“ကောင်းကင်ပြာပြာ နေသာသာ အင်းရေစိမ်းစိမ်း ”

“ကောင်းကင်ပြာပြာ နေသာသာ အင်းရေစိမ်းစိမ်း ”
ဟိုအရင် ရှေးကတည်းက မန်းလေးမြို့နဲ့ တောင်မြို့ကြားမှာအင်းကြီးတစ်အင်းရှိခဲ့ပါတယ်။
တမ္ပဝတီအရပ်ကနေ အနောက်ဘက်ကိုဆင်းလိုက်ရင် ကျောက်လမ်းကြမ်းကြမ်း

ခပ်ကျဉ်းကျဥ်းလေးထဲကနေဝင်လိုက်ရင် အိမ်ဘုတ်စုလေးတွေတွေ့မယ်။
ကန်စွန်းခင်းတွေတွေ့မယ်။
ပန်းပင်တွေအသီးအနှံတွေစိုက်ထားတဲ့အခင်းတွေကိုတွေ့မယ်။
ခြုံနွယ်တွေနဲ့ရှုပ်ထွေးနေတဲ့ ကန်ရေပြင်ကြီးကိုတွေ့မယ်။
အသွားအလာခက်တော့ ကြားသာကြားဘူးပြီးမရောက်ဘူးသူများပါတယ်။
ဓါတ်ပုံဆရာတွေသာ အရောက်များပါတယ်။
အဲဒီအင်းကတော့ တက်သိမ်းအင်းပါဘဲ။
အများနုတ်ကျုးိနေတဲ့အခေါ်က တော့ တက်သေးအင်းပါ။
ဒီအင်းအလည်လောက်မှာ လှိုင်ထိပ်ခေါင်တင်ရဲ့ အမေ မမြလေးကောင်းမူ့
ရေလည်ဘုရားတစ်ဆူရှိပါတယ်။
ကျနော်တို့တောင် တစ်ခါနှစ်ခါဘဲရောက်ဘူးတဲ့နေရာလေးပါ။
အင်းအကျယ်ကတော့ တမ္ပဝတီအရပ်ကနေ ကပ်ကျော်ဘုရားနားအထိ
တောင်မြောက်ရေပြင်ကျယ်ကြီးပါ။

1 တက်ိသိမ်းအင်း မန်းလေးကန်တော်ကြီးရဲ့ ဆောင်းအလှ မြောက်ဘက်ကနေမြင်ရတာပါ

 

2 မန်းလေးကန်တော်ကြီးမြောက်ဘက်ခြမ်းလမ်းအကွေ့လေး
3 ကန်ရဲ့အရှေ့တောင်ဘက်ခြမ်းးမြင်ကွင်းလေးပါ
4 တောင်ဘက်ခြမ်းမှာမြင်ရတဲ့ ကန်ရေပြင် အဝေးမှာစေတီနှစ်ဆူူ
5 ကန်တော်ကြီး နွေတစ်နေ့ကမြင်ကွင်း(ရွထဲ့က နန်းမတော်မယ်ပု နှစ်သက်တယ်ဆိုတဲ့ပုံလေးပါ)
6 မန်းလေးကန်တော်ကြီး မေလရဲ့ နေ့လည်ခင်းက တောင်ဘက်ခြမ်းပုံလေးပါ
7 ဒီပုံလေးကလည်း အင်းတောင်ဘက်ခြမ်းကို မြောက်ဘက်က နေမြင်ရတဲ့ပုံလေးပါ
8 တက်သိမ်းအင်း ကလေးလေး ရေဆင်းကူးနေပါတယ်
10 တိမ်ဖြူဖြူ မိုးပြာပြာ တောင်ဘက်ကနေမြင်ရတဲ့ မြင်ကွင်း
11 ရှမ်းရိုးမကို မြင်နေရတဲ့ တက်သိမ်းအင်းအနောက်ဘက်က မြင်ရတဲ့ပုံလေးပါ
12 မဟာမြတ်မုနိ နဲ့ အာနန္ဒာဘုရား နဲ့ရှမ်းရိုးမ
13 ကောင်းကင်ပြာရေပြင်စိမ်း ရှမ်းရိုးမက မူံပိန်းပိန်း
14 ကန်တော်ကြီးက အပန်းဖြေစရာ ကုက္ကိုကျွန်းက ဆိုင်လေးတွေ
15 ကရဝိက်ကို မြင်ရတဲ့မြင်ကွင်း ရှေ့နားလေးက ရေလည်က ရှင်ဥပဂုတ်ကျောင်းဆောင်
16 တိမ်တောင်ဖြူဖြူ အောက်က အင်းရေပြင်
17 တိမ်အခင်းတွေပြောင်းသွားပုံကလှပ
18 တူတယ်ထင်ရပေမယ့် မတူတဲ့ကောင်းကင်
19 နေရာတူပေမယ် ့ တိ်မ်ပန်းချီတွေကတော့ မတူပါဘူး
20 အဝေးမှာ ကပ်ကျော်စေတီနဲ့ ဒေါ်သီဘုရား
21 တိမ်တွေလှည့်စားပုံက ကျနော်တောင်မျက်စေ့လည်သွားတယ်
22 အနီးကပ်မြင်ရတဲ့ အိမ်လေးတွေ
23 မြောက်ဘက်ကမြင်ရတဲ့ တောင်ခြမ်း
24 အရှေ့ဘက်မြင်ကွင်း
25 ဒီနေရာလေးက မြင်ရတဲ့တောအုပ်စိမ်းစိမ်းက ကေတီဗွီလေ
26 ကျယ်ပြန့်လွတ်လပ်တဲ့ မြင်ကွင်း

