တိုက်ပြန်ပြီ .. သေပြန်ပြီ (8-12-11)

etoneDecember 8, 20111min17813

ကဲ … တိုက်ပြန်ပြီတဲ့ … ။ တိုက်လိုက်တိုင်း အသေကြေချည်းပဲမို့ … တစ်ခုခုတော့မှားနေပါပြီ ။ ဒီရက်ပိုင်း ကြားရတဲ့ ကားတိုက်မှုသတင်းတွေမှာ  ထိခိုက်ကွဲပြဲဒဏ်ရာတင်မကပဲ ၊ လူသေတဲ့ အထိဖြစ်နေကြလို့ ကားမောင်းသူတိုင်းသာမက ၊ ကားစီးသူတွေရော ၊ ကားလမ်းဖြတ်ကူးသူတွေပါ သတိနဲ့ယှဉ် ဆင်ခြင်သင့်ပါတယ် …. ။

ယခုလည်း ကားတိုက်မှုသတင်းတစ်ခု ရထားပါတယ် …. ။ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ၊ ကမ်းနားလမ်းမပေါ်က ထီးတန်းအိမ်ယာရှေ့မှာ ယနေ့ ညနေ သုံးနာရီခန့်ကဖြစ်ပွားခဲ့တာပါ … … ။ အဲ့ဒီနားမှာ ဦးပိုင်လီမီတက်က ကားတွေ အဝင်ထွက်ရှုပ်ယှက်ခတ်နေပြီး … ဝန်းထဲက ထွက်လာတဲ့ ဆီကားတစ်စီးနဲ့ … နဲ့ သီရိမင်္ဂလာဈေးဟောင်းဘက်ကို သွားနေတဲ့ ကုန်စိမ်းတင် ဒိုင်နာကားတို့ တိုက်မိမှုဖြစ်ပွားခဲ့ပါတယ် ။ ကားမတော်တဆမှုကြောင့် ဒိုင်နားကားခေါင်းမှာ ပုံပျက်ကာ ပိန်ချုံသွားခဲ့ပါတယ် ။ ပွဲခြင်းပြီး သေဆုံးသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦးလည်း ယခုထက်တိုင် ပုံပျက်နေသောကားခေါင်းထဲတွင်ရှိသေးကြောင်း သိရပါတယ် ။

%%%%%%%%%%%%%%%%%%%%

ကြားရတဲ့ သတင်းကတော့ စိတ်မကောင်းစရာပါပဲ ။ မီဒီယာလုပ်ငန်းတွေ တွင်ကျယ်လာတာနဲ့အမျှ တစ်ခုခုဆို သတင်းပြန့်လွယ်တဲ့ ဒီခေတ်မှာ ကြားရတဲ့ ကားတိုက်မှုသတင်းတွေထဲ ၊ လူပါသေတယ်ဆိုတဲ့ သတင်းချည်း ကပ်ကပ်ပါလာတာတောင်  ၊ ထပ်ခါ ထပ်ခါ အလားတူ အဖြစ်မျိုး ဖြစ်နေကြတာ ဘာကြောင့်များပါလိမ့်လို့တွေးမိပါတယ် ။ မဆင်မခြင် စည်းကမ်းမဲ့ ကားမောင်းခြင်း ၊ ပြိုင်မောင်းခြင်း ၊ သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းခြင်း ၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်းတွေအပါဝင် ၊ သတိလက်လွတ်ကားလမ်းဖြတ်ကူးခြင်းတွေကြောင့်လည်း မတော်တဆမှုတွေ ဖြစ်ပေါ်နေတုန်းပါပဲ … ။ ယာဉ်တွေ စည်းကမ်းရှိဖို့ ယဉ်စည်းကမ်းထိန်းသိမ်းရေးမှာ တာဝန်ရှိပေမယ့်  …. သူတို့ out of control ဖြစ်နေတဲ့ … မျက်ကွယ်နေရာတွေမှာ မမြင်လျှင် မမြင်သလို မောင်းနှင်နေကြတုန်းပါပဲ ။ မတော်တဆမှုရဲ့ နောက်ကွယ်တိုင်းမှာ ကြေကွဲမှုတွေ ကပ်ပါလာတာ သိလျှက်နဲ့ မဆင်ခြင်ကြတာ ပုစွန်ဦးနှောက်နဲ့ အသက်ရှင်နေကြသူများလားလို့တောင် တွေးမိပါသေးတယ် ။

