ဗေဒင်တတ်ရင်ဟောပေးပါ <<<<<>>>>>>

fattyDecember 8, 20111min18120

အထက်ပါလက္ခဏာနှင့်ဇာတာအားြ့ည့်ပြီးနားလည်သူများမှဟောကြားပေးပါရန် ……………………..။

20 comments

  • ကိုတောက်တဲ့

    December 8, 2011 at 2:51 pm

    2 လုံးလမ်းကြောင်းမှာ ကျွန်းခံနေပါတယ်
    အဲဒီကျွန်းကို တလုတ်ပြည်ပို ့ရင် ချမ်းသာလာပါလိမ့်မယ်
    🙄

    ပုံ၊
    ဗေဒင်ကဝိပြင်ညာချိ..ငတောက်တဲ့

    ဗေဒင်ချရာ..ကစည်သွပ်မလာခင် ပြေးမှ..ဝှစ်…ဝှစ်..ဝှစ်စ်….

  • E.T

    December 8, 2011 at 3:51 pm

    လက်မအောက်က ဇကာကွက်က မိန်းမလိုက်စားတယ် (နှူးဘာ)။ အရံအသက်လမ်းကြောင်းပါတယ် ဓားနဲ ့ခုတ်သတ်တောင်မသေပါ မယုံရင်စမ်းကြည့်နိုင်ပါသည်။ သက်လတ်ပိုင်းရောက်မှ စီးပွားရေးအဆင်ပြေမယ်။ မိတ်ဆွေတွေဆီက အကူအညီကောင်းရမယ်။ တရှိန်းထိုး အောင်မြင်မည် မဟုတ်။ အဟန် ့အတားတွေကြားမှာ တော်တော်ကြီးကြိုးစားမှ အောင်မြင်မယ်။ အသက်ကြီးပိုင်းရောက်ရင် ဝင်ငွေတွေပွားလာလိမ့်မယ်။ ဥပမာ- အခုု ၁လ ၅ သိန်းရရင် အသက်ကြီးပိုင်းရောက်ရင် ၁၅သိန်းလောက်ရမယ်။ အလှူအတန်း ရက်ရောမယ်။ စိတ်ကူးယဉ်မှုသိပ်မရှိဘူး။ ခေါင်းထဲ ပေါ်တာချလုပ်တတ်တယ်။ နှလုံးရောဂါ (သို ့) ဦးခေါင်းနှင့် ပတ်သတ်ပြီး ကွယ်လွန်တတ်ပါသည်။ ဇာတာမကြည့်တတ်ပါ။

    ဟောပြီးပြီ။ ဟောခ ဘီဘီ ၄ ခွက် ကျပါသည်။ 😀

  • “ဘီလူးကြီး”ogre

    December 8, 2011 at 5:28 pm

    အဟမ်းအဟမ်း…
    ရေစင်ဘိုး…အရင်တင်ပါကွယ်
    ယတြာဘိုးကတော့နောက်မှပေါ့… 😛 🙂

  • fatty

    December 8, 2011 at 5:47 pm

    မှန်လှချည်လား E T ရေ လေးစားပါတယ်။

  • koyinmaung

    December 8, 2011 at 6:47 pm

    ဟာ….ဒို့ရွာထဲကသင်းဘောသီးလေးက
    လက္ခဏာလဲကြည့်တတ်သဟ
    ဝမ်းသာသဟေ့
    အားပေးတယ်အားပေးတယ်…..

  • naywoonni

    December 8, 2011 at 7:12 pm

    လက်ပုံစံ ကြည့်ရတာကတော့ အလုပ်ကြမ်းသမားဖြစ်ရမယ်…။ လက်ချောင်းတွေက တိုတုတ်နေတယ်…။ (လက်မဟာ ဒီထက်ရှည်မယ်ဆိုရင် -လက်မဟာ လက်ညှိုးရဲ့ အောက်ဆုံးအဆစ်ကိုကျော်မှ ပညာနဲ့ အလုပ်လုပ်နိုင်တဲ့သူဖြစ်မှာမို့ပါ) ပြီးတော့ လက်ချောင်းတွေဟာ ပျော့ပြောင်းမနေဘူး တစ်ချောင်းနဲ့ တစ်ချောင်းဟာလဲ ကွာ လွန်းနေတယ်…။ ကျုပ်လည်းဖြီးကြည့်တာနော်…။

