Autumn in My Heart II

ムラカミDecember 8, 20114min22614

မနေ့ညက အိပ်တာ စောတယ်ဗျ … ကျနော့ စံချိန်နဲ့ဆို ၁ဝနာရီကျော်ကျော်ဆိုတာ

အတော်စောတာရယ်… ပြီး ….

အသက်ကရ လာပြီိဆိုတော့ ငယ်တုန်းကလို မနက် ထိ အိပ်လို့ မရတော့ဝူးလေ….

သည်တော့ စောကြီး နိုးနေတာပေါ့ …… လူက နိုးပြီး မျက်စိကြောင်နေ ….

စကားပြောစရာ … ရန်ဖြစ်စရာ ….ငန်းစရာ ….ထေ့စရာ ရိစရာ ဘာမှမ ရှိ…

သည်တော့ ဒါ့ပုံဘက် လှည့်ရတာပေါ့ဗျာ … စာရေးရင် ကျနော် အိပ်ငိုက်တော့မှာကိုး..

အိပ်ငိုက်လို့ မဖြစ်ဘူးလေ ခနနေ ရုံး ထသွားရဦးမှာ …..အင်း …

သည်တော့ …Autumn 2.0 တင်လိုက်ပါတယ်ဗျာ….

 

 

သည်တပုံကလွဲရင် ဆစ် ဂနေချာ မထိုးထားပါဘူး..

ဟီး … ပျင်းတာလည်းပါတယ် …ကိုယ့်နာမည်ကြီးနဲ့ အားနာလာတာလည်းပါတယ်…

နောက်တခု ..ကျနော် လိုဂိုအပ်ထားတဲ့ ..ကျနော့် သူငယ်ဂျင်း ဒီဇိုင်နာ ကျနော့်ကို

ဂျင်း ထည့်သွားပီး ခုထိ လိုဂို လာမပေးတာလည်းပါတယ်. …..

 

ကိုယ်တိုင်လည်း ဘမ်ဘူးပက် မဝယ်နိုင်သေးတော့ ကိုယ့်ဟာကိုယ် ဆွဲမရတာလည်းပါဒယ်….

လှူပါလား သဂျီး …ဘန်ဘူးပက် မီဒီယမ်လေးတခုလောက် …ခစ်ခစ်…

 

 

ဒါ အိမ်ရှေ့ မြင်ကွင်း … လ,ဒယ်နော …… သိပ်ဝမ်းနည်းစရာကောင်းတာတခုက လကုန် ကျနော် အိမ်ပြောင်းရတော့မယ်….ဟင့် …..

 

 

ဒါ ဝရံတာကနေ ညနေစောင်းကြည့်ရင် မြင်ရတဲ့ မြင်ကွင်း …..ပါ …

သိပ်မနီးပါဘူး၂၅ဝမမ နဲ့ ဆွဲထားလို့ပါ ..ဝယ်သာဖိုင်း မှ မြင်ရတာကပါ ….. ဟုတ်ပါတယ် …ဖူဂျီဆန် ပါ….

 

 

 

ဒါကတော့ အိမ်နားက မဟုတ်ဝူး ..အပြင်သွားရင်း ကြုံလို့ရိုက်လာတာ …သိပ်တော့မကောင်းဘူး …မပစ်ရက်လို့ တင်လိုက်တာ…

 

 

အိမ်နားမှာပဲ …ဖစ်လတာ ထုတ်စမ်းနေတုန်း …ဖြတ်လျောက်သွားတာ …….ရိုက်သည်ပေါ့ ..ခစ်ခစ်….

 

 

 

 

ဒါလည်း အိမ်ကနေ မနီးမဝေး လမ်းလျောက်ရင် ရောက်တဲ့  တမ်ပယ်လ် ပါပဲ … မိုးထဲရေထဲ ..ကြမ်းပြင်ချပြီး

ဆွဲထားတာ ……..ဆြာ မှော်ရေ့ ကျုပ်က low angle သိပ်ကြိုက်တာကလား ….

