ဤသုံးမျိုး (၃) …{တာဝန်ကိုယ်စီလဲရှိ အချိန်လဲတန်ပါပြီ}

thit minDecember 10, 20111min33932

ကြားဘူးတာလေးပြောပြချင်ပါတယ်။

ဒီသီချင်းလေးကိုတော့ သိကြမယ်ထင်ပါရဲ့နော်။

~~~စိတ်မှာတအုံ့ နွေးနွေး~~အဆုံးမခံနိုင်သေး~~~မင်းသခင်မလေး ခမြာ မှာ သိပ်ကိုစွဲလန်းနေရှာ~~

ပြန်ရွေးလို့ရခဲ့ရင်~~ပြန်ရွေးလို့ ပေးလိုက်ချင်တယ်~~ဘီးနံပါတ် (OK O122 L)အိုကေ သုံည တစ်နှစ်နှစ်

အယ်လ်~~

ဟုတ်ကဲ့၊ အဲဒီ သီချင်းလေးရဲ့ စကားလုံးလေးတွေထဲက အို ကေ သုံညထဲက သုံညကို အိုကေရဲ့ ရှေ့ကိုပို့၊

ဟိုး နောက်ဆုံးက အယ်လ်ကို ရှေ့ဆုံးကိုပို့၊လိုက်ရင် ( LOOK )လို့ဖြစ်သွားရော မဟုတ်လား။

အားလုံး ပေါင်းဖတ်လိုက်တော့ ( LOOK 122 ) ပါတဲ့။ ဖေဖော်ဝါရီ ၁၂ ရက်ကိုကြည့်ခိုင်းတာ

ဘာ အဓိပ္ပါယ်လဲ? ဟုတ်ကဲ့ပါ။

ပင်လုံစာချုပ် ကို အလေး ထားပါလို့ ရေးတာဖြစ်ပါတယ်တဲ့။

ဟုတ်မဟုတ်တော့ ကိုယ်ဟာကိုလွတ်လပ်စွာ ဆုံးဖြတ်ပါနော်။

အဲဒီပင်လုံစာချုပ်မှာ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ဘဏ္ဍာရေး ဆိုင်ရာ ကိုယ်ပိုင်စီမံနိုင်မှုများကို

လုပ်ပိုင်ခွင့်ပေးမည်ဆိုသည်များကိုတွေ့ရပါတယ်။ ( ပင်လုံစာချုပ် မူရင်းကိုအောက်မှာ-လင့်ခ်ပေးထားပါတယ်)

 

 

ပြောလိုတာက မြန်မာပြည်ရဲ့တိုင်းရင်းသားများ ပြည်တွင်းပဋိပက္ခတွေရဲ့အဓိကအကြောင်းရင်း

တခုဖြစ်တယ်ဆိုတာ ပြန်လည်သတိရအောင်ပြောပြပေးတာပါ၊ အများစုသိပြီးသားပါနော်။

ဘာကိုအဓိက သွားမလည်း ဆိုတော့ မြန်မာပြည်ရဲ့ ရောဂါရှာဖွေရေးလေးလုပ်ကြည့်ချင်လို့ပါ။

၂၀၀ရ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ (The Bottom Billion) သ ဘာတ်တဲန်ဘီလီယံ လို့ခေါ်တဲ့ စာအုပ်တအုပ်ဟာ

ကျနော်တို့လို နိုင်ငံမျိုးတွေကို ရောဂါရှာဖွေပေးထားပါတယ်။ ဒီစာအုပ်လေးပါ။

 

Bottom Billion book cover.jpg

 

အောက်စ်ဖို့တက္ကသိုလ်ကပါမောက်ခ ပေါလ်ကိုလီယာ ရေးတဲ့ စာအုပ်ပါ။

ကမ္ဘာလူဦးရေအနက် အောက်ခြေ ၅ ဘီလီယံ ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများမှာရှိနေပြီး “ဖွံ့ဖြိုးတိုးတက်နိုင်တဲ့

အခွင့်အရေးတွေ” ကို လုပ်ကိုင်ရင်း “ဖွံ့ဖြိုးမှုထောင်ချောက်” မှာ ပိတ်မိနေပါတယ်တဲ့။

အဲဒီ ထောင်ချောက်တွေကို လေးမျိုးခွဲပြထားပါတယ်။

{ဆရာမဂျူးက အဲဒီစာအုပ်ကို အခြေခံပြီးတော့ (ထင်ပါရဲ့၊ ဒါမှမဟုတ် အဲဒီစာအုပ်ကို အခြေခံ ရေးထားတဲ့
ဆောင်းပါး တပုဒ်ကိုဖတ်ပြီးတော့လဲဖြစ်နိုင်ပါတယ်) စင်ကာပူနိုင်ငံက စာပေဟောပြောပွဲ မှာ ပြောခဲ့
ဘူးပါတယ်။}

ဆရာ ပေါလ်ကိုလီယာက ဒီလိုဆိုထားပါတယ်။

(၁)ပြည်တွင်းပဋိပက္ခ (သို့) ပြည်တွင်းစစ် ထောင်ချောက်

(၂)သယံဇာတ ထောင်ချောက်

(၃)မကောင်းသော အိမ်နီးနားချင်းများနဲ့ ပိတ်မိနေခြင်း

(၄)မကောင်းသော အုပ်ချုပ်မှုရှိနေခြင်း

 

(၁) ပြည်တွင်းပဋိပက္ခ (သို့) ပြည်တွင်းစစ် ထောင်ချောက်(ပြည်တွင်းစစ်မက်ဖြစ်ပွားနေခြင်း)

ပြည်တွင်းစစ် ရဲ့ စရိတ်ကိုတွက်ပြထားပါတယ်။ နိုင်ငံတနိုင်ငံစီရဲ့ တနှစ်ပျမ်းမျှ ပြည်တွင်းစစ်,

စစ်စရိတ်ဟာ “၆၄” ဘီလီယံဒေါ်လာ ရှိပါတယ်တဲ့။

မြန်မာပြည်ရဲ့ တနှစ်ဂျီဒီပီ(တိုင်းပြည်ဝင်ငွေ) “၅၂” ဘီလီယံဒေါ်လာဆိုတော့

အင်း ဒီစစ်ပွဲတွေများမရှိရင် “၂” ဆ ချမ်းသာနိုင်တယ်လို့ ရိုးရိုးလေး စဉ်းစားမိပါတယ်။

ပြည်တွင်းစစ်များဖြစ်ပွားနေတာဟာ နိုင်ငံဆင်းရဲစေတဲ့အကြောင်းအရင်းပါဘဲ။

ငွေရေးကြေးရေးတင်မကတိုးတက်အောင် လုပ်နိုင်တဲ့ အင်အားတွေပါ ပါသွားပါပြီလေ။

ပြည်တွင်းနိုင်ငံရေးပြေလည်မှုမရှိခြင်း၊ တိုင်းရင်းသားလူမျိုးစုများနဲ ့ တန်းတူညီမျှအခြေခံထားပြီး

ယုံကြည်မှုနဲ ့စည်းလုံးမှု မတည်ဆောက်နိုင်ခြင်းတို ့ကြောင့်ပြည်တွင်းစစ်မက်တွေဖြစ်ပွားစေပါတယ်။

မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်မှာ ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားနေပြီး ခုတော့ နိုင်ငံရေးအရ

ညှိနှိုင်းနိုင်ဖို ့ လုပ်ဆောင်လာကြမယ်လို ့ထင်ရပါတယ်။ ပြည်တွင်းစစ်စရိတ်တွေကြောင့်

ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ လုပ်ငန်းတွေရဲ ့အသုံးစရိတ်များ လာရပြီး

လူ ့စွမ်းအားအရင်းအမြစ်တွေပါ ထိခိုက်လာရလို ့ တိုင်းပြည်ကိုဆင်းရဲစေပါတယ်။

(၂)သယံဇာတ ထောင်ချောက်

နိုင်ငံရဲ ့သယံဇာတများရဲ ့အကျိုး စီးပွားခွဲဝေသုံးစွဲမှု မညီမျှခြင်းဟာလည်း ပြည်တွင်းစစ်ဖြစ်စေပါတယ်။

နိုင်ငံသယံဇာတပေါများခြင်းဟာ ဖြစ်သင့်တာက နိုင်ငံချမ်းသာတိုးတက်ရမယ့်အစား ဆင်းရဲတဲ့နိုင်ငံများ

ဖြစ်နေကြတာကို အံ့ဩဖွယ်တွေ ့ရှိရပါတယ်လို ့ “ဆရာပေါလ်ကိုလီယာ” က ဆိုပါတယ်။

အဲဒီသယံဇာတများကို လူတစ်စုရဲ ့မတော်လောဘနဲ ့ ကိုယ်ကျိုးအတွက်အလွဲသုံးစားခြင်၊ သယံဇာတကို

အကျိုးရှိအောင်မသုံးစွဲနိုင်ခြင်း၊ သယံဇာတများရဲ ့ အကျိုးစီးပွားကိုခွဲဝေရာမှာ ညီမျှမှုမရှိခြင်း၊

သယံဇာတများကြောင့် ကွဲလွဲသောသဘောထားများဖြစ်လာကြခြင်းတို ့ကြောင့်

သယံဇာများဟာ နိုင်ငံဆင်းရဲစေဖို ့ ထောင်ချောက်တစ်ခုလိုဖြစ်လာရပါတယ်။

(၃)မကောင်းသော အိမ်နီးနားချင်းနိုင်ငံ များနဲ့ ပိတ်မိနေခြင်း

မြန်မာနိုင်ငံအဖို ့ မကောင်းတဲ့အိမ်နီးချင်းနိုင်ငံများထဲမှာ အဆိုးဆုံးကတော့ တရုတ်နိုင်ငံဖြစ်ပြီး

သူ ့နောက်မှာယိုးဒယားနိုင်ငံနဲ ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို ့လို ့ ပြောရမှာဖြစ်ပါတယ်။ တရုတ်ကတော့

ကမာ္ဘ ့စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်လာတော့ မြန်မာနိုင်ငံအရေးကို ကမာ္ဘ ့နိုင်ငံတွေ ဝင်ပါလာမယ်ဆိုရင်

ကုလသမဂ္ဂမှာ ဗီတိုအာဏာနဲ ့ပယ်ချပြီး သူ ့အကျိုးစီးပွားအတွက်တော့ အရပ်ဝတ်အစိုးရနဲ ့ရော၊

တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ ့ပါ ဆက်ဆံရေးပုံစံအမျိုးမျိုးကျင့်သုံးပြီး နယ်မြေနဲ ့သယံဇာတကို

လက်ဝါးကြီးအုပ်ကာ ယခုလက်ရှိ အစိုးရကို တိတ်တဆိတ်အနိုင်ကျင့်နေနိုင်ခြင်းဟာ

တိုင်းပြည်ကိုပျက်ဆီးဆင်းရဲစေဖို့ဖြစ်နေပါတယ်။

ယိုးဒယားနိုင်ငံဟာလည်း မြန်မာရဲ ့နိမ့်ကျနေတဲ့အခြေအနေကိုအသုံးချအခွင့်ကောင်းယူပြီး

နယ်စပ်ကုန်သွယ်ရေးမှာအသာစီးယူမှုတွေ ရှိနေတဲ့အပြင် ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နယ်စပ်က

မြန်မာပိုင်နယ်မြေတွေကိုသိမ်းယူထားပါတယ်။

(၄)မကောင်းသော အုပ်ချုပ်မှုရှိနေခြင်း (သို့) စီမံအုပ်ချုပ်မှုညံ့ဖျင်းခြင်း

လုပ်နိုင်၊လုပ်တတ်တဲ့ ပညာရှင်များကိုခုလိုပညာခေတ်မှာ နေရာပေးခြင်းပျက်ကွက်ခြင်းမျိုးရှိခဲ့ရင်

အရပ်သားပညာရှိပညာတတ် ကျွမ်းကျင်သူတွေဟာ သူတို ့ရဲ ့အလုပ်ခွင်တိုးတက်

ဖို ့ အခွင့်အလမ်းနဲ ့စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်လာတာကြောင့် အရပ်သားဝန်ထမ်း

တွေဟာ အလုပ်ခွင်ထဲမှာစိတ်ဓာတ်ကျလာခြင်း၊ မကျေနပ်ခြင်းတို ့ကြောင့် အလုပ်တွေထဲမှာ စေတနာနဲ ့

ကြိုးကြိုးပမ်းပမ်းစီမံခန် ့ခွဲလုပ်ကိုင်လိုခြင်းမရှိတော့ဘဲ ရတဲ့နေရာမှ လာဘ်စားခြင်း၊ ခိုကပ်ခြင်း

တွေပြုလုပ်လာကြတာကြောင့် စီမံအုပ်ချုပ်မှုဟာညံ့ဖျင်းလာရပြီး တိုင်းပြည်ဆင်းရဲလာရပါတော့တယ်။

အထက်ပါ အကြောင်းအချက် (၄)ချက်ဟာ တိုင်းပြည်ဆင်းရဲစေတဲ့အချက်တွေဖြစ်ပြီး

တိုင်းပြည်တိုးတက်ကြွယ်ဝ စေချင်တယ်ဆိုရင် ဒီအားနည်းချက်တွေကို ပြုပြင်ပြောင်းလဲနိုင်ရပါမယ်။

အခုနောက်ပိုင်းတော့ လက်ရှိအစိုးရအဖို ့ ကုလသမဂ္ဂ၊ အမေရိကန်နဲ ့ဥရောပသမဂ္ဂအဖွဲ ့တို ့အပါအဝင်

နိုင် ငံတကာနဲ ့ဆက်ဆံရေးပိုမိုကောင်းမွန်လမ်းပွင့်လာတဲ့ပုံစံမျိုးတွေ့လာရပြီး ပြည်တွင်းသို ့

ရင်းနှီးမြှုပ်နှံမှုနဲ ့နည်းပညာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမို ရရှိလာနိုင်(စရာရှိ)ပါတယ်။

အခုအုပ်ချုပ်နေတဲ့အစိုးရသမ္မတသစ်က ကောင်းသောအစိုးရ၊ သန် ့ရှင်းသောအစိုးရဖြစ်ရမယ်လို ့ကြွေးကြော်

ထားပါတယ်။

Image of Legitimacy အစိုးရရဲ ့တရားဝင်မှု ပုံရိပ်ဟာလည်း နိုင်ငံတကာမှာ ပိုပြီးလင်းလက်ကောင်းမွန်

လာဖို့လိုုပါတယ်။

ဒါမှ ကျနော် အထက်မှာတင်ပြခဲ့သလို အိုဒီအေ နဲ့ ပြည်ပ ကြွေးမြီ “လျှော်” တာတွေရမှာပေါ့ဗျာ။

လောလောဆယ် World Bank စာရင်းအရတော့ မြန်မာ့ကြွေးမြီ  ယူအက်စ်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ

ကျော် ရှိနေတယ် အဆင်ပြေလို့လျော့ပေးမယ်ဆိုရင် 75% ကနေ 80% လောက်ထိနော်၊ နည်းတဲ့

ပမာနတော့မဟုတ်ဘူး..(ဂျပန်က အရင်လျှော့ပေးဘူးတယ် 75%) ။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနဲ ့တိုးမြှင့်ဆက်ဆံနိုင်မှသာ အိမ်နီးချင်းဆိုးတရုတ်နိုင်ငံကို တဖြည်းဖြည်းချင်း

ထိန်းညှိလာနိုင်မှာဖြစ်ပြိး တရုတ်ကို မနီးလွန်းမဝေးလွန်းဆက်ဆံလာနိုင်မှာဖြစ်ပါတယ်။ မြန်မာဟာ တရုတ်ကို

သိပ်နီးနီး ကပ်ကပ်အားကိုးလွန်းရင် တရုတ်ရဲ ့လုပ်ချင်ရာလုပ်မဲ့ လောဘ တက်လာပါလိမ့်မယ်။

ကျနော်တို့လို နိုင်ငံများရဲ့ အလွန်အရေးအကြီးဆုံး အားကိုးရာကတော့

(Official Development Assistance-ODA) ဖွံ့ဖြိုးမှုအကူအညီပါဘဲ။

ဒုတိယအားကိုးရာကတော့ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးပါ။ (International Trade)

မြန်မာနိုင်ငံကုန်သွယ်ရေး မှာအပိတ်ခံထားရတာ (Sanction)ကလည်းတကြောင်းရှိပေမဲ့၊ ဒီအတိုင်းဆိုရင်လဲ

ဖွံ့ဖြိုးဆဲနိုင်ငံ တွေက ဖွံ့ဖြိုးပြီးနိုင်ငံများကိုတင်ပို့လို့ ရတဲ့ စားသောက်ကုန်လိုဟာမျိုးတွေမှာ

ဈေးကွက်ပျောက်သွားတာကြာခဲ့ပါပြီ။

မြန်မာ့ မိုနိုပိုလီဈေးကွက်စံနစ်အရ ထင်ရာလုပ်ကြလို့ မောရိသျှဆိုတဲ့ နိုင်ငံလေးကဝယ်နေကြ ဆန်တောင်

မရောင်း ရတော့ပါဘူး။

အဲဒီဟာတွေက အစ ပြုပြင်ကြဘို့လိုနေပါပြီ။

ကဲ သန့်ရှင်းသော အစိုးရရဲ့ တာဝန်များကိုမပြောခင်၊ (Good Governance OR Clean Goverance)

သန့်ရှင်းသော အစိုးရဆိုတာဘာလဲဆိုတာလေး ကြည့်ချင်ပါတယ်။

(၁)ပွင့်လင်းမြင်သာမှုရှိရခြင်း

ရသုံးငွေ စာရင်းကအစ ရုံးလုပ်ထုံးလုပ်နည်းတွေကို “လွန်စွာ ထင်သာမြင်သာ” ရှိရမှာပါ။

(၂)ထောက်ပြပြောဆိုနိုင်ခွင့် ၊စောင့်ကြပ်ကြည့်ရှုထိန်းကွပ်နိုင်ရခြင်း

မှားနေရင် ပြောလို့ “ရ” ဘို့ လိုတယ်နော်။အခု ပြောလို့ရပြီလား?

(၃) ဗဟိုထိန်းချုပ်မှု လျှော့ချခြင်း

ဘယ်လိုလဲ?

(၄)လွတ်လပ်သော လူထုဆက်သွယ်ရေးလမ်းကြောင်းရှိခြင်း

ယိုးဒယားက ဒေါ်ရင်လှကတော့ ရေကြီးထဲ့ အထဲ လျှောက်သွားနေတာဘဲ။

လူထုနဲ့ နီးစပ်ပုံပါဘဲ။ (ဆရာမ နုနုရည်-အင်းဝ ရဲ့ “ဘုရင့်မိုး” အကြောင်းလေး ကြားဘူးမှာပေါ့)

(၅)လာဘ်ပေးလာဘ်ယူပြုသော အလေ့အထနှင့်ပါတ်ဝန်းကျင်မရှိခြင်း

လိုင်စင်တခု ရဘို့ ဘယ်လိုလုပ်ရမှန်းမသိလို့ ငွေပေးလုပ်ရလို့ စရိတ်တက်ပြီး ငွေဖောင်းပွ

( Cost-push inflation ) တယ်လို့ “ရွှေစံချိန်စံနစ်” ပို့စ်မှာပြောခဲ့ပြီနော်။ပြောရရင် အကျိုးဆက်တွေက

အများကြီးဘဲဗျာ။

(၆)မှန်ကန်သော တရားမျှတသော ရဲနှင့် ပြစ်မှုဆိုင်ရာဖြေရှင်းပေးသောအဖွဲ့အစည်းများရှိခြင်း

ဪ ….ပြောတော့ဘူး။

(၇)လွတ်လပ်သော တရားမျှတသော တရားစီရင်ရေးရှိခြင်း

စဉ်းစား စဉ်းစား ကိုယ်ဟာကိုယ် (^^)။

ပြီးတော့ ((((တခါက သူကြီးလဲ မန့်ဖူးပါတယ်။)))

အုပ်ချုပ်ရေး ၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး သုံးမျိုး ဟာသီးခြား အာဏာ နဲ့ တနေရာနဲ့ တနေရာ စွက်ဖက်လို့

မရဘူးဆိုတာ ဒီနေမှာ တကယ်လိုအပ်တဲ့အရာပါဘဲ။

