“ကောင်းကင်ပြာပြာ နေသာသာ အင်းရေစိမ်းစိမ်း ”
ဟိုအရင် ရှေးကတည်းက မန်းလေးမြို့နဲ့ တောင်မြို့ကြားမှာအင်းကြီးတစ်အင်းရှိခဲ့ပါတယ်။
တမ္ပ၀တီအရပ်ကနေ အနောက်ဘက်ကိုဆင်းလိုက်ရင် ကျောက်လမ်းကြမ်းကြမ်း

ခပ်ကျဉ်းကျဥ်းလေးထဲကနေ၀င်လိုက်ရင် အိမ်ဘုတ်စုလေးတွေတွေ့မယ်။
ကန်စွန်းခင်းတွေတွေ့မယ်။
ပန်းပင်တွေအသီးအနှံတွေစိုက်ထားတဲ့အခင်းတွေကိုတွေ့မယ်။
ခြုံနွယ်တွေနဲ့ရှုပ်ထွေးနေတဲ့ ကန်ရေပြင်ကြီးကိုတွေ့မယ်။
အသွားအလာခက်တော့ ကြားသာကြားဘူးပြီးမရောက်ဘူးသူများပါတယ်။
ဓါတ်ပုံဆရာတွေသာ အရောက်များပါတယ်။
အဲဒီအင်းကတော့ တက်သိမ်းအင်းပါဘဲ။
အများနုတ်ကျိုးနေတဲ့အခေါ်က တော့ တက်သေးအင်းပါ။
ဒီအင်းအလည်လောက်မှာ လှိုင်ထိပ်ခေါင်တင်ရဲ့ အမေ မမြလေးကောင်းမူ့
ရေလည်ဘုရားတစ်ဆူရှိပါတယ်။
ကျနော်တို့တောင် တစ်ခါနှစ်ခါဘဲရောက်ဘူးတဲ့နေရာလေးပါ။
အင်းအကျယ်ကတော့ တမ္ပ၀တီအရပ်ကနေ ကပ်ကျော်ဘုရားနားအထိ
တောင်မြောက်ရေပြင်ကျယ်ကြီးပါ။

1 တကိသိမ်းအင်း မန်းလေးကန်တော်ကြီးရဲ့ ဆောင်းအလှ မြောက်ဘက်ကနေမြင်ရတာပါ

 

2 မန်းလေးကန်တော်ကြီးမြောက်ဘက်ခြမ်းလမ်းအကွေ့လေး

3 ကန်ရဲ့အရှေ့တောင်ဘက်ခြမ်းးမြင်ကွင်းလေးပါ

4 တောင်ဘက်ခြမ်းမှာမြင်ရတဲ့ ကန်ရေပြင် အဝေးမှာစေတီနှစ်ဆူ

5 ကန်တော်ကြီး နွေတစ်နေ့ကမြင်ကွင်း(ရွထဲ့က နန်းမတော်မယ်ပု နှစ်သက်တယ်ဆိုတဲ့ပုံလေးပါ)

6 မန်းလေးကန်တော်ကြီး မေလရဲ့ နေ့လည်ခင်းက တောင်ဘက်ခြမ်းပုံလေးပါ

7 ဒီပုံလေးကလည်း အင်းတောင်ဘက်ခြမ်းကို မြောက်ဘက်က နေမြင်ရတဲ့ပုံလေးပါ

8 တက်သိမ်းအင်း ကလေးလေး ရေဆင်းကူးနေပါတယ်

10 တိမ်ဖြူဖြူ မိုးပြာပြာ တောင်ဘက်ကနေမြင်ရတဲ့ မြင်ကွင်း

11 ရှမ်းရိုးမကို မြင်နေရတဲ့ တက်သိမ်းအင်းအနောက်ဘက်က မြင်ရတဲ့ပုံလေးပါ

12 မဟာမြတ်မုနိ နဲ့ အာနန္ဒာဘုရား နဲ့ရှမ်းရိုးမ

13 ကောင်းကင်ပြာရေပြင်စိမ်း ရှမ်းရိုးမက မူံပိန်းပိန်း

14 ကန်တော်ကြီးက အပန်းဖြေစရာ ကုက္ကိုကျွန်းက ဆိုင်လေးတွေ

15 ကရ၀ိက်ကို မြင်ရတဲ့မြင်ကွင်း ရှေ့နားလေးက ရေလည်က ရှင်ဥပဂုတ်ကျောင်းဆောင်

16 တိမ်တောင်ဖြူဖြူ အောက်က အင်းရေပြင်

17 တိမ်အခင်းတွေပြောင်းသွားပုံကလှပ

18 တူတယ်ထင်ရပေမယ့် မတူတဲ့ကောင်းကင်

19 နေရာတူပေမယ့်  တိမ်ပန်းချီတွေကတော့ မတူပါဘူး

20 အဝေးမှာ ကပ်ကျော်စေတီနဲ့ ဒေါ်သီဘုရား

21 တိမ်တွေလှည့်စားပုံက ကျနော်တောင်မျက်စေ့လည်သွားတယ်

22 အနီးကပ်မြင်ရတဲ့ အိမ်လေးတွေ

23 မြောက်ဘက်ကမြင်ရတဲ့ တောင်ခြမ်း

24 အရှေ့ဘက်မြင်ကွင်း

25 ဒီနေရာလေးက မြင်ရတဲ့တောအုပ်စိမ်းစိမ်းက ကေတီဗွီလေ

26 ကျယ်ပြန့်လွတ်လပ်တဲ့ မြင်ကွင်း

 

1997 ကန်တော်ကြီးအိမ်ယာစီမံကိန်းနဲ့အတူ ဒီတက်သေးအင်းကို

ကန်တော်ကြီးလို့နာမယ်ပြောင်း။

လမ်းတွေကောင်းအောင်လုပ်။

မလွတ်တဲ့အိမ်တွေဖယ်။

အရင်ကျုံးထဲမှာထားတဲ့ ပြည်ကြီးမွန် ကရ၀ိက်ဖောင်ကို မမြလေးဘုရားနားကိုရွှေ့။

စားသောက်ဆိုင်တွေဖွင့်ပြီးစည်ကားအောင်လုပ်။

အခုတော့ သာယာတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်နေပါပြီ။

ဒီကန်မှာ ကျနော်မနက်တိုင်းလမ်းလျောက်ပါတယ်။

ဒီပုံလေးတွေက တော့ ရှားရှားပါးပါးနေ့လည်ပိုင်းမှာ ကျနော်လက်ဆော့ထားတဲ့ပုံလေးတွေပါ။

အချို့လဲတင်ပြီးသား အချို့ကတော့ အသစ်။

နောက်ရက်မှာ နံနက်ခင်းအလှတွေစုပြီးတင်ပါအုံးမယ်။

သာယာတယ်လို့ ယူဆလို့ မျက်စေ့အေးအောင်တင်ပေးလိုက်ပါတယ်။

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(8-12-2011)

 

 


About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1609 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။