 

 

 

အုမဲ လို့ခေါ်တဲ့ သစ်ပင်တွေ အပြည့်ရှိတဲ့ တောဗျ ….တရုတ် ဇီးချိုသီးလား ….မက်မွန်သီးလား ..မဆိုနိုင်ဘူး…

ပန်းပွင့်တဲ့အခါ ဆာကုရ နဲ့ ဆင်တယ်…….. (ကိုရင်အီးတီရေ့ ခင်ဗျားသိပါတယ် ကျုပ်က ဆာကုရ ကျွမ်းကျင်သူဆိုတာ ….အာဟိ)

 

 

သိပ်မမှတ်မိတဲ့ ရွက်ကြွေတော တခုက ရိုက်လာတာဗျ…မက်ခရို ဆိုပါတော့ ……

 

 

 

ဒီဇင်ဘာ တရက်နေ့ ….အဲ့သည့်နေ့က မိုးရွာတယ် …  မိုးရွာတော့ မိုးစက်တွေ ကို ရိုက်လို့ရတာပေါ့ ..

(လူမမှားစေချင်ပါ ……စာလုံးပေါင်း သတိပြု …..)

 

 

နည်းနည်း ဘမ်းချင်နေတဲ့ပုံ …လျော့လို့လည်း မရဝူးဗျ….အန်ဒါ ဖြစ်သွားမှာ ကျနော် ကြောက်တယ်…

 

 

ဒါက ဘုရားရင်ပြင်ပေါ်မှာ အဲ့သည့် ဘုရားပုံ သီးသန့်တင်ပါ့မယ် ….. တကယ်က ဘုရားပုံတွေကို Autumn တွေထက် အရင်တင်ဖို့….

အက်ဒစ်ပြီး ကာမှ သိပ် စိတ်တိုင်းမကျလို့ …. ဂီ့လက်ပကျွတ်က ပျက်တော့မှာလေ ….. ခုတောင် ဘက်ထွီ နဲ့ drive က ဂန့်နေပြီ

မော်နီတာ လည်း မကြာမီ လာမည် မျှော်ဘဲ …..

 

လီနေုာ်ဗို ပြန်ကိုင်မှ အရောင် စစ်တော့မယ်ဗျာ .. ကာလာချိန်ထားတဲ့ ဒဲလ်က အနီချန်နယ် နည်းနည်း ဂေါက်နေတယ်…

ကျုပ်နှိပ်စက်တာလည်း ပါတာပေါ့ ….အနီချည်း စွတ်ရိုက် စွတ်ပြင် စွတ် ချိန်ထားတာကိုး ..

သည်တော့ကာ oxygenated red ဖြစ်နေရင်သော်လည်းကောင်း …. pink ဘက် သိပ်သွားနေရင်သော်လည်းကောင်း ခွင့်လွှတ်ဗျ

 

 

 

နောက်တခါ ရိုက်ရင် သည့်ထက်ကောင်းအောင် ရိုက်နိုင်မှာ အသေအချာဘဲ …ကျနော် မီတာရင်းမုဒ် တွက်တာ စိတ်တိုင်းမကျခဲ့တဲ့ပုံ…

လန်းစ် ရွေးချယ်မှုလည်း အားမရဘူး ….အားမရဆုံးကတော့ ဘယ်လိုပြန် edit မယ်ဆိုတာ စိတ်ကူးထဲမပေါ်ဘဲ ရိုက်ခဲ့မိလို့ဘဲ…

 

 

ဒိုင်းနမစ် ရိန့်ချ် ပြသနာ ရှိတဲ့ပုံဗျ…. ဖစ်လတာ မထိုးချင်ဘဲ ထိုးလိုက်ရတယ်… HDR ပြန်လုပ်ဖြစ်မယ်ထင်တယ်….

အဲ့သည့်အခါ ထပ်တင်မယ်နော ….