~~~~~~~~~~~~~~~~

ဟုတ်ကဲ့ ကျနော်တို့နိုင်ငံ အနေနဲ့ဆိုရင်တော့…..

အဲဒီ အပေါ်က ဟာတွေ ရှိပြီးမှ (ဤသုံးမျိုး -၂ မှာ ကျနော် ပြောခဲ့တဲ့) ပီလာ ၅ ချောင်းကို အမြန်ဆုံးထောင်

နိုင်မှာပါ။ Legitimacy=အသိအမှတ်ပြုခံရရေးကို တိုးမြှင့်တဲ့အနေနဲ့တော့ အခုအချိန်မှာ

အသက်လောက်အရေးကြီးတဲ့(Peace Making==> Peace Keeping==> Peace Buliding)

ငြိမ်းချမ်းရေးနဲ့ပြည်ပနိုင်ငံများနဲ့ကောင်းမွန်သော ဆက်ဆံရေးရှိဖို့ အရမ်းအရေး ကြီးနေပါပြီလို့

စေတနာကောင်းနဲ့ ကျေညာမောင်းပါ။

=================

အိုဒီအေရှင်းလင်းချက် ။  ။

အိုဒီအေ ဆိုလို့အထင်မသေးပါနဲ့။ ဒီနေ့ဂျပန်ပြည်ကြီးရယ်လို့ ဖြစ်လာတာဟာ အိုဒီအေရဲ့ မောင်းနှင်အား

ကတစိတ်တပိုင်းအရေး ကြီးခဲ့ပါတယ်။ အမေရိကန်ရဲ့ အိုဒီအေနဲ့ အဝေးပြေးလမ်းမကြီးတွေ၊ တောင်ဖောက်

ဥမင်လမ်းတွေ တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီ အကျိုးကျေးဇူးနဲ့ ဂျပန်နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး

ကောင်းမွန်လို့ ကုန်စည်စီးဆင်းမှု ချောမွေ့ပြီး စီးပွါးရေးလုပ်ငန်းတွေ တိုးတက်ကောင်းမွန်လာခဲ့တာပါ။

တခြားသော အကျိုးဆက်များစွာ ကိုလည်း စဉ်းစားကြည့်ရင်သိနိုင်ကြပါလိမ့်မယ်.။

ကျန်းမာရေး၊ ပညာရေး၊ ရေကောင်းရေသန့် ရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး (လောပီတစက်ရုံဟာ

