ရွာသားများအတွက် သီးသန့် (ရွာသူများလုံးဝမဖတ်ရ)

black chawDecember 8, 20111min26026

ဘလက်တို့ ဂဇက်ကုန်းရွာကြီးသည်ကား ပွင့်လင်းသော ရွာကြီးအဖြစ်သို့ ရောက်ရှိခဲ့ချေပြီ။
ပွင့်လင်းတာကောင်းပါတယ် မကုလားမရယ် နော။
အဖေါ်ဆောင်ထားပါတဲ့။ ပုတ်သင်ညိုပုံလေးနဲ့ အဖေါ်ဆောင်ထားနော်ဆိုတဲ့ ကြော်ငြာဆို ပွင့်လင်းလွန်းလို့။
ရွာထိပ်က ထန်းတက်သမား ကိုရင်စည်သူ တောင် သူ့ လောက်စာလုံးထည့်ထားတဲ့ အိတ်ထဲ အဲဒီအဖေါ်ဆိုတဲ့ ဟာလေးထည့်ကာထည့်ကာနဲ့။
တစ်ရက်တော့ သူ့မိန်းမ က သူလွယ်တဲ့လွယ်အိတ်ထဲ နှိုက်ကြည့်မိပါလေရော။ အဖေါ်ဆိုတာ ကြီး သွားတွေ့တော့ ရှော့ဖြစ်သွားပြီး နှာနှပ်ယူရပါတယ်တဲ့။
သူ့ယောင်္ကျား သူနှမြောရှာမှာပေါ့ မကုလားမ ရယ်နော။
အောင်မယ် ပြည့်တန်ဆာ ဆိုတာကိုတောင် တရားဝင်လုပ်ကိုင်ခွင့် ပေးသင့် မပေးသင့် ဆိုပြီး
နယ်ပိုင်ဝန်ထောက်မင်း FR ခွင့်ပြုချက်နဲ့ ရွာသူကြီး ဦးခိုင် နဲ့ ကာလသားခေါင်း တပ်ချုပ် ကြောင်ကြီး တို့ ရွာအစည်းအဝေး မှာ အကြိတ်အနယ်ဆွေးနွေးကြတာ နောက်ဆုံးသူကြီးကတော် က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်မှ ရပ်သွားတယ်ဆိုလား။
ရွာမှာ ဗီတိုအာဏာသုံးခွင့်ရှိတာ သူကြီးကတော်ပဲ ရှိတယ်လေဗျာ။ ကျုပ်တို့ ဂဇက်ကုန်းရွာကြီး ပွင့်လင်းပုံကို ပြောပါတယ်။
နေရာတကာ ပွင့်လင်းနေတဲ့ ဂဇက်ကုန်းရွာကြီးမှာ ဂျာနယ်တွေကလည်း ဘယ်နေလိမ့်မလည်းဗျာ။
(ဪ မကုလားမရေ။ အခုကစပြီး ခင်ဗျားတို့ မိန်းမတွေ ဆက်မဖတ်ကြတော့နဲ့နော်)
ကျန်းမာရေးဂျာနယ်တစ်စောင်မှာပါတာလေး နမူနာ ပြောပြချင်တယ်ဗျာ။ ကိုရင် နီဂိမိ တို့။ ကိုရင် မှော်ဆရာ တို့။
ကိုရင်အီးတီ တို့လို ယောင်္ကျားကောင်းတွေ အတွက် ယောင်္ကျားအချင်းချင်း ပွင့်ပွင့်လင်းလင်း ဆိုတဲ့ ဆောင်းပါးလေး ဖတ်ပြချင်တယ်ဗျာ။
ဪ မကုလားမရေ။ ခင်ဗျားတို့ မိန်းမတွေ ဆက်ဖတ်နဲ့နော်။ ဒါဗျဲ။
ဆောင်းပါးက အခန်းဆက်စီးရီးနဲ့ဗျ။ အပိုင်း ရ ဆိုပဲ။ အေးလေ ယောင်္ကျားကောင်းပီသချင်သူတွေကတော့ ၁ ကနေ ၆ အထိ ရှာဖတ်ကြဦးတော့မှာ မြင်ယောင်သေး ဟေးဟေး။ အောင်မယ် ကိုရင် ပေါက်ဖေါ် ရေ။ ဆင်းရဲတာ အားမငယ်ပါနဲ့ဗျာ။
ဆင်းရဲလေ လိင်စိတ်ပိုများလေ ပါပဲတဲ့။ ကြည့်စမ်း ဆင်းရဲတာနဲ့ လိင်စိတ်နဲ့ တိုက်ရိုက်သက်ဆိုင်နေပါ သတဲ့။ ဆက်ရေးထားသေးတယ်ဗျ။

