ဝက်တွေနဲ့အတူနေချင်သူတဲ့…

ယနေ့ခေတ်ကာလ ကမ္ဘာလောကကြီးထဲမှာ ထူးထူးဆန်းဆန်းလုပ်ပြရင် လူတွေစိတ်ဝင်စားပြီး လူထင်ကြီးမူကိုခံယူချင်ကြတာပဲလား…(ဒါမှမဟုတ်)စိတ်ကူးအသစ်တွေကိုဖန်တီးနေကြတာလားဆိုတာ မိမိကိုယ်တိုင်ဝေခွဲလို့မရနိုင်တော့ပါ…

အဖြစ်ကဒီလိုပါ….ဒီနေ့မနက် နံနက်စာစားရင်း လက်ထဲကိုရောက်လာတဲ့ မြန်မာ့မိတ်ဆွေအားကစားဂျာနယ် Vol-2,No.122 (9.12.11)မှာပါလာတဲ့ သတင်းလေးတစ်ခုပါ၊

ကိုရီးယားသူလေး မီရူကင်မ်ဟာညစ်ပတ်တာ သိပ်ရွံတတ်တဲ့သူပါ၊ဒါပေမယ့်သူမရဲ့စိတ်ကူးတွေက တလွဲကို ရောက်သွားတယ်လို့ ဆိုရပါမယ်၊သူမဟာ အမေရိကန် နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှာ ဆေးပညာသင်ကြားနေတဲ့ ဆေးကျောင်းသူတစ်ဦးပါ၊ကင်မ် ဟာဝက်ထီးနဲ့ဝက်မနှစ်ကောင်နေတဲ့ ညစ်ပတ်နံစော်လှတဲ့ ဝက်ခြံမှန်လုံခန်းထဲမှာ အဝတ်အစားမပါပဲ နာရီပေါင်း(၁၀၄)ကြာအောင်နေထိုင်သွားခဲ့ပါတယ်၊စားချိန်ရော၊အိပ်ချိန်ပါ အဲဒီဝက်ခြံထဲမှာပါနေထိုင်စားသောက်ခဲ့ပါတယ်၊သူမကတော့ သူဒီလိုအပြုအမူတွေဟာ သူ့အတွက်တကယ့် ဟဲဗီးမက်ပါပဲတဲ့၊ကျွန်မဟာ ဝက်တွေကိုချစ်ပါတယ်၊ကျွန်မကိုလည်း ဝက်တွေက ချစ်ကြမှာပါလို့ဆိုပါတယ်၊သူမရဲ့ အပြုအမူတွေကို လာရောက်ကြည့်ရူသူတွေက လက်ခုတ်ကြီးပြီးအားပေးကြပါတယ်တဲ့။

ကဲရွာသူရွားသားအပေါင်းတို့ရော ဘာကြောင့်လို့ထင်မိပါသလဲဗျာ…

မူရင်းလင့်ကိုအောက်မှာရေးသားဖေါ်ပြပေးထားပါတယ်…။

www.dailmail.co.uk/news/articale-2069002/Art-Basel-2011-Muri-Kim’s-The-Pig-Therefor-I-Am-Exhibit.html

24 comments

  • weiwei

    December 9, 2011 at 3:49 pm

    လူကြည့်ခံချင်လို့ပေါ့ … 😛

  • KoNyeinChan

    December 9, 2011 at 5:32 pm

    လူတွေ ဝိုင်းပြီးလက်ခုပ်မတီးခင် ကောင်မလေးက သူ ့လက်နှစ်ဖက်နဲ ့အဝှာလေးကို အုပ်ထားတယ်.. ပရိသတ်ကြီးက လက်ခုပ်တီးအားပေးရင်း “မင်းကို ငါတို ့ဂုဏ်ပြုတဲ့ အနေနဲ ့လက်ခုပ်တီးပေးတာပါ မင်းလည်း လက်ခုပ်ပြန်တီးပါ” ဆိုတော့ ကောင်မလေးလည်း ဝမ်းသာအားရ လက်ခုပ်တီးပါလေရော 😀 😀 😀 ဒါနဲ ့စကားမစပ်(အတင်းစပ်လိုက်ပြီ) ကိုဇော်မင်းကြီး တင်လိုက်တဲ့ ပို ့စ်တိုင်းက လန်နေ ပျံနေတဲ ့ဟာတွေချည်းဘဲ.. ဒီလူကြီး ဧကန္တတော့ ဧကန္တဘဲ..ဟီး ဟီး

