အပူကိုမေ့နေတဲ့ မန်းတလေး

nyanayMay 25, 20101min572

မန်းတလေးမှာ ခုတစ်လော မိုးနေ့စဉ်ရက်ဆက်ရွာနေတာကြောင့် တစ်နွေလုံးကပူထားသမျှတွေကိုမေ့လျော့နေတယ်
အပူဒဏ်ကြောင့် ဒီလ ထဲမှာလူ သေဆုံးမှုနှုန်းများခဲ့ပြီး သေသူအများစုမှာသက်ကြီးရွယ်အိုနဲ့ အရက်သမားများ အများဆုံးဖြစ်လေ သည် ။ ဒီရက်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြို့နေလူထုမှာ စိတ်လက်ချမ်းသာပြီး အပူ၏ဒဏ်ကိုမေ့လျော့နေပေပြီ ။

-
-

မန်းတလေးတွင်သာမက မြန်မာနိုင်ငံနေရာတော်တော်များများ မိုးကိုမျှော်ခဲ့တာဖြစ်သည် ။သောက်ရေရှားပါးမှုများ အပူလွန်ကဲမှုများကြောင့် ဒုက္ခရောက်ခဲ့ကြသည် ။ လွန်ဆွဲခြင်း ၊ ငါးရဲ့မင်းပင့်ခြင်းများပြုလုပ်ခဲ့ကြသော်လည်း မိုးမရွာပဲရှိခဲ့၏။ကျေးလက်ဒေသနွားစာရှားပါးမှု တောင်သူများယာလုပ်ငန်းအတွက်အချိန်နှောင့်နေးမှုလည်းရှိခဲ့လေသည် ။ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ပြည်သူများ စိတ်အေးချမ်းသာရှိနေကြပေပြီ။
-
-

2 comments

  • Shwemannmay

    June 11, 2010 at 3:38 am

    ပာုတ်တယ် ။ ပုံမှန်အပူလောက်ပဲရှိတော့တယ်။ မိုးလေးရွာရင်တော့ အတိုင်းထက်အလွန်ပေ့ါ

  • mzm

    July 30, 2011 at 12:26 pm

    ဒီသတင်းလေးကြားရတော့ဝမ်းသာမိပါတယ် အားလုံးအေးချမ်းကြပါစေဗျာ

Leave a Reply