မြန်မာ့ရိုးရာ စားစရာ

ムラカミDecember 8, 20114min34130

သည်လူကြီး လိုင်းသစ်ထွင်ပြန်ပြီ မထင်လိုက်နဲ့နော .. လိုင်းဟောင်းကြီးအတိုင်းပဲ လျောက်မှာပါ ...သည်လိုင်းက
ကျနော် လျောက်နေကြလိုင်းကြီးပါ ...ဟုတ်ကဲ့ ကျနော်မျိုး ဖားသက်ပြင်းရဲ့ မားကတ်တင်း ပါခင်ဗျား


၁။ မုန့်ဟင်းခါး
မားကတ်တင်းနဲ့ မုန့်ဟင်းခါး ဘာဆိုင်တုန်း လို့ မပြောပါနဲ့နော ဆိုင်ပါသော်ကောလားဗျာ ဆိုင်သမှ အချက်ကြီး ၃ချက်နဲ့ ကို ဆိုင်တာ..
အချက်နံပါတ်(၁)

မုန့်ဟင်းခါးဆိုင်သွားတယ်နော၊ ခင်ဗျား ဘာပြောလဲ ? မုန့်ဟင်းခါးတပွဲ၊ ဆိုင်ရှင်ဘာလုပ်လဲ? ရော့ အင့် စားတော့၊ အဲ့လိုထင်လို့လား ???
မုန့်ဟင်းခါးတပွဲ။ ဘူးသီးကြော်နဲ့။ ကြက်သွန်ဥ မထည့်ဘူး၊ငှက်ပျောအူ ပါပစေနော်။(ဒါက ကျနော် စားရင် မှာနေကျ စတိုင်လ်)။
 ပြီးရင် သံပုရာသီးညှစ်မယ် ....ငြုပ်သီး နည်းနည်း ထည့်မယ်။ ပြီးရင် ဆွဲပြီပဲ ။
အချက်နံပတ်(၁) ကိုနာမည်ပေးမယ် အဲ့ဒါ 1-to-1 Marketing Strategy  ...Customer ကို စိတ်ကြိုက် customize
လုပ်ခွင့်ပေးထားတယ်... 1-to-1 Marketing မှာလည်း သည်လိုပဲ။ သည်နည်းနဲ့ နာမည်ကျော်တဲ့Brand ကိုပြပါဆိုရင်
Dell ကိုပြရမယ်။ Direct-From-Dell !(ခုခေတ်စားနေသလို ပေါ့၂ပါး၂ရေးမှာမို့ သည်မှာတင် ဖြတ်ချလိုက်မယ်)



အချက်နံပါတ်(၂)
သည်လိုနဲ့ ကျနော် စားလို့ပြီးပြီ ဟင်းရည်သောက်ပါဦးတဲ့ဗျား ဆိုင်ရှင်က ဟင်းရည်လေး ၃-၄စွန်းစာလောက်နဲ့ ငှက်ပျော်အူဖတ်-
၁ဖတ်လောက်ပေါ့  ..အဲ့ဒါ မားကတ်တင်း အရ ပြောဆို Value-Added လုပ်တာ ...

အချက်နံပတ်(၃)
အံမယ် စားလို့ကောင်းသားဟ သည်ဆိုင်လေး မဆိုးဘူး ဆိုပြီး  ဆိုင်းဘုတ်လေး မော့ ကြည့်တယ် (မြောင်းမြ)ဒေါ်ဝေဝေ တဲ့ ...
အင်းလေ နောက် ကြုံရင် လာစားဦးမှပေါ့။ မှတ်ထားလိုက်တယ်.. သည်လို နဲ့ ကိုယ်အရင် စားဖူးတဲ့ ဆိုင်လေးတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ပေါ့
နာမည်လေးတွေ အစီအရီ ထွက်ကျလာပါတယ်
  • (ညောင်တုံး) ဦးနက်ချော
  • (ဟင်္သာတ) အန်တီမ
  • ကိုကိုစီ (ရန်ကုန်)
  • (ညောင်လေးပင်)မမမှီ
  • (ဓနုဖြူ)အန်တီမ
  • (ပြွန်တံဆာ)အီးတီ
  • (အိမ်မဲ)ပေါက်ဖော်
အံမယ် အတော်များများက မြို့နာမည်လေးတွေနဲ့ပါတွဲပြီး သူတို့နာမည်ကို မှတ်မိအောင် လုပ်ထားကြတယ်။
ဒါကို မားကတ်တင်းအရ Branding လို့ သတ်မှတ်လို့ရတယ် ..အတိအကျပြောရရင် Geographical နည်းနဲ့ပါ recall လုပ်ထားတာ
 ..ဘယ်မြို့က ငါးပေါတယ် ဘယ်မြို့က ဆန်မှုန့်ကောင်းတယ် ..ဘယ်မြို့ရဲ့ မုန့်ဟင်းခါးချက်နည်းကတော့ အရည်ကျဲလေး ..
ဘယ်မြို့ရဲ့ နည်းကတော့ ငရုပ်ကောင်းကဲတယ် .... ဒါမျိုးတွေကို Brand elements အနေနဲ့ communicate လုပ်ထားတာ ...

ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ် က မုန့်ကို ပြောပြီးပြီ ဆိုတော့  ..မန ္တလေးဘက်က မုန့် တမျိုးကိုလည်း ထည့်ပြောမှ သင့်တော်ပေမပေါ့လေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂။ ထိုးမုန့်
 
ဘူတာကြီးရှေ့ ကိုရောက်တယ်ဆိုရင်ဘဲ ..လမ်းမကြီးတဖက်ကိုမျှော်ကြည့်လိုက်တော့ ဆိုင်းဘုတ်ကြီးမှ ပြူးနေတာဘဲ ကိုး ခင်ဗျ။
ဘာတဲ့ ..ပေကလေးစိန်ထိုးမုန့် ဆိုဘဲ .... အင်း ရန်ကုန်မှာ ကျန်ခဲ့တဲ့ ကျောင်းတက်ဖော် ဘော်ဒါအပေါင်းတွေ မှာလိုက်တာကို
ဖြတ်ကနဲ ကြားယောက်မိလိုက်တယ် ....ဘာတဲ့... "ဟိတ်ကောင် မ န ္တလေးက ပြန်လာရင် ငါ့အတွက် ထိုးမုန့် မပါရင် နာဖို့ပြင်ထား"
"ဟုတ်တယ် နင် ဟိုတခါခရီးသွားတာ ဘာမှလည်း မပါဘူး သည်တခါတော့ ထိုးမုန့် ဝယ်ဖြစ်အောင် ဝယ်ခဲ့ရမယ်။"
"အေး ... သေချာမှာမယ်နော် ....ငါက ထိုးမုန့်ဆို ပေကလေးစိန် ပဲစားတာ" ..... "ဟဲ့ ..ငါက ပေါက်ပေါက်ခင် မှ ကြိုက်တာနော်"
"ငါ့အတွက် ပေါက်ပေါက်ခင် ၁ဘူး."". အေး ငါကတော့ မူလလက်ဟောင်း မော်မော်နု ပဲ ကြိုက်တယ်ဟေ ့ ..."
သေချာရေးမှတ်သွား ...မှားလာလို့ကတော့ နာပြီပဲ .......
အော် ...ထိုးမုန့်ရဲ့ Branding ကိုပြောပါတယ် ...... သူလည်း မုန့်ဟင်းခါးလိုပါ.... တခြား မြန်မာ့ရိုးရာ စားစရာတွေ
ဒါမျိုးမရှိတာများတယ်နော ... ကောက်ညှင်းပေါင်း ပဲပြုတ် ..ဆက်သာတွေးကြည့်ကြပါတော့ဗျာ။ (၁၂ပွဲဈေးက ဆိုင်တွေ
လက်ညှိုးထိုးပြီး  ရှိတယ် မပြောနဲ့ဦးနော ... ၁၂ရာသီ ပုံမှန် ဆိုင်ဖွင့်တာတွေကိုပဲ ဆိုလိုတာ..)

အဲ့လိုနဲ့ ဂီဂီတယောက် ပေကလေးစိန် ဆိုင်ထဲ ဝင်သွားတယ်ပေါ့ဗျာ..ဆိုင်ထဲရောက်တော့  "သုံးဆောင်ပါအစ်ကို မြည်းကြည့်ပါ အစ်ကို
ကြိုက်မှ ဝယ်ပါ မကြိုက်လည်း သုံးဆောင်သွားပါ " နဲ့ ကောင်မလေးတွေ ပျူငှာထှာ ယဉ်ကျေးထှာ ..... စင်ပေါ်ကို ကြည့်လိုက်တော့
ယွန်းဗန်းလေးထဲ အကန့်လေးတွေ နဲ့ အရောင်စုံ ပုံစံစုံ မုန့်ကလေးတွေ ..ဟိုဟာလေး မြည်း သည်ဟာလေး ကောက်ဝါးနဲ့ .......
ဟိုဟာလေး နည်းနည်း သည်ဟာလေးနည်းနည်း.... ဒါ မားကတ်တင်း အမြင်နဲ့ ပြောရရင် sampling ပေးတဲ့သဘော trial
 ပေးတဲ့သဘော ...ကျယ်ပြန်စွာတွေးပြီး စာလုံးကြီးကြီး ရေးရရင် CSR လို့ကို ဆိုနိုင်သေးသဗျ....

ဂလိုနဲ့ ကျနော်လည်း ... ဟိုဟာလေးထည့် သည်ဟာလေး နည်းနည်းယူ ...ဝယ်တာပေါ့ဗျာ..(Customization) ...
ဟိုဘက် စင်လေးတွေဘက်ကြည့်လိုက်တော့ ..လားလား ... လမုန့်ေတွပါလား ဟရို့ ...အမေက လမုန့် သိပ်ကြိုက်တာ..
ဝယ်ဦးမှ .... လမုန့် ၂ဗူးပေးပါကွယ် ....(၁ဗူးက တရုတ်သွေးပါတဲ့ တယောက်သော သူကလေးအတွက် ။ ဤကား စကားချပ်)

မားကတ်တင်းအရ ဆက်ပြောမယ်ဆိုရင် ဒါ Cross-selling လုပ်တာဗျ..main item တင်ထားပြီး sidekick ကို ပါ အစွံထုတ်တာ