  • ဆူး

    December 9, 2011 at 5:44 pm

    ပြန်လည် တမ်းတ ဝက်ဘဝ လုပ်နေတာ နေမှာပေါ့.. ဝက်နဲ့ တူတူ နေတာ အထူးအဆန်း ဆိုပြီး လူစိတ်ဝင်စားအောင် လုပ်ချင်တာလည်း ဖြစ်ချင်ဖြစ်မယ်။
    ညစ်ညစ်ပတ်ပတ် နဲ့ တစ်ကိုယ်လုံး ပေတူးနေတာပဲ… အဲဒီလို နေရတာ ပျော်တယ် ထင်တယ်။
    ဝက်တွေလိုပဲ ပါးစပ်ကြီးနဲ့ ကပ်ပြီး မန်မန်ချားလားမသိဘူးနော်။

  • NK

    December 9, 2011 at 5:49 pm

    ဝက်ရှုးပြန်တာနေမယ်.:)

  • “ဘီလူးကြီး”ogre

    December 9, 2011 at 5:56 pm

    အဲ…ဆံပင်နဲ့ ဝက်မလေး
    အိမ်မှာ..တားတား မွေးချင်ရို့ ပေးပါလားဂျာ 😛
    အစာ..ကောင်းကောင်းကြွေးပါမယ်.. 🙂

  • naywoonni

    December 9, 2011 at 6:01 pm

    အဲဒိလိုဆိုတော့လည်း ဝက်ဖြစ်ရတာက ခပ်ကောင်းကောင်း…။

  • inz@ghi

    December 9, 2011 at 6:02 pm

    Master of Fine Arts ကို Painting
    နဲ့ ရထားတဲ့ Artist တယောက်ဗျ…. ဆေးကျောင်းသူမဟုတ်တာသေချာတယ်
    Columbia University တက်ခဲ့တာတော့ ဟုတ်တယ် ဗျ MFA ကိုတော့ Pratt ကရတာ …

    သူက ဒါ့ပုံလည်း ရိုက်တယ်ဗျ …Nude တွေပဲ …..Nude + Urban တွေ …
    သည်ပုံတွေက မှတ်တမ်းပုံတွေမို့ ကြည့်မကောင်းတာ …
    တကယ် သူ့art works က composition တွေ မိုက်တယ်…

    ဒါ့ပုံသမားချင်းချင်း ကူညီဗျာ့ဇေ ကူညီဗာ့ဇေဗျ….
    လုပ်ပါ အရှေ့ကျွန်းလာခဲ့ဇမ်းဘာ……

  • zaw min

    December 9, 2011 at 6:05 pm

    ကိုငြိမ်ချမ်းထင်သလိုမဟုတ်ရပါဘူးဗျာ…အားကစားဂျာနယ်ထဲမှာပါလာတဲ့ သတင်းကိုပြန်လည်ဖြန့်ဝေပေးတာပါ..ဒါလည်း ဒီရွာသူကြီးရဲ့ သင်ကြားပြသမူကြောင့် မူရင်းဆို့စ်ကိုတွေ့အောင်ရှာပြီး ဖေါက်ချလိုက်တာပါ။
    ဆူးရေ…မူရင်းလိုခင့်က ဗီဒီယိုဖိုင်ထဲမှာ ကြည့်လို့ရပါတယ်။နောင် ဗာမာတွေလည်းအတုခိုးပြီး လူထင်ကြီးအောင်လိုက်လုပ်ကုန်မှာစိုးရတယ်။
    သူကြီးတို့ အမေရိကားမှာ လုပ်လိုက်ရင်အဆန်းတွေကြီးပါပဲ….ကိုကြောင်ရေ…ရှိသေးရင်သွားကြည့်လိုက်ပါအုံး..