“ဆင်းရဲသားစုံတွဲတွေမှာ ကာမဆက်ဆံမှု အကြိမ်ပိုများပါသတဲ့။”

အောင်မလေး လူသာဆင်းရဲတာ လိင်ကျတော့ ဆင်းရဲဘူးတဲ့။ အာဟိ။

“ဆင်းရဲတော့ အိမ်မှာရေဒီယို တီဗီတွေလည်း မဝယ်နိုင်ဘူး နေမှာပေါ့ တဲ့။ ပျင်းတိုင်း ခြင်ထောင်ထဲရောက်သွားတာနေမှာပေါ့ တဲ့။”

ဒါလည်း ဖြစ်နိုင်တာပဲလေ။ ကိုရင်အင်ဇာဂီ တို့ဆို အိမ်မှာ တီဗီ၊ ရေဒီယို အိုဗျာ ဇိမ်ခံပစ္စည်းဘာဆိုဘာမှ မရှိဘူး။
သူတို့အတွက် အဲဒါတွေ လိုဘူးတဲ့ ဗျာ။ ခင်ဗျာ မဝယ်နိုင်လို့ ဟုတ်ဘူးတဲ့ဗျ။ ခင်ဗျာ အော် တမင်ကို မဝယ်တာပါတဲ့။
ဟုတ်ကဲ့ဗျာ ကိုရင်အင်ဇာဂီ ရေ။ အော် မိန်းမမျက်နှာကြည့်နေရရင် ဇိမ်ခံပစ္စည်းအပိုတွေ မလိုပါဘူး အော် ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာ။
ကဲကြည့် ဇိမ်ခံပစ္စည်းမရှိတဲ့သူ သူက ဖြစ်ချင်နေတာများ ပြောကို ပြောချင်တော့ဘူး။ ခစ်ခစ်။
ဆောင်းပါးက ဆက်ပွင့်လင်းပါတယ် မကုလားမရယ်။
“ကာမဆက်ဆံဖို့ နှီးနှောတဲ့အခါ ဦးရေပြားလေးကို ညင်ညင်သာသာ နှိပ်ပေးဖို့ မမေ့နဲ့ပေါ့ဗျာ” တဲ့။
ကဲကြည့်စမ်း ခေါင်းလျှော်ခန်းသွားသွားနေတဲ့ ကိုပေ သိတ်တော့ မရိုးဘူးဗျ။ ဒီလူ ဒါတွေ နားလည်နေတာဖြစ်ရမယ်။
လူကြည့်တော့ ရိုးပုံရိုးလက်နဲ့။ ဟေးဟေး။
ဆက်ပြီး ပွင့်လင်းပြန်ပါတယ် မကုလားမရယ်။ အော် ခင်ဗျားတော့ ဖတ်ကြည့်နဲ့နော်။

“အမျိုးသားများရဲ့ ဖိုအင်္ဂါ လိင်တံမှာ စုဝေးတည်ရှိနေသော အာရုံကြောအစုအဝေးရဲ့ ပမာဏထက်
အမျိုးသမီးအင်္ဂါစေ့မှာ စုဝေးသော အာရုံကြောထူထပ် သိပ်သည်းမှုက ပိုလို့တောင်များပါသတဲ့။
ပိုပြီးတော့လည်း လှုံ့ဆော် နှိုးဆွခံရ လွယ်ပါတယ်။ Sensitive ခံစားထိခိုက်လွယ်တယ်။
ဒါကြောင့် တိုက်ရိုက်ထိတွေ့လှုံ့ဆော်ခြင်းဖြင့် အလွန်အကျွံလှုံ့ဆော်ရာကျ (Overstimulated) သွားနိုင်ပါသတဲ့။
ဒါဆို ဘယ်လိုဆိုတာ ကိုယ့်လူသဘောပေါက်တော့ဗျာ။ တစ်တစ်ခွခွကြီး ရေးပြလို့ မကောင်းတော့ဘူး”