နိုင်ငံခြားက ဖိနပ် ရောင်းတဲ့ ကန်ပနေတွေ သားရေကို နိုင်နင်းလေတော့ ခါးပတ်ပါ ထုတ်ပြီး တွဲရောင်းကြတာကိုး ...
( ခေါင်းထဲ ပေါ်လာတဲ့ အတိုက်ဆိုင်ဆုံး ဥပမာမို့ပါ အစားအသောက်ကို ဖိနပ်နဲ့ ခိုင်းနှိုင်းပြောတာမဟုတ်ရပါဘူး ..)
ဂလိုနဲ့ ငွေရှင်းမယ်ပေါ့ ...ပိုက်ဆံတွက်တော့ အစ်ကိုက ၂မျိုးယူတော့  စုစုပေါင်းမှာ ၅၀ဝ လျော့ပေးပါတယ်တဲ့ ...
အားပါးပါး ....ဒါ Customer Relationship နဲ့ Customer Loyalty တည်ဆောက်နေတာနော ...
အဲ့ဒါကြောင့် ကျနော်ပြောဖူးပါတယ် ...မြန်မာတွေ ရှေးမဆွ ကတည်းက မားကတ်တင်း တတ်ကြပါတယ်လို့ ....
(အခြားအခြားသော စီးပွားနယ်ပယ်တွေမှာလည်း မြန်မာ့ရိုးရာ မားကတ်တင်းပညာများ အသုံးချနိုင်ကြပါစေလို့ ...ဆန္ဒပြုရင်း ......)
ဝန်ခံချက် ။ ကျုန်ုပ်သည် အဆိုပါ မုန့်၂မျိုးလုံးကို လွန်စွာမှ နှစ်သက်သော်လည်း ချက်-ပြုတ်-ကြော်-လှော်-ဖုတ်-သုတ် ခြင်းအမှုတွင်
လွန်စွာညံ့ဖျင်းသောကြောင့် လုပ်မကျွေးတတ်ပါခင်ဗျား။
စားလိုပါက ရွာ့ အိမ်ရှင်မများ အသင်းမှ အန်တီ-မမ-ညီမလေးများနှင့်ဆက်သွယ်ပါကုန်


စာကြွင်း ။မုန့်ဟင်းခါးအတွက် ဆြာချစ် ကို ကျေးဇူးတင် မိ ပြီး ထိုးမုန့်အတွက် တယ်တော်တဲ့ငါပါလားဟု အတွေးပွားနေမိပါသည်
Inz@ghi

30 comments

  • blackchaw

    December 8, 2011 at 1:17 pm

    ညောင်တုန်း ဦးနက်ချော မုန့်ဟင်းခါး ဆိုင် ဖွင့်ရင်
    ဂီဂီ နဲ့ ကြော်ငြာမယ်။
    သိတ်ကောင်းတဲ့ အစီအစဉ်ပဲ။

    • Moe Z

      December 8, 2011 at 1:53 pm

      အားပေးမယ်နော် ဘဘ ဘလက်
      မန်ဘာကဒ်လုပ်ထားလိုက်မယ် ဒစ်စကောင့်ပါပေးနော် 😀

      • ကိုရင်စည်သူ

        December 8, 2011 at 11:06 pm

        ကလေးလေးတွေကို ချစ်တတ်တဲ့
        မိမိုးအတွက်ဆို ကိုကိုစီ (ရန်ကုန်) မုန့်ဟင်းခါးဆိုင်က
        အမြဲ ဖရီးပဲ… မိုးအတွက်ဆို အသက် ၂ဝလောက်
        ပြန်ငယ်ပြီး… မိုးဘေးမှာ ငိုပြီး ဂျီကျချင်စမ်းပါဘိ… 😳 😳

        • inz@ghi

          December 9, 2011 at 8:37 am

          ကောင်းတယ်ကောင်းတယ် အနှစ် ၂ဝငယ်လိုက် (တစ်ရန်အေးလည်း နဲဝူး…ဟီး)
          တွမ်ဟန့်စ်ခ် နဲ့တွေ့မှ Zoltar Machine ဘယ်နားရှိလဲမေးပေးမယ် တိရား…
          အဲ့လာမှ တန်းလန်းတန်းလန်း နဲ့ ငိုပီးချွဲ လို့ရမှာ ခစ်ခစ်.. (နှပ်ချေးပြောပါတယ်) 😀

  • inz@ghi

    December 8, 2011 at 1:18 pm

    အောင်မယ်ငီး …
    သဂျီးကယ်ပါ
    ရွာတော်ရှင် ကယ်ပါ
    တံခါးစောင့်ကြီးကပ်ပါ …

    နဗီဂေးရှင်းအရ ဘာမှားတယ်မတိ …
    နောက် ၂နာရီဝက်ဆိုပီး စကတ်ဂျူးလုပ်ပီးတင်လိုက်တာ..
    တားတား ပို့စ် အသစ်စက်စက်ကလေးက
    အီလဲဗင်း အာဝါ အဂိုး ဖြစ်တွားပါပေါ့လား …

    သဂျီးရယ် …ဘက်ဒိတ်နဲ့လည်း စကတ်ဂျူးလို့ ရတာဘဲလားဟင်င်င်

    • E.T

      December 8, 2011 at 2:26 pm

      ချစ်လေးအင်လုပ်တာနဲ ့ ကိုကိုတီဆိုင်ကို အားပေးမယ့်လူရှိပါ့မလားကွယ်။ နာမည်နဲ ့တွဲတဲ့မြို ့ကလည်း ပြွန်..တန်ဆာတဲ့။ ချစ်လေးအင် ကိုကိုတီကိုတွဲပြီး မှတ်မိတဲ့နာမည်ကလည်း စဉ်းစားစရာပါလားနော်။ မနေ ့က ကရင်စည်ကလည်း ချစ်လေးအင်ကို ဖတ်သွားသေးတယ်။ ချစ်လေးအင်ရေ စိုးတယ်..စိုးမိတယ်..စိုးရိမ်မိတယ်ကွယ်။