 

သည်ကစလို့ အောက်ဆုံး ထိ ပုံတွေက ချီယာရိုစကူလို အင်စပိုင်းယား ထားတာဗျာ ….ကျနော် ပေါ့ထလိပ် ရိုက်ချင်သေးတယ်…

ဟိုင်းကီးတွေ ဆော်ဖို့ စိတ်တိုင်းကျ စိုင် မရှိလို့ …(နောက်လ တော့ ရိုက်လို့ရမယ် ထင်တာဘဲ ….ခစ်ခစ်…)

 

 

 

မန်နျူရယ် ဖိုးကပ်စ်ဗျ …ကြာကြာရိုက်ရင် မျက်ရည်ပူတွေကျတယ် ….မြန်မြန်ကန်းဖို့ နီးတဲ့ နည်းတွေပေါ့ ….

စမ်းမလားဗျ …..မင်းမြတ်စကြာကြီး ….ကျုပ်ဖတ်တဲ့ အစွန်းရောက် စာအုပ်တွေ ပို့ပေးမယ် အာဟိ. …

(စေဒနာဒွေ စေဒနာဒွေ)

 

 

သည်တပုံလေးက autumn နဲ့ မဆိုင်ဘူး ပြောချင်ပြောပါ ..ကျနော် မချန်ခဲ့ရက်လို့ တင်လိုက်တာပါဗျာ….

 

Good Morning ပါ ရွာသူား အပေါင်းတို့ …

ဂီ အလုပ်သွားတော့မယ်…. comment လေးတွေ ချီးမြှင့်ပါဦး …အားပေးပါဦးလို့ ….

 

 

ခင်တဲ့ ဂီဂီ ….

အရှေ့ကျွန်း စံတော်ချိန် နံနက် ၆နာရီ ၂၃မိနစ်…

 

 

 

 

 

 

 

 

 

 

 

 

14 comments

  • E.T

    December 8, 2011 at 4:23 am

    အိမ်ရှေ့ မြင်ကွင်းလေးက မိုက်တယ်နော်။ လကုန် အိမ်ပြောင်းရမှာ ကိုအင်ဂျီးသိပ်တော့ ဝမ်းနည်းနေမယ် မထင်ပါဘူး။ CZ ဆိုလား ဘာလား လာမယ်လို ့ကြားတယ် 😛 ပုံတွေအားလုံး ရှယ်တွေကြီးပဲ။ ပြန်လာမှ အကုန်ကူးတော့မယ် 😀 မိုးစက်ပုံလေးက လှတယ်နော်။ နောက်အဲလိုပုံ များများတင်ပေး။ ၅း၄၅ မှာ မန် ့သွားပါတယ်။

    အစအနောက်သန်တဲ့
    တီတီ

  • kai

    December 8, 2011 at 4:59 am

    အိမ်ရှေ့က အပင်အုပ်စုကနေရင်ထိုင်ရင်း.. ရောင်စုံအလှပြိုင်နေတာကိုး..
    မတော်တဆ..သဘာဝတော့မဖြစ်နိုင်…
    ရပ်ကွက်က.. အနုပညာမျက်စိရှိသူတယောက်… သေသေချာချာကို လုပ်ထားခဲ့တာဖြစ်ရမယ်..။

    သူ့ဖာသူပိုးစားဘောက်တက်နေတဲ့ အရွက်ကို လှအောင်ရိုက်ထားတာတော့ .. ချီးကျူးတယ်ဗျို့…။ 😆

  • MaMa

    December 8, 2011 at 6:46 am

    (ဆစ် ဂနေချာ မထိုးထားပါဘူး..) ဆိုတော့
    အလွဲသုံးစားလုပ်လို့ရတဲ့သဘောပဲ။
    😀

  • pooch

    December 8, 2011 at 7:49 am

    မမပြောသလိုပဲ ဆိုင်းမပါတော့ ဝါးချလို့ ရတာပေါ့ … 🙂

    ကြည့်ခဲ့ဖူးတဲ့ ငှက်ပုံတုန်းကတော့ လေထဲကို ကိုယ်ပါရောပြီး
    ဆန်တက်သွားလိုက်တာ..တော်တော်ဝေးဝေးထိပါသွားတယ်…အဲ့ဒီပုံ ကြည့်ပြီးကထဲက ပုံတွေထဲကို စိတ်နှစ်ပြီး ခံစားတတ်သွားတာ