ဂျပန်အိုဒီအေနဲ့ တည်ဆောက်ခဲ့ကြောင်း ပြောဘူးပါတယ်နော်)

ကိုလင်းဝေကျော် ပို့စ်မှာ ပြောခဲ့တဲ့ အိုဒီအေ နဲ့ပါတ်သက်တဲ့ ကော်မန့်လေးကို ဆိုက်တေးရှင်း ပြန်ပေးပါရစေ။

အိုဒီအေ (ODA-Official Development Assistance )ဆိုတာ ချမ်းသာတဲ့နိုင်ငံကနေ

ဆင်းရဲတဲ့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်မှုထောက်ပံ့ကြေးပေးတာကိုခေါ်တာပါ။

ဆေးရုံ၊ကျောင်း၊ရေရရှိရေး၊မီးရရှိရေး၊လမ်းပန်းဆက်သွယ်ရေး၊ကျန်းမာရေး၊လူမှုဖွံ့ဖြိုးရေးတွေမှာသုံးပါတယ်။

ဂရန့်လို့ခေါ်တဲ့ တလုံးထည်း အိုဒီအေ၊နှစ်စဉ်ပေးတဲ့ အရစ်ကျအိုဒီအေ၊နှစ်တိုနှစ်ရှည်အိုဒီအေ

အတိုးသက်သာချေးငွေအိုဒီအေနဲ့ ချေးငွေလျှော်ပေးအိုဒီအေများရယ်လို့အမျိုးမျိုးရှိပါတယ်။

ဂျပန်ဟာ လူသားချင်းစာနာထောက်ထားတယ်ဆိုပြီး ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ

(တခြားနိုင်ငံတွေအားလုံး ရပ်သွားပေမဲ့ဆက်ပြီး)လူသားချင်းစာနာတဲ့(အိုဒီအေမဟုတ်တဲ့)

မြန်မာကိုထောက်ပံ့ကြေးပေးခဲ့တဲ့ တခုတည်းသောနိုင်ငံပါဘဲ။အဲ ဒါပေမဲ့ အိုဒီအေပုံစံနဲ့ ၁၉၉၈

ခုနှစ်မှာ(၁၉၉၆ က မိဆုအီComapny ကဦးခင်ညွန့်နဲ့လုပ်ထားတဲ့Mitsui Industrial Park-

အင်ဒတ်စတီရယ်ပါတ်)စီမံကိန်းရဲ့အဆက်လို့ပြောလို့ရတဲ့(Yangon Airport Renovation

ရန်ကုန်လေဆိပ်ပြုပြင်ရေး အိုဒီအေရခဲ့ပါတယ်။နောက်တော့ ၂၀၀ဝ ခုနှစ်မှာသဘောတူခဲ့တဲ့

အိုဒီအေကတော့ ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံပြုပြင်ရေးအိုဒီအေပါ။

အဲဒီ ၂၀၀ဝ ရဲ့ ဧပြီလမှာ ရဇာလီလာပါတယ်။

နောက်တော့ ၂၀၀ဝ ရဲ့ စက်တင်ဘာလထဲမှာ အန်အယ်ဒီ အဖွဲ့ဝင်တချို့လွှတ်ပေးပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး က မြန်မာပြည်က ဒုနိုင်ငံခြားရေးဝန်ကြီး

ကိုခေါ်ပြီးသဘောတူလိုက်ပါတယ်။

အဲဒီ လောပိတ ဘီးလူးချောင်းရေအားပါဝါစက်ရုံဆိုတာက ၁၉၆ဝမှာဂျပန်က

အိုဒီအေနဲ့ဆောက်ပေးခဲ့တဲ့စက်ရုံပါဘဲ။ သူ့စက်ရုံသူပြန်ကြည့်ပေးတဲ့ အိုဒီအေပေါ့ဗျာ။

နောက်ပိုင်း အိုဒီအေတွေကိုပေးမယ်လို့ ၁၉၉၉ မနီလာ အာဆီယမ်ဆမ်းမစ်

မှာကတိပေးပြီးသားလို့ဆိုပါတယ်။အဲနိုင်ငံရေး ပြောင်းလဲမှု၊တည်ညိမ်မှုတွေ ပြသဖို့ဆိုတဲ့

စကားကိုတော့ဂျပန်ဝန်ကြီးချုပ်ကသေသေချာချာပြောခဲ့တယ်လို့ဆိုပါတယ်။မဟုတ်ရင်

မပေးဘူးဆိုတဲ့သဘောပါ။အဲ နောက်လဲကျရော ထုံးစံအတိုင်း နိုင်ငံခြားကလာရင်

ဦးခင်ညွန့်နဲ့ တွေ့နေကျမဟုတ်လား။အဲဒီ အိုဒီအေ ကိုယ်စားလှယ်(မူတိုလို့ခေါ်ပါတယ်သူ့

နာမည်က၊ ကိုယ်စားလှယ်လို့ဘဲလွယ်လွယ်ပြောပါရစေ၊သေသေချာချာပြောရရင်

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအကြောင်းတွေရှင်းရအုန်းမှာမို့ပါ)နဲ့ ဦးခင်ညွန့်တွေ့ပါတယ်။

ဂျပန်အစိုးရရဲ့ အိုဒီအေရှေ့ပြေး ပလဲန်တွေ ဆွေးနွေးခဲ့ပါတယ်။

၂၀၀၄ ၂၀၀၅ ၂၀၀၆ နဲ့ ၂၀၀ရ ခုနှစ် စုစုပေါင်း ဂျပန်ယန်း ၃ ဘီလီယမ် ပေးဖို့ပါ။

အိုဒီအေ ဆိုတာပိုက်ဆံပေးရုံမကပါဘူး။ ချေးငွေဆိုတာကိုပါ “လျှော်” ပေးတတ်ပါတယ်။

အရင်တုန်းက ချေးငွေရဲ့ 75% ကိုလျှော်ပေးဘူးပါသတဲ့။

၂၀၀၆ ခုနှစ်အထိ ဂျပန်ကိုပေးစရာအကြွေး ဂျပန်ယန်း၂၇၃.၅ဘီလီယံရှိတာပါ။

ခုထိရှိနေအုန်းမယ်ထင်ရဲ့။

နောက်ပိုင်းလဲကျ အမေစုကိုရော ၊ ဦးခင်ညွန့်ကိုပါ စိ လိုက်တော့ ၂၀၀၃ ခုနှစ်မှာ

ရပ်သွားပါတယ်တဲ့။

(ကိန်းဂဏန်းများက ဂျပန်ရဲ့အိုဒီအေ  စက္က ူဖြူအစီရင်ခံစာအရပါ။)

ကဲ ….အဲဒီ အိုဒီအေတွေ ပြန်ပေးအောင်လုပ်ရတော့မယ်ပေါ့ဗျာ။

~~~~~~~~~~~(^^)~~~~~~~~~~

ဒီလိုစဉ်းစားလို့ရတယ်။ ( ) ထဲကဟာကကျနော်ပြောခဲ့တဲ့ အမာခံလိုအပ်ချက်

Energy အင်အား၊ Awareness သတိပြုမိလာသောအသိတရား၊ Aspiration တိကျသောရည်မှန်းချက် ၃ ခုပါ။

ငြိမ်းချမ်းရေး+အသိအမှတ်ပြုမှုပိုမိုလာခြင်း==>အိုဒီအေ + ကုန်သွယ်ရေး ==> တိုးတက်သောမြန်မာရွှေနိုင်ငံ
( Energy    + Awareness )     ==>(နည်းဗျူဟာTactic Aspiration) =>(မဟာဗျူဟာStrategic Aspiration)
ပါဘဲ။

ပါဝင်လုပ်ကိုင်လို့ ရလာတဲ့ တနေ့ ခင်ဗျားလဲ တာဝန်ကျေစွာ၊ရိုးသားကြိုးစားစွာအများအကျိုးကို

သယ်ပိုးတတ်တဲ့ ခေါင်းဆောင်ရဲ့ ခေါင်းဆောင်မှုတခုအောက်မှာပါဝင်လာမယ်လို့ ယုံကြည်ပါရစေ။

~~~~~~~~~~~~

လေးစားစွာဖြင့်

မောင်သစ်မင်း(^^)

32 comments

  • blackchaw

    December 10, 2011 at 10:39 pm

    ကိုသစ်ရေ။
    ကျွန်တော့် အိမ်ပြန်ချိန်ကို ရောက်နေပါပြီ ခင်ဗျာ။
    ဒီလိုပို့စ်တစ်ခုဖြစ်ဘို့ အပင်ပန်းခံ အချိန်လုပြီး ဦးနှောက်စားပေးတာ
    ကျေးဇူးတင်ကြောင်းလေး လပြည့်နေ့ညကြီးမှာ ပြောချင်ပါတယ်ဗျာ။
    ပို့စ်တွေကို ဒေါင်းလုဒ်ဆွဲနေတဲ့အချိန်ဖြစ်နေလို့ တစ်ခါတည်း
    ဆွဲသွားပါတယ်။ GOOD NIGHT ပါဗျာ။

  • inz@ghi

    December 10, 2011 at 10:44 pm

    ကျေးဇူးပါ ဆြာသစ်ရေ့ ….

    နိုင်ငံရေးနဲ့ပါတ်သတ်ပြီး ဟိုဟာ အရေးကြီးတယ်
    ဒီဟာ မရှိလို့ မဖြစ်ဘူး … ဒါမျိုးတွေ ကြားကြားနေရတယ်…ပြီး …ဘာလို့
    အရေးကြီးတာလဲဆိုမေးရင် ….. case လေးတွေချချပြပြီး အဲ့ဒါမရှိလို့ ကွ ဆိုတာပဲ ..
    ပြောပြတတ်ကြတယ် …ဆြာ့ စာထဲမှာလို cause, factor တွေ ထုတ်မပြပေးကြ/နိုင်ကြ ဘူးရယ်…
    ပေးနိုင်တဲ့လူ မဆုံဖူးသေးတာလဲပါမယ်ပေါ့လေ..

    ခုတော့ ဘာတွေ ဘာကြောင့် အရေးကြီးပြီး အဲ့သည့် အရေးကြီးတာတွေ မပီပြင်ရင်
    ဘာတွေဖြစ်လာမယ် ဘာတွေ ဆုံးရှုံးသွားမယ် ဆိုတာကို လင့်ခ် ကောင်းကောင်းချိတ်နိုင်သွားပြီမို့
    ကျေးဇူးပါဆြာရယ် လို့ ထပ်ပြောပါရစေဗျ…

  • pooch

    December 11, 2011 at 12:16 am

    ကိုသစ်မင်းရေ ဒီပိုစ့်လေးကို ဆိုင်ရာများ ဖတ်မိရင် သိပ်ကောင်းမှာပဲ
    နိုင်ငံနဲ့ကို ချီပြီး အဖိုးတန်တဲ့ အတွေးပါတဲ့ စာစုလေးတွေပါ
    ကျမလို လူပြိန်းတွေတောင် ကွင်းကွင်းကွက်ကွက် မြင်သွားပါတယ်
    တလက်စထဲ ပြောလိုက်ပါရစေ အခွင့်အရေးလေးများ ပေးတဲ့ တနေ့ မြန်မာပြည်ကို ပြန်လာခဲ့ပါလို့
    ဒီလို အတွေးအခေါ်ရှိတဲ့သူတွေ ကျမတို့ တိုင်းပြည်မှာ များများ ရှိဖို့လိုအပ်နေလို့ပါ…..
    ကူညီပါအုန်းရှင်…..

