အဆင့်များ က ပြောတဲ့ လိုအပ်ချက်များ -၁

ムラカミDecember 13, 20112min30640

Psychology of Needs for Human Being

ငယ်ရွယ်သူ ညီညီမလေးများအတွက်  ကိုသစ် စာတွေ ကို အတိုင်းအတာလေး တခုထိ နားလည်စေဖို့ အတွက်

ပေါင်းကူး အနေနဲ့ အခြေခံကျတဲ့ psychology ကိုရေးသားတင်ဆက်ပါ့မယ်ခင်ဗျ…

(ဆြာသမားများအတွက် မရည်ရွယ်ပါခင်ဗျား..)

 

 

Psychology ဟာ ကျနော် ကျွမ်းကျင်တတ်မြောက်တဲ့ field မဟုတ်တဲ့အတွက် အမှားအယွင်း အကျအပေါက်များ

ပါခဲ့မယ်ဆိုရင် အားမနာတမ်း ဝေဖန် ထောက်ပြနိုင်ကြပါသည်ခင်ဗျား။

 

လူသားတွေအတွက် ရှင်သန်ဖို့ လိုအပ်တဲ့ အခြေခံအချက်တွေကို ဆွေးနွေးတင်ပြထားတဲ့ မော်ဒယ်၂ခု

မိတ်ဆက်ချင်ပါတယ် ..သိပြီး နားလည်ပြီးသူများ ကို မရည်စူးဘဲ မသိသေး မကြားဖူးသေးတဲ့ စာဖတ်သူ

တွေအတွက် သာ ရည်စူးပါတယ်ခင်ဗျား ။ ဤပိုစ့်ကို ဆရာများကျော်ဖတ်ကြပါကုန်။

 

 

Maslow’s hierarchy of needs

 

 

 

 အမေရိကန် လူမျိုး စိတ္တဗေဒ ပညာရှင် မာစ့်လော ရဲ့ မော်ဒယ်ဖြစ်ပါတယ် ။ ကျနော် ကိုသစ် စာထဲက

ကောမန့်တွေမှာ ယူသုံးခဲ့ဖူးပါတယ်။ သူ့ အယူအဆက သည်လိုခင်ဗျ။

 

လူရယ်လို့ ရှင်သန်ရပ်တယ်ဖို့အတွက် လိုအပ်ချက်တွေရှိပါတယ်။ သည်လိုအပ်ချက်တွေဟာ အဆင့်ခွဲ

ခြားလို့ရပါတယ် ။ သာမန်လူ အတွေးနဲ့ လွယ်လွယ်လေး တွေးမယ်ဆိုရင်တောင် သည်လို တွေးကြည့်

နိုင်ပါတယ်။ ရွှေလက်စွပ်နဲ့ နာရီ ဆို နာရီက ပိုပြီး လိုအပ်မယ် fundamental ကျမယ်မဟုတ်ပါလား။

တကယ်လို့ ခင်ဗျားမှာ ထမင်းစားစရာတောင် ပိုက်ဆံမရှိတော့ဘူးဆိုရင် နာရီရောင်းပြီး စားရမယ်

မဟုတ်ပါလားဗျာ …. သည်လိုမျိုး ..ဘာကအခြေခံကျတယ် ဘာရှိပြီး ဘယ်လို ပိုလျံမှ ဘာလုပ်တယ်

ဆိုတာမျိုးလေးပါ။

 

ဟုတ်ကဲ့ စပါပြီ။ မာစ့်လော အဆိုပြုတဲ့ မော်ဒယ်မှာ အဆင့် ၅ဆင့်ခွဲပြီး အဆိုပြုပါတယ် တဆင့်ပြေလည်

မှ နောက်တဆင့်ကို တက်တာပါ ..အပြန်အလှန်အားဖြင့် အပေါ်ဆင့်က လည်း အောက်အဆင့်ကို

ထောက်ကူ အားဖြည့်ပေးထားပါတယ်။

 

၁။ Physiological Needs

ဒါ အသက်ရှင် ရပ်တည်ဖို့ အတွက် အခြေခံ အကျဆုံးသော အဆင့်ဖြစ်ပါတယ်။ ”ရွှေငွေနဲ့ ဂုဏ်သိန် ဒြပ်တို့

မရှိလည်း နေနိုင်ပါတယ် တသက်လုံး” အဆင့်ပါ။ လေ၊ ရေ၊ အစားအစာ၊ အိပ်စက်ခြင်း၊ ခန္ဒာကိုယ် အပူချိန်

ထိန်းညှိခြင်း အညစ်အကြေးစွန့်ခြင်း နဲ့ လိင် ကိစ္စတို့ ပါဝင်ပါတယ်တဲ့ ။ ဗမာ့ အဆိုအမိန့် ဒို့တာဝန် အရေးသုံးပါး ဖြစ်တဲ့

စား၊ဝတ်၊နေ ရေးထဲကဆို စား တခုသာ အကျုံးဝင်ပြီး ဝတ်တာနဲ့ နေတာတောင် မပါ

သေးဘူးနော။ ကမာ္ဘဦးလူသားတွေရဲ့ လိုအပ်ချက်အတိုင်း အတိအကျပါဘဲ။ ကိုဘလက်ရေးတဲ့ ပွင့်လင်းတဲ့

ရွာပိုစ့် ဟာ fundamental needs ထဲမှာ အကျုံးဝင်တာမို့ …မလွန်ပါဘူး ဆြာရေ့ အားပေးပါတယ်။

သည်အချက်တွေ ပြည့်စုံပြီဆိုမှ နောက်တဆင့် ကိုတက်လှမ်းနိုင်ပါ့မယ်။ နောက်တဆင့်ကတော့

 

၂. Safety Needs

Security Needs လို့လည်း ခေါ်တတ်ကြတဲ့ အဆင့်ပါ။ သည်အဆင့်မှာ အဝတ်အထည်၊ နေစရာနေရာ နဲ့

မိသားစု(ပီပီပြင်ပြင်တော့ သိပ်မဟုတ်သေး ကမာ္ဘဦး မိသားစုလိုမျိုးသာ)၊ သဘာဝရင်းမြစ်အချို့၊ပိုင်ဆိုင်မှု တချို့

ပါလာတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအရ တော့တွယ်တာမှုလေးတွေ ပါလာပါပြီ။ တဏှာ ပါလာပြီဆိုပါတော့၊ နောက် တချက်

အလုပ်အကိုင် ကိုပါ ထည့်သွင်းတွက်ချက်ပါတယ်။

အလုပ်တခုခုရှိမှ အောက်ကအဆင့်က အရာတွေနဲ့ သည်အဆင့်က ပိုင်ဆိုင်မှုလေးတွေ ကို ဖြည့်ဆည်း

ထောက်ပံ့ပေးနိုင်မယ် မဟုတ်ပါလား။ ကိုနိုဇိုးမိ မှိုစိုက်တယ်(ကိုသစ်ကို အားကျလို့ ထည့်ရေးသည်)

ကိုမှော် ကိုသော့ ဓါတ်ပုံရိုက်တယ်၊  သည်အလုပ်တွေက သူတို့(သည်အဆင့်မှာတော့ တကိုယ်စာပဲ

စဉ်းစားပါဦးမည်) ၁နဲ့ ၂ အဆင့်က needs တွေ ကိုပြေလည်စေသည် မဟုတ်ပါလား။ သည်အဆင့်၂ ကို

နောက်ပိုင်းမှာ ပြန်ထောက်ပြီး ရေးပါမည်။ ခုနောက်တဆင့်တက်ပါမည်။

 

၃. Love and Belonging Needs

အချစ် …အော် အချစ်..ထမင်းမစားဘဲ ချစ်လို့မှမရဘဲဗျာ .. အလုပ်မရှိရင်ကော …

ဆူးမမ က ပြောသတဲ့ ..သူ့လာပိုးတဲ့ နှူးဘာ တယောက်ကို “ရှင့်လခ တပဲခြောက်ပြားနဲ့ မုဆိုးမအိမ်က ကြွက်ကိုတောင်

ထမင်းဝအောင် ကျွေးနိုင်မှာမဟုတ်ဘူး…. အမဲရိုးနှယ့် ဟင်းအိုးမှ အားမနာ..” (ဆြာခ ဒိုင်တွေ ယူသုံးမိတယ် ကိုရင်စီရေ့)

ကဲထားပါတော့ဗျာ ဆက်ရအောင်သည်အဆင့်မှာ မိသားစု(ပီပီပြင်ပြင်) ဆွေမျိုး မိသင်္ဂဟ ဆိုတာပါလာပြီဗျ…

“လူဆိုတာ တယောက်တည်း ရပ်တည်လို့မရဘူး” လို့ ကြွေးကျော်တဲ့ အဆင့်ပေါ့ဗျာ … အသိုက်နဲ့ အမြုံနဲ့ပေါ့ ၊ ဒုတိယအဆင့်မှာ

အခြေတည်တဲ့ အချစ်ကို သည်အဆင့်မှာ လက်တွေ့အကောင်အထည်ဖော်ပြီ တဏှာပေမ ပါလာပြီ ဆိုပါတော့။

ကိုရင်စည် တို့ အီးတီတို့ မွေးရာပါ ဒုက္ခ လို့အော်ပြီး ဘူးထတဲ့ အဆင့်ပေါ့ဗျာ။ မျိုးဆက်ပြန့်ပွားခြင်း ကိုလည်း သမိုင်းပေးတာဝန်အရ

ဖော်ဆောင်တယ်ပေါ့ဗျာ။  အဲ့သည့်လို သူ့ အစု ကိုယ့် အစု နဲ့ ဖြစ်လာလိုက်ကြရာကနေ နင်နဲ့ငါနဲ့ တူတယ် သူတို့နဲ့ ငါတို့နဲ့ မတူဘူး

ဆိုပြီး တူရာ စု မတူရာခွဲခြား တယ်ပေါ့။ ပိုပြီး အဆင့်မြင့်မြင့်ပြောရရင် လူမျိုး တို့ ပေါ်ထွန်းတဲ့အဆင့်ဗျ ..

နောက်တဆင့် တက်မယ်နော…

 

၄။ Esteem

တန်ဖိုး ၊ ရိုသေသမှု ၊မြတ်နိုးလေးစားမှု သည်အဆင့်ခင်ဗျ။ ကိုယ့်ကိုကိုယ် လေးစားပြီ

ကိုယ်ကသူများကိုလေးစားပြီ  … ဘာကိုတန်ဖိုးထားရမလဲ သိလာပြီ ..ဘာသာရေးနဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ

ပါလာပြီဗျာ။ ကိုအီးတသင်္ဘောကပြန်လာလို့ ဘော်ဒါတွေနဲ့ ဟေးလားဝါးလား လုပ်တာ ဖွန်ကြောင်တာ တတိယအဆင့်

အိမ်တက် ဘုန်းကြီးဆွမ်းကပ်ပြီး သင်္ကန်းစည်းတာက သည်အဆင့်ြဖစ်သွားပြီဗျ စိုက်ပျိုးရေးသမား ကိုနိုဇိုမိ မှိုစိုက်တာ

သူစားဖို့ဆို ဒုတိယအဆင့် သူ့မိသားစုပါ စားရပြီဆို တတိယအဆင့် ဘုန်းကြီးကို ဆွမ်းဟင်းတခွက်

ချက်လောင်းလိုက်ပြီဆိုတာနဲ့ စတုတ္ထ အဆင့် ဗျို့။ ရွာသူားအားလုံး ဝါသနာအရ စာတိုပေစလေးတွေ

ရွာထဲလာလာရေးတာ သည်အဆင့်ဗျ။ အောက်ကအဆင့်တွေ အတိုင်းအတာတခုထိ မပြေလည်ဘဲ ဘယ်သူမှ

အွန်လိုင်းမှာ စာလာမရေးဘူးလေ….သည်နေရာမှာ အဆင့်တူချင်း ဆိုသော်လည်း အားလုံးထက် ပိုအပင်ပန်းခံပေးတဲ့

တံခါးပေါက်စောင့် ကိုဘလက် ကတော့ ပိုမြင့်တဲ့နေရာမှာဗျ။ဆက်ဆွဲမယ်နော

 

၅။ Self-Actualization

 

ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေခြင်းတဲ့ ဗျ။ ဝိပဿနာ လို့ဆိုရမယ်ဗျာ။ လောကီအနေနဲ့ ဆိုရင်လည်း retire လုပ်ပြီး

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဆင်ခြင်တာတွေ ပြုလုပ်မယ် ဆိုတာမျိုးပေါ့… ။ကျနော်တို့ ဗိုလ်ချုပ်က

လွတ်လပ်ရေးရပြီးရင် retire မယ်လို့ဆိုခဲ့တာ self-actualization လုပ်မယ် လို့ ဆိုခဲ့ချင်ဟန်ရှိတယ်။ သူဆိုခဲ့တဲ့အထဲ က

စာရေးမယ်ဆိုတာကတော့ esteemပေါ့လေ။ တခြား လောကီဆိုင်ရာ self-actualization တွေဆွေးနွေးရရင် ။ကိုရင်စီ့

အဘ ဆြာခ ရဲ့ ဇာတ်ကောင်တွေမှာ ပြရမှာပေါ့ဗျာ. ..သည်အဆင့်က ကျနော် အဆင့်မမီလို့ မရှင်းပြတတ်တာ

ခွင့်လွှတ်ကြပါဗျား။ မြင်သာအောင်ပြရရင်တော့ ရွာထဲက ဘုန်းဘုန်းဆန်နီနေမင်း ကိုပဲပြရမယ်ထင်ရဲ့။ ကိုယ်တိုင်

self-actualize လုပ်ရင်းနဲ့ မြင့်မြတ်တဲ့ esteem အရ ရွာထဲလာသတင်းသုံးရင်း ရွာသူားတွေကို ဆုံးမပဲ့ပြင်ပေးနေတာပေါ့။

 

ကိုသစ်ရဲ့ ပိုစ့်ထဲက ဒီ(၃)နဲ့ ပြန်ချိန်ညှိရင်

 

၁။အသက်ရှင်သန်နေနိုင်မှု (Sustenance)

၂။ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု (Self-esteem)

၃။သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude)

 

၁။အသက်ရှင်သန်နေနိုင်မှု (Sustenance) ဟာ

Physiological Needs + Safety Needs လို့ မြင်မိပါတယ်..

 

၂။ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု (Self-esteem) ကတော့

နံပါတ် (၄)မှာပါတဲ့ Esteem ရဲ့ တစိတ်တပိုင်းပဲပေါ့…

 

၃။သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude) ကတော့

Safety Needs + Love and Belonging Needs + Esteem ရောထားတဲ့အရော လို့

မြင်မိတယ်ဗျာ…

 

အဲ့သည့် ၃ချက် မပိုင်တော့ ကိုသစ်ဆက်ဆွေးနွေးထားတဲ့ ဆန္ဒာဂတိ ၊ ဒေါသာဂတိ ၊ မောဟာဂတ ၊ ဘယာဂတိ

တွေဖြစ်လာတယ် လို့ တွေးမိပါတယ်ခင်ဗျား …. ခေတ်ရဲ့ စနစ်ရဲ့ ဟာကွက် ယိုကွက် တွေက တန်ဖိုး ဆိုတာလေးတွေ

ပျောက်ရှ စေကုန်တယ်ပေါ့ဗျာ ကျနော် တစ်ဦးထဲရဲ့ အမြင် ကိုပြောပါဆိုရင်တော့ Physiological Needs ဟာ

လူတစ်ဦးချင်းစီရဲ့ ပင်ကိုယ် အရည်အသွေး အလျောက် ပြည့်စုံမှာ ဖြစ်လို့ …ပြဿနာဟာ ဒုတိယအဆင့်ဖြစ်တဲ့

Safety Needs မှာ ရှိနေပါတယ်လို့ ပြောချင်ပါတယ်။

 

Safety/Security needs မှာ

  • Personal security
  • Financial security
  • Health and well-being
  • Safety net against accidents/illness and their adverse impacts

ဒါတွေ လိုပါတယ်…

 

40 comments

  • inz@ghi

    December 13, 2011 at 1:41 pm

    ၁။ စာရေးဟန်ကို အတည်ပေါက် ခိုးချတာက တပြစ်
    ၂။ အသိမပေးပါဘဲ ကပ်တီးမူးလဲ ရေးတာက တပြစ်
    ၃။ စူပရာနိုကို ကီးကြောင်ကြီးဖြင့် ဝင်ဟဲ တာက တပြစ်

    ကစ်သို လိုက်ရိုက်မှာ ကြောက်သဖြင့် ..ဘယ်မှ မသွားဘဲ
    ဖျားသည်ဟု သတင်းလွှင့်ကာ အိမ်ထဲ ပုန်းနေပါတော့သည်…
    (ဂယ်လည်း ဖျားနေပါတယ် …)

    • htoosan

      December 13, 2011 at 4:33 pm

      ရွာသူတို့ရေ ၊ ဂီဂီနေမကောင်းတာ ဆေးတိုက်ကြပါဦး .. ပုံ ကြည့်ကြပါဦး .. အတော်ပိန်သွားရှာတာ..
      နောက်ကို မစတော့ပါဘူးတဲ့.. ရွာသူတွေ တိုက်မှ ဆေးသောက်မှာတဲ့ .. ဟုတ်လားဂီဂီ 😀

      • မှော်ဆရာသိန်း

        January 15, 2012 at 11:40 am

        ဟုတ်ပါ့ တော်တော်ဖျားနေတာ
        အဖျားကြီးလို့ ဆံပင်တောင် မရှိတော့ဘူး …
        သူ့ပုံလေးကြည့်ပါ့လား … သနားစရာဗျာ …

    • Diamond Key

      January 16, 2012 at 9:31 am

      ဖျားနေတယ်ဆိုရင် အမြန်ပျောက်အောင် “စိုင်” အသဲလေးစားလိုက်၊ ချက်ချင်းပျောက်ကာ ငေါက်ကနဲ့ထ ထိုင်နိုင်မယ်။ :mrgreen:

