ချစ်လေးရေ-
    ကရကဋ်လေးတွေအတွက် (အဆောင်ကျောက်ပါ လက်ဆောင်ထည့်ပေးလိုက်တယ်နော်)

    ကရကဋ်ရာသီဖွား (သို့) လောကကြီးကို ဂွတိုက်တတ်ကြသူများ

    အင်္ဂလိပ်ရက် ဇွန်လ (21) မှ ဇူလိုင်လ (22)အတွင်း မွေးဖွားလာကြသူများဟာ ကရကဋ်ရာသီဖွားများ ဖြစ်ပါတယ်။ (၄)ခုမြောက် ရာသီခွင်ဖြစ်ပြီး ရာသီပိုင်ဂြိုဟ်က တနင်္လာဂြိုဟ် (လမင်း)ဖြစ်ပါတယ်။ ကရကဋ်ရာသီမှာ ဂုရုလို့ခေါ်တဲ့ ကြာသပတေးဂြိုဟ်ကြီးဟာ “ဥုစ်” မူပြီး “အင်္ဂါ”ဂြိုဟ် “နိစ်” မူတဲ့ ရာသီခွင်လည်းဖြစ်ပါတယ်။ ရာသီအရုပ်ကတော့ “လက်မထောင်ပြီး ဘေးတိုက်သွားနေတဲ့ လယ်ပုဇွန်လုံးရုပ်” ဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် ကရကဋ်ရာသီ ဖွားများဟာ မိမိနေအိမ်မိသားစုကို ခင်တွယ်တယ်။ ကာကွယ်စောင့်ရှောက်တတ်တယ်။ တနင်္လာဂြိုဟ်ဖြစ်ပြီး “မိန်းမ” ရာသီ ဖြစ်လို့ မိခင်စိတ်ရှိသူများဖြစ်ကြတယ်။ အသိပညာ၊ အတတ်ပညာတွေကို ငွေကြေးဓနဥစ္စာထက် ပိုမို ခုံမင်တတ်တယ်။ ဒါပေမယ့် လက်မထောင်နေတဲ့ လယ်ပုဇွန်လုံးသရုပ်သကန်ကြောင့် “ဝင့်ဝါတယ်၊ မောက်ကြွားတတ်တယ်”၊ အတွင်းစိတ်က နူးညံ့သိမ်မွေ့ပေမယ့် နှစ်လိုဘွယ်ရာ စကားမျိုးကို မပြောတတ်ဘဲ “ကန့်လန့်တိုက်တတ်ကြလို့” လူချစ်လူခင် သိပ်မများလှ တာကို တွေ့ရတယ်။ သူတစ်ပါးကို လှောင်ပြောင်ပြောဆိုတတ်တယ်။ ရန်သူပေါတယ်။ ဘေးကျကျပြောတတ်ပေမယ့် အင်္ဂါဂြိုဟ် နိစ်ဖြစ်တာမို့ တစ်ကယ်တန်းကျ သတ္တိနဲပြီး၊ သွေးငယ်တတ်သူများဖြစ်တယ်။ တနင်္လာဂြိုဟ်ရဲ့ ကသစ်အိမ် ဖြစ်ပြီး ကြာသပတေးဂြိုဟ် ဥုစ်မူတာကြောင့် “စန္ဒြဂုရုယုဂ်” ရတဲ့ ရာသီဖွားများဖြစ်လို့ စိတ်ထားဖြူစင်ကြပေမယ့် ဘယ်သူနဲ့ မှ ရေရှည်တည့်အောင် မပေါင်းနိုင်ကြလို့ သူတို့ကို “လောကကြီးကို ဂွတိုက်တတ်ကြသူများ” လို့ နာမည်တပ် ပေးလိုက်ပါတယ်။