      • ကိုရင်စည်သူ

        December 8, 2011 at 11:02 pm

        အီးတီဆိုင်ကို ရွာထဲက အပုန်းလေးတွေက
        အကြိုက်ဆုံးပါပဲတဲ့… ဂျော်နီခေါင်းဆောင်တဲ့
        တပ်သားတွေ အီးတီဆိုင်ကို စားဖို့ ချီတက်လာပါပြီ….
        အီးတီရေ.. နင်အခုထဲက သင်္ဘောပေါ်မှာ ဘာဂျာမှုတ်ပီး
        လေ့ကျင့်ထား… ကွိကွိ… (မျောက်စည်သံ)

  • blackchaw

    December 8, 2011 at 1:30 pm

    ဟုတ်တယ်ဗျ။ ဒီပို့စ်က ကြားထဲမှာ ရုတ်တရက်ကြီးပေါ်လာတာ။
    ကွန်းမန့်ကလည်း တစ်ခုမှမရှိတော့။ ဪ ငါ တော်တော် နမော်နမဲ့နိုင်ပါလား
    ဆိုပြီး ဝင်မန့်လိုက်တာပါ။
    သို့ပေမယ် နောက်ဆုံးတော့ အင်ဇာဂီက အင်ဇာဂီ ပါပဲကွယ် နော။

  • weiwei

    December 8, 2011 at 2:05 pm

    ဒီတစ်ခါ marketing က နားလည်လွယ်တယ် …
    မြောင်းမြ ဒေါ်ဝေဝေ ဆိုင်ခွဲ ဂျာပွန်မှာဖွင့်ဖြစ်ရင် ဂီဂီနဲ့ ဆက်သွယ်လိုက်မယ်နော် … 😛

  • MaMa

    December 8, 2011 at 2:21 pm

    မုန့်ဟင်းခါးကတော့ မြန်မာ့ရိုးရာ အစားအစာတခုအနေနဲ့ သူ့မြို့သူ့စတိုင်နဲ့ အမျိုးမျိုးရှိတယ်။
    ဒါပေမယ့်…..
    သားငါးပုစွန် ပေါများပြီး လတ်ဆတ်တဲ့ မြစ်ဝကျွန်းပေါ်မုန့်ဟင်းခါးကမှ ရှယ်ကောင်းတာ။
    မြစ်ဝကျွန်းပေါ်ထဲမှာမှ ဖျာပုံမုန့်ဟင်းခါးက အကောင်းဆုံး။

    မောင်ဂီ၏ မာကက်တင်း သင်တန်းဆင်းပြီး….
    (မြန်မာပြည်မှာ ဒိုက်ဦးကွာစေ့ အကောင်းဆုံး၊
    ဒိုက်ဦးမှာ ဒုံးပျံကွာစေ့ အကောင်းဆုံး
    ဆိုတဲ့ ကြော်ငြာကို တုပသည်။)

  • MaMa

    December 8, 2011 at 2:35 pm

    တစ်ယောက်တည်း နှစ်ကိုယ်ခွဲပြီး ဟင်္သာတနဲ့ ဓနုဖြူ ၂ ဆိုင်ဖွင့်ပေးထားလို့၊ ဖျာပုံတစ်ဆိုင် ထပ်တိုးလိုက်တယ်။ 😆

  • FattyCat

    December 8, 2011 at 2:36 pm

    နင့်ကို ငါ့အလုပ်မှာ မာကက်တာ လုပ်ဖို့ပြန်ခေါ်မယ်….
    လာခဲ့….
    ကြောင်မိသားစု..ကြွက်ရောင်းဝယ်ရေး (Cat Family mouse trading)
    ကြောင်များရှိရာ Door to Door လိုက်ပို့ပေးသည်။
    Moe Z ပြောသလို ငပိရည်လေးနဲ့တို့စားဖို့…

  • ကိုတောက်တဲ့

    December 8, 2011 at 2:38 pm

    ဟိုက်.. ! 😯
    မဖွတ်ကျား.(ဂျာပွန်ဖွတ်ကင်)ဆိုပါလား..
    ဖွတ် ဖင်စီဖူး တစ်ကင်ပေးပါ..ရွရွလေး.ရွရွလေး..ကင်ပေးဘာ..
    😆

    • Moe Z

      December 8, 2011 at 2:58 pm

      တောက်တဲ့ဖြစ်သွားပြန်ပြီလား အဖမ်းခံချင်ပြီနဲ့တူတယ် 🙂

    • inz@ghi

      December 8, 2011 at 3:01 pm

      တောက်တဲ့
      ကောက်ဟဲ့
      နောက်လှည့်
      အခြောက်နဲ့ ..