      • inz@ghi

        January 16, 2012 at 10:08 am

        လွန်ခဲ့တဲ့ ၁လက ပိုစ့် ကို သဂျီး ပြန်တင်လို့ ထိပ်တက်ကပ်နေတာပါခင်ည …
        နေပြန်ကောင်းတွားတာလည်း ကြာပါပီခည…
        စိုင်အသည်း ကို မလိုင်ခဲလို သဘောထားပီးလည်း မလွေးရက်ပါဝူးခည…
        ချက်စားဖူးတဲ့ ဆြာတွေသာ ဆေးစွမ်းထက်ပုံကို သိသည် ဟု ယူဆပါသည် ခည…

        😀
        ပုံ
        အသည်းမမာတဲ့
        ဂီ

  • windtalker

    December 13, 2011 at 2:07 pm

    Self-Actualization ခေါင်းစဉ်အောက်က “ သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude) ” နဲ ့
    “ ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု (Self-esteem) ” ဆို တဲ့ နှစ်ချက်အကြောင်း ရှင်းပြတာ ကြိုက်တယ်ဗျာ

  • pooch

    December 13, 2011 at 4:18 pm

    ၃။သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude) ဆိုတာလေးကို အကျယ်ရှင်းပြပေးပါလား ။ သူ့ ကို ခေါင်းစဉ်တင်ပြီးတော့လေ ။( အဆင်ပြေရင် အချိန်လေးများ အားရင် ပြောပါတယ်)

    ဟိုတခါ ကိုသစ်မင်း ရေးကထဲက မေးချင်နေတာ ဘယ်သူပဲ ပြောပြပြောပြ သိရဖို့ က အဓိကပါပဲ ..
    ကျေးဇူးပါ။

    • inz@ghi

      December 13, 2011 at 4:24 pm

      အဂတိတရား-၄ပါး ကလွတ်မြောက်မှုလို့ ကျနော် ကတော့ ယူဆပါသည်
      ကိုသစ် ရေ ဖြေပါဦး..

      • ကြောင်လတ်

        December 14, 2011 at 7:38 am

        ရဲရဲတောက် ဒို့ မြန်မာတွေ။
        အပေါ်မှာအနီ သုံးခုတွေ့တယ်
        ရေးထားတဲ့အကြောင်းအရာက၊ ဘာကြောင့်နီသလဲဆိုတာ ဘယ်လိုမှ စဉ်းစားမရဘူး။

        • inz@ghi

          December 14, 2011 at 8:04 am

          ရွာထဲမှာ ကျုပ်ကို ကြိတ်ခိုက်နေတဲ့ အပုံးလေးတွေက
          ပိုစ့်မြင်တာနဲ့ ဒါ့ပုံကြည့်ရမယ် မှတ်ပီး အားပါးတရ
          ပြေးလာကြတာ …ဒါ့ပုံမတွေ့ဘဲ စာတွေ အပြွတ်လိုက်
          တွေ့တော့ အညှိုးနဲ့ ကျုပ်ကို ဝိုင်းအနီကတ် ပြကြတာ …ဗျ

          ဟားဟား …နောက်တာပါ ကိုကြောင်လတ်ရာ ….
          ကျုပ်များ အတည်ရေးပြီဆို …ကိုယ့်ဆြာသမား တွေကွန်းမန့်လောက်ပဲ..
          ပေါက်ကရများ ရေးကြည့် ..တပျော်တပါး ဝိုင်းမန့်ကြတာ …
          စိုင်ကလေးတွေများ တင်ကြည့် တရွာလုံး ကိုလာရောက်
          အားပေးကြတာများ…..ဟီး …..
          ဟာသ ပဲ ရေးလော့မယ် ..ကျန်းမာခြင်းသည် လာဘ်တပါးတဲ့..
          အဟွတ် အဟွတ်…

    • thit min

      December 13, 2011 at 4:51 pm

      a condition in which one lacks liberty especially to determine one’s course of action or way of life လို့
      servitude ကို ဖွင့်ဆိုတာမို့ တစုံတယောက်ဟာ ကိုယ့်ဘဝရဲ့လမ်းကြောင်းကို လွတ်လပ်စွာ မဆုံးဖြတ်နိုင်သောအခြေ
      အနေများ အားလုံးအကျုံးဝင်ပါတယ်။
      ကိုယ် ဘဝကိုယ် မပိုင်တာပါ။အမိန့်အာဏာနဲ့ ထိန်းချုပ်ခံထားရတာမျိုးပါ။ ငွေနဲ့ လည်းနိုင်တာပေါ့။
      e.g. အတင်းအဓမ္မပြုခံရသော လယ်မြေများသိမ်းခံရခြင်းမှစလို့Internally Displaced Person များအပါအဝင်၊ ပေါ်တာဆွဲတာတွေ တွေ၊ လွတ်လပ်စွာ လူသားဆိုင်ရာအခွင့်အရေးများရရှိမှု
      ရှိမနေရင်ကို အဲဒီ servitude လို့ပြောပါတယ်။
      Slavery ကလာတာပါ။ ကျွန်ပြုခံရခြင်းပေါ့ဗျာ၊ ကျွန်လောက်မဆိုးပေမဲ့ စိတ်ပိုင်းဆိုင်ရာမလွတ်လပ်ပါဘူး။ကိုယ့်လောဘနဲ့ကိုယ်ပိတ်မိနေရင်လည်း ပြောလို့ရမရတော့မသိဘူးခင်ဗျ။
      ကျနော် သိတာတော့ စက်ကင်းပါဆဲန် အနေနဲ့ ပေါ့နော်။
      ပြုသူရှိမယ် “ခံရသူ” ရှိမယ်။
      လွတ်မြောက်ဘို့လိုပါတယ်။
      ဒါမှ အသိညဏ်တွေကွန့်မြူးမှာ၊ တီထင်မှုတွေလုပ်နိုင်မှာ၊ ပိုကြိုးစားနိုင်၊တိုးတက်နိုင်မှာပေါ့ဗျာ။
      ~~~~~~~~~~~~~~~~~~~~~~~~~
      အဂတိ တရားလေးပါးမရှိရင်တော့ ” Equality, Justic, Fair ” ဖြစ်မယ်။အဲဒါ Servitude ပပျောက်မယ်။အဲဒီလိုဖြစ်နိုင်ပါတယ်ညီရေ့။