    ၁ ကပုံတွေကို ကြည့်တုန်းကတော့ အပင်တွေအောက် ကိုယ်ပါရောရောက်သွားသလို နေခြည်နွေးနွေးလေးကိုပါ ခံစားလိုက်ရတယ်…

    ၂ ကပုံတွေကတော့ အေးစက်ပြီး အထီးကျန်သွားတယ် .. …

    ၁ ရော ၂ရော ဆွဲထားတယ် ခရက်ဒစ်လေးတော့ပေးမှာပါ စိတ်ချ..

    • inz@ghi

      December 8, 2011 at 8:20 am

      ဘယ်ငှက်ပုံလဲဗျ …
      ကျနော့် ငှက်တွေလား…?

      အန်တန် တွေက ၃-၄ အထိသွားမယ် စိတ်ကူးတယ်ဗျို့….

      ၁ ကနော်မယ် ဝယ်သာ မှာ (shoot)ပစ် ထားလို့ပါ
      ၂ က မိုး မတိတ်တတိတ် မှာ ဝယ်သာဖိုးကပ်စ်ကြည့်ပြီး ယခုမှစ မိုးစဲ အံ့
      ဆိုလို့ စွန့်၂စား၂ ထွက်ရိုက်လိုက်တာ …
      ၃ ရဲ့ မုဒ် ကတော့ ဝယ်သာ ပေါ်မှာ မူတည်တယ်ဗျာ … လိုကေးရှင်းတော့
      သတ်မှတ်ပီးပီ
      ၄ က ဖွဲ့လိုက် ထွက် ပစ် မှာဗျ အဲ့ ကျရင် စိုင် ပါချင်ပါမယ် …
      စိုင်လေးနဲ့ညှိလိုက်ဦးမယ် အာဟိ…

      သည်နှစ်ထဲတော့ ကျနော် သိပ်မရိုက်နိုင်တော့ပါဘူးဗျာ ….

      • pooch

        December 8, 2011 at 8:44 am

        ငှက်ပုံဆိုတာ ပြပွဲတခုမှာ ကြည့်ဖြစ်ခဲ့တာကို ပြောတာ ဓာတ်ပုံတွေကို ခံစားတတ်အောင် အဲ့ဒီပြပွဲက လှုံ့ဆော်သွားတာ
        ခုချိန်ထိ မျက်လုံးထဲကကို မထွက်ပါဘူး

        မေ့သွားလို့ လှေကားပုံက လူတွေ ရှေ့ဆက်လျှောက်ရမဲ့ လမ်းနဲ့တူတယ်
        လမ်းတွေကလည်း စွတ်စိုပြီး ချောနေသလိုပဲ သတိထားလျှောက်ရမယ်ပေါ့…
        ထိပ်မှာ တန်းတခုကလည်း ပိတ်ထားသေးတော့ .. သတိထားပြီး ကျော်လွှားရမဲ့သဘောပေါ့…

        နောက်တင်မဲ့ ပုံတွေလည်း မျှှော်နေပါ့မယ်
        ဒါနဲ့လူတွေ ကြားထဲသွားပြီး အများကြီးထဲက ကိုယ်ပြချင်တာလေးကို ရွေးရိုက်ထားတဲ့ အကွက်လေးမျိုး ရို်က်ဖို့ စိတ်ကူးမရှိဘူးလား.