ဟုတ်ရှာမှာပေါ့ မကုလားမရေ။ သူ့ခင်ဗျာ ရေးသာနေရတာ တစ်တစ်ခွခွကြီးတော့ ဘယ်ရေးချင်လိမ့်မလဲ နော။
ထိန်းထိန်းသိမ်းသိမ်းလေး သူက ဆက်ရေးပါတယ်ဗျာ။

“မေးခွန်းမေးခံရတဲ့ သူတွေရဲ့ သုံးပုံတစ်ပုံ၏ အဖြေက အားလပ်ရက် အပန်းဖြေခရီးထွက်နေစဉ်
အခိုက်မှာ လိင်ဆက်ဆံမှု ပြုရတာ အရသာ အရှိဆုံးလို့ ဆိုကြပါသတဲ့”

ကိုဘီလူးကြီး ကိုတောင်သတိရမိတယ်ဗျို့။ သူနဲ့ သူ့မိန်းမ ဒီဇင်ဘာ အားလပ်ရက်မှာ ခရီးသွားမလို့ ဆိုလား။
အင်း ကြိုတင်ကြံစည်မှုက ပိုအပြစ်ကြီးတယ်နော် ကိုဘီလူး။ အလကားပြောတာပါ တကယ်ပြောတာပါ စိတ်ဆိုးနဲ့နော် ဆိုးချင်လည်းဆိုးဗျာ။
ဟော နောက်တစ်ဆင့်တက်လာပြီ မကုလားမရေ။ ခင်ဗျားတို့ အကြောင်းဗျ။ ဟေးဟေး။

“အမျိုးသမီးတွေ နေ့စဉ် ချောကလက်စားပေးရင် လိင်ဆန္ဒမောင်းနှင်မှု စွမ်းအား ပိုမိုမြင့်မားလာနိုင်မှာ ဖြစ်သတဲ့။”

ကဲ မကုလားမ။ မပြေးသော်လည်း ကန်ရာရှိနေပြီဗျာ။ ခင်ဗျား ချောကလက်တွေ စားစားနေတာ ဟုတ်သေးဘူးဗျို့။ ကြည့်လုပ် ကြည့်လုပ်။
ချောကလက်တောင် လူရှေ့သူရှေ့ မစားရမယ့် အပေါက်မျိုးဗျ နော ကိုသစ်မင်း ရယ်။
ဟဲဟဲ ကိုယ့်လူတွေ တစ်ကိုယ်ကောင်းမဆန်ပါနဲ့တဲ့ ဆုံးမပြန်ပါပြီခင်ဗျာ။ ဖတ်သာကြည့်ပါ။
“စုံတွဲတွေထဲက အမျိုးသမီးတွေကို မေးကြည့်တော့ ဆန္ဒပြီးမြောက်မှု ရှိခဲ့တယ်လို့ ဖြေသူက ၆၄ ရာခိုင်နှုန်းပဲ ရှိသတဲ့။
ကိုယ့်လူတွေက တစ်ကိုယ်ကောင်းမဆန်နဲ့နော်”
ဆရာအမတ်မင်း တို့ ကိုစိန်သော့ ကြီး တို့ ကိုရင် နိုဇိုမိ တို့ တစ်ကိုယ်ကောင်းဆန်တာ ကောင်းဘူးတဲ့ဗျ။ အသာလုပ်ကြပါ ဆရာတို့။
အပိတ်မှာ ကိုယ့်ဆရာက မျှော်လင့်ချက်လေးတွေ ပေးသွားပြန်ပါတယ်ဗျာ။ သူက ရှာဖွေနေပါသေးသတဲ့။ ဟေးဟေး။
“အခုထိ တွေ့ရှိထားတဲ့ ဗဟုသုတ လေးတွေကို ဝေမျှရခြင်းဖြစ်ပါတယ်ခင်ဗျ။ အသစ်အဆန်းလေးတွေ တွေ့ရင် ရေးပါဦးမယ်”

ကိုလင်းဝေကျော် ရေ။ စိတ်ပူမနေပါနဲ့ဗျာ။ ဒီဆရာက အသစ်အဆန်းလေးတွေ တွေ့ရင် ရေးပါဦးမယ် ဆိုတော့
ပညာလိုချင်သော ကိုလင်းဝေကျော် အတွက်တော့ အံကိုက်ပဲဗျို့။