  • thit min

    December 13, 2011 at 4:33 pm

    ရိုက်တာတွေ၊ ရှိုးတာတွေ၊ ပွတ်တာတွေ ဟိုးအဝေးကြီးမှာကျန်ခဲ့ပါပြီကွ။
    ဖတ်လို့ ကောင်းပါတယ်ညီရ။
    ဘာလို့ တဝက်တပျက်ကြီး ဖြတ်လိုက်ရတာလည်းကွာ။
    မင်း ကိုယ့်ကိုတော့ ညာလို့မရဘူးနော်။ မပြီးသေးဘူးဘဲ။ ဆက်ရေးအုန်း။
    Security တွေကို Prevention, Protection, Relief တွေနဲ့ ချိတ်ရေးလိုက်ရင် ဒီသီအိုရီမျိုးတွေက
    Ghost Movie ကားလို ဖတ်သူ မြင်သူ မျက်ရေ ငေါက်တောက်ပန်းသွားမယ်။ ချပလိုက်။ ချွေးထွက်သွားအောင်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    သူများတွေ ဖျားဘို့အချိန်တွေ ဘာတွေရတယ်တဲ့၊ နာ့ကျတော့ ဖျားဘို့တောင် အားကိုမအားဘူး။(^^)

  • ဆူး

    December 13, 2011 at 5:10 pm

    ဂိဂိ ချာတူးလန် ရဲ့ နာမည်ကြီး ဆန်ပြုတ် သောက်ချင်လို့ အကြောင်းရှာပြီး နေမကောင်းပါဘူး သတင်းလွင့်နေတာ ဖြစ်မယ်။ သိပ်တော့ မရိုးသားဘူး။

    ၁။အသက်ရှင်သန်နေနိုင်မှု (Sustenance)
    မိန်းကလေးတိုင်း ကိုယ့်ကိုကိုယ် ကာကွယ်ပိုင်ခွင့် ရှိတယ်။ ရှိကို ရှိရမယ်။

    ၂။ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု (Self-esteem)
    ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကိုယ်မှန်တယ် ထင်တာကို လုပ်ကို လုပ်သင့်တယ်။ မှားတယ် ထင်ရင်လည်း နောက်ဆုတ်ရဲရမယ်။

    ၃။သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude)
    သူများ အူကြောင်ကြောင်နဲ့ ပြောတဲ့ စကားတွေကို လေယူတိုင်း လိုက်ယိမ်းနေမယ် ဆိုရင်.. အသုံးချခံရသလို ဖြစ်မနေဘူးလား။

    ထို့ကြောင့် ထို့ကြောင့်.. ပြတ်ပြတ်သားသား လုပ်သင့်တာကို တခါတည်း ပြတ်ပြတ်သားသား လုပ်ကို လုပ်ရမှာဖြစ်ပါတယ်။
    ကိုယ့် အခွင့် အရေး အတွက် ကိုယ့်ဟာကို ကာကွယ်ခြင်းဖြစ်ပါသည်။
    အပြင်လောကမှာ တူက တူက ဆိုပြီး ငိုငိုပြီး တိုင်လိုက်လို့ ဓါးနဲ့ လိုက်ခုပ်ပေးမဲ့ လူရှိရင်တောင် မလိုအပ်ပဲ မတိုင်ပါဘူး… ကိုယ်တိုင် ရှင်းနိုင်တာ ကိုယ်ဟာကို ရှင်းတယ်။ ဓါးနဲ့ လိုက်ခုတ်ပေးမဲ့သူကို နောက်ဆုံးနည်း အနေနဲ့ထားပါတယ်။

    စကားကို စကားနဲ့ စစ်ထိုးခြင်းသည် သံတမန် နည်းဖြစ်သည် ဟု ယူဆပါသည်။

    • inz@ghi

      December 13, 2011 at 6:39 pm

      ထင်တော့ထင်သား ..
      အိပ်မက်ဆိုးတွေ ဒါ့ကြောင့် မက်နေတာကိုး …
      😀

      အောက်ဆုံးအကြောင်းလေးက နားလည်ဝူးဖစ်နေတယ် …..

      ဆန်ပြုတ်သောက်ပါဝူးဗျာ …
      ချာတူးလန်ဆီ မန့်ထားတာလေး ကူးတင်လိုက်မယ်နော
      ဆန်ပြုတ် သောက်ဖို့ မလို
      မာဟာဗျူဟာမြောက်ဖို့
      နည်းဗျူဟာ ကျွမ်းကျင်ဖို့
      နည်းစနစ်ကျနဖို့
      လူကဲခတ်ပညာတပ်ဖို့
      ဆိုက်ကော်လော်ဂျီ ကျွမ်းကျင်ဖို့
      အထှာ နပ်ဖို့
      အလိုက် သိဖို့
      သာလိုသည်

      ပုံဂီဂီ

  • pooch

    December 13, 2011 at 5:11 pm

    ကိုသစ်မင်းရော မစ္စတာ ဂျီးနီးယက်စ်ရော ကျေးဇူးတင်ပါတယ်နော် …
    စိတ်ထဲ မတင်မကျဖြစ်နေလို့ပါ ။
    အခုတော့ သဘောပေါက်သွားပါပြီ ။

    ရွာထဲမှာ နေရတာ အတော် ကံကောင်းတာပါလားနော် ။
    ကိုသစ်မင်း ပြောတဲ့ အလှူမဏ္ဍပ်ကြီးလိုပဲ ကိုယ်လိုချင်တာ အသင့်ယူစားယုံပဲ ။

    ဟိုဘက်မှာလည်း သူများ အားကျပြီး Panorama ဆိုပြီး အတည်ပေါက်နဲ့ ကင်မရာ ၂ လုံး အပ်ခဲ့သေးတယ်။
    အလှူရှင်များ အားလုံး အဖျားအနာကင်းပြီး စိတ်၏ ချမ်းသာခြင်း ကို်ယ်ကျန်းမာခြင်းများနဲ့ ပြည့်စုံကာ
    စိတ်သွားတိုင်း ကိုယ်ပါလို့ စိုင်လေးများလည်း စိတ်တိုင်းကျ ပစ်နိုင်ကြပါစေရှင်။

  • naywoonni

    December 13, 2011 at 6:47 pm

    အဆင့် မရှိ တစ်လုံးချိုင့်ဖြစ်နေပါ၍ တိတ်တိတ်လေး ပြန်ထွက်သွားပါသည်…။
    ပုံ —xxxxx
    ငနီ

    • inz@ghi

      December 13, 2011 at 7:02 pm

      တိုက်ဆိုင်လိုက်တာများ ….သူ့ကိုယ်မန့်နေတုန်း ကိုယ့် သူမန့်နေပါလား ဟရို့ …..