  • windtalker

    December 9, 2011 at 6:56 pm

    ဝက်ထီးနေရာဘဲ ခဏဝင်လိုက်ချင်စမ်းပါဘိ ။
    ဝက်မယား ကို အသာထားလို ့
    လူမယား ကို ဒန်တန်တန် တိန်…
    ဟီဟိ

  • zaw min

    December 9, 2011 at 8:36 pm

    ဂီဂီတို့ အရှေ့ကျွန်းက ဒါပုံဆြာတွေကို ကြောက်လို့မလာတော့ဘူးတဲ့…
    မောင်ပေရေ ဟိုတစ်နေ့ကပဲ ဆရာတော်ဆန်နီနေမင်းက ဟောထားသေးတယ်လေ…သိတိထားပါ ကံသုံးပါးမှာ မနောကံက အပြစ်အကြီးဆုံးပါပဲတဲ့…ကဲ အဲဒီမှန်ရှေ့သွားထိုင်ပြီး…ဝက်ကဝက်ခန္ဒာ၊လူကလူခန္ဒာ ဆိုပြီးရူမှတ်ကြည့်စမ်း…
    မဝေဝေလိုပဲကျနော်ထင်တယ်…သူ့ရဲ့ ပါဖေါမန့် လူကြည့်ခံချင်လို့ပဲ…ဒါကြောင့်မှန်ခန်းထဲမှာ နေပြတာပေါ့နော်…

    • inz@ghi

      December 9, 2011 at 9:01 pm

      ဆြာ ကိုဇော်မင်းရေ့ … ကျနော်နောက်ပြီးမန့်လိုက်တာဗျ ….

      တကယ်က ကျနော် အဲ့လို artist မျိုးကို တကယ်ရိုက်ဖူးချင်တာ..
      သူ့နာမည်နဲ့ Google လုပ်ကြည့်စမ်းပါဗျာ …တကယ်ပြောင်မြောက်တဲ့
      ပညာရှင်ပါ. … ကိုယ်တုံးလုံးချွတ်ထားတာလား … အဲ့ဒါကို တမျိုးမမြင်စေချင်ဘူးဗျာ
      a form of art လို့ပဲ နားလည်ပေးထားပါ … ကျနော်လည်း နားလည်သလောက်ရှင်းပါ့မယ်ဗျာ

      သူက ကမာ္ဘက လက်ခံတဲ့ အနုပညာရှင်တယောက်ဗျ…. ပါရီအစ လန်ဒန်အလယ် ပီရူးအဆုံး
      လိမ့်ထားတာ … သူ့ ဆင်မီနာ စောစောက ကြည့်လိုက်ရတယ် …သူ့ဒါ့ပုံတွေ art works တွေတွေ့တယ်
      ချွတ်ထားတာနဲ့ ဖော်ထားတာ တပိုင်းစီနော ……ရသ ကွာတယ်…အရည်အသွေးကွာတယ်ပေါ့ဗျာ..
      သူက ချွတ်ထားတာ …. ဘာကိုမှ အစွဲမထားဘူး … ဖုံးကွယ်မထားဘူး အရှိတရား ဆိုတဲ့ message
      တွေပေးနေတာဗျ . …. သူ့ art form တွေကြည့်ရင် သိလိမ့်မယ် သည်ထဲပါတာကတော့ သတင်း
      ဓါတ်ပုံ သက်သက်ပဲမို့ ပြောရတာပါ …..

