Skyline နှင့် ကြောင်ဝတုတ်

ဒီနေ့တော့ ရုံးမှာအလုပ်တွေလဲရှုပ် ခနော်နီခနော်နဲ့ မီးကြိုးမောင်းပျက်ကော်နတ်ချင်နဲ့ ပုံတွေကလဲ တင်လို့မရ အဲဒါ..အဲဒါတွေစိတ်ကုန်နေတုန်း…ဗြုန်းဆို Sexy ကျကျကောင်မလေးတစ်ယောက်နဲ့ Skyline တစ်စီးကိုတွေ့ လိုက်ရတော့… ကျွန်တော့စိတ်တွေ

ဟိုးအတိတ်တစ်နေရာဆီကိုလွင့်မြောသွားပါတော့တယ်…………..

အဲဒီအချိန်တုန်းက အသက်ကငယ်ငယ် Fast & Furious ကထွက်ခါစ… Need for Speed Hot Pursuit လေး မောင်းနေတဲ့အချိန်.. ရှင်းရှင်းပြောရရင် စိတ်တွေက ခပ်ကြွကြွပေါ့…ငယ်သွေးကြွတယ်လို့ ဆိုနိုင်မလားပဲ… ကားဆိုရင် မြန်မြန်မောင်းချင်တယ် Alarm မြည်အောင်မောင်းနိုင်တာကို ဂုဏ်ယူချင်တဲ့ မနူးမနပ်ရူးမိုက်မိုက် အရွယ်ပေါ့။

မတင့်လိုသီချင်းဆိုမယ်ဆိုရင်တောင် ဒီအရွယ် ဝတုတ်တို့အရွယ်…လှပတဲ့အရွယ်ပေါ့…

အဲဒီအချိန်တုန်းက သိမ်ဖြူလမ်းမှာအလုပ်လုပ်နေတဲ့အချိန်..ရုံးက ငှားပေးထားတဲ့ Publica လေးကို ကျကျနန မောင်းပြီး

၄၆လမ်းထိပ်က စတိုးဆိုင်လေးမှာ ယမကာလေးမှီဝဲမယ်ဆိုတဲ့အတွေးနဲ့ ပုလင်းလေးလာဝယ်…

အရပ် ၆ပေနီးနီးရှိတဲ့ ဝဝတုတ်တုတ်ကြောင်တစ်ကောင် Publica လေးမောင်းလာတယ်ဆိုတော့ စာရှုသူတို့မျက်စိထဲ ခေါင်းအုံးကို သံမုန့်ပုံးထဲထိုးထည့်ထားသလိုဖြစ်နေတာပေါ့..

ဆိုင်ရောက်တော့ ပုလင်းလေးတစ်လုံးနဲ့ စီးကရက်တစ်ဗူးဝယ်ပြီး ကားပေါ်ပြန်တက်တယ်။ U Turn ကွေ့ပြီး သိမ်ဖြူလမ်းဘက်ကို ပြန်မယ်အလုပ်

…ဗြုန်းဆို…အားပါးပါးရှေ့မှာဗျာ Skyline ခဲရောင်နုနုလေလးတစ်စီး 90 Model လောက်ပဲရှိမယ်..လှမှလှပေါ့လေ…

အဲဒါကျွန်တော်ကြောင်လဲ…ရှေ့အတွင်းခန်းကိုကြည့်ချင်တာနဲ့ သူ့နောက်က လိုက်မောင်းရင် ငေးတယ်ပေါ့ဗျာ..

အဲဒီအချိန် အိုးအိမ်ရှေ့နားအရောက် သူ့ကားလေးကိုလဲမီအလာ ရှေ့ခန်းက ဒိုင်ခွက်တွေနဲ့ Sport စတီယာတိုင် သေးသေးလေးကို အငန်းမရကြည့်နေတုန်း။

ကားမောင်းလာတဲ့ ခပ်လန်းလန်းချာတိတ်လေးက ဗြူးဗြဲဆို လုပ်ပါလေရော..အဲလိုနဲ့..သူကရန်လိုရင်း

ပြိုင်မောင်းသလိုဖြစ်ပြီး အောင်ဆန်းကွင်းဖက်ကို ကွေ့တက်ဖြစ်သွားရော

ကိုယ်ကလဲ အားကျမခံ ဖားကိုတုပြီး ခရုခုန်ပစ်လိုက်တယ်..

