သတင်းထူး….ထူးမှထူး

NKDecember 9, 20111min834

သတင်းထူး

လမိုက်ည တစ်ညမှာ သူခိုးတစ်ယောက် ဘဏ်တစ်ခုထဲဝင်ပြီး ပစ္စည်းခိုးဖို့
ကြံရွယ်ခဲ့တယ်။ သူခိုးက ဘဏ်ထဲမှာရှိတဲ့ အာမခံသေတ္တာတွေကို တစ်ခုပြီးတစ်ခု
ဖွင့်ကြည့်ခဲ့တယ်။ ပထမသေတ္တာကို ဖွင့်ကြည့်တော့ ဘာအဖိုးတန်ပစ္စည်းမှာ
မတွေ့ဘဲ ဂျယ်လီထုပ်တွေပဲ တွေ့ခဲ့တယ်။ နောက်သေတ္တာတစ်ခုကို
ဖွင့်ကြည့်တော့လည်း ဘာမှမတွေ့ဘဲ ဂျယ်လီထုပ်ပဲတွေ့ခဲ့တယ်။
သူခိုးကစိတ်တိုပြီး ဂျယ်လီထုပ်တွေကို စားပစ်လိုက်တယ်။

နောက်တစ်နေ့မနက်မှာ သူခိုးက အိပ်ရာစောစောထပြီး ညက သူလုပ်ခဲ့တဲ့
လုပ်ရပ်ကိုသိချင်လို့ သတင်းစာတစ်စောင် ဝယ်ဖတ်လိုက်တယ်။
သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ စာလုံးကြီးနဲ့ ရေးထားတာကိုဖတ်ပြီး
သူခိုးမေ့လဲသွားခဲ့တယ်။ သတင်းစာပေါ် ရေးထားတာက…
“ရူးသွပ်နေသော သူခိုးတစ်ယောက် သုတ်လှူဘဏ်တစ်ခုကို ညက ဝင်ရောက်ခိုးခဲ့သည်”

မဆဲနဲ့

ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို
လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ
နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို
မြင်ခဲ့ကြရတယ်။
နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့က
လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို ဗဟုသုတအနေနဲ့
ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့
ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။

ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် ”
“ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြ ီး
ဘယ်လိုမြင်သလဲ။” ဒါနဲ့ကိုလတ် ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့
ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။

ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့
ဟုတ်ပြီလား။” ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း”
မောင်မောင်က “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ”
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင် အရက်သေစာမသောက်စားကြနဲ့ ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။

အဲဒါနဲ့ ဆရာမကဆက်ပြီး “ပီတာလေးကို မေးလိုက်တယ်။” “ပီတာလေးရဲ့
အမြင်ကိုလဲပြောပါအုန်း” ပီတာလေးက “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ”
ဟုဖြေလိုက်တယ်။

ဆရာမလဲ အံ့အားသင့်သွားတယ် “ဘယ်လိုပတ်သက်လို့တုန်းကွဲ့ ”လို ့ ဆရာမက
ပီတာလေးကိုမေးလိုက်တယ်။ ဒါနဲ့ပီတာလေးက “အဲဒီလူကြီးက” “မေ- ေ-းလေးအောက်ကနေ
လှေခါးလာမလှုပ်နဲ့လို့ပြောလို့ ကျွန်တော်အမြင်ကတ်ကတ်နဲ့တွန်းချလိုက်တာပါ” ဆရာမ။

မှတ်ကရော

အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။
ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။

“မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။
ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။
အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။
အဲ … ဒါမှမဟုတ် …”

စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။
“မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့”

ဖေဖေ့သားငယ်

အဘိုးကြီးနှင့် အဘွားာကြီးနှစ်ယောက်တွင် သမီး သုံးယောက်ရှိလေသည်။
တစ်နေ့သော် … ယောက္ခမ ဖြစ်သူက သမက်အကြီး နှင့်အတူ လမ်းလျှောက်ထွက်သည်။
ရေကန်နားရောက်သော် ရေကန်ထဲသို့ ခုန်ချလိုက်သည်။
သမက်အကြီး က ဆင်းကယ်သည်။
နောက်တစ်နေ့ မနက် ..သမက်ကြီး အိမ်ရှေ့တွင် ကား တစ်စီး ရောက် နေသည်။
ကားပေါ်တွင် “မေမေ့ကို ချစ်တဲ့ မေမေ့သားကြီးအတွက်”ဟု စာရေးကပ်ထားသည်။

ဒုတိယ သမက်နှင့် လမ်းလျှောက်သည်။ရေကန်ထဲသို့ခုန်ချပြန်သည်။
သမက်အလတ် က ဆင်းကယ်သည်။
နောက်တစ်နေ့ မနက် ..သမက်အလတ် အိမ်ရှေ့တွင် ဆိုင်ကယ် တစ်စီး ရောက် နေသည်။
ဆိုင်ကယ်ပေါ်တွင် “မေမေ့ကို ချစ်တဲ့ မေမေ့သားလတ်အတွက်”ဟု စာရေးကပ်ထားသည်။

သမက်အငယ်နှင့် လမ်းလျှောက်ပြန်သည်။ရေကန်ထဲသို့ထပ်ခုန်ချပြန်သည်။
သမက်အငယ်က စဉ်းစားသည်။ ပထမတစ်ယောက်တုန်းက ကား ၊ ဒုတိယ တစ်ယောက်ကျ တော့ ဆိုင်ကယ်..ငါ့ အလှည့် ကျရင် စက်ဘီးပဲလာမှာပဲ
ဟု စဉ်းစားပြီး မကယ်ဘဲ နေလိုက်သည်။ ယောက္ခမဖြစ်သူ သေသွားသည်။
နောက်တစ်နေ့မနက် သမက်အငယ် အိမ်ရှေ့တွင် လေယာဉ်ပျံတစ်စီးရောက်နေသည်။
လေယာဉ်ပျံပေါ်တွင် ဖေဖေ့ကို ချစ်တဲ့ ဖေဖေ့သားငယ် အတွက် ဟု ရေးထားသည်။

4 comments

  • PHYOGYI86

    December 9, 2011 at 1:57 pm

    ရယ်ရတယ်နော် …. သူခိုးအကြောင်းကလေ တွေးလေ တွေးလေ ရယ်ရလေပဲ .. ဟားဟားဟား

  • kokoover

    December 9, 2011 at 2:12 pm

    ကောင်းလိုက်တာ လေယဉ်ပျံလိုချင်နေတာ ့

  • etone

    December 12, 2011 at 12:18 pm

    ဟာသတွေ အကုန်လုံးက ရယ်ရတယ် … ။
    ဒီသူခိုးနှယ့် … အတော်ငတ်တာပဲ … ဟီးဟီး … 😆

Leave a Reply