  • fatty

    December 8, 2011 at 8:30 pm

    အဲဗျ တခုတောင်းပန်ပါရစေ လက္ခဏာပုံကို ရှည်မျှောမျှောရိုက်ထားလို့ လက်ချောင်းတွေတိုနေသလို
    ဖြစ်နေတာပါ …။

  • naywoonni

    December 8, 2011 at 8:42 pm

    ဆရာ နာမယ်ပျက်အောင်တော့ မလုပ်နဲ့လေ……….. 😛

  • weiwei

    December 8, 2011 at 8:48 pm

    လက်ပိုင်ရှင်က ဦးဖက်တီး မဟုတ်ဘူး …
    မိန်းမလက်လဲမဟုတ်ဘူး …
    လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ပဲ ဖြစ်ရမယ် …

  • ကိုရင်စည်သူ

    December 8, 2011 at 9:02 pm

    တစ်ကြောင်းထဲကြည့်ပြီး တစ်ခွန်းဟောကြည့်မယ်
    ဒီလက်က သာမန် (ပုံမှန်ဇာတာနဲ့) လူ လက်တော့မဟုတ်ဘူး…
    အောင်မြင်မှုတိုင်းမှာ ပေးဆပ်မှုရှိနေရတဲ့… လက္ခဏာကြီး..
    သိသလောက် ရွှီးသွားသည်။။ ကွိကွိ… 😎

  • windtalker

    December 8, 2011 at 9:49 pm

    အဲဒီလက္ခဏာရှင်တွေ ဟာ
    အခုလောလောဆယ် မှာ
    ကိုယ်ဖြစ်ချင်တဲ ့ဆန္ဒများကို
    ကျန်းမာရေးကြောင့်
    ထိန်းသိမ်း ဆင်ခြင်နေရတတ်တယ်
    ပုံ
    ဗေဒင်ကဝိ ပညာလွန် အဘ ကိုင်ပေရို

  • aye.kk

    December 8, 2011 at 11:23 pm

    ကိုင်ရိုလက္ခဏာပညာကိုအသက်( ၁၁ )နှစ်အရွယ်ကတည်းကလေ့လာလိုက်စားဘူးပါတယ်..
    အသက်( ၁၂ )သမီးအရွယ်ကတည်းက..မင်းသိင်္ခရဲ ့အကြောင်းကိုစိတ်ဝင်စားခဲ့ဘူးပါတယ်..
    ဆရာတော်ခင်ကြီးဖျော်ရဲ ့မူရင်းကျမ်းစာအုပ်ကိုအသက် (၂၆ )နှစ်အရွယ်မှာဖတ်ဖူးတယ်..
    ဆရာတော်တစ်ပါးကမေတ္တာရပ်ခံကာ ၊ ရပ်တန် ့ခိုင်းခဲ့လို ့စွန့်လွတ်ခဲ့ရပါတယ်..လေ့လာနေဆဲ
    အချိန်တုံးကပါ ၊ ကျမပတ်ဝန်းကျင်ကလူတွေကိုမေတ္တာနဲ ့ဘဲကြည့်ပေးပါတယ်..
    လက္ခဏာကလူ ့တစ်ယောက်ရဲ ့လက်ဖဝါးပြင်မှာအနုစိတ်အသေးစိတ် ခွဲခြမ်းစိတ်ဖြာကာ မှန်ဘီလူးနဲ ့
    ကြည့်ရတာမျိုးပါ ဖြစ်သလိုကြည့်၍မရပါဘူး ဟောချက်လွဲမှားသွားနိုင်ပါတယ်..အားလုံးကိုခင်ပါတယ်..။