အဲဒီလိုနဲ့ အောင်ဆန်းကွင်းရှေ့နားလဲရောက်ရော ရှေ့မှာကာထားတဲ့ သံဇကာတွေတည့်တည့်ရောက်အောင်

ကောင်လေးက ကျွန်တော့်ကို ထိုးထည့်ပါလေရော…နောက်ဆုံး အားကုန်ထုတ် Break ကိုတော့နင်းပြီး Canon Showroom ဘက်ကို ခေါင်းထိုးပြီး City Mart ဘက်ကို အတင်း Drift ဆွဲဝင်လိုက်မှ

ကျွီ..ကျွံ အသံစုံနဲ့ လွတ်သွားပြီး ညှော်နံတစ်ထောင်း ထောင်းနဲ့ Publica လေးလဲ City Mart ရှေ့ မရောက်ခင်လေးမှာပဲ ရပ်သွားတော့တယ်…လူကိုယ်တိုင်မလဲ သေပြီလို့တွက်ပြီး လက်တွေတုန်..ရင်တွေခုန်လို့ တော်တော်နဲ့ ကားပြန် မမောင်းနိုင်ဘူး။ စီးကရက် (၃)လိပ်လောက်သောက်ပြီး စိတ်ငြိမ်မှ သိမ်ဖြူဘက်ကို ကားမောင်းပြီး ပြန်နိုင်ခဲ့တော့တယ်။

Skyline မောင်းတဲ့ကောင်လေးက ကျော်မတက်သွားခင် ကားရပ်ပြီးဆဲသွားသေးတယ်…နှာဘူးတဲ့

ပြီးမှသတိရမိတာက ကားခေါင်းခန်းမှာ မောင်းတဲ့ကောင်လေးနဲ့အတူ ဖြူဖြူချောချော ကောင်မလေးတစ်ယောက်ပါလာတယ်ဆိုတာပါ။ လက်စသတ်တော့ သကောင့်သားက ကားပြိုင်မောင်းတာမဟုတ်ပဲ တဏှာလာပြိုင်နေတာဖြစ်နေပြန်တော့တာပဲ…..

ဘာပဲဖြစ်ဖြစ်လေ…

အခုအချိန်မှာ ဒါတွေက လွန်ခဲ့ပါပြီ..Sport ကားလေးတွေတွေ့ရင်တော့ ငေးဆဲပေါ့။

ဟိုတစ်နေ့ကမှ မနေနိုင်လို့ Mini Copper လေးတစ်စီး ဝယ်လိုက်မိသေးတယ်…အခုတော့လဲ ဓာတ်ခဲဖိုးမတတ်နိုင်လို့ ဘီဒိုထဲမှာပဲ ထည့်သိမ်းထားလိုက်တယ်..

တကယ်လို့ Skyline နဲ့ကောင်လေးရေ…မင်းရွာထဲမှာရှိရင်ပြောလိုက်ပါ့မယ်…အဲဒီတုန်းက ငါတကယ်ငန်းခဲ့တာ မင်းမောင်းလာတဲ့ Skyline ပါလို့…

တစ်ခါက

ကြောင်ဝတုတ်၊ ရန်ကုန်

 

17 comments

  • zaymdy

    December 8, 2011 at 2:29 pm

    မယုံဝူး ကိုကြောင်ဝတုတ် အဲတုန်းက ကျွန်တော် ကားလေးကို (ဆိုက်ကား) ဘေးက ဝင်ပွတ်လိုက်လို. ဆေးပွန်းသွားတယ် အဒါ အခုရော်ကြေးပါ ဟီးဟီး…

  • thit min

    December 8, 2011 at 2:37 pm

    Skyline ကမီးခွက် တွေက ကြိုက်သူအဖို့တော့ မျက်လုံးကပ်ပါသွားတတ်ပါတယ် ဆိုတာသိမှာပါကိုဝ ရေ။
    စိတ်ဝင်စားရင်တော့ ဒီက သူငယ်ချင်းတွေကိုမေးကြည့်ပေးမယ်။
    Myanmar ထဲကပါမစ်က ရွှေငါးတောင် ၇ဝ လောက်ဆိုတော့။
    စကိုင်းလိုင်းလဲ ၇ဝ ပါတ်ဝင်းကျင်လောက်နဲ့များ ရမလားဘဲ နော်၊ မှန်းကြည့်တာ။ကွက်ပြောက်တွေကတော့
    ဈေးနဲ တတ်တယ်ဗျ။