        • inz@ghi

          December 8, 2011 at 9:01 am

          1) သိဘာဘူးဂျာ ..တားတား ငှက်တွေလားလို့ ….
          ဘဲတွေပုံ ရိုက်ထားတာတွေ ရှိတယ်….
          ပြချင်တာတော့ ဘာမှ မဟုတ်ဘူး ..စားချင်လို့ ရိုက်ထားတာ..
          ဟီး … သည်မှာ ဘဲရှားတယ်ဗျ….
          ကင်စားလိုက်ရရင် ရှလွတ်…..

          2)
          လှေကားပုံလား …
          ဟုတ်တယ် အဲ့လာ သင်္ချိုင်း …
          (the debt, we all have to pay)= the Death

          3)
          ရိုက်ထားတာ ရှိပါတယ် ..ရှေ့ဆက်လည်း ရိုက်ဖို့
          အစီအစဉ်ရှိပါတယ် …. အမြည်း ၂ပုံ
          စိုင် ဆိုတဲ့ ပိုစ့် မှာ update တင် လိုက်ပါပြီ
          Candid အမျိုးအစားတခုဖြစ်ပါတယ်…

          http://myanmargazette.net/83501/travel/photography-pictures-galleries-wallpapers-photo-tips

  • weiwei

    December 8, 2011 at 8:19 am

    လှလိုက်တာ … ဆောင်းဦးရာသီကို အရမ်းသဘောကျတယ် … အဲဒီလိုရာသီမှာ ခရီးထွက်ချင်တယ် ….

    • inz@ghi

      December 8, 2011 at 8:25 am

      သည်လို အန်တီဝေဝေရေ့
      သည်မှာ ဆောင်းဦးမဟုတ်တော့ဘူးဗျ ဆောင်း အစစ်ဖြစ်နေပီ ….
      ၈ဒီဂရီပဲကျန်တော့တယ် ..လကုန်လောက်ဆို သေဘီဆြာပဲ…

      တခြား အမြင့်ပိုင်း က တကယ် လှတဲ့နေရာတွေမှာ အရွက်တောင်
      သိပ်မကျန်တော့ဘူးရယ်…
      ကျနော် နေတဲ့မြို့က အယ်လ်တီကျု အမြင့်ပိုင်းမဟုတ်လို့
      အရွက်တွေ နီတာ နောက်ကျလို့ ခုမှ ထ ရိုက်ရတာ …
      (အန်တန် ဆိုပီး အင်ထုထားတာ …. နာမည်ကိုက အင်ဂျီးဘဲဟာ…ဟီး)

  • blackchaw

    December 8, 2011 at 8:31 am

    လေးလေးစားစားနဲ့ ဝင်ကြည့်ပြီး အားကျပြီး ပြန်ထွက်သွားပါသည်။
    နောက်နောင် ဒါ့ပုံမရိုက်ရဲတော့လောက်အောင် မိုက်ပါကြောင်း။

  • ပေါက်ဖော်

    December 8, 2011 at 10:59 am

    အပိုင်းတစ်က ဟာလေးတွေ ပိုကြိုက်တယ် ဦး..ဦး..

    ဒါတွေလဲ ကြိုက်ပါတယ်..ဥဦး…

    မိုးဝေကို ကြီးကို အနီးကပ် ရိုုက်ပြရင် ပိုကြိုက်ပါ့မယ်..ဥဦး..

    😆

  • Thel Nu Aye

    December 8, 2011 at 12:10 pm

    အရမ်းလှလို့ယူသွားပါတယ်။ ကျေးဇူးပါ။ ရှိရင်ထပ်တင်ပါအုံး။

  • windtalker

    December 8, 2011 at 12:38 pm

    မိုးရွာရင် မိုးစက် ကို ရိုက်လို ့ရတယ် တဲ့
    အိမ်း….မှတ်သားထားပါတယ် ခင်ဗျ

  • ဆူး

    December 8, 2011 at 3:17 pm

    ဂျာပွန် မြို့ တပတ် လျှောက်ပတ်ပြီး ထပ်တင်ပါအုန်း။

Leave a Reply