      အဘနီရယ် …
      ဂေဇက်ထဲ စာရေးစာဖတ် လုပ်နေပီ ဆိုမှတော့ …Esteem ရောက်နေပြီလေဗျာ …
      ဒုတိယအဆင့် တတိယအဆင့် အတိုင်းအတာ တခုထိ မပြေလည်ဘဲ …
      သည်အဆင့် ထိ တက်ပြီး တပြားမှမရဘဲ
      လောကပါလ အလုပ်ဆိုပါတော့ ..
      ပြည်တွင်းသတင်းတွေ share ပေးတဲ့အလုပ် မလုပ်နိုင်ပါ ဘူးဗျာ..

  • blackchaw

    December 13, 2011 at 7:52 pm

    လေးလေးစားစား ဝင်ဖတ်သွားပါတယ်။
    သေချာဖတ်ပြီးမှ နောက်တစ်ခေါက်ပြန် မန့်ပါမယ်ဗျာ။

    • inz@ghi

      December 13, 2011 at 7:56 pm

      နောက်ပြန်ဘီ ….ဘဘဘလက်ကတော့ …..
      😀

      အားပေးတာ ကျေးကျေး…

  • Shwe Ei

    December 14, 2011 at 11:32 am

    ဂီဂီ့ သဘောက ကျမတို့ ရွာသူရွာသားတွေ အနေနဲ့ လက်ရှိအခြေနေကနေ နောက်တဆင့်တက်ချင်ရင် ဝိပဿနာဘက်လိုက်ရမယ်လို့ ဆိုလိုတာပေါ့နော်။ 😉 ကျမကတော့ ကိုယ့်ကိုယ်ကို ဒုတိယအဆင့်ကနေမတက်နိုင်သေးဘူးလို့ ထင်နေတုန်းဘဲ။

    • inz@ghi

      December 14, 2011 at 12:03 pm

      အားလုံးပဲ ဒုတိယအဆင့် တတိယအဆင့် တွေကို အတိုင်းအတာတခုထိ
      ပြည့်စုံကြလို့ စတုတ္ထအဆင့် ရောက်နေကြ စာရေးနေနိုင်ကြတာပါဗျာ…
      ဒုတိယအဆင့်က မတက်နိုင်သေးတာ မဟုတ်ပါဘူး..

      ဒုတိယအဆင့် က လှည့်ကြည့်စရာ မလိုလောက်တော့အောင်
      စဉ်းစားစရာ မလိုတော့လောက်အောင် perfect ပြည့်စုံ ပြီးတော့သာ
      မနေတာပါ ဒါကြောင့် အလုပ်လုပ်ရတုန်း ပိုက်ပိုက်ရှာရ စုရ
      ရင်းနှီးမြှုပ်နှံရတုန်း မဟုတ်လား..

      သည်တော့ အားတဲ့အချိန်လေး လောက်ပဲ …ကိုယ်ပိုင်အချိန်လေးထဲက
      လောက်ပဲ ဖဲ့ဖဲ့ပြီး esteem ကို တက်လှမ်းရတယ်ပေါ့..

      သံဃာတော်တွေနဲ့ အအောက်ဆင့်တွေ လုံးဝ လှည့်ကြည့်စရာ မလိုတော့အောင်
      ပြည့်စုံတဲ့လူ ကျတော့ အဆင့် ၄မှာနေမလား ထိပ်ဆုံး တက်မလားပေါ့။

      self-actualization ကို ဝိပဿနာ တခုတည်းလို့တော့ မဖွဲ့ဆိုချင်ဘူးဗျာ..
      တခြား ဘာသာအယူအဆ တွေလည်း ရှိသေးရဲ့ မဟုတ်လား ခည .
      သည်က အချို့ ပင်စင်စားကြီးတွေ bonsai စိုက်ရင်း ဘဝအဓိပ္ပါယ်ရှာဖွေကြတယ်ဗျ

      နှူးဘာလူမျိုး ဂီဂီကတော့ အောက်၃ဆင့် ခိုင်ရင် ..စိုင်လေးတွေပဲ လျောက်
      ပစ်ခတ်နေတော့မယ်ဗျာ(self-actualization) ပီးရင် နှူးဘာလူမျိုးတွေအတွက် အခမဲ့
      ရှဲပေးမယ်..(esteem)

  • kai

    January 15, 2012 at 6:56 am

    ဒီပို့စ်ကို ရွာသူအရီးလတ် မန့်တာနဲ့တွဲပြီး.. ပြန်ဖတ်စေချင်တဲ့အတွက်..
    http://myanmargazette.net/93373/business-economy

    ပြန်တင်ပါတယ်..။ ဖြစ်နိုင်ရင် အရီးလတ်ကိုယ်တိုင်.. ကော်ပီပြန်တင်ပေးပါဦး..။

    ကျန်တာတွေ..
    ဆွေးနွေးရေးကြစေလိုပါတယ်နော…။ အင်မတန်အရေးကြီးတယ်ထင်လို့ပါ…။
    တကယ်တော့..
    ကမ္ဘာ့နိုင်ငံတွေတော်တော်များများရဲ့.. ပဋိပက္ခ မတည်ငြိမ်မှုတွေဟာ.. basic wants and needs ကိုမသိ..နားမလည်..မပြည့်စုံလို့ဖြစ်တာပါ…။
    ယူအက်စ်မှာတော့.. အလယ်တန်းလောက်ဆို.. နားလည်ကျွမ်းကျင်နေပြီလေ..။

    • inz@ghi

      January 15, 2012 at 8:23 pm

      ကျန်တာ ဆွေးနွေးရလျင်တော့ ….

      အကြင်သူ သည် မိမိ၏ တစုံတရာသော NEEDS LEVEL တခု ပြည့်ဝစေခြင်းငှာ…
      (ဝါ)
      ပြည့်စုံ စေခြင်းငှာ
      (ဝါ)
      အခြား ..တပါးသော သူထက် သာလွန်စေခြင်းငှာ ….