      သည်တော့ သူဘယ်တွေ သွားပြီး ဘာတွေရိုက်ခဲ့သလဲပြောမှ သင့်လျော်မယ်ထင်ရဲ့ ….၁၈၀ဝပြည့်နှစ်လောက်က
      တူးတဲ့ tunnel တွေဆီသွားတယ် …. new york မြို့ ရေးဆိုး ထိန်းသိမ်းတဲ့ tunnel တွေသွားတယ်
      မြေအောက်ရထားတွေလို နေရာမျိုးတွေကနေ စွန့်လာတဲ့မိုးရေ ဘာညာ ကို ပင်လယ်ထဲပို့တဲ့ နေရာတွေ
      ဒုတိယ ကမာ္ဘစစ်က ဗုံးခိုကျင်းတွေ …မြေအောက်တူးမြောင်းတွေ ……

      သူပြချင်တာက လူတွေ မသိချင်လို့(စစ်ဆို ရေတောင်စစ်မသောက်တော့ပါဘူး) ဆိုတာတွေ
      စစ်တုန်းက ဘာဖြစ်ခဲ့မှန်းမသိခဲ့တဲ့ စစ်ကို ကြောက်ရမှန်းမ သိတဲ့ ..နားမလည်တဲ့(ကိုယ့်တိုင်းပြည်က ပါဝါသာရင်
      ချပလိုက်ပါလား ဆိုတဲ့ ခေတ်သစ်-ဖက်ဆစ် ချာတိတ်တွေအတွက်…)
      နောက် သမိုင်းပညာရှင်တွေအတွက် …
      နောက်ပြီး …သက်ဆိုင်ရာမြို့တွေက စည်ပင်သာယာတွေအတွက် ..(သည်အမျိုးသမီးက သမိုင်းလည်း
      အတော်လေ့လာထားတယ် ဗျ ….ဘယ်တုန်းကဆောက်ခဲ့တဲ့ဘာကြီး …ကျမသွားတော့ ဘယ်လိုနေတယ်ဆိုတာမျိုး)

      မြေအောက်တို့ လူတွေ စိတ်မဝင်စားမယ့် မမြင်အောင်ဖုံးထားမယ့် နေရာမျိုးတွေမှာ လူ့ခန္ဒာကို်ယ်က
      မမြင်သင့်ဘူးဖုံးသင့်တယ် ဆိုတဲ့အရာတွေကို ဖော်ပြရင်း … သရော်ထားတယ်. ..မြင်အောင် ခန္ဒာကို သုံးပြီး
      ပြတဲ့ artist လို့ကျနော်မြင်တယ်ဗျ …ယဉ်ကျေးမှု မျက်မှန်တပ်ကြည့်ရင်တော့ မတော်တရော်ပေါ့ဗျာ …..

      မောထှာ ..
      အိပ်ပီ ….

      PS. မေ့လို့ ..အနီကတ်ပြရင် မီးဒုတ်ပဲနော် …ဟွန့်………….ဝှား….

      • amatmin

        December 9, 2011 at 10:14 pm

        မျက်မှန်တပ်ကြည့်တာပဲ မတော်တရော်လို့မမြင်ပေါင်ဗျာ.. 🙂
        မျက်လုံးထဲ စိုင်လို့ပဲထင်နေတာ.ဆြာဂီမန့်ထားတာတွေ့မှပဲ ဂလိုမှန်းသိတော့တယ်
        လေးစားပါတယ် ဆြာဂီရယ်..

  • super

    December 9, 2011 at 10:24 pm

    သိပါဘူး ဆြာဂီရာ အဆန်းထွင်ထားတယ်မှတ်တာဂျ …….. 🙂

  • တော်ကြာ သဘာဝအတိုင်းနေကြမယ် ဆိုပြီး
    သဘာဝအတိုင်းရှိသမျှလူတွေ ဒီအတိုင်းထွက်လာရင်ဖြင့်
    ………………………………………
    ဒါအနုပညာဘဲပေါ့…………………………………………….