    ဇွန်လရာသီဖွားများအတွက် ပုလဲ

    ဇွန်လရာသီဖွားများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၃.၅ သာရှိသော တွင်းထွက်ကျောက် မဟုတ်ဘဲ ပင်လယ်သမုဒ္ဒရာရှိ မုတ်ကောင်များမှ ရရှိသော ပုလဲ ရတနာဖြစ်ပါတယ်.. နူးညံ့သိမ်မွေ့ခြင်း သဘောတရားရှိပြီး ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံကာ ဝတ်ဆင်ထားသူကိုလည်း တင့်တယ်လှပစေတာမို့ အမျိုးသမီးများနဲ့ ပိုပြီးလိုက်ဖက်တာကို တွေ့ရပါတယ်.. ရတနာတို့ရဲ့ ဘုရင်မ လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်.. ပုလဲကို ပုံသဏ္ဍာန် အမျိုးမျိုး တွေ့ရှိရတတ်ပြီး လုံးဝန်းချောမွတ်ကာ အပြစ်အနာကင်းသော ပုလဲကို တန်ဖိုးကြီးပုလဲအဖြစ် သတ်မှတ်ကြပါတယ်.. ပုလဲကို အဖြူ၊ မီးခိုး၊ ပန်းရောင်၊ အပြာနုရောင်၊ အစိမ်းဖျော့ရောင်၊ ခရမ်းဖျော့ရောင်နှင့် ရှားရှားပါးပါး အနက်ရောင်အထိ တွေ့ရတတ်သော်လည်း အလွန်ရှားပါးပါတယ်… သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ ၂မျိုး၂စား ရှိပြီး လူတို့ရဲ့ ပယောဂမပါဘဲ သဘာဝအတိုင်း မုတ်ကောင်၏ ကိုယ်တွင်းတွင်တွေ့ရသော ပုလဲကို သဘာဝပုလဲဟု ခေါ်ပြီး လူတို့ကမွေးမြူ၍ မုတ်ကောင်၏ ကိုယ်တွင်းသို့ ဝတ်ဆံထည့်သွင်းပြီး ပုလဲရအောင် မွေးမြူခြင်းဖြင့် ရရှိလာသော ပုလဲကို မွေးပုလဲဟု ခေါ်ပါတယ်.. ပုလဲကို လေအလုံပိတ် ဗူးများ၊ ပလပ်စတစ်အိတ်များဖြင့် အလုံပိတ်၍ သိမ်းဆည်းထားခြင်း မလုပ်သင့်ဟု ဆိုပါတယ်.. သဘာဝ ပါတ်ဝန်းကျင်ရဲ့ စိုစွတ်ခြင်း လေဝင်လေထွက်ကောင်းမွန်ုခြင်းတို့သည် ပုလဲအတွက် မရှိမဖြစ်လိုအပ်သည်ဟု သိရပါတယ်… သို့မှသာ ပုလဲအရောင်များ မှိန်ဖျော့မသွားဘဲ လင်းလက်တောက်ပနေမှာ ဖြစ်ပါတယ်..
    ပုလဲသည် ဝတ်ဆင်သူအား အောက်ပါအကျိုးကျေးဇူးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်…
    ၁. ကံကောင်းစေခြင်း၊ အေးချမ်းတည်ကြည်စေခြင်း၊
    ၂. အမျိုးသမီးများအတွက် သားသမီးရတနာ ပွားစီးစေခြင်း၊
    ၃. အမျိုးသမီးများ၏ ဂုဏ်ကျက်သရေ မညှိုးနွမ်းအောင် ကာကွယ်စောင့်ရှောက်ပေးခြင်း၊
    ၄. ကောင်းချီးဩဘာ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံစေခြင်း တို့ ဖြစ်ပါတယ်။

    ဇူလိုင်လဖွားများအတွက် ပတ္တမြား

    ဇူလိုင်လဖွားများအတွက် အဆောင်ကျောက်မှာ ရဲရဲနီစွေးသော ပတ္တမြားသွေး ဖြစ်ပါတယ်.. မာခြင်းအဆင့် ၉ရှိပြီး စိန်ပြီးပါက ဒုတိယအမာဆုံး ဖြစ်သော်လည်း စိန်ထက် လေးလံသော ကျောက်မျက်ရတနာ ဖြစ်ပါတယ်.. ပတ္တမြားတွင် လိမ္မော်နီရောင်၊ ခရမ်းရောင်၊ ပန်းရောင် ၊ အနီရောင်စသည့် ရောင်ခြယ်လေးများ ပါဝင်နေသော်လည်း အနီရောင်စစ်စစ် ရဲရဲနီနေသော ပတ္တမြားကသာ အရည်အသွေးအကောင်းဆုံး နှင့် တန်ဖိုးအကြီးဆုံး အဖြစ်သတ်မှတ်ကြပါတယ်.. အကောင်းဆုံး အရည်အသွေးရှိ ပတ္တမြားတစ်လုံးကို တွေ့ရှိရန်မှာ စိန်ကောင်းတစ်လုံးကို တွေ့ရှိဖို့ထက် ပိုပြီး ခက်ခဲကြောင်း သိရှိရပါတယ်… အနီရောင် ပတ္တမြားသည် အမျိုးသားများအတွက် စိတ်အားထက်သန်ပြင်းပြမှုကို ဖော်ဆောင်တာကြောင့် အမျိုးသားများနဲ့ ပိုပြီးလိုက်ဖက်တယ်လို့ ဆိုပါတယ်.. ပတ္တမြားကို ၁၀၀ဝ ဒီဂရီစင်တီဂရိတ်အထိ အပူပေးလိုက်တဲ့အခါ အနီရောင်မှ ပန်းရောင်သို့ပြောင်းလဲသွားပြီး အေးသွားလျှင်မူလ အနီရောင်သို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရပါတယ်.. ပတ္တမြားဟာ ၏အနှစ်၄ဝပြည့် ကိုယ်စားပြု အထိမ်းအမှတ် ရတနာတစ်ပါးလည်း ဖြစ်ပြီး. ၎င်းကို ဝတ်ဆင်ထားသူ၏ စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်မြောက်လာဖို့ တွန်းအားပေးနိုင်စွမ်းရှိတယ်လို့ အချို့က ယုံကြည်လက်ခံကြကြောင်း သိရပါတယ်.. အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ခါနီးတွင် ပတ္တမြားအရောင်မှာ ပိုပြီး ရင့်လာကြောင်း အန္တရာယ်တို့မှ လွန်မြောက်သွားသောအခါ မူလအရောင်သို့ ပြန်ပြောင်းသွားတတ်ကြောင်း မှတ်သားရပါတယ်။