  • xman

    December 8, 2011 at 11:42 pm

    သူများ ပြောတာ မှန်တယ် ဆိုတော့ ကျွန်တော်ပြောတာ မှားတော့မယ်ပေါ့…
    မှားရင်လဲမှားဗျာ – ဇွတ်ပြောမှာပဲ…
    မှန်မှပြောမယ်ဆိုမှဖြင့် ဘယ့်နှယ်လုပ် ဗေဒင်ဟောရမှာလဲနော်။

    စိတ်ခံစားမှု့အားကြီးပြီး စိတ်နောက်ကိုယ်ပါ လုပ်တတ်သူဖြစ်သည်။
    ခေါင်းမာသည်။ အစွဲအလန်းကြီးသည်။ သတ္တိကောင်းသည်။ စွန့်စားမှု့ကို ပျော်မွေ့သည်။
    သက်လတ်ပိုင်းအထိ ကျန်းမာရေးကောင်းမွန်မည်။ ၂၅/၅၀/၇၅ ပိုင်းခြားပြီးပြောရလျှင် သက်လတ်ပိုင်းလွန်သည်နှင့် သို့မဟုတ် အသက်၅ဝ ကျော်သည်နှင့် ကိုယ်မဟုတ်တော့သလို ကျန်းမာရေး ရုတ်တရက် ညံ့သွားတတ်သည်။
    သွေးကြောဆိုင်ရာ အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်တတ်သည်။
    ပထမအရွယ် လွန်သည်နှင့် တစတစ ကြီးပွားချမ်းသာလာမည်ဖြစ်ပြီး အကျသိပ်ရှိမည်မဟုတ်။ သို့ရာတွင် အမြဲတစေ အတိုက်အခံ အဖျက်အဆီးရှိတတ်သည်။
    မိမိကိုးကွယ်သော ယုံကြည်သော ဘာသာအယူဝါဒကို အသေအချာဆုပ်ကိုင်တတ်သူဖြစ်ပြီး ထိုအကြောင်းကြောင့်ပင် ထူးခြားသောအကျိုးရလာဒ်များ ကျိန်းသေရရှိမည်။
    ဗုဒ္ဓဘာသာကို ကိုးကွယ်သူသာဆိုလျှင် ထူးခြားသော သမာဓိ ပညာများ ရတတ်ပါသည်။ တကယ်တော့ ဒါ့ထက်ပိုမပြောရဲလို့ပါ။ ဒါ့ထက်ပိုပါတယ်။

  • fatty

    December 9, 2011 at 9:31 am

    Xman ရဲ့ပြောချက် ၁၀၀% မှန်နေပါတယ် လေးစားပါတယ်။ အဓိက အကြောင်းလေးတွေကိုသာကြည့်ပြီး
    ပိုင်ပိုင်နိုင်နိုင်ဟောနိုင်သူဖြစ်လို့ professional တယောက်ဟုပင်ယူဆရပါသည်။
    အများအကျိုးသယ်ပိုးနိုင်ပါစေ …။
    မဝေ …. ကျေးဇူးပြုပြီးလက္ခဏာကို နဲနဲအလွတ်မှတ်ထားပေးပါ