  • zaw min

    December 10, 2011 at 1:13 am

    ဂျာမန်လူမျိုးတွေကတော့ အဲဒီသဘာဝအတိုင်းနေတာကို သဘောကျကြတယ်…အဲဒီ အနုပညာလည်း မြန်မာပြည်ထဲကို စိမ့်ဝင်လာအုံးမှာ အေကန်မလွဲပါပဲလေ…

  • kai

    December 10, 2011 at 4:07 am

    မြန်မာတွေ(မိန်းမဖြစ်ဖြစ်..ယောက်ျားဖြစ်ဖြစ်) အဲဒီလို အလုပ်တွေလုပ်စေချင်တယ်..။
    ကွန်ဆာဗေးတစ်..အစွန်းနင်းထားတဲ့ ဓလေ့တိုင်းပြည်မျိုး.. ပိုလုပ်ပြသင့်တယ်..။
    သူတပါးကြွေးမွေးတာကို.. မလိုအပ်ပဲ.. မှာယူစားသောက်ပြီး အိပ်ထဲထည့်သွားတာက ရှက်စရာလား..။
    ကိုယ်ကြွေးတာကို.. မလိုအပ်ပဲ ပိုသုံးတာ.. မပြောဝံ့အားနာတာက ရှက်စရာလား..။
    ဘတ်စ်ကားထဲ..ထောက်လှမ်းရေးလိုက်လုပ်တာက ရှက်စရာလား..။
    …ထောက်လှမ်းရေး အလုပ်ခံရတာကို.. အော်မပြောရဲတာက ရှက်စရာလား…။

    “ရှက်စရာကြီးဆိုတာ.. ဘာလဲ..ဘယ်လဲ” သိသွားကြစေချင်တာပါ….

    ဆိုတော့..
    ကင်မရာမန်င်းတွေ.. ကြေးစားမိန်းမတွေကို.. လက်ဖျားနဲ့တောင်မတို့.. မထိပဲ.. အဲလိုမိုဒယ်လုပ်ခိုင်းကြပါလားဟင်င်င်….။ 😆

    • inz@ghi

      December 10, 2011 at 10:57 am

      1)
      သဂျီး က တယ်ပညာစမ်းသကိုး ..
      ဒါနဲ့ …လက်ဖျားနဲ့ မတို့ဘဲ ဆိုတာကတော့ နည်းနည်း ဖောင်းသွားဘီ……
      သိပြီး ဖြစ်ရင်လည်းဖြစ်မယ် ..မေ့နေတာလည်း ဖြစ်ရင်ဖြစ်မယ် မကြားဖူးသေးဘူး
      ဆိုရင်လည်း မှတ်ပါ သဂျီး ….ကမာ္ဘ့အကောင်းဆုံးသော Portrait shooters တွေက
      ပလေးဘွိုင်းမှာ ရိုက်တယ်…. landscapers ကတော့ National Geographic ပေါ့
      နေရှင်နယ် ဂျီအို ဂရပ်ဖစ်မှာ ဖော်ပြခံရတဲ့ မြန်မာ ဒါ့ပုံဆြာတွေရှိတယ်ဆို အံ့ဩမလားသဂျီး..??

      2)
      ဒါမျိုးလား …..ဟင်းဟင်း …..ရှိတယ်ဗျ ရှိတယ်….ကျုပ်တို့လူမျိုးဒွေ လုပ်ထားတာ …
      (သဂျီးကတော့ Existentialism ဘက်ကလှည့်တူးဆွမယ်များ ကြံထားသလားမသိဘူး ..)
      ဘယ်မှာလဲတော့ အဲ့ ဆြာသမားကို ခွင့်မတောင်းရသေးတော့ မပြောတော့ပါဘူး..
      ခွင့်တောင်းပြီးရင်တော့ ရွာမှာ ခေါ်ဖီ ဖေ့စ် လာတင်လှည့်မယ်….
      သဂျီးက ၁နေ့ ၂ပုဒ်ဆိုပေမယ့် ဘက်ဒိတ်နဲ့လည်း တင်လို့ရအောင် စီမံပေးထားတော့..
      အာဟိ….