    (ထုံးစံအတိုင်းသူငယ်ချင်းကို ပို့ဖို့ ရှယ်သွားပါတယ် ဘယ်သူငယ်ချင်းလည်းလို့ ထပ်မေးနေမှာစိုးလို့ တခါထဲ ဖြေလိုက်ပါ့မယ်
    ချီကာဂိုမှာ အခြေကျနေထိုင်နေတဲ့ သူ၊ သူတို့ ဆီမှာ Big 4 လို့ နာမည်ကြီးတဲ့ ထဲက ကုမ္ပဏီ တခုမှာ လုပ်နေတဲ့သူူပါ စီးပွားရေးနဲ့ ဆိုင်တဲ့ ပညာရပ်တခုကို ဆည်းပူးနေသူပါ.

    ကျမရေးတဲ့စာကို သာ သစ္စာရှိစွာ ဝင်ဖတ်တတ်သူ တခြားစာကို ယောင်လို့တောင်မဖတ်တဲ့သူမို့ပါ
    သူ့ကို စာရေးဖို့ စည်းရုုံးတာ မောတာပဲ အဖတ်တင်ပါတယ် ဝါသနာ မပါပါဘူး
    သူငယ်ချင်းမှ ငယ်သူငယ်ချင်း အရင်းကြီးတယောက်ဖြစ်ပြီး ကျမဘဝရဲ့ အရေးပါသူတယောက်လည်း ဖြစ်ပါတယ်)

  • thit min

    December 11, 2011 at 7:22 am

    ကိုဘလက်ရေ
    ဒေါင်းလုတ်ဆွဲပြီး ဖတ်ပြီးရင် ဝေဖန် အကြံပြုပါးပါအုန်း ဆရာရေ။
    ပြည်တွင်းက အမြင်လေးများကိုကြား ပါရစေလို့။
    ~~~~~~~~~~~~
    ညီဂီဂီရေ
    ကိုယ့်အမြင်က ဗာဒ်အိုင်းဗျူးပါကွာ။
    အကောင်ထည်ဖော်တဲ့နေရာလက်တွေ့ကျတဲ့နေရာလေးတွေကို အသေးစိတ်ချယ်မှုန်းကြတဲ့
    နေရာမှာတော့ ညီလို ပရို တွေက အရမ်းအရေးပါသွားပါပြီ။ ညီသိပါတယ်။
    ~~~~~~~~~~~~
    မပူးချ်ရေ
    ကျနော် က ဘယ်က သူငယ်ချင်းလည်းလို့မေးတာ “နောက်”တာပါ။
    ဝေပါ မျှပါ။ ရပါတယ်။ သူ့ရဲ့အမြင်ပြောပြခဲ့ရင်လည်း ပြန်ပြောပေးပါအုန်းနော်။
    ~~~~~~~~~~~~
    အားလုံးကို ကျေးဇူးပါလို့ (^^)

  • amatmin

    December 11, 2011 at 11:53 am

    ဆရာသစ်ရေ..
    လေးလေးစားစားကို ဝင်ဖတ် မှတ်သား သွားပါတယ်ဗျာ..
    ဒါနဲ့ကောင်းသော အုပ်ချုပ်မှုရပြီးရှေ့ဆောင်သွားပြီဆိုရင် ကျန်သော ထောင်ချောက်တွေကို ရှင်းထုတ်ဖို့ မခက်တော့ဘူးပေါ့နော်…..
    လက်တွေ့ နဲ့ဆက်စပ်ပြီး နားလည်လွယ်အောင်ရှင်းပြသွားလို့ကျေးဇူးပါ အကိုရေ….

  • htoosan

    December 11, 2011 at 11:59 am

    ဆရာသစ်ရေ.. ဦးထီး သီချင်းက နှစ် ၃ဝ ကျော် လောက်ရှိပြီထင်တယ်နော်. အခုမှဘဲ အဓိပ္ပါယ် သိတော့တယ် ။ အနုပညာရှင်တွေ ဖန်တီးထားချက်။
    အဲ့ဒီ့ အချိန်လောက်ကဘဲထင်တယ်၊ ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ် မဂ္ဂဇင်း မျက်နှာဖုံးမှာ သာမာန် ကြည့်ရင် သစ်ပုတ်ပင် ဆွဲထားတာ ။ သေသေချာချာ ကြည့်မှ လွမ်းသူ့ ပန်းခွေရယ်၊ ဆုပ်ထားတဲ့လက်သီးက သွေးစီးနေတာတွေ ရယ် တွေ့ရတာ ။ စာပေစီစစ်ရေးက သတိမမူ မိဘဲ ထုတ်ဝေခွင့် ပေးလိုက်ပြီးမှ ပြန်လိုက်ပိတ် ရတဲ့ အဖြစ်လည်း သတိရမိပါတယ်။
    အခုလို စာတွေ၊ မအားတဲ့ ကြားက ရေးပေးတဲ့ အတွက်လည်းကျေးဇူးတင် လေးစားပါတယ် ဆြာသစ်ရေ။

  • ကြောင်လတ်

    December 11, 2011 at 2:49 pm

    ဆရာသစ်ရေ ပုချ် ပြောသလိုပဲ ကျနော်တို့ သိတာထက် သိသင့်တဲ့သူတွေ များများသိပါစေလို့
    သိတဲ့အတိုင်းလဲ ကျင့်နိုင်ကြပါစေလို့သာ…………

  • MaMa

    December 11, 2011 at 6:17 pm

    ဆရာသစ်ရေ-
    ကျမအမြင်ကို ပြောရရင် ပွင့်လင်းမြင်သာမှုက တော်တော်အရေးကြီးတယ်လို့ ထင်မိပါတယ်။
    ပွင့်လင်းမြင်သာမှုနောက်မှာ ယုံကြည်စိတ်ချမှုက လိုက်လာလိမ့်မယ် ထင်ပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ ခေါင်းဆောင်ပိုင်းဟာ အများ (နောက်လိုက်တွေ) ရဲ့ယုံကြည်မှုကို ရရှိမှ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေကို အောင်မြင်စွာလျှောက်လှမ်းနိုင်မယ်လို့ ယူဆမိပါတယ်။
    အခု ကျမတို့နဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်မှာတော့ အပြုသဘောဝေဖန် ဆွေးနွေးအကြံပေးမှုတွေကို သဘောထားကြီးစွာ ဖိတ်ခေါ်လာတာကို တွေ့ရပါတယ်။ သိသိသာသာပြောင်းလဲတိုးတက်မှု မဟုတ်ပေမယ့် ကောင်းတဲ့ဖက်ကို ယိမ်းယိုင်လာတာမို့ ဝမ်းသာစရာပါပဲ။

  • Thanlwinoo

    December 11, 2011 at 7:49 pm

    ကျွန်တော်လည်း ကိုသစ်နဲ့သဘောတူပါတယ်…။
    ရောဂါသိမှ ဆေးရှိမှာပါ…။
    ကျွန်တော်တို့ မြန်မာနိုင်ငံ လူမမာကြီး ရောဂါအမှန် ရှာဖွေပြီး ကုသပျောက်ကင်းနိုင်ပါစေ..။

  • windtalker

    December 11, 2011 at 8:02 pm

    မသိခဲ့ရသော အချက်အလက်များ ကို သိသွားရခြင်း
    အထူးသဖြင့် စိုင်းထီးဆိုင် သီချင်း ကို ပဟေဋ္ဌိ ဖော်ပေးခြင်း
    စသောအကြောင်းများကြောင့် လေးစားကျေးဇူးတင်ပါတယ် ခင်ဗျာ
    အကိုရေးပြမှဘဲ အားလုံးကို ကွက်ကွက်ကွင်းကွင်း သိမြင်မိတာပါ

  • blackchaw

    December 11, 2011 at 8:51 pm

    ကိုသစ်ရေ။
    ကိုထီးသီချင်းနဲ့ ပတ်သက်ပြီးတော့ ကြားဘူးတယ်ဆိုတာ ဖြစ်နိုင်ပါတယ်ဗျာ။
    ကျွန်တော်ကြားဘူးတာလေးလည်း ပြန်ပြောပြချင်တယ်။
    ကိုထီးသီချင်းပဲဗျ။ ခမ်းလိတ်ကြီးပဲ ရေးတာပါ။ မေမြို့မိုးတဲ့။
    မေမြို့မှာ မိုးခေါင်တာကြားဘူးပြီ ဆိုတာလေးပါ။
    ဟိုတုန်းက မေမြို့က ရှမ်းပြည်နယ်ထဲက မြို့လို့ပြောပါတယ်။
    အခုကျတော့ မန်းလေး တိုင်း ထဲပါသွားတော့ မိုးခေါင်ရေရှားထဲရောက်သွားတယ်ပေါ့ဗျာ။
    အဲဒါကြောင့် မေမြို့မှာ မိုးခေါင်တာ ကြားဘူးပြီ လို့ ရေးတာပါတဲ့။
    ဒါလေးက သီချင်း အကြောင်းလေးပါဗျာ။
    ပေါလ်ကိုလီယာ ပြောတဲ့
    ဖွံ့ဖြိုးမှုထောင်ချောက်တွေကို သဘောတူပါတယ် ကိုသစ်ရေ။
    (၁)ပြည်တွင်းပဋိပက္ခ (သို့) ပြည်တွင်းစစ် ထောင်ချောက်
    ပြည်တွင်းစစ်ကိုတော့ ထောင်ချောက်လို့ တောင် မခေါ်ချင်တော့ပါဘူး။
    ထွက်ပေါက်တစ်ခုလို့တောင် ဆိုချင်ပါတယ်ဗျာ။
    (၂)သယံဇာတ ထောင်ချောက်
    ဒါကတော့ သိသိသာသာကြီးပါ။
    သယံဇာတ အပေါဆုံးနိုင်ငံတွေက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေ ဖြစ်နေပါတယ်ဗျာ။
    (၃)မကောင်းသော အိမ်နီးနားချင်းများနဲ့ ပိတ်မိနေခြင်း
    ဘင်္ဂလားဒေ့ရှ် တော့ သိတ်မသိဘူး။ တရုတ်နဲ့ ထိုင်းကတော့ အိမ်နီးချင်းဆိုးတွေဆိုတာ
    ထောက်ခံပါတယ်ဗျာ။
    (၄)မကောင်းသော အုပ်ချုပ်မှုရှိနေခြင်း
    ဟဲဟဲ ဒါကတော့ အများရဲ့အမြင်အတိုင်းပါပဲဗျာ။

    ODA ကတော့ ပေးသူရှိရင် ရမှာပေါ့ဗျာ နော။
    ှုInternational Trade ကလည်း sanction တွေလျော့လာရင်၊ အသုံးမကျတဲ့စည်းမျဉ်းစည်းကမ်း
    အချို့ကို ပြင်ပေးမယ်ဆိုရင် ပြန်အိုကေလာနိုင်ကောင်းပါရဲ့။