အန္တရာယ်ကို ပေါ့ပေါ့ တန်တန်သဘောထားခြင်းကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေဖြစ်ပေါ်တဲ့အထဲ အသက်ဆုံးရှုံးမှုနဲ့ ကိုယ်လက်အင်္ဂါပဲ့ကြွေပျက်ဆီးမှုတို့က အကြီးကျယ်ဆုံးသော ဆုံးရှုံးမှုပါပဲ ။ ကားမတော်တဆမှုကြောင့် အသက်သေသွားခဲ့မယ်ဆိုလျှင်တော့ ကျန်ရစ်သူမိသားစု ၊ မှီခိုသူတွေအတွက် ဒုက္ခရောက်ရသလို  … အသက်မသေသော်လည်း ကိုယ်လက်အင်္ဂါပဲ့ကြွေပျက်ဆီး ဒုက္ခိတဖြစ်သွားလျှင်တော့ … စိတ်ရော ကိုယ်ပါ ဒုက္ခဗရပွနဲ့ သေမယ့်ရက်ကိုစောင့်နေကြရမှာပါ … ။ ဒီကြားထဲ ဒေါသစိတ်နဲ့ ပြိုင်ဆိုင်မောင်းနှင်သူတွေကြောင့် လိုက်ပါစီးနင်းရတဲ့ ခရီးသည်ရော ကားလမ်းဖြတ်ကူးသူတွေပါ ကြားခံစတေးခံဖြစ်ရတာ ဖွံ ့ဖြိုးဆဲ နိုင်ငံတစ်ခုရဲ့ တိုးတက်မှု ပြယုဂ်တစ်ခုလားလို့တော့ … နားမလည်နိုင်တော့ပါဘူး … ။

ယာဉ်စည်းကမ်းထိန်းသိမ်းရေး အနေနဲ့လည်း  စည်းကမ်းမဲ့ မောင်းနှင် ၊ ဖြတ်ကူး သူတွေကို တွေ့တဲ့ အခါ တိတိကျကျ အပြစ်ပေး ၊ ပညာပေးတွေ လုပ်သင့်ပါတယ် ။ ဒါမှလည်း မော်တော်ယဉ် မတော်တဆ ထိခိုက်မှုနှုန်းကျဆင်းပြီး အလဟသ အသက်စတေး ၊ ဒုကိ္ခတဖြစ်ခံရတဲ့ အဖြစ်ပျက်တွေ လျော့နည်းသွားမှာပါ ။ မောင်းချင်သလို မောင်းနေတဲ့ လိုင်းကားတွေပေါ်က ပစ်ချပေးတဲ့ အကြွေလိုက်ကောက်နေတာမြင်မိတဲ့အခါမျိုးမှာ ….. စိတ်မကောင်းတောင်ဖြစ်မိပါသေးတယ် … ။ ဒီလိုပုံနဲ့ နောင်ဘယ်နှစ်နှစ် ၊ …. ဘယ်တော့များမှ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းတွေ လိုက်နာ တိုးတက်တဲ့ နိုင်ငံဖြစ်လာမှာလဲ … ။