      😀
      ဟီဟိ…

  • hmee

    December 8, 2011 at 3:04 pm

    မုန့်ဟင်းခါးကြောင့် အခုတလော စိတ်တွေက ကယောက်ကယက် ဖြစ်နေပါတယ်ဆိုမှ ပို့စ်ထဲဝင်ဝင်ခြင်း မုန့်ဟင်းခါးပန်းကန်ကြီး အရင်မြင်ရတော့ ဟင်း…လို့ပဲ သက်ပျင်းချလိုက်ရတယ်။ marketing အကြောင်းတော့ သိပ်နားမလည်ဘူး။ ဒါပေမဲ့ ဈေးရောင်းနေကြမို့ ဈေးဝယ်တွေရဲ့ အထာကိုလိုက်ပြီး ကျေကျေနပ်နပ် ဝယ်သွားသလို နောက်တခါ ဈေးဝယ်ချင်ရင် ကိုယ့်ဆိုင်ကို ဦးဆုံးသတိရအောင်တော့ ဆက်ဆံတတ်တယ်။ 🙂

  • ဆူး

    December 8, 2011 at 5:27 pm

    ဆန့်ကျင်ဘက် ပြောချင်ပါသည်။
    မြောင်းဝ က ပေါက်စ
    မုန့်ဟင်းခါးဆိုင် မှာ ထိုင်ပြီး ပဲကြော် ငါးဖယ် တပွဲ မုန့်ဖတ်လျော့ထည့် ဟင်းရည်ပိုပေးနော်။

    လာတော့ ပဲကြော် ငါးဖယ် မုန့်ဖတ် ပုံမှန်နဲ့ ဟင်းရည်ပုံမှန် ပါပဲလား…
    အရသာ ကောင်းပါတယ်လေ…
    အယ်.. ဘယ်တတ်နိုင်မလဲ.. ဒီအရသာ ကြိုက်လို့ သွားစားမိတာကိုး..
    ထိုင်စားရင်း မျက်စိ က ဟိုကြည့် ဒီကြည့် ကြည့်မိသော်.. စားပြီးသား ပန်းကန်ဆေးတဲ့ ရေပုံကြီးကလည်း မုန့်ဟင်းခါး အရောင်ထ နေပါလား။

    စားလက်စ မုန့်ဖတ် ကို ဖြေးဖြေးချင်း မြိုချပြီး ဂလု ဆိုပြီး (လည်ပင်းက အရိုးနုလေး အရိုးလေး ဖြေးဖြေးချင်း ဆင်းပြီး ဖြေးဖြေးချင်းတက်)

    နှမျောတာနဲ့ ဆက်စားမယ် လုပ်ပြီး နည်းနည်း ပိုဝင်အောင် ရှောက်သီး တောင်းသော်.. ပန်ကန် တချပ်ထဲ ပေါင်းထည့်ထားတဲ့ ရှောက်သီး ညှစ်ပြီးသား အစိပ်တွေ ရောထည့်ထားတဲ့ ပန်ကန် လာချပေးတယ်။ ကဲ ထားပါတော့လေ အကောင်းလေး ရှာညှစ်မယ်။ ငရုတ်သီးလေး ထည့်မယ် ငရုတ်သီး ဘူးလေး ဖွင့်ကြည့်သော်.. ဖြူဖြူ အဖတ်လေးတွေ တွေ့နေတယ်.. ဟယ် မှိုတွေလား မသိဘူး။ အင်.. စားလို့ ဖြစ်ပါ့မလား.. ဆိုင်အနောက်ကို ငေးကြည့်လိုက်တော့… ဈေးသည် ခေါင်းနားမှာ ပင့်ကူအိမ်တွေ မဲချိတ်နေပါလား.. ကြပ်ခိုးတွေကျနေတာပဲ.. မြင်တောင် မကောင်းပါလား။
    ဈေးသည်ကလည်း ပိုက်ဆံ ကိုင်လိုင် မုန့်ဖတ်ကိုင်လိုက်နဲ့ပါလား..
    စားလက်စ မုန့်တပွဲ ကြိတ်မှိတ်ဝါးဖို့ ကြံနေရင်းနဲ့ မြိုမကျစွာနဲ့ မုန့် ပန်းကန် ချပြီး ဘယ်လောက်လဲ မေးပြီး ဆိုင်က ထမယ် ကြံပြီး ဟိုကြည့်ဒီကြည့် လုပ်နေစဉ် ဘေးက လူ ထိုင်ခုံမှ အထ ပုဆိုးနဲ့ ထွက်နေတဲ့ သံ နဲ့ ညှိပြီး ဗြီးးးးးးးးးး ဆိုတဲ့ အသံကြားပါလေရော.. ရဲရဲ ထိုင်ပြီး ရဲရဲ မထ ရဲဖြစ်နေတဲ့ အချိန်မှာ ရုတ်တရက် ကားတစီး ထိုးရပ်လာပြီး ကားပေါ်က ခဏနော် ဟိုနားလေး ချက်ချင်းပြန်လာမယ် ဒီမှာ ခဏလေးနော် အသံပြုတော့.. ဈေးသည်က ဒီမှာ ဆိုင်ရှိတယ် မမြင်ဘူးလား ပိတ်မရပ်နဲ့ ပိတ်မရပ်နဲ့ သွားသွား… တခြားသွားရပ် ဆိုတော့ ကားက နေရာ ရွေ့သွားပါတယ်။ မိုးက ရုတ်တရက် ရွာလာတဲ့အခါ ထီးမပါတဲ့ လူ ၁ယောက် ဘယ်အရိပ် ပြေးခိုရမှန်း မသိလို့ တွေ့တဲ့ ဆိုင်ပြေးဝင်ပြီး ခဏခိုသော် အခါ ဆိုင်ရှင်က ဘာစားမလဲ။ အရိပ်ခိုသူက အပြုံးမျက်နှာ အားနာတဲ့ မျက်လုံးနဲ့ မခို့တရို့ပြုံပြပြီး မဖြေတော့.. ဈေးရောင်းနေတာ ဝယ်သူတွေ လာရင် နေရာ မရှိပဲနေမယ် တခြားမှာ သွားရပ် သွားသွား… ဆိုပြီး အဆင့်မြင့် မားကတ်တင်း အသုံးချပြီး လက်ရာ ဘယ်လောက်ကောင်းကောင်း သင်ကော ဒီလို ဆိုင်မျိုး သွားစားမလား..