    ပတ္တမြားသည် ဝတ်ဆင်သူအား

    ၁. ပျော်ရွှင်ချမ်းမြေ့ခြင်းကို ယူဆောင်ပေးနိုင်ခြင်း၊
    ၂. အမျိုးသားများ ကာယသုခရရှိစေ၍ ကျန်းမာသန်စွမ်းစေခြင်း၊
    ၃. ခွန်အားပြည့်ဝကာ ဆွဲဆောင်မှုကောင်းစေခြင်း၊
    ၄. မိတ်ဆွေတိုးပွားစေခြင်း၊
    ၅.ပစ္စည်းဥစ္စာ များကို စောင့်ရှောက်ပေးခြင်း၊
    ၆.မကောင်းသော ဘေး၊ မကောင်းသော လွှမ်းမိုးခံရခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်း၊
    ၇. ဆိုးဝါးသော ရာသီဥတုဘေးဒဏ်ကျရောက်စေခြင်းမှ ကာကွယ်နိုင်ခြင်း စသည့် အစွမ်းသတ္တိများ ရှိသည်ဟု သိရပါသည်။

    • chitlay

      December 10, 2011 at 9:40 am

      ကျေးဇူးပါ အန်တီမမရေ … နှစ်လိုဖွယ်စကားကိုမပြောဘဲ ကန့်လန့်တိုက်ပြီး ဘုပြောတတ်တာကတော့ အမှန်ပဲ .. 😀

      • MaMa

        December 10, 2011 at 2:25 pm

        အတွင်းစိတ်က နုညံ့တယ်။ စိတ်ထားဖြူစင်တယ်ဆိုတာပါတယ်လေ။ အဓိကက အတွင်းစိတ် စိတ်ရင်းကောင်းဖို့ အရေးကြီးတာပါ ချစ်လေးရေ။

        • E.T

          December 11, 2011 at 4:36 am

          အန်တီမမရေ ဆောရီး။ ကျွန်တော် မန် ့ပြီးသွားပြီထင်လို ့ ဟီးး။ ခုမှကြည့်မိတယ် မမန် ့ရသေဘူး။ ရေးမိရေးရာ လက်စမ်းစာပေသာ ဆိုတယ် အန်တီမမက ခဏလေးနဲ ့ရေးတင်နိုင်တယ်။ ကုမ်ရာသီဖွားလည်း မပါဘူး 🙁 တန်းတူအခွင့် အရေးမတောင်းတော့ပါဘူး။ မန် ့တာနောက်ကျလို ့။ အန်တီပေးထားတဲ့ လင့်ခ်မှာပဲ သွားကြည့်လိုက်တော့မယ် 🙂 အန်တီမမကို မပြောရသေးဘူး SWEET DECEMBER ပါဗျာ။

  • သူကြီးရေ
    မိုးကုတ်သွားတုန်းက မိုးနှင်းတွေပိတ်နေတာကို သူတို့ဒေသအခေါ်
    မိူင်းတိုက်တယ်လို့ခေါ်သဗျာ။
    နောက်တစ်ချို့အရပ်တွေမှာနှင်းတွေဝေနေရင်
    ပြ ကျတယ်လို့ပြောသဗျာ။
    သူကြီးပြောတာနဲ့ ရှေးကဗျာဆောင်းဘွဲ့တွေကို ပြန်လှန်ကြည့်တယ်
    အားလုံး အတော်များများမှာတော့ နှင်း ဆီးနှင်းလို့ဘဲသုံးတာတွေ့တယ်.
    ထပ်ရှာပါအုံးမယ်။
    စိတ်ဝင်စားတယ်။

Leave a Reply