ကဲ ဘလက်ပြောခဲ့ပါတယ်ဗျာ။ ဂဇက်ကုန်းရွာကြီးက ပွင့်လင်းသော ရွာကြီးဖြစ်နေပါပြီလို့။
လိင်ကိစ္စတွေကိုတောင် ဂျာနယ်ထဲထည့်ရေးနေကြပြီလေ။
ဒါမျိုးဆိုတာ သင်ကြားမှုရပ်တန့်လို့ ကောင်းဘူးဗျ ကိုရင် မိုက်ကယ်ဂျော်နီအောင်ပု ရ။ ဟေးဟေး။
အဲဒါနဲ့ ဘလက်ဆရာမှာ လည်း လက်ပါတာပဲလေဆိုပြီး ပွင့်လင်းတဲ့ ဆောင်းပါးလေးတစ်ပုဒ်လောက်ရေးမလားလို့ ကြံစည်ထား ပါတယ်ဗျာ။
ခေါင်းစဉ်က “ဆီမာဆတ် ၏ လျှို့ဝှက်ချက်များ” တဲ့။
ခင်ဗျာ ကိုရင်မောင် ဟုတ်ကဲ့ စောင့်ဖတ်နေမယ် အော် ဘကြီး နဲ့ ကိုနေဝန်းနီ ကလည်း စိတ်ဝင်စားပါတယ်တဲ့။
အော် ကို အလင်းဆက် နဲ့ ကိုကမ်းကြီး တို့ကလည်း လက်ခုတ်တီးပြီးအားပေးဦးမှာတဲ့ဗျာ။
အော် မန္တလေးက ကိုပေါက် နဲ့ ကိုဆန်နီ ကလည်း မပြောရဲလို့ပါတဲ့။

တစ်ခုတော့ရှိတယ်ဗျာ။
တစ်သောင်းလောက်မှ မပေးရင် တော့ တစ်ကြောင်း တစ်ပေါက်မှ မရေးဘူးဗျို့ ကိုယ့်ဆရာတို့။
အဲအဲ အစိမ်းနော်အစိမ်း။ ဟိန်းဟိန်း။

(မှတ်ချက်။ ။ အစိမ်း နှင့် ကာရန်ညီအောင် ဟိန်းဟိန်း ဟု ရယ်သံပေးလိုက်ခြင်းဖြစ်ပါကြောင်း သိစေအပ်ပါသည်။)

26 comments

  • လင်းဝေ

    December 8, 2011 at 9:41 am

    ဘယ်ဂျာနယ်များလဲဗျာ။ တင်ထုတ် ဆင်ဆာလွတ်တွေထင်ပါရဲ့။
    မြန်မာပြည်မှာက နိုင်ငံရေးနဲ့ မူးယစ်ဆေးဝါးသာ မလုပ်နဲ့ ကျန်တာ ရတယ်ဆိုတာမျိုးပဲ။
    အခု နောက်တစ်ခုထပ်တိုးလာသေးတယ်။(သာဓုခေါ်ပေးလိုက်ပါတယ်)။ လူကုန်ကူးတာ မလုပ်ဖို့။
    မနေ့ညကပဲကြားတာ။ ပိုင်တယ်တဲ့… ဘာစီးပွားလုပ်ချင်သလဲပြော..
    မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးတာက လွဲလို့ အကုန်ကူညီပေးမယ်ပြောထားတယ်တဲ့။

  • blackchaw

    December 8, 2011 at 9:46 am

    ကိုလင်းဝေကျော် ရေ။ ကျော် လေးပါတာ ခေါ်လို့ ပိုကောင်းလို့
    ခေါ်ခွင့်ပြုပါဗျာ။ အပြင်မှာတွေ့ကြမှ ပြောပြမယ်။ ဒီမှာရေးလိုက်ရင်
    ကြော်ငြာပေးသလိုဖြစ်မှာကြောက်လို့ဗျို့။
    ခွင့်မတောင်းပဲ နာမည် ထည့်ရေးထားတာ ခွင့်လွှတ်ကြပါဗျို့။

  • Diamond Key

    December 8, 2011 at 10:27 am

    သူလေး ကျန် ၃၆ ရာခိုင်နှုန်းထဲ မပါကြေး …..ဟေးဟေး (ကြေးနဲ့ ကာရန်ညီအောင် ဟေးဟေး ဟု ရယ်သံပေးလိုက်ခြင်းဖြစ်ပါကြောင်း :mrgreen: )