  • FattyCat

    December 8, 2011 at 3:05 pm

    ကိုသစ်ကြီးရေ-
    အကြိုက်ဆုံး Sport ကားကတော့ Lamborgini ညနေပိုင်းလေးထွက်မောင်းရင် အလန်းလေးတွေနဲ့ကဲချင်တာ..
    ရုံးသွားရုံးပြန်လေးကို Mini Copper လေးစီးပြီးတက်ချင်တာ…
    ခရီးထွက်ဖို့တော့ SUV ထဲက Porsche Cayenne လေးစီးချင်တာ…
    အခန့်အထည်သွားရမယ့်ပွဲတွေကိုတော့ Cadillac စီးပြီးတက်ချင်တာ…
    ဒီဘဝတော့ မဖြစ်နိုင်တော့ဘူးဆိုတာ..၉၀% လောက်သေချာနေပါပြီ…
    အိမ်ပြန်ရင် ဓာတ်ခဲ(၄)လုံးလောက်ဝယ်ပြီးတော့ ဘီဒိုထဲက Mini Cooper လေးပဲထုတ်မောင်းတော့မယ်

    • thit min

      December 8, 2011 at 3:14 pm

      ဪ ဖြစ်ရလေ ဆရာ “ဝ” ရယ်။
      ဒီ လောက် ကားအကောင်းတွေ စီးမယ်လဲ ပြောသေးတယ်။
      ရုံးကလဲ တက်ရအုန်းမယ် ဆိုတော့။
      ဘလူးလေဘယ်ကို ကန်စွန်းရွက်ပြုတ်နဲ့ မြည်းလိုက်ရရင်တော့ကွာ လို့ဖြစ်နေပြီ။
      (^^)

  • inz@ghi

    December 8, 2011 at 3:12 pm

    ဟုတ်လားဗျ ..အီတာလျံဘော်လုံးသမား ရုပ်ရည်ပိုင်ရှင်ဆိုရင်တော့
    ဂီဂီပဲဗျ …. ဟီဟိ…

    • windtalker

      December 8, 2011 at 9:50 pm

      ဒါကြောင့်
      ဂလားဒီးရေးတား ဇါတ်ကားထဲက
      ဟိုအခန်းမှာ
      တူပါဒယ်လို ့ကြည့်နေတာ
      ကိုကြောင်ဖက်ရေ
      သူ ဘဲ ဗျ
      မိပြီ

  • FattyCat

    December 8, 2011 at 3:21 pm

    ဂီဂီရေ….
    အီတာလျံ ကားတွေကိုကြိုက်တယ်
    အီတလီအသင်းကို ၁၈ နှစ်လုံးလုံးအားပေးလာတဲ့ ပရိတ်သတ်
    ဒါပေမယ့် အဲဒီရုပ်ရည်ပိုင်ရှင်ကြီးကိုတော့ ညနေပိုင်း Lamborgini ပေါ်တင်စီးဖို့စိတ်မဝင်စားတာတော့ အမှန်ပဲ..
    ခရီးတူတူသွားတော့မှ Porsche Cayenne SUV လေးနဲ့ (သူငယ်ချင်းတွေနဲ့) တူတူသွားမယ်ပြောပါတယ်
    ကိုသစ်ရယ် ကားအကောင်းတွေစီးပေမယ့် ကိုယ်ပိုင်ကော်ပရေးရှင်းမှာ ဆရာကြီးလုပ်ရဦးမယ်လေ ရုံးတော့တက်ဦးမှာပေါ့
    ဘလူးလေဘယ်ကို အာလူးကြော်နဲ့ မြည်းမပေါ့ဗျာ

    • inz@ghi

      December 9, 2011 at 6:31 am

      တူတူပဲဗျ …..
      ဂီလည်း အီတာလီယာ ပိတ်သတ်…
      နာမည်တွေ ယူထားတာသာကြည့်တော့

      ကား ဖက်ရှင် ဂီတ ပန်းချီ လက်လှမ်းမီသလောက်
      လေ့လာတယ် ..ခံစားကြည့်တယ် …တနေ့
      အီတာလီယာ သွားမယ် ..အားခဲထားတယ်. …
      ဟီး …..တနေ့တော့ တနေ့ပေါ့ဗျာ……

      ဘောလုံးအသင်းကတော့ ၉၄ ကမာ္ဘ့ဖလား
      ရှုံးပြီးမှ အားပေးတာဆိုတော့ ၁၄-၅နှစ်ရှိပြီ
      ဆိုပါတော့ …အင်း ..သတိရသွားဘီ ..၂၀၀၆ မှာ
      သည်ဘဲတွေ ကမာ္ဘ့ဖလား ရသွားတာရေးရမယ်ဗျို့ …
      ၅နှစ်အလွန်မှာ စားမြုံ့ ပြန်တာပေါ့ဗျာ ….

