ရှုူ့ကြည့်

NKDecember 8, 20111min1157

“ဟယ်လို…မိန်းမလား”
“ရှင်……….”
“မိန်းမလား………လို့…..”
“မဟုတ်ပါဘူးရှင်…ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ”

“ဪ…အေးအေး…မင်းမမလေးကော….ရှိလား”
“ဟုတ်…”
“ခေါ်ပေးကွာအရေးကြီးလို့”
“..ရှင်…မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး”
“ဘာ…..သူ.ယောင်္ကျားနဲ့ဟုတ်လား…”
“အင်းလေ..ဟုတ်ဘူးလား”
“ဒီမှာငါကမှ..သူ.ယောကျင်္ား…မှတ်ထား.
ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်…
ခုလင်ငယ်နဲ့အိပ်နေတယ်ပေ့ါ………
တောက်…သေမယ့်သာမှတ်…
ဟေ့…ဟေ့..ဒီမှာ…မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော အကောင်ကိုကော..သတ်ပစ်စမ်းကွာ..”
အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ…..
“ရှင်..!!!! …မ…မ..လုပ်ပါရစေနဲ့ရှင်”
“တောက်…နင်ပါသေချင်လို့လား…ငါအခုပြန်လာလိုက်ရ..
၃ လောင်းပြိုင်ဖြစ်သွားမယ်…နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်…နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား…ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း”
“ဟို… ဟိုလေ…….”
“ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား”
“မဟုတ်ပါဘူးရှင်….သ.သ..သွားပါ့မယ်……….”
ခဏအကြာ….ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။
“ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်…..”
“အေး…ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး…အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော..”
အနည်းငယ်ကြာပြီးနောက်…..
“ပြီးပြီ…ဆက်ပြော…”
“ပြီးရင်….အိမ်ရှေ့ကရေကန်ထဲခဏချထား…ငါပြန်လာမယ်…ကြားလား”
“ရှင်…ဘာကြီး……….”
“ရေကန်ဟေ့…ရေကန်…နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ”
“ဟို..ဟိုလေ…အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်”
“ဘာ…ဟုတ်လို့လား”
“ဟုတ်….ဟုတ်…”
“ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်…”
“524895***** လေ….”
“ဗျာ……အဟင်း..ဘယ်လိုပြောရမလဲ…..
sorry ့နော်..အဟင်း
ဟို..ဟိုလေ…
phone မှားသွားလို့…..
ဒါပဲနော်”
…………………………..
သူစီးရမယ့် လေယာဉ်ထိုင်ခုံနေရာကိုရောက်တော့ ကိုထုံတယောက်တော်တော်အံ့ဩသွားတယ်။သူ့ဘေးကပ်လျက်ခုံမှာ ကြက်တူရွေးတကောင် ထိုင်နေတာကိုး…ဒီလိုနဲ့လေယာဉ်ထွက်လာလို့မကြာခင်မှာဘဲ အစားအသောက်တွေ စတင်ကျွေးမွေးတော့လေယာဉ်မယ်လေးက မေးလာတယ်…

“အစာမစားမီ ဘာများ သောက်ချင်ပါသလဲ ရှင်”ကိုထုံက… “ကော်ဖီတစ်ခွက် ပေးပါ” လို့ မှာတယ်။
ကြက်တူရွေးက…”ငါ့ အတွက် ဝီစကီတစ်ခွက်ပေးစမ်း ကောင်မ…ကြားလား”…တဲ့။

လေယာဉ်မယ်လည်း အံ့ဩသွားပေမယ့် ဘာမှ မပြောဘဲ ဝီစကီတစ်ခွက်ယူလာပေးတယ်၊ကော်ဖီကတော့ မေ့ပြီး ပါမလာဘူး။
ခဏနေတော့ ကြက်တူရွေးက ထပ်မှာပြန်တယ်…”ဝီစကီတခွက်ထပ်ယူပေးစမ်း…သောက်ရူးမလေး”………..

လေယာဉ်မယ် ဒေါသနဲနဲထွက်ပြီးမျက်မှောင်ကြုပ်လို့ ဝီစကီတစ်ခွက်ထပ်ယူလာပေးပြန်တယ်။ဒီတခါလည်း ကော်ဖီက ပါမလာပြန်ဘူး…….
ကိုထုံလည်း ကြက်တူရွေးလမ်းစဉ်လိုက်ပြီးမှာမှရမယ်လို့ တွေးပြီး……”ငါ့ကော်ဖီကိုမြန်မြန်သွားယူစမ်း ဝက်မလေး၊ မဟုတ်ရင် နင့်ကို ကန်မိတော့မယ်”ခဏနေတော့ လေယာဉ်မောင်ခပ်ထွားထွား ၂ယောက် ရောက်လာတယ်။

ကိုထုံ နဲ့ ကြက်တူရွေးကို ဖမ်းချုပ်ခေါ်လာပြီး အရေးပေါ်အပေါက်ကနေ လေယာဉ်အပြင်ကိုပစ်ချလိုက်ပါတော့တယ်….ဒီမှာတင် ကြက်တူရွေးက ကိုထုံ့ ကို လှမ်းပြောတယ်… …. …”မင်းက ပျံလည်းမပျံတတ်ဘဲနဲ့ Complain တယ်များကိုးကွ”….တဲ့။
………………………………………………
စင်္ကာပူ ဝန်ကြီး ။ ။ လိမ္မော်သီး အခွံတွေကို ဘာလုပ်ပစ်လဲ။
ထိုင်းဘုရင် ။ ။ ဘာမှ လုပ်လို့ မရဘူး။ ဒီမှာ လွှတ်ပစ်လိုက်တယ်။