    သန့်ရှင်းသော အစိုးရဆိုတာလေးနဲ့ ပတ်သက်လို့ကတော့
    ၂။ ထောက်ပြ ပြောဆို နိုင်ခွင့် (မှားနေရင် ပြောလို့ ရဘို့လိုတယ်နော် ဆိုတာလေးကတော့)
    တော်တော် ပြင်ယူရဦးမယ်ထင်တယ်ဗျာ။
    ၃။ ဗဟိုထိန်းချုပ်မှုလျှော့ချခြင်း ဆိုတာကလည်း
    အင်း ဘယ်လိုပြောရမလဲ ဆိုတာတောင် သိတော့ပါဘူးဗျာ။
    ၄။ လွတ်လပ်သော လူထုဆက်သွယ်ရေး လမ်းကြောင်းရှိခြင်း။
    အမေစု ကတော့ ယင်လတ်ခ် လောက်တော့ သနားတယ်ဗျာ။
    အမေစု ကိုပြောတာနော်။
    ၅။ လာဘ်ပေးလာဘ်ယူ နဲ့ ပတ်သက်လို့လည်း ဘယ်လိုပြောရမလဲ အင်း ပြောတော့ပါဘူးဗျာ။
    ၆။ မှန်ကန်သော တရားမျှတသော ရဲနှင့် ပြစ်မှုဆိုင်ရာဖြေရှင်းပေးသောအဖွဲ့အစည်းများရှိခြင်း
    ဆိုတာကတော့ အဖွဲ့အစည်းတွေကတော့ ရှိနေပါတယ်ဗျာ။
    ၇။ လွတ်လပ်သော တရားမျှတသော တရားစီရင်ရေးရှိခြင်း
    ဆိုတာကတော့ ဥပဒေရဲ့ အထက်မှာ လူတွေရှိနေသေးသလားလို့ဗျာ။
    အဲဒါတွေရှိပြီးမှ ဆိုတော့ …..။

    အိုဒီအေ အကြောင်း ရှင်းပြပေးတာ ကိုလင်းဝေကျော်ပို့စ်မှာကတည်းက ကျေးဇူးတင်ပါတယ်ဗျာ။

    ကိုသစ်ရေ။ ကြိုးစားဖတ်ပြီး နားလည်သလောက်လေး မန့်လိုက်ပါတယ်။
    ရယ်စရာများ ဖြစ်နေရင် ခွင့်လွှတ်ပေးပါဗျာ။

  • blackchaw

    December 11, 2011 at 8:54 pm

    မေ့သွားလို့ဗျာ။
    ဒီလို အပြုသဘော ဆောင်တဲ့ပို့စ် မျိုးမှာ
    အနီတွေလိုက်ပေးတာ လက်မတွေ အောက်စိုက်တာ
    လုပ်တာမျိုးကတော့ မသင့်တော်ဘူးထင်ပါတယ်ဗျာ။
    အဲဒါလေးပါ။

  • မင်းပြည့်ရှိန်

    December 12, 2011 at 1:30 am

    ဦးသစ်ရဲ့ ဒီလိုစာလေးကို အားရပါးရ ဖတ်နေရချိန်မှာပဲ
    ပြန်တွေးမိတာလေး ရှိတယ်
    မနေ့က လကြတ်တာကို လငပုပ်ဖမ်းပါတယ် ဆိုပြီး သံပုံးတွေ တီးနေတဲ့ လူတွေ အကြောင်း
    ဟိုတစ်လောက ရေသန့်ဘူးမှာ စွယ်တော် ပေါ်ပါတယ်ဆိုပြီး ကြည့်ကြတဲ့ သူတွေ အကြောင်း
    မိဘမေတ္တာ မိဘမေတ္တာ ဆိုပြီး သားသမီးတွေကို မတော်မတရား အလိုလိုက်နေသူတွေ အကြောင်း
    Laziness is the root of poverty ဆိုပြီး ပျင်းရိနေသူတွေ အကြောင်း
    ပန်းဦးဆက်ခဲ့တဲ့ ဘဝကလာတာကို မေ့ထားပြီး ကိုယ့်ကိုယ်ကို သာကီမျိုးဟေ့ လုပ်နေသူတွေ အကြောင်း
    လာတော့မယ့် နှစ်သစ်ကူးမှာ သူများက အောင်မြင်မှုတွေနဲ့ နည်းပညာသစ်တွေနဲ့ နှစ်ကူးတာကို အဲဒီ ညရောက်မှ အရက်ပုလင်းလေးထောင် ဝိုင်လေးသောက်ပြီး နှစ်ကူးကြမယ့် သူတွေရဲ့ အကြောင်း
    ခုနောက်ပိုင်း ပြောခွင့်ရပဟ ဆိုပြီး စွတ်ရွတ်ပြောလာကြတဲ့ မီဒီယာတွေ အကြောင်း
    မိဘပိုင် အိမ်ဝိုင်းလေးကို အမွေလုနေကြတဲ့ မောင်နှမတွေ အကြောင်း
    သနားလို့ ပိုက်ဆံလေးချေးငှားပေးတာကို အလုပ်သေချာမလုပ်ဘဲ ရှုံးသွားလို့ ပြန်မဆပ်နိုင်တာတော့တဲ့ ပုဂ္ဂိုလ်များ အကြောင်း
    ဒီတော့ တွေးမိသလောက် တာဝန်မသိခဲ့တာရယ် မယူခဲ့တာရယ်
    ပညာနည်းလို့ အတွေးအခေါ်နည်းခဲ့တာရယ်နဲ့ လုံးလည် လိုက်နေတဲ့ အနေအထားကနေ
    ““တာဝန်ကိုယ်စီလဲရှိ အချိန်လဲတန်ပါပြီ”” လို့ ဆိုတာကြောင့် ဦးသစ်ရေ ရှေ့ဆက်ရမယ့် နေ့ရက်တွေမှာ “ စွန်လွှတ် အနစ်နာခံသူများ အကြောင်းနဲ့ ” “ပေးဆပ်သူတို့များစွာ လိုအပ်ကြောင်း” လေး ဆက်ပြီး ချီးမြှင့်ပါဦး ခင်ဗျာ။

  • Khin Latt

    December 12, 2011 at 4:36 am

    ဦးသစ်မင်းရှင့် –
    ဒီ Post မှာ ကျွန်မ မသိသေးတဲ့ အကြောင်းတွေ ကို အများကြီး လေ့လာရပါတယ်။ ဒီအတွက် အများကြီး ကျေးဇူးတင်ပါတယ်။

    ဆရာ စိုင်းခမ်းလိပ် ရဲ့ သီချင်းတိုင်း ဟာ အဓိပ္ပါယ်ရှိတယ် ဆိုတာသိပေမဲ့ ဘီးနံပါတ် OK ဝ၁၂၂L ရဲ့ အဓိပ္ပါယ်ကို ခုမှသိပါတယ်။

    ပင်လုံညီလာခံ စာချုပ် ကိုဖတ်ကြည့် ပြီး မှာ ကျွန်မကြားဖူးတဲ့ “The Curse of Independence” ဆိုတဲ့ စာအုပ်ကို သတိရမိပါတယ်။ အစ အဆုံး မဖတ်ဘူးပေမဲ့ အဲဒီ ထဲက Timeline လို ဘယ်နှစ်တွေ မှာ ဘာဖြစ်ခဲ့တယ် ဆိုတာတွေ ကို မှတ်ဘူးပါတယ်။ စာအုပ်ရဲ့ နာမည် ကိုလဲ သဘောကျမိပါတယ်။

    မြန်မာပြည်လွတ်လပ်ရေး ရပြီး ရက်ပေါင်း ကိုးဆယ် ကစလို့ ပြည်တွင်းစစ် တွေ ဖြစ်ခဲ့တာ အခုတိုင် ပါဘဲ။ ဒါဟာ တိုင်းပြည် ကို အသေအချာ စုစည်းပေးနိုင်တဲ့၊ ပြည်တွင်း က လူမျိုးစု များအားလုံး ရဲ့ အရေးကို တန်းတူညီမျှ လုပ်ဆောင်ပေးမဲ့ ယုံကြည်လောက်တဲ့ သမာဓိရှိတဲ့ ခေါင်းဆောင်ကောင်း၊ မရှိခဲ့လို့ ဆိုတာ အသေအချာ ပါဘဲ။

    နောက်ပြီး ကျွန်မတို့ ဟာ အုပ်စုစွဲ၊ လူမျိုးစွဲ မကောင်းတဲ့ ဘက်မှာ ပိုများ သလားလို့။
    ဥပမာ – ကျွန်မတို့ငယ်တုန်းက အထက်တန်းကျောင်း အထိ အစိမ်း၊ အဝါ၊ အပြာ၊ အနီ (ဘုရင့်နောင်၊ ကျန်စစ်သား၊ ဗန္ဓုလ၊ အလောင်းဘုရား) အသင်းတွေ ရှိပါတယ်။
    တကယ်တော့ အသင်းဖွဲ့တယ် ဆိုတာ ခလေးတွေကို တစ်ဦးချင်း တစ်ကိုယ်ကောင်း မဟုတ်ဘဲ အသင်းအဖွဲ့ နဲ့ အလုပ်လုပ် တတ်အောင် ဖြစ်ပါတယ်။
    တစ်သင်း နဲ့ တစ်သင်း ပြိုင်ရတာလဲ ကိုယ့်အသင်း အတွက် ကျားကုတ်ကျားခဲ ကြိုးစား ချင်စိတ် ဖြစ်အောင် ပြိုင်ခိုင်းတဲ့ သဘောပါ။
    အဲဒီ ကမှ ကိုယ့်ကျောင်း အတွက် သူများကျောင်း နဲ့ ယှဉ် ရရင် ကိုယ့်ဖက်က နိုင်မှာ ပါ။
    ပြီးရင်တော့ တိုင်းပြည်ချင်း ယှဉ် ရရင် ကိုယ့်တိုင်းပြည် ကို ကိုယ်စားပြုတဲ့သူ ကောင်း မှ ကိုယ့်တိုင်းပြည် ဟာ သူများထက် သာမှာမဟုတ်လား။

    “မိမိ ကိုယ် ကို ကောင်းအောင်ကြိုးစားမည်။
    မိမိ အသင်း ကို ကောင်းအောင်ကြိုးစားမည်။
    မိမိ ကျောင်း ကို ကောင်းအောင်ကြိုးစားမည်။
    မိမိ တိုင်းပြည် အတွက် ကောင်းအောင်ကြိုးစားမည်။”
    ဆိုခဲ့ပေမဲ့ ကျွန်မတို့ ဟာ သူများ က ကိုယ့်ထက်သာရင် အဲဒီလူကို ဆက်ပြီး ပံ့ပိုးပေးဖို့ သဘောထားကြီးဖို့ အားနည်းကြပါတယ်။ အဆင်းဘီးတပ်ပေးဖို့ အခွင့် ကို တောင် စောင့် နေသလား ပါဘဲ။
    ကိုယ့်အသင်းမှ မနိုင်ရင် တစ်ဖက်အသင်း ဟာ ကိုယ့်ရန်သူ ဖြစ်သွားပါတယ်။
    အများချမ်းသာမှ ကိုယ်လဲချမ်းသာခြင်း အစစ်ကိုရမယ် ဆိုတာကို သတိမပြုနိုင်လောက်အောင် တစ်ကိုယ်ကောင်းစိတ် တွေများနေကြသလား ပါဘဲ။