  • ကြောင်ကြီး

    December 9, 2011 at 10:16 am

    ငယ်စဉ် ပညာရေးထူးချွန်မည်။ စက်မှုလက်မှု အီလက်ထရွန်နစ် အင်ဂျင်နီယာ အတတ်များတတ်မည်၊ အသက်မွေးဝမ်းကျောင်းခဲ့မည်။ စိတ်အခန့်မသင့် စိတ်လိုက်မာန်ပါ လုပ်ခဲ့၍ ငယ်စဉ်ကပင် ထိုအလုပ်ကို စွန့်ခဲ့ရမည်။ အိမ်ထောင်ကျ နှောင်းမည်။ သားယောက်ျားလေးများ ထွန်းကားမည်။ သားများကြီးလာလျင် ပင်လယ်ရပ်ခြား အိမ်နီးနာခြင်း နိုင်ငံ ဥပမာ – စင်္ကာပူနိုင်ငံတွင် ပညာသင်ကြားမည်။ မိခင်အိုဖအိုကြီးကို ကျွေးမွေးပြုစုခွင့်ရမည်။ ဂန္ဓာရီဝဇ္ဇာလိုင်း အဆက်သွယ်မစ ခံရမည်။ ဝိပဿနာထက် သမထအာရုံ ပိုသန်မည်။ အကျပ်အတည်းကြုံလျင် မမျှော်လင့်သောနေရာ အချိန်မျိုးမှ အကူအညီ၊ အခွင့်အရေး ပေါ်ပေါက်မည်။ ဥပမာ – ထီပေါက်ခြင်း၊ ဆဲလူလာဖုံးဝယ်ခွင့်။ ငယ်စဉ်၌ အပျော်အပါး မက်မည်၊ သက်ကြီးပိုင်းတွင် ငယ်စဉ်ကဒဏ်များ ခံရ၍ ကျန်းမာရေး သတိထားရမည်။ သက်လတ်ပိုင်းမှစ၍ ကြီးပွားချမ်းသာလာမည်။ အသက်ကြီးမှ အိမ်ထောင်ကျကိန်းရှိသည်။ ပြည်ပထွက်လုပ်ကိုင်အောင်မြင်မည် သို့သော် အမြဲတစေ အခြေကျနေထိုင်ခြင်းမျိုး မရှိပါ။ ဥပေစ္ဆေဒကံဖြင့် သေဆုံးခြင်းမျိုးလုံးဝ မရှိပါ။ (သုံးဆယ်အလွန်နောက်ပိုင်း) သွေးတိုး နှလုံး အာရုံကြောကဲ့သို့သော ရောဂါဖြစ်နိုင်သည်။
    အနုပညာလုပ်ငန်းဖြင့် အသက်မွေးလျင် ပိုမိုကြီးပွားကိန်းရှိသည်။ ၉၀%အထက် မမှန်လျင် ကြိုက်ရာတောင်းဆိုနိုင်သည်။ 😎

  • ဆူး

    December 9, 2011 at 10:25 am

    ငယ်စဉ်က မိဘတွေ အကျိုးပေမယ်။ ဥပမာ မိဘ အလုပ်အကိုင် ရာထူး တက်ခြင်း။
    ၄ဝ ဝန်းကျင်မှာ စိတ်အနှောက်အယှက်တွေ များနေမယ်။ အခက်အခဲတွေ အထစ်အငေါ့တွေ ကြုံနေမယ်။
    အခု လတ်တလော လွယ်မယ် ထင်တာတွေ ခက်နေတတ်တယ်။
    မွေးရပ်မြေကို စွန့်ခွာရမယ်။ တိုင်းတပါးရောက်လျှင်လည်း ပြန်လာရအုန်းမယ်။
    စဉ်းစားထားတဲ့ အတိုင်း ဖြစ်မလာတတ်ဘူး။ ဘဝ ကို စီမံကိန်းချ ထားရင် ပျက်မယ်။
    ဆန့်ကျင်ဘက် စန်းပွင့်မှု အားနည်းတတ်တယ်။ (သူများကို လိုက်ဖျက်ထားလို့ ဖြစ်ကောင်းဖြစ်မယ်။)
    လူပျိုကြီး ဇာတာ မျိုး ဖြစ်လိမ့်မယ်။
    ကျန်းမာရေး သေးသေးလေးတွေ ခဏခဏ ဖောက်တတ်တယ်။ချူချာ သူလို့တော့ ပြောလို့ မရဘူး။
    သက်လတ်ပိုင်းလောက်မှာ လေနဲ့ ပတ်သတ်တဲ့ ပြသနာ ကြုံရနိုင်တယ်။ သူများ လေနဲ့ ပြောတာ ယုံမိလို့ ဒုက္ခရောက်တာမျိုး.. လက်တွေ့မပါရင် မယုံဖို့ တိုက်တွန်းမယ်နော်။ ယုံမိရင်တော့ ဆုံးရှုံးနစ်နာမှု တော်တော်ကြီးမယ်။ (အတိတ်က အကျင့်ယုတ်မှုတွေ ရှိရင် အဲဒီအချိန် အကျိုးပေးနိုင်တယ်) ၄၅ ၄၆ မှာ သတိထားပါ။ ဘာသာတရား ပို လုပ်ပါ။