ရေးလက်စနဲ့ … နောက်တစ်ခု ထပ်ပွားချင်ပါသေးတယ် … ပို့ကုန် သွင်းကုန်လုပ်ငန်းတွေ ကောင်းကောင်းလည်ပတ်နိုင်တာ မင်္ဂလာပေမယ့် …. အဲ့ဒီ ပို့ကုန် သွင်းကုန် တွေ တင်ဆောင်တဲ့ ကုန်တင်ယာဉ်ခေါ် ကွန်တင်နာကားသမားတွေ ရမ်းကားစွာ မောင်းနှင်နေတာ …  မြင်ရသူတောင် ရင်တမမနဲ့ အသက်ရှုမဝသလိုပါပဲ … ။ အထူးသဖြင့် ညဘက်လို အချိန်မျိုးမှာ တင်ဆောင်ထားတဲ့ ကိုယ့်ဝန်ထုတ်ကို သတိမရပဲ အပြိုင်မောင်းနှင်နေတာမျိုးတွေ မရှိသင့်ပါဘ ူး..  ။ မူးလျှင် မမောင်းနဲ့ မောင်းလျှင် မမူးနဲ့ ဆိုတဲ့စကားက ရယ်စရာလိုတောင် ဖြစ်နေပါတော့တယ် … ။

ယဉ်စည်းကမ်းထိန်းသိမ်းရေး ဆရာတို့ရေ … ကိုယ်ချင်းစာစိတ်လေးနဲ့ …  တင်းတင်းကြပ်ကြပ်စီစစ် ဆောင်ရွက်သင့်ပါပြီ … ။ တကယ်စိတ်ရင်းမှန်နဲ့ တောင်းဆိုပါတယ် … ကိုယ်တိုင် အရပ်ဝတ်နဲ့ ရှောင်တခင်လိုင်းကားတိုးစီးကြည့်ကြပါဦး ၊ လမ်းမထွက် လမ်းလျှောက်ကြည့်ကြပါဦးလို့ ….. ။ သေသေချာချာ စည်းမျဉ်းတွေထုတ်ပြီး ရမ်းကားစွာ မောင်းနှင်သူတွေကို အရေးယူသင့်ပါပြီ …. ဒါမှလည်း အလကားသက်သက် လမ်းမပေါ်မှာ အသက်ထွက်ရတဲ့ ကိစ္စတွေ လျှော့နည်းသွားမှာပါ ။

%%%%%%%%%%%%%%%%%%%%%%%%%

ဓါတ်ပုံကတော့ … နောက်နေ့တော့တင်မှာပေါ့  😀

 

 

13 comments

  • Thel Nu Aye

    December 8, 2011 at 5:48 pm

    စိတ်ညစ်စရာပါပဲ။ နေ့တိုင်းဒီလိုသတင်းမျိုးမကြားရတဲ့နေ့မရှိသလောက်ပါပဲ။ လူတွေကလဲလူတွေ။ ကားတွေကလဲကားတွေ။ ဘယ်သူ့ကိုအပြစ်တင်ရမှန်းတောင်မသိဘူး။ အပြင်ထွက်ရင်ကိုယ့်အသက် ကလေးပဲကိုယ်ကြံဖန်မွေးပြီးသတိနဲ့သွားနေရတယ်။

  • “ဘီလူးကြီး”ogre

    December 8, 2011 at 5:54 pm

    ဒီမနက်မှာပဲ
    အောင်မင်္ဂလာအဝေးပြေဝင်းရှေ့မှာ
    လူတစ်ယောက်ကားတိုက်သေသလား
    ရိုက်ပဲသတ်သွားတာလားမသိပါဘူး
    ပါးစပ်ကသွေးတွေထွက်လို့ ကွေးကွေကောက်ကောက်ကြီး
    သေနေတာကိုတွေခဲ့ရပါတယ်
    ဒွတ်ခ..ဒွတ်ခ 8(

  • koyinmaung

    December 8, 2011 at 7:31 pm

    အင်…စိတ်မကောင်းစရာပါ…..