    ကျွန်မတို့ ရဲ့ စိတ်ဓာတ်တွေ ဟာ ဘောင်ကျဉ်းကျဉ်း လေးထဲမှာ ဘဲရှိနေပါတယ်။
    ဘယ်သူ မှ ဘက်စုံ ပြည့်ဝ မနေပါဘူး။
    ကိုယ့်ရဲ့ အားနည်းချက်ကို ဖြည့်ပေးမဲ့သူ ကို ဝမ်းသာအားရ ကြိုဆိုရမှာ ဖြစ်သလို ကိုယ့်အားသာချက်ကိုလဲ ပိုကောင်းမွန် အောင်လုပ်ပြီး ကိုယ့်အတွက်သာမက အများအကျိုး မှာ ဆောင်ရွက် နိုင်အောင်လဲ လုပ်ထားသင့်ပါတယ်။

    ကျွန်မ စိတ်အထင် ဆိုရင် Perfect ဖြစ်နေတဲ့ ခေါင်းဆောင် ဆိုတာ လဲ မရှိနိုင်ပါဘူး။ ကျွန်မတို့ ပြည်သူလူထု ကို စေတနာ အပြည့် ရှေ့ ထား ကာ ဦးဆောင်မဲ့ လူသာ လို ပါတယ်။ ခေါင်းဆောင် ကိုချည်းလွှဲချ နေလို့ လဲမရသေးပါဘူး။ ကျွန်မတို့ ပြည်သူ လူထု ကလဲ ကိုယ့်တိုင်း၊ ကိုယ့်ပြည် ကိုယ့် ကိုယ်စွမ်း၊ လူမျိုး ကို စေတနာထားတတ် ရပါ့မယ်။ အဲဒီအတွက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသ၍ ကြိုးစားရပါမယ်။

    အဲဒီ လို မဟုတ်ဘဲ ငါတကော၊ ကောတဲ့ စိတ်နဲ့ အပြုသဘော မဆောင် နိုင်ရင်တော့ ဘယ်လောက် ကောင်းတဲ့ ခေါင်းဆောင် နဲ့ ချတဲ့ ဘယ်လောက် ကောင်းတဲ့ စံနစ် ဖြစ်ပါစေ။
    ကျွန်မ တို့ နိုင်ငံဟာ “The Curse of Independence” ဆိုတဲ့ အတိုင်း နဲ့ဘဲ အဲဒီ ကြိမ်စာ ကနေ ဘယ်တော့မှ လွတ်မှာ မဟုတ် ဟု ဆွေးနွေး လိုပါကြောင်း။

    တကယ်တော့ ကျွန်မ လဲ သိပ်နားလည်လွန်း လို့ ဝေဖန်တာမဟုတ်တာမဟုတ်ပါဘူး။
    တစ်ခါတစ်ခါ စိတ်ထဲမှာ မြန်မာပြည်ကို အများတိုင်းပြည် တွေလို ဖြစ်စေချင်တာမို့ တတ်အားသ၍ တစ်ဖက်တစ်လမ်း လူပြိန်းတွေး နဲ့ Analysis လုပ်သလို လုပ်ကြည့်မိလို့ပါ။
    တကယ် Develop လုပ်နိုင်တဲ့ အဆင့်ဝေဖန်မှုမျိုး ဖြစ်မှာတော့ မဟုတ်လို့ Sorry ပါ။ 🙂

  • thit min

    December 12, 2011 at 7:46 am

    အားလုံး ၏ ဆွေးနွေးမှုများကိုလေးစားတန်ဖိုးထားပါကြောင်း နှင့် သီးသန့် ပြန်ကြားဆွေးနွေးပေး
    အုန်းမှာဖြစ်ပါကြောင်း လေးစားစွာပြန်ကြားအပ်ပါသည်။လောလောဆယ်အချိန်မရ၍ ပြန်လည်
    ဆွေးနွေးမှုနှောင့်နှေးမှု အတွက်လေးစားစွာတောင်းပန်အပ်ပါသည်။
    စောင့်မျှော် ဖတ်ရှူ့ပေးပါအုန်းလို့ ။
    ခင်မင်စွာ(^^)

  • MaMa

    December 12, 2011 at 8:06 am

    ဆြာသစ်ရေ-
    လက်မအောက်စိုက်တာတွေ၊ – တွေ ပေးတာကြောင့်
    လက်မထောင်ရကောင်းမှန်း၊ + ပေးရကောင်းမှန်း မသိရာက
    ခုတော့ ကိုယ်လည်း သတိထားကြည့်ပြီး လိုက်ပေးနေရတယ်။

  • maungmoenyo

    December 12, 2011 at 8:40 am

    ဆရာသစ်မင်းရဲ့ ထောက်ပြဝေဖန်ချက်ကိုအထူးလေးစားမိပါတယ်။ စစ်ဟာ လူသားတွေအတွက်ဆိုးကျိုးကိုပေးစေတယ်ဆိုတာငြင်းစရာမလိုလို ကုလသမဂ္ဂ ဆိုတဲ့အဖွဲ့ကြီးပေါ်ပေါက်လာရတာမဟုတ်လား။ ဒါပေမဲ့ စစ်ကြောင့်အလုပ်အကိုင်တွေပေါပြီး၊ စက်မှုကဏ္ဍထါန်းကားရတာက သက်သေအထောက်အထားပါ။ ကာကွယ်ရေးဆိုင်ရာနဲ့ အအတ်ပညာဆိုင်ရာကုန်ထုတ်မှုတွေဟာ စစ်ပွဲတွေရှိခဲ့လို့လဲ ထွန်းပေါက်ခဲ့ရပါတယ်။ စစ်အသုံးစရိတ်ကိုမသုံးဘဲ အဲ့ဒီကုန်ကျစရိတ်ကို ကိုနိုင်ငံထူထောင်ရေး (သို့) လူထုအခြေပြုဖြစ်ထွန်းမှုတွေမှာသုံးရင် ဘယ်လောက်အကြိုးရှိမလဲ ဆိုတဲ့ monetary conversion ကိုလေ့လာသူတွေကသုံးသပ်လေ့ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအသုံးစရိတ်(သို့)ကုန်ကျစရိတ်ဟာ စစ်ကြောင့်ပေါ်ထွန်းခဲ့ရတာဖြစ်ပြီး၊ စစ်ပွဲအပြီးမှာ အဲ့ဒွကာကွယ်ရေးကုန်ထုတ်လုပ်မှု စစ်ရုံကြီးတွေ ဟာ technology(သို့) အခြားproduction line ကိုconvert လုပ်နိုင်တဲ့ စက်ရုံတွေအဖြစ်အသွင်ပြောင်းသွားကြပါတယ်။ ဒါတွေကို လက်ရှိဖွံ့ဖြိုးတိုးတက်နေတဲ့ အမေရက နဲ့ ဂျာမနီစသည့်ဥရောပနိုင်ငံတွေမှာတွေ့နိုင်ပါတယ်။ စစ်ဆိုတဲ့ကိစ္စမှာ နိုင်ငံချင်းဖြစ်တဲ့စစ်ကို တတ်နိုင်ရင်ရှောင်ရှားချင်ကြသူတွေချည့်ဘဲဆိုပေမဲ့၊ ကိုယ့်ပြည်တွင်းကအစိုးရက ကိုယ့်အစိုးရကိုဖိနှိပ်တဲ့ ပြည်တွင်းစစ်ကိုတော့မျက်ချေပြတ်ကြသလို၊ နိုင်ငံတခုရဲ့ပြည်တွင်းရေးကို တခြားတနိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ ဝါဒက ကောင်းကောင်းကြီးဒုက္ခပေးနေပါတယ်။
    ဆိုလိုတာကစစ်ဟာလူသားတွေ မုန်းတဲ့အဖြစ်ဆိုးကြီးဖြစ်နေပေမဲ့၊ သမိုင်းမှာ ကုန်ထုတ်စွမ်းအားစုကို တိုးတက်စေခဲ့တာအမှန်ပါ။ ဒီကနေ့လောကမှာ နိုင်ငံချင်းချင်းစစ်မက်ဖြစ်ပွားမှု နဲပါးသွားပါပြီ။ ဖြစ်နိုင်ခြေအတော်နဲသွားတဲ့စစ်အေးကာလထဲမှာရောက်နေပါပြီ။ စစ်အင်အားယှဉ်ပြိုင်တဲ့ကာလမှာဘဲရှိနေပါတယ်။ တကယ် အမြစ်ဖြတ်သင့်တာက ကိုယ့်နိုင်ငံသားကို နည်းမျိုးစုံနဲ့သုံးပြီးဖိနှိပ်တဲ့ ယန္တရားကိုရှင်းဘို့လိုပါတယ်။
    ဥပမာ-မြန်မာနိုင်ငံ- de-militarization လုပ်ကို လုပ်ရပါမယ်။ ဒါတွေဟာတကယ့် WASTE တွေပါ။ ဒါကမှ တကယ့် monetary conversion လုပ်သင့်တဲ့ကိစ္စတွေပါ။
    de-centralization of government
    improve four pillars of basic infrastructures- good governance, free economy, smooth cash flow, reasonable country’s navigational system (in terms of transport/information exchange,etc.) နဲ့ media freedom တို့ဖြစ်ပါတယ်
    အစိုးရက ကိစ္စမှန်သမျှ လက်ဝါးကြီးအုပ်တဲ့အကျင့်တွေ ဖျောက်ရပါမယ်။ နေရာတကာရှောက်သွား၊ လိုအပ်သည်များညွန်ကြားခြင်းစတာတွေကိုရပ်တန်းကရပ်ရပါမယ်။
    အဆိုးဆုံးကတော့- စစ်တပ်အင်အားနဲ့ စစ်ရေးစစ်ရာကိစ္စတွေလျှောါချရပါမယ်။
    ဒါတွေမလုပ်နိုင်သေးသရွေ့ကတော့…နောက်ကျကျန်နေရအုံးမှာပါဘဲ။
    ဒါပေမဲ့- ဆရာသစ်မင်းပြောသလို – ကဏ္ဍစုံကပညာရှင်တွေ ရင်ကြားစေ့တဲ့ဆွေးနွေးပွဲတွေ အင်တိုက်အားတိုက်လုပ်လာကြဘို့လိုပါတယ်။ လုပ်လာနိုင်မဲ့ရောင်ချည်တွေသမ်းလာပြီဆိုတာ……..