      အဂတိတရား များကို မချိုးမဖောက် မပျက်မယွင်းစေဘဲ …
      တရားမျှတသော… မှန်ကန်ဖြောင့်မတ်သော …ရိုးသားဖြူစင်သော…
      လူပီသသော … နောင်တချိန် နောင်တရစရာမရှိသော …မိမိကိုယ်ကိုယ် သံသယ ကင်းစင်သော…
      ပြုမူ လုပ်ကိုင် ဆောင်ရွက် ခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ခြင်းဟူ၍…မိမိကိုယ်ကိုသာ
      ကောင်းအောင်ကျိုး ၍ ကောင်းကျိုးကိုယ်၌ တည်စေခြင်းဖြင့်ဟု ဖြေချင်ပါသည်ဗျ.. …..

      ဟုတ် ……အားလုံးကိုယ်စီ တာဝန်ရှိကြပါသည်ခင်ဗျား…..

      ခင်တဲ့
      ဂီ

  • Khin Latt

    January 15, 2012 at 7:23 am

    ဟိုး အရင်က ဒီလို ကိစ္စမျိုးဆို သိသိကြီး နဲ့ ဘာမှ မပြောနိုင် တဲ့ ဘဝ ကနေ မြန်မာသိ ရုံမက ကမ္ဘာမှာပါ သိလို့ ရအောင် သယ်ဆောင်နိုင်စွမ်းရှိလာတဲ့ အင်တာနက် မီဒီယာ ကို ပထမဆုံး ကျေးဇူးတင်ရပါမယ်။

    ဒုတိယ ကတော့ ကျွန်မတို့ ပြောချင်တာလေး တွေ၊ ရင်ဖွင့်ချင်တာလေး တွေ ကို တစ်ခြား သူများ နဲ့ မျှဝေလို့ ရအောင်၊ တနည်း Free Post လုပ်လို့ရအောင် ဆောင်ရွက်ပေးထား တဲ့ ဂေဇက် သူကြီးနဲ့ သူ့ကို ပါရမီဖြည့် ကာ အားပေးနေတဲ့ သူကြီးကတော် တို့ ကို ကျေးဇူး တင်ပါတယ်။

    တတိယ ကတော့ ဒီလို ကိုယ်တွေ့ အကြောင်းလေး ကနေ တစ်ဆင့် ကျွန်မတို့နိုင်ငံမှာ ပြင်ရန် လိုနေတဲ့ “အများကြီး များ” ကို ထောက်ပြ ပေးတဲ့ ကိုလင်းဝေ(မြွေ) ကိုလဲ အထူးကျေးဇူး တင်ပါတယ်။

    ဒီနေ့ ခေတ်အခါ မှာ 2 in 1, 4 in 1, All in One စသဖြင့် အတော် ရေပန်းစားပါတယ်။
    ဒါကြောင့် ကျွန်မ လဲ ခေတ်မှီရလေအောင် သူကြီး မှ မရွေ့ အောင် ကပ်ထား ပေးသော ကိုလင်းဝေ ရဲ့ Post ကို အမှီပြုပြီး အရင်ထဲ က မန့်ချင် ပေမဲ့ မမန့် ရသေးသော၊ မန့်မယ် ဟု တေးထားသော ထိုထိုသော Post များမှ အတွေး အကြွေး များ နှင့်ပါတွဲ ၍ မန့်ပါရစေ။

    ပထမဆုံး ကျွန်မ Recall လုပ်ချင်တဲ့ Post က ကျွန်မရဲ့ တူတော်လေး ဂီဂီ (အခုတော့ – စိန်ဂီဂီ) ရဲ့ Post ပါ။ သူရေး ခဲ့တဲ့ “အဆင့်များ က ပြောတဲ့ လိုအပ်ချက်များ -၁” ကို ဖတ်အပြီး မူးယစ်ရီနေတဲ့ ကြားထဲ က သူ့ Post ထဲ က ကာလာစုံ တြိဂံ ရဲ့ ပုံ က စိတ်ထဲမှာ ကျန်ခဲ့ပါတယ်။
    http://myanmargazette.net/84671/business-economy
    အဝါရောင်လိုင်း အောက်ခြေ အဆင့် Physiological Needs ကနေပြီး တစ်ဆင့်ကဲ လို့ ပိုမြင့်တဲ့ တစ်ခြား အဆင့် တွေ ကျွန်မတို့ နိုင်ငံက လူအများ ဘာကြောင့် ဆက်ပြီး မတက် နိုင်ရသလဲ ဆိုတာ ကို အကျယ်ချဲ့ ဆွေးနွေး ချင်စိတ်တွေ ပေါ်ခဲ့ပါတယ်။ အခုဆွေးနွေးမှာ ကျွန်မ ရဲ့ Personal အတွေ့အကြုံ နဲ့ အတွေးအခေါ် အများစု ဖြစ်မှာကြောင့် မှားနိုင်ပါ တယ်။ ဒါကြောင့် လွဲနေတယ်လို့ ထင်ရင် ဝင်ပြီး ဖြည့်စွက် ဆွေးနွေးတာကို အထူး ကြိုဆို ပါတယ်။