  • ပေါက်ဖော်

    December 8, 2011 at 10:41 am

    ကဲ..ကဲ..
    တယ်လီဗစ်ချင်းလဲ ကြည့်ချရာမချိဝူး..
    မကုလားမရေ…ခြင်ထောင်ထောင်တော့..နင့်သားတွေခြင်ကိုက်မယ်
    ကျွိ..ကျွိ…ကျွိ….ကျွိ..ကျွိ…ကျွိ….(သွားကြိတ်သံ..)

  • inz@ghi

    December 8, 2011 at 10:55 am

    မတူတဲ့ အတွေးနဲ့ မန့်ကြည့်မယ်နော (သူ, စပြီ …)

    Categories တွေထဲ သွားကြည့်ကြည့်တော့ Gay, Lesbian
    တွေအတွက် သဂျီး sub-categories ခွဲပေးထားတာတွေ့တယ် (အင်း …..သည်တော့?)

    Straight တွေအတွက်sexual education အတွက်ကျတော့ ……
    ခွဲထားပေးတာမရှိဘူး …(အောင်မယ်ငီး …..စိုးမိတယ်… စိုးထိတ်မိဒယ်)

    သည်တော့ သဂျီးမင်း ကို သည်နေရာကနေsub-categories ခွဲပြီး
    ထည့်သွင်းပေးဖို့ ပန်ကြားအပ်ပါသည်ခင်ဗျား…(တေဘီတေဘီ ….. ဒင်း…
    နေ့ရှိသ၍ မက်ထရိုပိုလီတန် တစ်ဆိုဒ်လုံး ဘာသာပြန် ပြီး ရွာထဲ
    လျောက်တင်နေရင် နာ တရားခံဖြစ်ပြီ……….)

    မှတ်ချက်။ ။ ကွင်းစကွင်းပိတ်ထဲမှ စကားလုံးများသည် ဤကွန်းမန့်ကို ဖတ်နေစဉ်
    ဆြာဘလက် စိတ်ထဲမှ ပြောနေသော စကားများအား အာရုံခံ၍ ရေးသားပုံဖော်
    ထားခြင်းပင်ဖြစ်သည်။

    ပုံ
    နှူးဘာဂီ

  • koyinmaung

    December 8, 2011 at 11:04 am

    ကိုဘလက်ရေ
    လွန်ခဲ့တဲ့၈နှစ်၉နှစ်လောက်ကထင်တယ်
    bbcမှာဖိုမဆက်ဆံရေးနဲ့ပါတ်သက်ပြီး
    ပညာပေးတွေ့ဆုံမေးမြန်းခန်းနားထောင်ခဲ့ရဘူးတယ်
    ဖြေကြားသူကအမျီုးသမီးဆရာဝန်ဗျ…
    ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားတာပါ
    ပညာပေးအနေနဲ့နားထောင်ရတာဆိုပေမဲ့
    မိဘနဲ့သားသမီးအတူနားထောင်ဘို့အဆင်မပြေဘူးလို့တောင်
    မှတ်ချက်ပြုမိပါတယ်…..
    ခုကာလကတော့ဖိုမကိစ္စတွေကိုပိုမိုပွင့်လင်းလာကြပြီမဟုတ်လား
    ဒီလိုမပွင့်လင်းလို့လဲမဖြစ်တော့တဲ့အခြေအနေရောက်နေပြီလေ
    တရုတ်နိုင်ငံမှာခလေးငယ်တွေစာသင်တဲ့တချို့မူလတန်းကျောင်းတွေမှာတောင်
    ဖိုမပညာပေးကိုဘာသာရပ်တခုအနေနဲ့စမ်းသပ်သင်ကြားနေတာတွေ့နေရပါပြီ
    ဒါကြောင့်ကိုဘလက်ရဲ့ပို့စ်ကိုကြိုဆိုပါတယ်…