 

1997 ကန်တော်ကြီးအိမ်ယာစီမံကိန်းနဲ့အတူ ဒီတက်သေးအင်းကို

ကန်တော်ကြီးလို့နာမယ်ပြောင်း။

လမ်းတွေကောင်းအောင်လုပ်။

မလွတ်တဲ့အိမ်တွေဖယ်။

အရင်ကျုံးထဲမှာထားတဲ့ ပြည်ကြီးမွန် ကရဝိက်ဖောင်ကို မမြလေးဘုရားနားကိုရွှေ့။

စားသောက်ဆိုင်တွေဖွင့်ပြီးစည်ကားအောင်လုပ်။

အခုတော့ သာယာတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်နေပါပြီ။

ဒီကန်မှာ ကျနော်မနက်တိုင်းလမ်းလျောက်ပါတယ်။

ဒီပုံလေးတွေက တော့ ရှားရှားပါးပါးနေ့လည်ပိုင်းမှာ ကျနော်လက်ဆော့ထားတဲ့ပုံလေးတွေပါ။

အချို့လဲတင်ပြီးသား အချို့ကတော့ အသစ်။

နောက်ရက်မှာ နံနက်ခင်းအလှတွေစုပြီးတင်ပါအုံးမယ်။

သာယာတယ်လို့ ယူဆလို့ မျက်စေ့အေးအောင်တင်ပေးလိုက်ပါတယ်။

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(8-12-2011)

 

 


12 comments

  • MaMa

    December 8, 2011 at 4:51 pm

    ရှု့ခင်းလေးတွေက သာယာတယ်။
    ကဗျာဆရာပေးတဲ့ နာမည်ကလည်း လိုက်မှလိုက်။ 🙂

  • “ဘီလူးကြီး”ogre

    December 8, 2011 at 6:04 pm

    သာယာလိုက်တဲ့ရှုခင်းလေးတွေ
    အေးအေးချမ်းချမ်းသွားကြည့်ရမှာဗျ….
    ဒါထက် …သမုဒ္ဒရာမှာစံမြန်တဲ့ ရှင်ဥပ္ပဂုတ် ကဘယ်လိုလုပ်အင်းထဲရောက်နေသတုန်းဗျ

  • koaung

    December 8, 2011 at 6:43 pm

    တိမ်လွှာတွေက ပန်းချီဆွဲထားသလိုပဲဗျာ

  • E.T

    December 8, 2011 at 9:34 pm

    အင်းရေ စိမ်းစိမ်းကို ကြိုက်ပါတယ်။ လေတော်တော် တိုက်တယ်ထင်တယ်နော် လှိုင်းလေးတွေထနေလို ့။ ပြောရင်းနဲ ့ လှိုင်း ကိုတောင်လွမ်းလာပြီ 😛

  • TTNU

    December 9, 2011 at 1:09 am

    ကိုပေါက်ရေ..
    Typo ကြည့်လုပ်ဦး ကိုယ့်လူ။
    “ရွာထဲက နန်းမတော်မယ်ပု” ရိုက်တာ ဘာဖြစ်သွားတာလဲကွာ။(ပုံ ..၅)
    ပုံ (၁၁) ကစပြီး တိမ်တွေ ချည်း သပ်သပ်တင်၊ “တိမ်စွန်လေလျင် ဖူးရောက်ချင်သည်” လို့
    ခေါင်းစဉ်ပေး။ မိုက်ပြီ။

  • amatmin

    December 9, 2011 at 9:08 am

    လေးပေါက်ရဲ့ ရေပြင်ကျယ်ကျယ် ပုံတွေချည်းမြင်ရတော့ ကိုယ့်ဒေသဘိုကလေး ကိုတောင်လွမ်းလာသလိုပဲ..
    ကမ်းစပ်ရဲ့အဝေးမြင်ကွင်းပုံတွေ ဆိုမြစ်ပြင်ကျယ် အလား..
    ဒါနဲ့ တောင်မြို့ဆိုတာ အမရပူရ ကိုပြောတာလား ဗျ…

  • 5 ကန်တော်ကြီး နွေတစ်နေ့ကမြင်ကွင်း(ရွထဲ့က နန်းမတော်မယ်ပု နှစ်သက်တယ်ဆိုတဲ့ပုံလေးပါ)
    ဆရာမရေစာလုံးပေါင်းမှားသွားတာပါ။
    ရွာထဲက နန်းမတော်မယ်ပုံ နှစ်သက်တယ်လို့ ညွှန်းတာပါ။
    အောင်လ လို့ဘဲသတ်မှတ်လိုက်ပါနော်။
    မှားတာရှိရင်တောင်းပန်ပါတယ်

  • ဟုတ်တယ်ဗျ
    ကျနော်တို့မန်းလေးသားတွေက အမရပူရကို တောင်မြို့
    ပြင်ဦးလွင်ကို မေမြို့လို့ဘဲခေါ်တယ်။
    မန်းလေးမြို့ရဲ့ တောင်ဘက်မှာရှိလို့ ရှေးကမင်းနေပြည်ဖြစ်ခဲ့လု့ိတောင်ဘက်က မြို့လို့ခေါ်တာပါ။

  • Mon Kit

    January 17, 2013 at 4:03 pm

    လေးပေါက်…. ပုံ (၁၉) ကို အရမ်းသဘောကျတယ်…..
    ရေပြင် လှိုင်း ရယ်၊ ရေထဲက ပုံတွေရယ်၊ တိမ်တွေရယ် အရမ်းကို အပ်စပ်လှပနေတော့တယ်……

Leave a Reply