  • ကြောင်ကြီး

    December 12, 2011 at 11:25 am

    ဆြာသစ်ပြောတဲ့ သန့်ရှင်းသော အစိုးရဆိုတာ မြန်မာပြည်မှာ မရှိဘူး၊ ပီလာငါးချောင်းကလဲ အခုမှ ကြားဖူးတယ်။ ဆိုတော့ ဘယ်လို စခန်းသွားကြမလဲ….။ ဒေါ်စုကတော့ နိုင်ငံရေးကို ဖြစ်နိုင်ချေကစဆိုတဲ့ အမြင်နဲ့ စလိုက်တာ လုံးပါးပဲပါးမလား ထူပိန်းပြီးထုံသွားမလား၊ အခုအချိန်အထိတော့ ဘာရေရေရာရာရှိတဲ့ တိုးတက်မှု တခုမှ မပြနိုင်သေးဘူး။ လှောင်ချိုင့်ထဲက ငှက်ခလေးကို လွတ်မြောက်စေချင်ရင် လှောင့်ချိုင့် တံခါး ဖွင့်ပေးထားမှရမယ်။ သော့ပိုင်ရှင် ငတကြီးက သဂျီးလို အကုသိုလ်ဝါဒီဆိုရင် သေပေတော့။ သူအသက်နဲ့ကိုယ် အိုးစားမြဲနေသ၍ ဘယ်တော့မှ ဖြစ်မလာဘူး။ ဒီတော့ နှစ်နည်းပဲရှိတယ်။ သူ့ဆီက သော့ကိုရအောင်လုယူ ဒါမှမဟုတ် အကုသိုလ်ကို ကြောက်တတ်လာအောင် နားချပေး။
    ပေါလ်ကိုလီယာ ရေးတဲ့ အချက်လေးချက်ကို ရှေ့နောက်ဆက်တွဲ အပြန်အလှန် combination စီလိုက်ရင် အခြေအနေ ၁၂မျိုးရမယ်။ ဘယ်ဒင်းကြောင့် ဘယ်ဟာဖြစ်တယ် ဆိုတဲ့ အစီအစဉ်အပေါ်မှာ သဘောထား ကွဲလဲကြပါမယ်။ သို့သော် မြင်တတ်နာတတ်မှ သိတတ်ပြင်တတ်ပြီး ပြောင်းလဲရမှန်း သိပါမယ်။ ဒါကြောင့်လည်း မဟာဂန္ဓာရုံဆရာတော်က စိတ်ကောင်းရှိဖို့ ပထမလို့ ရေးခဲ့တာပါ။ အနစ်အနာခံရတဲ့ အချိန်မှာ စိတ်ကောင်းရှိဖို့ လွန်စွာအရေးကြီးပြီး အောင်မြင်မှုလမ်းစပွင့်သွားမှ အခြားအရည်အချင်းများ ပိုအရေးကြီးလာတယ်။ ဒီနေရာမှာ တိုင်းပြည်အနေအထားကို ဘယ်လိုမြင်သလဲ ရှုမြင်သုံးသပ်ပုံ အခရာကြပါမယ်။ ရှင်သန်ရေးအတွက် ရုန်းကန်နေရတယ်လို့ မြင်ထားရင် ကိုယ်ကျိုးစွန့်ဖို့ လက်တွဲဆောင်ရွက်ဖို့ မခဲယဉ်းပါဘူး။ သို့သော် စစ်တပ်ယနေ့ မြင်နေသလို ငါတို့တော့ ရွေပုံကြီးပေါ်ထိုင်မိနေပြီ၊ လုပ်ရင်ဖြစ်မယ်၊ အခက်အခဲဆုံး အချိန်များ လွန်ခဲ့ပြီ ဆိုရင်တော့ စိတ်ကောင်းစေတနာအရင်းခံနဲ့ ပြုပြင်ပြောင်းလဲဖို့ဆိုတာ အလှမ်းလွန်စွာ ဝေးကွာနေအုံးမှာဖြစ်ပါတယ်။။။။။။ 🙄 ~~~~~~~~~~~~~~~
    စကားကြွင်း။။။ တရုတ်နိုင်ငံကို အိမ်နီးချင်းဆိုးလို့ သုံးနှုန်းချက်အပေါ် ကြေးမုံလေးကိုယ်စား ပြင်းထန်စွာ ကန့်ကွက်ပါသည်။ နောက်နောင် ဤကဲ့သို့ မဖွယ်မရာ ရေးသားပါက မြန်မာနိုင်ငံမှ ကျွန်းသစ်၊ ကျောက်သံပတ္တမြား၊ ဓာတ်ငွေ့၊ မြေပေါ်မြေအောက် အဖိုးတန်ရတနာများကို တရုတ်နိုင်ငံမှ စက်စုတ်ခွက်စုတ်၊ ဆေးတုဝါးတု၊ မီးကျိုးမောင်းပျက်များနဲ့ လဲလှယ်နေခြင်းကို ရပ်ဆိုင်းမည် ဖြစ်သည်။။။။

    ပုံ
    မန်းဂေဇက်ရွာ တရုတ်ကောင်စစ်ဝန်
    ထန်ကြောင်ကြီး 😡

  • ba gyi

    December 12, 2011 at 11:51 am

    ကိုသစ်ရေ၊ တိုင်းရင်းသားအရေးကို ပင်လုံညီလာခံထက်ကြီးကျယ်တဲ့ အမျိုးသားညီလာခံကြီးမျိုးလုပ်အုံးမှာ
    လို့ ရှမ်းအဖွဲ့နှင့်ညှိနှိုင်းခဲ့တဲ့၊လက်ရှိအစိုးရတာဝန်ရှိသူတွေကပြောနေကြတုန်း၊ သည်လို သတိပြုစရာ၊ ဆင်ချင် စရာနှင့် သုးံသပ်ရာမှာ၊ကိုးကားစရာကောင်းတဲ့ ၊မှန်ကန်သောအချက်လက် တွေ တင်ပေးလို့ အချိန်ကိုက် ပါလားလို့ဝမ်းမြောက်စွာကျေးဇူးတင်ပါသည်ခင်ဗျား၊ လက်ရှိနိုင်ငံရေးနယ်ပယ်က တာဝန်ရှိသူတွေ သတိ ပြုသင့် သလို၊ လူငယ်တွေအတွက် သမိုင်းနှင့်ယှဉ်ပြီး သုံး သပ်စေရာ၊အချက်အလက်တွေဖြစ်လို့ ကျနော့်ပါတ် ဝန်းကျင်မှ လူငယ်များဖတ်နိုင်ဘို့၊ကူးယူဝေငှခွင့်ပြုပါဗျား၊ကူးပြီးပါကြောင်း။ကိုယ့်ပါတ်ဝန်းကျင်မှာ အသိ၊သတိ
    တွေ နှင့် ပါွးများပူးပေါင်း၊ အားထုတ်နိုင်ကြရန်အရေးအကြီးဆုံးအချိန်ဖြစ်ပါကြောင်း။
    လေးစားစွာဖြင့်။

  • လင်းဝေ

    December 12, 2011 at 12:29 pm

    သန့်ရှင်းသော အစိုးရ ဆိုတာ ဘာလဲ ဆိုတဲ့ “၁” ကနေ “၇” အထိ ကို အကျယ်ပြန်ရေးပေးစေချင်ပါတယ်။
    အဲဒီ အချက်တွေ လက်တွေ့မှာ ဖြစ်လာအောင် တကယ်ရအောင် ဘယ်လို လုပ်ရမယ် ဆိုတဲ့ နည်းကိုပါ ထည့်ပေးစေချင်ပါတယ်။ အ“အ” အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကူညီပေးပါ။
    ( “အ”ချင်ယောင်ဆောင်တာ မဟုတ်ဘူး ဆိုရင် အဆင်ပြေသွားနိုင်တာပေါ့လေ။)

  • unclegyi1974

    December 12, 2011 at 10:21 pm

    ကိုသစ်ရဲ့ထောင်ချောက်ကဖတ်ဖူးနားထောင်ဖူးပြီး
    ဖြစ်ပေမဲ့တင်ပြပုံကောင်းတော့လိုတိုရှင်းထပ်မှတ်သားရပါတယ်
    ီမြန်မာပြည်ရဲ့အိမ်နီးနို်င်ငံတွေထဲမှာတရုပ်ကြီးကိုအတော်မေတ္တာထားကြတာကိုတွေ့ရပါတယ်
    ဘာကြောင့်ဆိုတာကျွန်တော်နားလည်သလောက်ပြောရရင်တရုပ်ကြီးကမြန်မာစစ်အစိုးရကို
    အကာအကွယ်ပေးထားတာအဓိကလို့ထင်ပါတယ်
    အဲဒါကိုအသာထားပြီးအမှန်မြင်ကြည့်ရင်ဘယ်နိုင်ငံကပိုဆိုးတယ်ဆိုတဲ့အမြင်တခုထွက်လာ
    မယ်လို့ထင်ပါတယ်

  • parlayar46

    December 12, 2011 at 10:57 pm

    ကိုသစ်မင်းရဲ့ ဒီပိုစ့်ကို ဝင်ဖတ်လိုက် – ဝင်ပြောချင်တာတွေ များလွန်းလို့ ဘာကစပြောရမှန်းမသိပဲ ပြန်ထွက်လိုက်နဲ့ အကြိမ်တော်တော်များနေပြီ။ အကြောင်းအရာက ကျယ်ပြန့်ပြီး အချက်အလက်တွေကများတော့ ဘယ်အစဆွဲရမှန်းမသိဖြစ်နေတာ….

    ကိုလင်းဝေကျော်ပြောတာပဲ သံယောင်လိုက်ပါတော့မယ်။ အဆင်ပြေတဲ့ တချိန်ချိန်များ “သန့်ရှင်းသော အစိုးရ ဆိုတာ ဘာလဲ ဆိုတဲ့ “၁” ကနေ “၇” အထိ ကို” ပိုစ့်တခု တချက်နှုံးလောက်နဲ့ ဝိုင်းဆွေးနွေးကြရင် သိပ်ကောင်းမှာပဲ။

    အရမ်းလဲအရေးကြီး လက်ငင်းလိုအပ်ချက်လဲ ဖြစ်နေတယ်လေ။

  • မင်းပြည့်ရှိန်

    December 12, 2011 at 11:52 pm

    ဒီကနေ့ မပြောရ မနေနိုင်လို့ ဆရာသစ် ပို့စ်မှာ လာပြောလိုက်တာ..
    “ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အခွင့်အရေးတွေ” ကို လုပ်ကိုင်ရင်း “ဖွံ့ဖြိုးမှုထောင်ချောက်” မှာ ပိတ်မိနေတာ တဲ့ ကျွန်တော်တို့ နိုင်ငံကို အောက်ပါ အချက်လေးချက် အပြင် တစ်ချက် ထပ်ထည့်ရမလိုဖြစ်နေလို့လေ
    (၁)ပြည်တွင်းပဋိပက္ခ (သို့) ပြည်တွင်းစစ် ထောင်ချောက်
    (၂)သယံဇာတ ထောင်ချောက်
    (၃)မကောင်းသော အိမ်နီးနားချင်းများနဲ့ ပိတ်မိနေခြင်း
    (၄)မကောင်းသော အုပ်ချုပ်မှုရှိနေခြင်း

    အတွေးအခေါ် သောက်သုံးမကျမှု

    ခုလည်း ကြည့်..
    စွယ်တော် ရူး ရူး နေလိုက်ကြတာ…..
    အဲဒီ ပိုက်ဆံတွေ ကို လမ်းခင်းမလို့ ပေးပါ ဆိုရင် ပေးပါ့ မလား မသိ….
    မယောင်ရာ ဆီလူး ဆိုတာ အဲသဟာမျိုးကို ဆိုသလား မသိ…
    စွယ်တော်ကိုလှူမှ သောက်ကျိုး များတယ် ထင်နေတဲ့ အကောင်တွေ…
    နေရင်းထိုင်ရင်း ကိုယ်ကပဲ မနေနိုင် မထိုင်နိုင် ပြောချင်နေသလားမသိ…
    သောက်ကျိုးနဲ့ နာဂစ်တုန်းကတောင် အဲသလောက် မရက်ရော ကြဘူးလားလို့…
    ပခုက္ကူ ရေဘေးလည်း မလှုပ်တလှုပ်တွေ က..
    စာကြည့်တိုက် အကြီးကြီး တစ်ခု ဆောက်လို့ ရတဲ့ ပိုက်ဆံတွေကို
    ဘယ်လို အကျိုးများ မျှော်ကိုးပြီး ရက်ရောနေကြပါလိမ့်…

    မိုးကုတ်ဆရာတော်ကြီးကလည်း ဆုံးမပါတယ် သစ္စာသိပြီးမှ လှူပါ …တဲ့..
    စွန့်လွှတ်ခြင်း အလောဘ ဖြစ်တဲ့ ဒါနကို..
    ဪ ခမျာတို့နှယ်..
    အကျိုးလိုခြင်း (ရယူလိုခြင်း) လောဘတွေနဲ့ လှူနေကြတယ်.. လောဘမူစိတ် ဒိဋ္ဌိနှင့်ယှဉ်လျက်ပဲ .. အဝိဇ္ဇာ မသိမှုပဲ… မှန်ကန်သော အကျင့် မှန်ကန်သော အသိ မဟုတ်ဘူး..
    သေချာတယ် ဘယ်သွားရမလဲ ဆိုတာ…

    ဒီတော့ ဆရာရေ..
    တရားခွေ ဖွင့်ထားပြီး လောဘတွေ ပွားနေတဲ့ တိုင်းပြည်မှာ…
    မှန်ကန်သော အသိ မှန်ကန်သော အကျင့် မရှိတဲ့ တိုင်းပြည်ဟာ.. ဘယ်တော့မှများ တိုးတက်လာမလဲ ဆိုတာ………… အမငီး….