  • blackchaw

    December 8, 2011 at 11:09 am

    ဂိုင်း ကတော့လုပ်ပြီ။ မဖတ်မှာစိုးလို့
    ရွာသူများလုံးဝမဖတ်ရ လုပ်ထားတာပါဗျာ။
    အဲဒီ ကျန်းမာရေး ဂျာနယ်ကို မန်းလေးကအပြန်ကားပေါ်မှာ
    ဘယ်သူ့ဂျာနယ်မှန်းမသိပဲ ပါလာလို့ ဖတ်ကြည့်တော့
    ဒီဆောင်းပါးကို ဖတ်မိတာပဲဗျို့။
    ဖတ်ပြီး သရော်ချင်စိတ်ကလေးပေါက်လာတာနဲ့ ရေးချလိုက်တာဟ။
    မိန်းကလေးတွေ မဖတ်သင့်ရင် ဂျာနယ်ထဲတောင် ပါမလာပါဘူးကွာ။
    ကဲ ရွာသူများအားလုံး ဖတ်ချင်လျှင် ဖတ်နိုင်ကြပြီး
    ဆဲချင်လျှင် (ပို့စ်တင်သူ ဘလက်ကိုပြောတာပါ)
    ကွန်းမန့်လေးတွေနဲ့ ဆဲနိုင်ကြပါကြောင်း။
    ကဲ ဂိုင်းရေ။
    မြန်မာပြည်ထုတ် ဂျာနယ်တွေမှာ အဲဒီလို အကြောင်းအရာတွေကို
    တစ်တစ်ခွခွ ဖေါ်ပြသင့်ပါသလား ဆိုတာလေးပါ
    ဟိုလူကြီးလုပ်သလို မေးခွန်းလေး ထုတ်ချင်ပါတယ်။
    ဖြေကြပါဗျာ။

    • inz@ghi

      December 8, 2011 at 5:16 pm

      ဘယ်လို … ဆီမာဆတ်၏ လျှို့ဝှက်ချက်များ ရေးရင်
      အနော်လည်း … အရှေ့ကျွန်းမှ ဂလဲ့စား ကိုရေးမယ်…
      😀

  • thit min

    December 8, 2011 at 11:15 am

    ၂မျိုး စဉ်းစားမိတယ်.။
    ပညာပေးတာနဲ့ သွေးတိုးစမ်းတာပေါ့။

  • “ဘီလူးကြီး”ogre

    December 8, 2011 at 11:18 am

    တော်ဘီဗျာ..ဆင်းဆင်းရဲရဲပဲနေတော့မယ်
    ဘာကျောကောင်းမလဲ ..ဘာမှဂိုကျောရို့မကောင်းဘူးဖစ်တွားမယ် 🙂

    • ကိုတောက်တဲ့

      December 8, 2011 at 11:33 am

      မကုလားမရေ..ခြင်ထောင် ထောင်ထားလိုက်တော့..ဘလူးလေး အိပ်ချင်ဘီ
      😯

  • ကြောင်ကြီး

    December 8, 2011 at 11:42 am

    ကြောင်ကြီးလို လူပျိုလေးအဖို့ စကားလုံးများက ဆန်းသစ်နေပါတယ်။ ဖတ်ပြီးတော့ ထိုင်လို့မကောင်း ထလို့မရ တခုခုလိုနေသလိုလိုပဲ 😳
    ဆင်းရဲတဲ့သူများ လိင်စိတ်ပိုများတယ်ဆိုတာ ဖြစ်နိုင်မယ်ထင်တယ်။ ပြာသိုလမှာအဖော်ရှာ အင်စတီကျု လေ့လာတွေ့ရှိချက်အရ ဒေါသစိတ်နဲ့ လိင်စိတ် ဆက်နွယ်မှုသည် လောဘဖြစ်တာထက် ပိုကြီးမယ်ထင်တယ်။ ချမ်းသာသူများမှာ လောဘပိုရှိတယ်၊ ရပေါက်ရလမ်းပိုများလို့ လောဘပိုရှိတယ်၊ လောဘပိုရှိလို ပိုကြီးပွားတယ်၊ လိင်ကိစ္စအပြင် အခြားခြားသော ကိစ္စတွေနဲ့ အချိန်ကုန် လူပန်းဖြစ်ရတယ်။ ဆင်းရဲသူကြတော့ ရပေါက်ရလမ်းလည်း မရှိဘူး၊ မရှိလို့လည်း ဆင်းရဲတယ်၊ ဒီတော့ ဒေါသပဲ ရှိလို့ မနိုင်နိုင်ရာ၊ မရ ရရာကိုမဲတယ်။
    ခွီး….ကြောင်ကြီး ဒေါသ ထွက်လာပြီနော…. အေပေးတရုတ်ကြီး နင်တို့ကို လက်စားချေမယ်…….