    • inz@ghi

      December 8, 2011 at 5:41 pm

      အဟမ်း …

      ကျောလော့ပါဝူး ..တူကစွာဒယ်…
      (ဤကား retreat strategy တည်း)

  • TTNU

    December 8, 2011 at 11:50 pm

    တကယ်မြန်မာအစားအစာတွေအကြောင်းရေးမယ်မှတ်နေတာ။
    ဖတ်ရင်းနဲ့ ဆွဲခေါ်သွားလိုက်တာ။ ( ရုန်းလို့တောင် မရ ဘူး)
    တို့မန ္တလေး မြို့ကြီးရဲ ့ ထိုးမုန့် လမုန့်တွေ Sampling စားရပုံရေးထားတော့
    ကောင်းလေစွ ကောင်းလေစွ လို့ အတွေးစလေး တစ်စ ထွက်အကျ။
    မောင်ဂီ တော်ချက်ကတော့ မကျန်ဘူးဟေ့လို့ မှတ်ချက်ကလေးလည်းချ လိုက်ချင်ပါ့။

  • kai

    December 9, 2011 at 5:55 am

    အဲဒါ.. အဲဒါ…
    မိပါပြီ… မုန့်ဟင်းခါး..။
    “တောင်ကြီးက… မိုဟာမက်ဆီမရွေ့နိုင်တော့.. တောင်ကြီးဆီမိုဟာမက်သွားမယ်ဆိုပြီး”.. ရန်ကုန်က နာမယ်ကြီးမုန့်ဟင်းခါးကို.. အယ်လ်အေကိုစပွန်ဆာလုပ်ပြီး.. လာချက်ခိုင်းမလို့ဟာ…
    ဘယ်သူမှ ခေါ်မရဖြစ်နေလို့..
    သိသူတွေ မိတ်ဆက်ပေးပါဦးလေ…။ လေယဉ်ခပါ ပေးပါမယ်လို့..။ :mrgreen:

    =
    Ref:
    IF THE MOUNTAIN WILL NOT COME TO MOHAMMED, MOHAMMED WILL GO TO THE MOUNTAIN – “If one cannot get one’s own way, one must adjust to the inevitable. The legend goes that when the founder of Islam was asked to give proofs of his teaching, he ordered Mount Safa to come to him. When the mountain did not comply, Mohammed raised his hands toward heaven and said, ‘God is merciful. Had it obeyed my words, it would have fallen on us to our destruction. I will therefore go to the mountain and thank God that he has had mercy on a stiff-necked generation.’ The saying has been traced back in English to ‘Essays,’ by English philosopher Frances Bacon (1561-1626). It was included in John Ray’s book of English proverbs in 1678. First attested in the United States in ‘Jonathan Belcher Papers’ . In German, the phrase translates as ‘Wenn der Berg nicht zum Propheten kommt, mu?der Prophetzum Berg kommen.” From “Random House Dictionary of Popular Proverbs and Sayings” by Gregory Y. Titelman (Random House, New York, 1996).

    • ဆူး

      December 9, 2011 at 10:54 am

      သဂျီးရေ လေယာဉ်လက်မှတ် စပွန်ဆာ ပေးမယ် ဆိုရင်တော့ ဆူး တမျိုးလုံး မုန့်ဟင်းခါး ချက်တာ အလွန်တော်တယ်။ အလှူလုပ်ရင် အိမ်နဲ့ မိုင် ၂ဝ ပတ်လည်မှာ ရှိတဲ့ မုန့်ဟင်းခါး ဆိုင်တွေ အကုန် ပိတ်ရတယ်။ မပိတ်ရင် အဲဒီနေ့ အရင်းရှုံးတာပဲ..
      မုန့်ဟင်းခါးကတော့ ငါးများများ နဲ့ ပြစ်ပြစ် ချက်တာနော်.. ရှယ်ရှယ်..

    • hmee

      December 9, 2011 at 2:05 pm

      မုန့်ဟင်းခါးကို ဘယ်လိုကောင်းအောင်ချက်ချက် မုန့်ဖတ်က စကားပြောတယ် သဂျီးရေ။ ရန်ကုန်မှာတော့ မုန့်ဖတ်ကကို ကောင်းလို့ အရသာ ဒင်းပြည့်ကျပ်ပြည့်ရှိတာ။ အပြင်မှာတော့ မုန့်ဖတ်အခြောက်ကို ရေနွေးဖျောစားရလို့လားမသိ အရသာက စိတ်ထဲမှာ ဘဝင်ကို မကျဘူး။ နောက်တခု အိမ်မှာချက်စားတာ မစားချင်ဘူး ဆိုင်မှာ ခွေးခြေလေးပေါ်ထိုင်ပြီး စားရင်းသောက်ရင်း ပတ်ဝန်းကျင်ကို မျက်စိအရသာခံချင်တာ။ အော်…ဒုက္ခ ဒုက္ခ လိုရျ်မရသောဆင်းရဲခြင်းပါလား (ကိုယ့်ဘာသာတွေးတာ 🙂 )