    အသက်ကြီးလာတဲ့ အချိန်မှာလည်း သူများ အကူအညီ အထောက်အပံ့ကင်းတဲ့ ဘဝ မှာ နေရမယ်။

    မဟာပညာကျော်
    ကဝိ ဘာသာဗေဒ ပညာရှင်
    နိုင်ငံတကာ အသိအမှတ်ပြု ဝေဒ ဒသနာ
    နိုင်ငံတကာပြန် ကျမ်းပြု
    အကြားအမြင် အင်္ဂါဝိဇ္ဇာ
    မနောဓါတ်ပေါက်
    ဆန်းကျမ်း အတတ်
    အကဲခတ် ပညာရှင်
    (အမလေး မောလိုက်တာကွယ်.. ဘွဲ့ထူး ဂုဏ်ထူးတွေ ကျန်တာတော့ နောက်မှ ဆက်ပြောတော့မယ်။)
    ဆြာမကြီး
    ဒေါ်ဆူး

    • inz@ghi

      December 9, 2011 at 10:29 am

      ဂီကတော့ တခွန်းဘဲအပြတ်ဟောမယ် မမှန်ရင်ခေါင်းဖြတ်ခံဝံ့တယ်
      လက်ခဏာအရေးအကြောင်းတွေ မေးသက္ကရာဇ် အမည်နာမ ဇာတာ
      ဆန်းကျမ်း အင်္ဂ္ဂဝိဇ္ဇာ လူကဲခတ်ပညာ ဟိန္ဒူ တရုတ် ကိုင်ရို ဂျစ်ပ္ပစီ ဗူးဒူး
      တားရော့ ဘာတခုမှ မသုံးဘဲ ကိုဟောမှာ

      “ဒါတွေ ရွာထဲ လာတင် ထားသဖြင့် ရွာထဲမှ ဗေဒင်ပညာ လေ့လာတီးခေါက်
      ကျွမ်းကျင်လိုက်စား သူများ၏ အခမဲ့ဗေဒင်ဟောပေးခြင်းကို ခံရမည် …”

      တွံ ဂဏာဟိ
      အပေါ်က ကွန်းမန့်ရှင်ဒေါ်ဆူး၏ ဆြာကြီး
      ဂီဂီ … (ဟီဟီ)

      • ဆူး

        December 9, 2011 at 11:01 am

        အိမ်းအိမ်း.. မောင်ဂီ ဟီဟီ လုပ်နေပေမဲ့ ဆြာမကြီးပေးထားတဲ့ နာမည် ကိုတော့ မမေ့သေးပဲကို..
        တပဲ့ကျော် ဆြာကြီး အတီးအခေါက်ခံရတဲ့ အထဲ ပါသွားပြီ ဆိုတော့ ကျန်တာ ဆက်သာ ရှင်းလိုက်ပါ။
        ဆြာမကြီး အခု အလုပ်တွေ များနေလို့ ကျန်တာ တပဲ့ကျော် ဆြာကြီး ကိုပဲ လွဲလိုက်ပြီနော်။
        စိတ်ချမယ်နော်.. ဗရုတ်ဗရက် မလုပ်နဲ့ ဆြာမကြီး နာမည် မဖျက်နဲ့နော် တပဲ့ကျော် ဆြာကြီး။

  • kostudier

    December 9, 2011 at 10:45 am

    ၂-လုံးလမ်းကြောင်းက အခြေအနေမကောင်းဘူး။ အဖမ်းအဆီးများနေတယ်။ သတိထား။ အခု ၁-လုံးဖက်ကိုလှည့်ကြည့်ပါ။

  • NK

    December 9, 2011 at 12:15 pm

    ဓါးနဲ့ခုတ်သတ်ရင်မသေဘူးဆိုတော့ စမ်းခုတ်ကြည့်ချင်တယ်ဗျာ…ဘာရယ်တော့မဟုတ်ဘူး.. အပျင်း
    ပြေပေါ့…

Leave a Reply