  • windtalker

    December 8, 2011 at 12:49 pm

    ကိုဘလက်စာဖတ်ပြီးတော့
    ဟိုကာတွန်းလေး ကို သွားသတိရမိတယ်
    ဆင်းရဲသား နဲ ့ သူ ့မိန်းမ နဲ ့ ၊ တဲအစုတ်လေးမှာ ကလေးတွေ ဆယ်ယောက်ကျော်လောက် နဲ ့၊ စိတ်ပျက်လက်ပျက် ထိုင်နေကြတာ ကို အင်တာသွားဗျူးတဲ့ဟာ
    “ ခင်ဗျား ကလေး ဘယ်နှစ်ယောက် ရှိတာတုန်း ”
    “ ၁ဝယောက်ကျော်ပြီ မှတ်သာဘဲ ”
    “ ခင်ဗျား အခုလက်ရှိ ဘာအလုပ် လုပ်တုန်း ”
    “ အလုပ်က ရှိလိုက် ၊ မရှိလိုက်ပါဘဲ ၊ မရှိတာ တော်တော်ကြာနေပြီ ”
    “ ဒါဆို ခင်ဗျား အလုပ်မရှိဘဲ ဘာလို ့ကလေးတွေ အများကြီး ယူတုန်း ”
    “ ဪ..ကိုယ့်လူနှယ် လုပ်စရာ ဘာမှ ကို မရှိလို ့ပါဆို ”

  • amatmin

    December 8, 2011 at 5:03 pm

    ကို ဘလက်ကြီး ရေ..
    ကျွန်တော်ကတော့ အဲလို အဖြစ်ကြုံလာရင် တကိုယ်ကောင်းဆန်မယ် မထင်ပါဗျာ.. ချစ်ခြင်းတွေ ပြိုင်နေမိမှာ.. 🙂
    ကိုယ်တွေ လို အွန်လိုင်းကနေ အချိန်မရွေး ကြိုက်တာ ကြည့်လို့ ရနေတဲ့ လူအဖို့တော့ ဒါမျိုးတွေက ရိုးနေပေါ့..
    အဲဒီလို ဂျာနယ်ကြီးမှာ တစ်တစ် ခွခွ ပါလာတာကြီးတော့ မကြိုက်ပေါင်ဗျာ.
    ကိုယ်တွေဆီမှာက စိတ် မထိန်းနိုင်တဲ့ လူတွေက ခပ်များများဆိုတော့ လမ်းဖွင့်ပြီး နည်းလမ်းပြပေးတာ ဆိုပြီး လက်တဲ့စမ်းကုန်မှဖြင့်..
    မကုလားမတို့ ချောကလက်တင်မဟုတ် ထန်းလျက် တောင် ဖွက်စားရမဲ့အဖြစ်…
    ဒီတော့ ဖြည်းဖြည်း သွားလဲ ရပါသေးတယ်ဗျာ…
    ဒါနဲ့ “ဆီမာဆတ် ၏ လျှို့ဝှက်ချက်များ” ကိုမျှော်နေပါ့မယ်.. 🙂

  • E.T

    December 8, 2011 at 5:38 pm

    တွားပါပီ။ xx ရက်နေ ့မှီရင် ချောကလက်ပေးမလို ့လုပ်ထားတာ။ ဒီလိုဆို ပေးလို ့မဖြစ်တော့ဘူး။ စွမ်းအားတွေ မြင့်လာရင် ဒုက္ခ။ သကြားလုံးပဲ ပေးတော့မယ် 😛 အားလပ်ရက် အပန်းဖြေခရီးထွက်နေတုန်း ပိုကြိုက်တယ်ဆိုတော့ ဦးဖောကို ကပ်မေးရမယ်။ ခုမှ ချောင်းသာက ပြန်ရောက်လာတယ်ဆိုလား မန် ့တစ်ခုမှာတွေ ့မိလို ့။

  • alinsett

    December 8, 2011 at 6:24 pm

    အင်း…. ကိုကုလားမ ရယ်..ကိုကုလားမရဲ့ ပို ့စ်က ပွင့်လင်းလွန်းအားကြီးသွားပါလားနော်.