  • Gipsy

    December 13, 2011 at 9:23 am

    လောဘတွေကတော့ ပွါးနေဦးမှာ ၊ တိုးတက်မှုတွေကလဲ တရိပ်ရိပ်နဲ့မြင်လာနေရတာ၊
    စောင့်ကြည့်နေရသူတွေ တသိမ့်သိမ့်ခုန် အတွေးစိတ်ရင်ထဲမှာ…။

  • comegyi

    December 13, 2011 at 4:41 pm

    ကိုသစ်ရယ်…
    ကိုသစ်စာ မဖတ်ခင်က ကိုယ့်ဆီမှာဖြစ်ပျက်နေတာတွေ
    လိုအပ်နေတာတွေကို သူများကိုပြောပြဖို့ နေနေသာသာ
    ကိုယ့်ဘာသာတောင် ဘာဖြစ်လို့ဖြစ်နေမှန်းမသိတာ ကိုသစ်စာဖတ်မှ
    အတော်အတန်လေး ရှင်းလင်းသွားတယ် ပေးထားတဲ့ ကော့မန့်တွေကလည်း
    အကျိုးရှိမှရှိ ကောင်းမှကောင်းခင်ဗျာ
    လေးစားခင်မင်စွာ

  • alinsett

    December 14, 2011 at 7:55 pm

    ကျွန်တော် လိုက်လို့မမှီတဲ ့အချက်တွေကို ကျွန်တော် လိုက်လို ့မှိီ အောင် ရေးပြပေးလို ့ ကျေးဇူးပါပဲ။

    ဆရာသစ်မင်းရဲ ့ရေးနိုင်စွမ်းကို ချိီးကျူးပါရစေ။

    မှတ်သားစရာတွေကို မှတ်သားသွားပါရစေ..။

    လေးစားစွာ…ခင်မင်နေသော..။

    အလင်းဆက်

  • ကိုရင်စည်သူ

    December 14, 2011 at 9:24 pm

    ကိုသစ်ရေ… ကျနော် ကိုသစ်ရေးသမျှစာတွေကို အလေးအနက်ထားဖတ်မိတယ်ဗျာ..
    ရေးသားချက်တွေက အဆင့်မီတယ်၊ အနှစ်သာရနဲ့ ပြည့်စုံနေတယ်…။
    ကျနော့်လို နိုင်ငံရေး၊ စီးပွားရေးမှာ အမြင်တိမ်လှတဲ့ သင်္ဘောသီးခမျာ
    ဘာမန့်လို့ မန့်ရမှန်းမသိအောင် ဖြစ်သွားရပါတယ်ဗျာ… ဒါကြောင့် တိတ်တခိုးပဲ
    ဖတ်ပြီး မှတ်ပြီးပဲ လှည့်ပြန်သွားရပါတယ်။ (အဘဖောတို့လို့
    အသိကြွယ်တဲ့ လှေသဂျီးတွေ ဝင်မန့်ရင်တော့ ပိုတောင် မြိုင်ဦးမယ်ဗျာ)
    မှတ်သားနိုင်သလောက်လည်း မှတ်သားသွားပါတယ်။ ဗေဒင်လေး
    မတောက်တခေါက်တွက်တတ်တာကလွဲပြီး knowledge တွေအများကြီး
    ရခဲ့တဲ့ ကိုရင်ကြီးကိုသစ် ပို့စ်တွေအတွက် အထူးကျေးဇူးတင်ပါတယ်။ 🙂

    လေးစားလျက်ပါ…
    ကိုရင်စည်သူ

    • thit min

      December 14, 2011 at 11:22 pm

      ကရင်စီလေး ညီလေး ဘိုးတော်လေး အဘလေး……
      ဪ ဘွဲ့ထူးတွေကများ ပါပေ့။ တစ်ရှူး အဲလေ အချစ်ရူးလေးလိုတော့ ခေါ်တော့ဝူးနော်။ 🙂
      ဝင်ဖတ်ပေးလို့ ကျေးဇူး။
      ဒါပေမဲ့ သိသလောက်ဝင်ကစ်စမ်းပါ ညီရ။ အချင်းချင်းတွေဘဲ။ ရာဇာမရှိသလို ကလချာလဲမရှိပါဘူး။
      နော်(^^)

  • KING

    December 14, 2011 at 11:11 pm

    (၁)ပွင့်လင်းမြင်သာမှုရှိရခြင်း
    (လွန်ခဲ့တဲ့ နှစ်များစွာဆီက အုံပုံးအချစ်တွေနဲ့ ပြည့်နှက်နေတဲ့ မိန်းမပျိုလေးတစ်ယောက်လောက်တောင် မပွင့်လင်းသေးဘူး ထင်ပ)
    (၂)ထောက်ပြပြောဆိုနိုင်ခွင့် ၊စောင့်ကြပ်ကြည့်ရှုထိန်းကွပ်နိုင်ရခြင်း
    (ထောက်ပြတာနဲ့ ပတ်သတ်လို့တော့ အခုတစ်လော ရွာမှာ ခေတ်စားနေတဲ့ အကြောင်းအရာလေးကို ဥပမာပြုပြီး ပြောရရင် ဘတ်စ်ကားပေါ်မှာ ဇတ်ဇတ်ကြဲကြဲ မိန်းမပျိုလေးကို ရှောင်ပြီး …..နေသလိုပေါ့) .. 😀
    (၃) ဗဟိုထိန်းချုပ်မှု လျှော့ချခြင်း
    (ဒီသက်တမ်းအတွင်းမှာတော့ 10% လျော့ကျသွားမယ်ဆိုရင်တော့ ………………..)
    (၄)လွတ်လပ်သော လူထုဆက်သွယ်ရေးလမ်းကြောင်းရှိခြင်း
    (တစ်နေ့လုပ်မှ တစ်နေ့စားရတာဗျ ဘယ်သူတွေမင်းလုပ်လုပ် ကိုယ်မလှုပ်ရင် ငတ်မှာ ဒီတော့ ဖိတ်လည်း မတတ်နိုင်ဘူးဗျို့ ……….. ဟေ့ … တတ်မယ့်လူတွေကို အပိုမပြောစေနဲ့ … ဟုတ်ကဲ့ စိတ်ချပါ … ကိုယ့်လူတွေပဲ တက်ရောက် အားပေးကြမှာပါ) … 😀
    (၅)လာဘ်ပေးလာဘ်ယူပြုသော အလေ့အထနှင့်ပါတ်ဝန်းကျင်မရှိခြင်း
    (ကျုပ်တော့ ကမ္ဘာပေါ်ကနေ ကွယ်ပျောက်သွားပြီထင်တယ်နော် …. ဘာလို့လဲဗျ …. လာဘ်ပေးလာဘ်ယူ မရှိတော့လို့) … 😛
    (၆)မှန်ကန်သော တရားမျှတသော ရဲနှင့် ပြစ်မှုဆိုင်ရာဖြေရှင်းပေးသောအဖွဲ့အစည်းများရှိခြင်း
    (ဟာသ တစ်ခု သွားသတိရတယ်ဗျ …. ဓါးနဲ့ဝိုင်းခုတ်တဲ့ အဖွဲ့ကို ဖမ်းမိကုန်ပြီတဲ့ … ဟုတ်လားးးးး… သေနတ်နဲ့ ပစ်တဲ့ ကိစ္စရော … ငါ့အဘိုးလည်း အဲဒီသတင်းနားစွင့်ရင်းနဲ့ ဆုံးသွားတာ ကြာလှပေါ့)
    (၇)လွတ်လပ်သော တရားမျှတသော တရားစီရင်ရေးရှိခြင်း
    (ဥပဒေအထက်မှာ မည်သူမျှမရှိရ … ဆရာ အဲသည်ဆိုင်းဘုတ်ဘယ်နားမှာ ချိတ်ရမလဲ … ငါ့ရဲ့ ရာထူးဆိုင်းဘုတ် အောက်နားမှာ ချိတ်ထားလိုက်လေကွာ …. ) 😛
    ကျုပ်တော့ ရေးချင်ရာ ရေးသွားပြီဗျ .. 🙂

    • thit min

      December 14, 2011 at 11:17 pm

      ကိုကင်းရေ….
      ကောင်းလိုက်တာဗျာ၊ ရီရတယ်ဗျို့။
      ဆက်လုပ်ပါ၊ သဘောကျပါတယ်။ ဒီထက်ပိုပြီးပြောလို့ရတာတွေရှိသေးရင် ချီးမြင့်ပါအုန်းနော်။
      ခပ်ကင်းကင်းတော့မနေလိုက်ပါနဲ့ဗျို့၊
      ခင်မင်စွာ(^^)

      • KING

        December 17, 2011 at 9:08 pm

        ဆက်ပြောရင် ဇာတ်သဘောတွေ ပါကုန်တော့မယ်ဗျ
        အဲဒီတော့ ဒီလောက်ဆိုရင်ပဲ သိလောက်ကုန်ပါပြီ ….. 😀
        ခပ်ကင်းကင်းမနေချင်ပေမယ့်လည်း ………………………..
        ရေးစရာရှိရင်တော့ လာရေးပါ့မယ် ရေးစရာမရှိရင်လည်း တိတ်တိတ်ကလေး ဖတ်ပြီး ပြန်သွားနေပါတယ်လို့ ………….

  • zaw min

    December 17, 2011 at 9:18 pm

    ကောင်းလိုက်တဲ့ပိုစ့်တွေ…အားလုံး ဒေါင်းသွားပါတယ်ခင်ဗျာ…
    ဟိုတလောက လွှတ်တော်ထဲမှာလဲ အပြောင်းအလဲတွေကို သဘောထားကွဲလွဲနေကြကြောင်းဆိုတာဖတ်လိုက်ရတယ်…ဥပဒေကို ထုတ်ပြန်ထားတဲ့ သူတွေက စပြီး အောက်ခြေပြည်သူလူထုအားလုံးက လေးစားလိုက်နာမယ်ဆိုရင်…မနှေးသောအချိန်အတွင်းမှာဖွံ့ဖြိုး တိုးတက်သောတိုင်းပြည်ဖြစ်လာမှာမလွှဲ ဧကန်ပါပဲဗျာ…

Leave a Reply