      3)
      ဒါနဲ့ …
      သဂျီးက ဗမာ ကင်မလာမန်းများ ကို တယ် အထင်သေးသပေါ့ …….
      ဒါ့ပုံ ၁ပုံ ကိုတောင် အစိမ်း ၁ထောင် တောင်းနိုင်တဲ့ ဆြာတွေရှိတယ်ခည…
      (ယုံတမ်းစကားမဟုတ်ပါ…)
      အဲ့ဆြာသမားတွေ ပညာဒါနလည်း ပြည့်ဝကြသဗျ….
      ကျုပ်လို ပေစုတ်စုတ် ကောင်တောင် ….ကင်မလာဝယ် တောရိုက်တောင်ရိုက်ရိုက်
      သင်တန်းဆိုတာလည်း မရှိ .သင်ပေးမယ့်လူလည်းမရှိ ..သည်ကြားကနေ
      ၁ကောင်တည်းနေပြီး စာလျောက်ဖတ်…ရင်း …သူရို့ဆြာတင်ပီးမေး
      အဲ့သည့် ဆြာတွေ ပြောတာ ခိုင်းတာ ..know-how လေးတွေ
      ညွှန်းတာတွေ လိုက်လုပ်ကြည့်ရင်း ရိုက်တတ်လာတာသာကြည့်တော့….

      4)
      ဂနေ့ကစလို့ ဗမာ ကင်မလာမန်း များဘက်ကနေ၍
      ဖားသက်ပြင်းတယောက် မားကတ်တင်း လုပ်အံ့…….

      စာကြွင်း/ ကျုပ်ဆြာသမားတွေပုံတင်ရင် ..စားပွဲပေါ်မေးထောက်ကြည့်ပါသဂျီး..
      အံ့ဩလွန်း ၍ မေးရိုးကြမ်းပြင် ရိုက်သွားရင် ဆေးဖိုးဝါးခ တာဝန်မယူပါ ….. ခိုင်ဇာ ကိုသာပြေးပါ

  • small cat

    December 10, 2011 at 6:49 am

    ကင်မရာမန်င်းတွေ.. ကြေးစားမိန်းမတွေကို.. လက်ဖျားနဲ့တောင်မတို့.. မထိပဲ.. အဲလိုမိုဒယ်လုပ်ခိုင်းကြပါလားဟင်င်င်….။

    ကဲမေးပြီ၊ ရွာထဲက ကမလာမန်း များဖြေကြပါ။

  • zaw min

    December 10, 2011 at 9:02 am

    သူကြီးနော်…ဟင်း..ဟင်း..လာဆွပေးနေပြန်ပြီ…

  • ကြောင်ကြီး

    December 10, 2011 at 11:09 am

    ကိုဇော်မင်းရေ… ကျုပ်တို့ ရွာသဂျီးက သိပ်လစ်ဘရယ်ကျတာ၊ မောင်မောင်ဂီပြောသလိုပဲ အစွဲ ကင်းပုံလည်းရတယ်။ ကိုယ်ရီးယားမလေးလို သူကိုယ်လုံးတီးသဂျီးဓာတ်ပုံ အရိုက်ခံမယ်ဆိုရင် ဘယ်သူစပွန်ဆာပေးကြမလဲ။ ကြောင်ကြီးကတော့ ရဲခေါ်ဖမ်းခိုင်းဖို့ တာဝန်ယူတယ်။။။။ 😆

  • kotun winlatt

    December 10, 2011 at 11:09 am

    ဝက်ဘဝကလာတော့ ဝက်တွေနဲ့ အတူနေချင်တာဖြစ်လိမ့်မယ်ဗျ…
    ဟီးးးးးး ဝက်မလွန်မသားလို့ပြောရမလားးမတိဗူးးးးနော်…။

  • taungpawthar

    December 15, 2011 at 2:16 pm

    သူတို ့ဆီက လူတွေက လည်း နာ မည် တော် တော် ကြီးချင်ကြတာ လည်းပါပါတယ် အထူးအဆန်းတွေလျှောက်လုပ်နေကြတယ်
    ယောကျင်္ားလေးတွေ အတွက်တော့ ရသလေးတခု ပေါ့

  • manawphyulay

    December 15, 2011 at 4:31 pm

    ဒါဆို သူမက ဆေးကျောင်းသူဆိုတော့ ဂေါက်သွားတာများလားဟင်….

Leave a Reply