    ကျွန်တော်က ဘယ်တုန်းက လက်ခုပ်တီးမိပါလိမ့်။

    ကျွန်တော့် ရွာသူလေး ကြားရင်…တမျိုးထင်ပါ့မယ်ဗျ။
    ဒီမှာ အလိုလိုနေရင် နဲ ့အဆင်မပြေရတဲ ့ကြားထဲ.။

    ပျော်စရာ ပို ့စ်လေးကို တင်လို့ကျေးဇူးပါပဲ..။ ဟဲဟဲဟဲ

  • ဦးဘဇင်း

    December 9, 2011 at 9:26 pm

    ယောက်ျားဒေ မိန်းမဒေ အကြောင်းပြောပြီး
    လိင်တူချစ်သူဒေကျဒေါ့ ဘယ်လိုဒုန်
    မျက်မမြင်ဒေဆို တော်တော်ပွဲကြမ်းပုံရမယ်နော်
    အနိစ္စဒုက္ခအနတ္တ

    • windtalker

      December 11, 2011 at 11:20 am

      မျက်မမြင်တွေ က ပိုသန်တယ် လို ့ကြားဖူးတာဘဲ…
      သွားနေကြ မျက်မမြင် မာဆတ် က မျက်မမြင်အနှိပ်ဆရာ ကို မေးကြည့်ဖူးပါတယ် ။

  • zaw min

    December 10, 2011 at 12:58 am

    ေဩာ်…ရွာထဲမရောက်တာအတော်ကြာရောပေါ့…ဂျီပုတောင် ဦးဘဇင်းဖြစ်နေပါရော့လား…

  • nigimi77

    December 11, 2011 at 2:02 am

    ဘလက်ကြီး

    နှူးဘာဂီ ပြောတာတော့ သူ ့ရဲ ့ မော်နီထရင်း နည်းပညာအရ လက်ရှိ ဝင်ရောက်ဖတ်သွားတဲ့

    အရေအတွက် ၂၁၆ ယောက်မှာ ၁၆ ယောက်ပဲ ပုရိသတွေတဲ့ဗျ

  • ကိုချောရေ
    ဒီလိုချစ်ကိုယ်တွေ့ကတော့ ပေါပေါပဲပဲ နဲ့ ပြောပြလို့ဘယ်ဖြစ်ပါ့မလဲနော်။

  • naywoonni

    December 11, 2011 at 8:30 pm

    အဲ ကိုပေါက်က လုပ်ပြန်ပြီ …။ တော်ပြီဗျာ အရင်တုန်းက ရှုမဝ အဟောင်းတွေပဲ ပြန်ရှာဖတ်တော့မယ်…။ အဲဒိထဲမှာလည်း ချစ်ကိုယ်တွေ့ ကဏ္ဍ ပါသားပဲ…။
    အော…။ ဒါနဲ့ ဦးဗဇင်းက တို ဘုဘု လား သိပါဘူး..။ သူလည်းအပြောင်အလဲက များသား

  • မှော်ဆရာ

    December 12, 2011 at 9:19 am

    ဟင် ဘာတွေပြောကြမှန်းလဲမသိဘူး နှားရှက်ထှာ ..

  • char too lan

    December 12, 2011 at 12:59 pm

    ဟာဗျာ…….. ကိုဘလက်အိမ်ထဲဝင်လိုက်တာ ခြင်ထောင်ကြိုးတွေချည်းးးးးးး ပတ်ရှောင်နေရဒယ် မနိမ့်ပါဘူးဂျာ…………………………… 😉 🙂

  • comegyi

    December 13, 2011 at 5:14 pm

    ပေါက်ဖော်ရယ် …..
    ရန်ကုန်ဆောင်းက ဘယ်လောက်များအေးလို့
    နီက အဲဂလောက်သွားကြိတ်သံကြီး
    မြည်ဟည်းနေရတာလဲ ဟင်…….

  • KING

    December 13, 2011 at 6:37 pm

    ဟူးးးးးးးးးးးးးး
    တားတော့မှားပြီ … စိတ်ကောက်တိုင်း ချော့ကလက်ကြီးကြီးတွေဝယ်ပြီးချော့နေတာ
    နာတော့ တေပြီဆရာ ………. 😛 ( * _ ^ )

Leave a Reply