  • kai

    December 9, 2011 at 7:04 am

    Skyline က..အရင်က.ယူအက်စ် ပေးမသွင်းဘူး..။
    နောက်ပိုင်းတော့ တွေ့တယ်..။
    နစ်ဆန်းရဲ့..မာစတာပိစ့် တခုပဲပေါ့..။ စထုတ်တုန်းကဆို.. အရှုံးခံထားတယ်တောင် ပြောကြတာ…။

    Lamborgini ကအီတလီ…။
    Mini Copper က ဘီမားဆိုတော့.. ဂျာမဏီ
    Porsche ဂျာမဏီ
    Cadillac ဂျီအမ်.. ယူအက်စ်

  • awra-cho

    December 9, 2011 at 11:15 am

    တား တို့က ပုံပါ ပြမှ တိမှာပေါ့

  • FattyCat

    December 9, 2011 at 1:31 pm

    သဂျီး…မစားနဲ့နော်..
    Lamborgini – အီတလီ
    Mini Cooper က BMW ကထုတ်တာလေ – အင်္ဂလန်ပေါ့
    Porsche – ဂျာမနီ
    Cadillas – ကတော့ American Heart ပါ…

    • inz@ghi

      December 9, 2011 at 1:38 pm

      BMW က ဂျာမဏ် ခန်ပနီပါဂျာ
      နောက်ပါနဲ့

      တားတားကတော့ ferrari မှ ferrariပဲ
      😀

      • ကိုရင်စည်သူ

        December 9, 2011 at 4:56 pm

        တားတားကတော့ မြန်မာပြည်ထုတ်
        ရာဇာဂျစ်မှ… ရာဇာဂျစ်ပဲ… ကွိကွိ… 😛 😛

      • E.T

        December 10, 2011 at 4:30 am

        BMW ဆိုရင်တော့ X6 ကြိုက်တယ်။ Nissan ဆို ဇက် ကြိုက်တယ်။ Fairlady Z ကို ပြောတာ 😛 Toyota ဆိုရင် supra FT-HS ကိုကြိုက်တယ်။ ferrari ဆိုရင်တော့ ဂီဂီ စီးမှဘဲ ကပ်စီးတော့မယ် 😀

  • FattyCat

    December 9, 2011 at 2:32 pm

    နာအမှတ်မှားတာဂီဂီရေ ဆောတီးနော်…
    Mini တွေကို အရင်ဆုံးစထုတ်တာ အင်္ဂလန်ကပါ…Company နာမည်က BMC (British Mortor Coporation)လို့မှတ်ထားဖူးတယ်…
    အခု BMW က ထုတ်တော့ ရောပြီး အင်္ဂလန်လို့ပြောလိုက်မိတာ…သဂျီးဆောတီးနော်…ဟီးဟီး

    • kai

      December 9, 2011 at 3:51 pm

      မီနီကုပါက… အော်စတင်ကားတွေနဲ့တောင် အဆက်အစပ်ရှိသလားမသိ..။
      အရင်ဂျပန်မှာနေတုံးက.. အဲဒီကားလေးတွေ တော်တော်ခေတ်စားတာပါ..။
      ဟုတ်ပါတယ်.. အင်္ဂလန်ကထုတ်ခဲ့တာ…။
      အမှတ်မမှားဘူးဆိုရင်.. အီတာလီယံဂျော့ ရုပ်ရှင်ရိုက်တော့.. မီနီကုပါလေးတွေသုံးတာပဲ..
      နာမယ်ပါပေါက်သွားတယ်..။
      (BMW) ကဝယ်လိုက်ပြီမို့.. ခုတော့.. ဂျာမဏီပေါ့…။

      ပြီးခဲ့တဲ့.. ၁ဝနှစ်လောက်ထဲ.. ကားကုမ္ပဏီတွေ.. အင်မတန်လက်ပြောင်းလက်လွှဲများတယ်..။
      ဘီအမ်ဒလှူလည်း လိုက်ရောင်းသေးတာပဲ..။
      ဖယ်ရာရီက.. ဒေဝါလီခံမလိုလိုသတင်းထွက်ပြီး… အခု..ဖိယက်အောက်ရောက်နေတယ်မှတ်တယ်..။
      ဒိန်းမလားဘန့်စ်က.. ခရိုက်စလာကဝယ်လိုက်သေးတယ်လေ..။

  • ကြောင်ကြီး

    December 10, 2011 at 11:59 am

    ခွေးလွှတ်ပါဒယ် ကိုကြောင်ဝရေ…အဲဒီချာတိတ်ဆိုတာ ကျနော်ပါပဲ။ အဲဒီတုန်းက တမင်လုပ်လိုက်တာ မဟုတ်ရပါဘူ။ မောင်းနေရင်းနဲ့ ဂီယာမှားထိုးလို့ ကြောင်မလေးက လှမ်းကုတ်လိုက်တာ ရှောင်ရင်း မတော်တဆ ဖြစ်သွားမိတာပါ။ 😳

Leave a Reply