      • inz@ghi

        December 9, 2011 at 2:09 pm

        ဟုတ်တယ်သဂျီး ….ဂီ ကတော့ somen[素麵]
        အလုံးသေး ဝယ်ပီး ဟင်းရည်ခြောက် ရေဖျော
        တွယ်ရတာဘဲ …. မူရင်းနဲ့တော့ ကွာထှာ…

        တချို့ RAMEN-YA တွေရှေ့ကဖြတ်ရင် ဂငယ်တွေ
        ဘာချက်တယ်တော့ မသိဘူး ..
        မုန့်ဟင်းခါးနဲ့ ဆင်တဲ့အနံ့ရရနေတယ်ဗျာ

    • kai

      December 9, 2011 at 3:20 pm

      ပြောရရင်.. အယ်လ်အေကလူတွေစားချင်/စားစေချင်တာက. မြန်မာပြည်က ဒေါ်တင်တင်အေးတို့.. ရွှေဥတို့..မြောင်းမြဒေါ်ချိုတို့လို လူသိပြီး နာမယ်ကြီးပြီး.. မုန့်ဟင်းခါးမျိုးပါ…။
      အလွမ်းလည်းပြေ.. ဗိုက်လည်းဝကြတာပေါ့…။

      ကိုယ့်ဖာကိုယ်ချက်ကြတာတော့ ပြောမနေနဲ့.. အယ်လ်အေမှာ.. မုန့်ဟင်းခါးကောင်းကောင်းဆိုင်တွေ.. တော်တော်များပါတယ်..။ များဆို.. မြန်မာအိမ်တွေကလည်း..ချက်ကြတယ်လေ…။
      ပြီးခဲ့တဲ့..၂နှစ်က.. သမီးမွေးနေ့မုန့်ဟင်းခါးအလှူကြွေးတာမှာ.. အယ်လ်အေနာမယ်ကြီး.. ၃ယောက်ကို.. အပ်ပြီး..အမည်မပြောပဲ.. ဟင်းရည်အိုး၃အိုးချလို့.. လူတွေကြိုက်သလောက်မြည်းစမ်းစေသေးတယ်..။
      အဲဒီလိုလုပ်တော့.. ဘယ်သူ့ဟာအကောင်းဆုံးလည်း.. သိသွားတာပေါ့..။
      (နောင်ဂျိန်ချကုန်မှာမို့.. ဘယ်သူမှ မပြောပြပါဘူး.. -အာဟိ..)

      ပြောချင်တာက..
      အယ်လ်အေ မုန့်ဟင်းခါးက.. ငါးဆိုလည်း.. အကောင်းဆုံးငါးတွေ.. မတရားထည့်တယ်..။
      အထဲကပစ္စည်းတွေလည်း.. အကောင်းဆုံးတွေမှာသုံးတယ်..။ ငံပြာရည်တောင် ယိုးဒယားက အကောင်းဆုံးတံဆိပ်..။
      မုန့်ဖတ်ကတော့.. မြန်မာတွေနှစ်ပေါင်းများစွာရှာဖွေလျှင် တွေ့ရှိသည်ဖြစ်ထားတာ.. ကောက်ညင်းလိုလို..ရောနေတဲ့.. ဗီယက်နာမ်မုန့်ဖတ်ဆိုကြပါတယ်..။
      စားဖူးသူတွေကတော့.. အယ်လ်အေမုန့်ဟင်းခါးက… မြန်မာပြည်ကထက်.. ကောင်းတယ်ဆိုတာပဲ..
      ပဲကြော်.. ငှက်ပျောအူတွေတောင်.. ပါသေး..။

      ပြောချင်တာက..
      မြန်မာပြည်က.. နာမယ်ကြီးမုန့်ဟင်းခါးကို.. အဲဒီနာမယ်ကြီးလက်နဲ့ချက်တာ.. စားချင်ကြတာဖြစ်ပါကြောင်း..။
      ( ၁- ဒေါ်တင်တင်အေး မေးပြီးပြီ..။ လက်ကောက်ဝက်ခွဲထားလို့.. ငြင်းထားတယ်)
      အဲဒါ..
      မြောင်းမြဒေါ်ချို ..ရွေဥ.. စသဖြင့်.. အသိတဆင့်ပြောနိုင်သူရှိရင်.. ဖုံးနံပါတ်ပေးစေလိုကြောင်း..။ 😆

      • ဆူး

        December 9, 2011 at 5:33 pm

        မုန့်ဟင်းခါး မုန့်ဖတ်ထဲမှာ နယ်က မုန့်ဖတ် လုပ်နည်းက အချဉ်ဖောက်ပြီး လုပ်ကြတယ် ဆူး တော့ မကြိုက်ဘူး အရသာ ချဉ်ချဉ်လေး ပါနေလို့..
        ရန်ကုန်ကတော့ အချဉ်မဖောက်ထားဘူး ပိုကြိုက်တယ်။ အမျှင်လည်း ပိုသေးတယ်။
        ပိုလတ်လေ ကောင်းလေပဲ..
        မင်းလမ်း မုန့်တီဆိုင်က မုန့်ဖတ် ကို ပိုကြိုက်တယ် မုန့်ဖတ် အရသာ အိ တယ်။ မျက်စိရှေ့မှာတင် ချက်ချင်း လုပ်ပေးတော့ ပိုလတ်တယ်လို့ ခံစားရတယ်။