စကာင်္ပူ ဝန်ကြီး ။ ။ ဟာ.. ကျွန်တော်တို့ ဆီမှာဆို၊ စက်ရုံတွေကို ပို့ ပြစ်ပြီး လိမ္မော်သီး ယို လုပ်တယ်ဗျ။
ဒါနဲ့ စကာင်္ပူ ဝန်ကြီးလဲ ပီကယ်မှာလိုက်ပါတယ်.စားပြီးသွားတော့ ပန်းကန် ပေါ် ပြန်တင်လိုက်ပြီး မေးခွန်း ဆက်မေးပါတယ်။
စင်္ကာပူ ဝန်ကြီး ။ ။ ပီကယ် ကိုရော ဘုရင် တို့ ထိုုင်းနိုင်ငံမှာ ဘာလုပ်သလဲဗျ။
ထိုင်းဘုရင် ။ ။ ဟာ.. ပီကယ် စား ပြီးသားကို လွှတ်ပဲ ပြစ်တယ်။

စင်္ကာပူ ဝန်ကြီး ။ ။ ကျွန်တော်တို့စီမှာဆို စားပြီးသား ပီကယ်ကို စက်ရုံတွေပို့ပြီး Condom လုပ်တယ်၊ ပြီးတော့ထိုင်းနိုင်ငံကို တင်ပို့ ရောင်းချတယ်။
ဆက်ပြီးတော့ ဘုရင်ကို ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်လိုက်ပါတယ်။ ပြန်ခါနီးကြမှ ဘုရင် က မေးခွန်းတစ်ခု ထမေးပါတယ်။

ထိုင်းဘုရင် ။ ။ မင်းတို့ Condom သုံးပြီးသွားရင်ရော ဘာလုပ်ပြစ်သလဲ။
စင်္ကာပူ ဝန်ကြီး ။ ။ ကျွန်တော်တို့ ဘာမှမလုပ်ဘူး လွှတ်ပြစ်တယ်။
ထိုငိးဘုရင် ။ ။ အေး၊ ငါတို့ စီမှာတော့ Condom သုံးပြီးရင် စက်ရုံတွေကို ပို့ပြီး စင်္ကာပူကို တင်သွင်း ရောင်းချဘို့ ပီကယ်ပြန်လုပ်တယ်ကွ။

7 comments

  • blackchaw

    December 8, 2011 at 12:53 pm

    ရယ်ရတယ်ဗျာ။

  • မိုးပွင့်ဖြူ

    December 8, 2011 at 1:13 pm

    မင်းကပျံလဲမပျံတတ်ပဲနဲ complain တယ်များတယ်ကိုကွ
    အတော်ရီလိုက်ရပါတယ်
    အပေါ်ကတစ်ခုကတော ခဏခဏဖတ်ဖူးပြီးသားကြီးးးးးးး

  • ကိုရင်စည်သူ

    December 8, 2011 at 10:50 pm

    ရှူသွားပြီး… ဟူးးးးးးးးးးးးးးးးး 😉

  • NK

    December 9, 2011 at 5:46 pm

    ကိုနက်ချောလား..ကိုညိုချောလား…. လျှောတီးဂျာ…ပို့စ် ပိုတင်မိတဲ့အတွက် … နောင် စည်းကမ်းလိုက်နာ
    ပမယ်ဂျာ…

  • kkk

    December 9, 2011 at 6:46 pm

    သူကြီး
    ထိုင်းက စင်္ကာပူမပို့ဘဲ ကျုပ်တို့ဆီပို့လိုက်လို့…
    ကျုပ်တို့ရွာသားတွေကိုသတိပေးလိုက်ဦး

    • kai

      December 10, 2011 at 6:03 am

      kkk : ထိုင်းက စင်္ကာပူမပို့ဘဲ ကျုပ်တို့ဆီပို့လိုက်လို့… ကျုပ်တို့ရွာသားတွေကိုသတိပေးလိုက်ဦး

      သူကြီး: ဘာကိုလည်း

      kkk : ပီကယ်တွေ

      သူကြီး: ဘယ်လိုသိတာလည်း

      kkk : သုံးဖူးလို့သိတာပါ..။ သုံးကြည့်တော့.. ပီကယ်က.. ဝါးရတာကွိစိ..ကွစိနဲ့..

      သူကြီး: နောက်ဆို..သူများသုံးပြီးသား မသုံးနဲ့..။ ကော်ပီတွေလည်းမကူးနဲ့.. အာဟိ..။ 😆

  • naywoonni

    December 10, 2011 at 1:35 pm

    Condom လည်းမကြိုက်ဖူး pk လည်းမကြိုက်ဖူး…။
    Condom ကနွေခေါင်ခေါင် ကန ္တာရထဲ အနွေးထူထူကြီးဝတ်ပြီးလျှောက်ခိုင်းသလို ကြီးပဲ…။
    pk ကတော့ ဝါးပြီး စားလို့ရတာမဟုတ် …။ ထွေးထုတ်ပစ်ရတာ …။ သူလည်း ကွမ်းယာနဲ့ သိပ်မထူးဘူးဆိုပြီး မကြိုက်တာ………..။

Leave a Reply