  • ko gyi kyaw1

    December 8, 2011 at 7:39 pm

    7.12.2011 နေကလဲမြေနီကုန်း 119 store ရှေမှာကာတိုက်တယ်လို့ကြားပါတယ် တိုက်တဲ့တားသမားက ကားမောင်ထွက်ပြေးစဉ် နောက်ကား 1စီးမှထပ်လိုက်ကာ ကားနံပါတ်ယူခဲ့တယ်လို့သိရပါတယ်

  • windtalker

    December 8, 2011 at 9:38 pm

    ဓါတ်ပုံကြည့်ပြီးမှဘဲ သင်္ခ ါရ အဖြစ် တရားမှတ်တော့မယ် မတုံ ရေ

  • blackchaw

    December 8, 2011 at 10:31 pm

    အင်း Etone မ တစ်ယောက်လည်း သတင်းတွေဘက်
    ဓါတ်ကျနေပုံရတယ်။ စာလေးဘာလေးလည်း ပြန်ရေးပါဦးဗျို့။

  • ကိုရင်စည်သူ

    December 8, 2011 at 10:53 pm

    လိုင်းကားအင်မတန်စီးတဲ့ ကိုရင်လည်း ဘယ်တော့
    ဒေါ်အိတုံရဲ့ တိုက်ပြန်ပီ သေပြန်ပြီးထဲ ပါလာဦးမလဲ မသိဘူး…။
    အစိမ်းသေပေမယ့် ချောမွေ့နေဆဲ ဖြစ်တဲ့ ကိုရင့်စည်မျက်နှာလေးလည်း
    တုံတုံ ရိုက်ပြီး ဂေဇက်မှာ တင်ပေးရမယ်နော့… ကွိကွိ 😳 😳

  • kai

    December 9, 2011 at 5:57 am

    အာမခံဟေ့… ကားအာမခံ..လူအာမခံ..။ 🙂

  • char too lan

    December 9, 2011 at 9:34 am

    ပီးခဲ့တဲ့တစ်ပတ်က ၄၃ဘတ်စ်ကားကြီး ကားတွေကျပ်တော့ လမ်းပြောင်းပြန်မောင်းပီး ကျော်တက်တာ တစ်ဘက်လမ်းမှာကူးဖို့ရပ်နေတဲ့ အဘွားကြီးနဲ့ ကလေးတစ်ယောက် ကြိတ်သွားလိုက်တာ မြင်တောင်မကောင်းဘူးဆိုပဲ စွယ်တော်လာဖူးတာတဲ့
    ရုံးကပြန်သွားတဲ့ ဦးလေးတစ်ယောက်ပြောပြတာ

    သဂျီးမင်း ခံခိုင်းနေဘီ ခံခိုင်းနေဘီ အသက်အာမခံလေ…..
    ပြောရတာမဟုတ်ဘူး တော်ကြာစိတ်ပြောင်းသွားအုံးမယ်
    ခံစရာရှိတာ ခံလိုက်ကြဒေါ့ ………

  • cobra

    December 9, 2011 at 12:54 pm

    လူတွေအရမ်းများနေလို့ လူဦးရေလျှော့ချနေတာတဲ့

  • comegyi

    December 9, 2011 at 2:26 pm

    အိတုံရယ် …..
    ကျွန်တော်တို့လည်း အရင်ကဆို ….လိုင်းစားစီးရင်
    ကားဖိုက်မှ သဘော ကျခဲ့တာ….
    အခုတော့ မရတော့ဘူးဗျ
    ကားဖိုက်ပြီဆို အနီးဆုံးမှတ်ဆင်း
    ကားပြောင်းစီးတော့တာပဲ
    အသက်ကိုဉာဏ်စောင့်တယ်လေဗျာ..
    သင်္ခါရတော့ သင်္ခါရပေါ့ဗျာ……

  • ပေါက်ဖော်

    December 9, 2011 at 2:57 pm

    အပြင်ထွက်ရမှာတောင် ကြောက်လာဘီ..
    😮

  • etone

    December 10, 2011 at 2:37 pm

    ဓါတ်ပုံလေးပါ တင်ပေးလိုက်ပြီ … ဒီအတိုင်းဆို အတော်ဆိုးတာပဲနော် 😥

Leave a Reply