        မုန့်ဟင်းခါးကတော့ ငါးပေါတဲ့ အရပ်က ငါးများများနဲ့ ချက်တယ်။
        ငါး တောင် ငါးခူ နဲ့ ချက်တဲ့ မုန့်ဟင်းခါး နာမည်ကြီးတယ်။ နုတ်ခမ်းမွှေးပါလို့.. ဟိဟိ.. အသားချိုလို့.. ငါးခူ အဆင်မပြေရင် ငါးရံ့.. အဲဒီလိုမှ အဆင့်နိမ့်သွားရင်တော့ ငါးကြင်း.. နောက်ထပ် နိမ့်ချင်ရင်တော့ ငါးမြစ်ချင်း.. ထပ်နိမ့်သွားရင်တော့ ထည့်ချင်တဲ့ ငါးသာ ထည့်ချက်ပေတော့.. ပဲ နဲ့ ဆန်မှုန့် အချိုးညီမှ အရသာ ကောင်းတာ.. ပဲ ကလည်း နူးအိအောင် ပြုတ်ရတယ်.. ပဲ ချက်တဲ့ နေရာမှ အဆင်မပြေရင် ဗိုက်နာတတ်တယ်။ ပဲက ချဉ်တတ်တယ်။ မုန့်ဖတ်ကလည်း အချဉ်ပေါက်ရင် ဗိုက်နာတတ်တယ်။ ထားပါတော့.. စပါးလင်တို့ ငရုတ်သီးတို့ ကြက်သွန်တို့ အချိုးကိုက်အောင် မွှေးအောင် ချက်ရသေးတယ်။ ထားပါတော့လေ.. ပညာတွေ အလကား ထွက်ကုန်မှာ စိုးလို့.. ဟိဟိ

      • MaMa

        December 9, 2011 at 8:55 pm

        စံပြဒေါ်ကြည် ဆိုရင်ကော မကြိုက်ဘူးလား။ သူ့ကိုဆိုရင်တော့ မေးပေးလို့ရတယ်။

        • kai

          December 10, 2011 at 5:34 am

          မေးပေးပါလား..ခင်ဗျ..။
          အိုကေရင်.. ဖုံးနံပါတ်ပါတောင်းပြီး အီးမေးလ်ပို့ပေးပါနော..။
          ကြိုကျေးဇူးဖြင့်..။
          kai@myanmargazette.net

      • ကြောင်ကြီး

        December 10, 2011 at 12:25 pm

        ပြီးခဲ့တဲ့..၂နှစ်က.. သမီးမွေးနေ့မုန့်ဟင်းခါးအလှူကြွေးတာမှာ..
        ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
        သမီးခိုင်လေးရေ ကိုကိုကြောင်ကြီးမှ ဟက်ပီးဘတ်သ်ဒေးလို့ ရင်ခုန်နေတဲ့ နှလုံးသားလေးမှတဆင့် နှုတ်ခွန်းဆက်သပါတယ်ကွယ်။ 😳

        သမီးရဲ့ကိုကို 😎

  • windtalker

    December 9, 2011 at 8:47 pm

    ကြည့် မိဘီ
    သူ က မောင်ပေ့ ရဲ ့ထိုး မုန် ့ကို စားချင်နေရှာသကိုး
    မြန်မာပြည်သာ မြန်မြန်ပြန်ခဲ့မောင်
    မျှော်နေမယ်နော်

  • naywoonni

    December 10, 2011 at 12:59 pm

    မုန့်ဟင်းခါး
    နလံထကစားမိပါတယ်…။
    ဆိုင်မှာရောင်းတဲ့ မုန့်
    စားပြီးတဲ့ပန်းကန်
    ဇလုံတစ်ခါနှစ် ရေဝတ်နဲ့ ပွတ်ခါဆေးတယ်
    ဆေးပြီးတော့ရေခါ
    နောက်တစ်ပွဲထပ်ပြင်ပေးတယ်…။
    အမလေး ……. လေး
    ဒါကိုပဲမြင်ဖြစ်အောင်မြင်
    စားနေရင်းလည်းဒါကြီးမြင်နေပြန်တော့
    ရင်ထဲကမှာလိပ်ခါတက်
    အက်….အက်…
    အံဖတ်တွေ ပန်းကန်ထဲ မကျခင်က
    ပြေးရတယ် အဝေးးးးးး……….။
    ထိုးမုန်တော့ ကြိုက်တယ်အမှန်
    ဟိုအရင်တုန်းဆီက
    ရှေ့ဖြတ်လျှောက်သူမကျန်
    လာပါ” မောင်” “ကိုကို” “ဦးဦး” ရယ်နဲ့
    ထိုးမုန့်လေးညှပ်ကာကျွေးကြတယ်…။
    ထမင်းလွတ်အဝတွယ်တယ်
    အရက်ဆိုင်အမြည်းမလိုဘူး ထင့်လေးးးးး

    ပုံ -နေဝန်းနီ…။
    အသုံးပြုလိုလျှင် Debit ပေးပါ…။

Leave a Reply