    ဒုတိယ က တော့ ကိုပေါက် ရဲ့ “ဖျပ်ကနဲ့ရန်ကုန် အပိုင်းသုုံး(ဝမ်းတစ်ထွာအရေး)
    ဝမ်းရေး ထဲ က ဓာတ်ပုံတွေ ထဲ က စာကလေး တွေ ကို လှောင်ချိုင့်ထဲ ရောင်းနေတဲ့ လူပုံရိပ် တွေပါ။
    http://myanmargazette.net/92369/travel/local-guides
    တွေးလိုက်ရင် တော့ သူတို့ဟာ ထမင်းတစ် လုပ် စားရဖို့ ကိုယ့်ကို ဘာမှ မတုန့်ပြန် နိုင်တဲ့ ငှက် ကလေးတွေ ကို မတရားချုပ်နှောင် ထား ထားတာပါ။ တစ်ခြားတစ်ဖက်ကတော့ ထမင်းစားရဖို့၊ အသက်ရှင်ရပ်တည်ဖို့ အတွက် သူတို့ ဒါဘဲ လုပ်တတ် လို့ပါ။ ဒီတော့ကာ ပညာမတတ်၊ ပိုက်ဆံမရှိ လို့ ထမင်းစားရဖို့ ကိုတောင် အနိုင်နိုင် ရုန်းကန်နေရတဲ့ သူတို့ လို အခြေခံ လူတန်းစား တွေ မှာ “စာနာစိတ်၊ ကိုယ်ချင်းစာစိတ်၊ မေတ္တာစိတ် ထား တတ်ရမယ်” ဆိုတာက နောက်ကို ရောက် (ဒါမှ မဟုတ်) အောက်ခြေ basic needs မပြည့်တာကြောင့် တြိဂံ ရဲ့ အပေါ် အဆင့်တွေကို ဆက်မတက် နိုင်တာပါ။
    ဆရာသစ် ဆွေးနွေးချက် စကား မှ အသက်ရှင်သန်နေနိုင်မှု (Sustenance) ဆိုတာဟာ ာ Physiological Needs (အနိမ့် ဆုံး အဆင့်) ဘဲ ထားဦး။ အသက်ရှင်သန်နေနိုင်မှု အတွက် တစ်နေ့ စားဖို့လဲရှိ နေစရာလဲရှိ စသည်တို့ အပါအဝင် အဲဒီ အဝါရောင် လိုင်းမှာ လိုအပ်တာတွေ ပြည့် ပြီဆိုပါစို့။ ဒါဆိုရင်ဖြင့် ကျွန်မတို့ အားလုံး ဟာ အနဲဆုံး တစ်ဆင့်မြင့် Safety Needs ကို တက်လှမ်း ရန်မသင့်ပါလား။

    သို့သော် … သို့သော် ရရင်တော့ ကျွန်မ အပါအဝင် လူအများစု ကတော့ ဖြင့် စာကလေး ရောင်း ပြီး ဝမ်းစာရှာနေ တဲ့ လူများ နဲ့ အပြိုင် ရဲ့ တြိဂံ အောက်ခြေ မှာဘဲ နေရာယူ နေဆဲ …… Safety Needs ကို စိတ်ကျေနပ်နိုင်ဖို့ အခြေ အနေမှ ဝေးဆဲ ……. ပါ။
    ဒါကို မငြင်းနိုင်ရင်တော့ ဘာကြောင့်လဲ ဆိုတာကို အဖြေထုတ် ကြည့် ကြ ဖို့ စိတ်ဝင်စား သင့် တယ် မဟုတ်ပါလား။

    အဖြေရှာဖို့ လွယ်အောင် ၂ မျိုးတော့ ခွဲနိုင်ပါသေး တယ်။

    (၁) Physiological Needs ကို ကျော်လာ ၍ Safety Needs အဆင့် ကို ရောက် သော် လည်း အဲဒီအဆင့်မှာ မှာ စိတ်ပျော်ရွှင်ကျေနပ်မှု မရ၍ ရှေ့အဆင့်မတက်နိုင်သူများ

    ဒီမှာ ကျွန်မ အဓိကထား ပြောချင်တဲ့ Safety Needs အခြေခံ ၂ချက် ကတော့ – ကိုယ့်ကို ဘေးအန္တရာယ်မှ (ရန်သူမျိုး ၅ပါး လို့ဆိုနိုင်မလား) ကာကွယ်ပေး နိုင်တဲ့ အခြေအနေကို လိုအပ်ခြင်း နဲ့
    တရားဥပဒေ စိုးမိုး တဲ့ အခြေအနေကို လိုအပ်ခြင်း ဖြစ်ပါတယ်။
    ဒီလိုအပ်မှု ကို ကျွန်မတို့ နိုင်ငံ မှာ ယနေ့လက်တွေ့ ခံစားနေကြရတာပါ။
    ကိုယ့်ရှေ့မှာ မဟုတ်တာပြောနေ၊ မဟုတ်တာလုပ်နေလဲ မတရားခံနေရတဲ့ သူဘက်ကနေ မားမား မတ်မတ် ရပ်မပေးရဲကြဘူး မဟုတ်လား။ တကယ်လို့ မှန်တာကို ပြောလိုက်၊ လုပ်လိုက် မိလို့ ကိုယ့်မှာ ဘေးကျရောက်မယ် ဆိုရင် တော်ရုံ ဘယ်သူ လုပ်ရဲပါတော့ မလဲ။
    ကျွန်မ ဒီလို ပြောနေတာဟာလဲ တကယ်တော့ ပုဆိုးခြုံထဲက လက်သီးပြနေတာပါ။ ကျွန်မ ဘယ်သူ၊ ဘယ်ဝါ ဆိုတာ အတိအကျ မသိနိုင်ဘူး ထင်လို့ဒီကနေ ရမ်းတီး နေရဲ တာပါ။ မဟုတ်လို့ ကတော့ အမြီးလေး ကုပ်ပြီးနေတဲ့ အထဲမှာ ရှေ့က ပါပါတယ်။ ဒီတော့ အမှန်တရား အတွက် မတရားခံနေရတဲ့ သူတွေ ၊ အခွင့်မရလို့ ဆင်းရဲတွင်းနက်နေသူ အတွက် ကိုယ်ချင်း စာစိတ် ဆိုတာ စိတ်ထဲမှာဘဲ ရှိပြီး လက်တွေ့ မလုပ်ရဲ တာနဲ့ ကိုယ်ချင်းစာနာစိတ် ဆိုတာပါဝင်တဲ့ Love and Belongingness Needs ဆိုတဲ့ တတိယ အဆင့်ကို ဘယ်လို ဆက်တက်နိုင်ပါ တော့ မလဲ။
    ဒီတော့ ဒီလို လူတွေအတွက် ဒီအဆင့်ကို ကျော်ဖို့ အဓိက ကတော့ ကောင်းမွန် မှန်ကန်တဲ့၊ ကျောသား ရင်သား မခွဲတဲ့ တရားဥပဒေ စိုးမိုး တဲ့ အခြေအနေကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။
    ဒီနေရာမှာ ကိုကျော်သူ၊ မရွှေဇီးကွက် နဲ့ မဖြူဖြူသင်း တို့ ကိုအင်မတန် အားကျ လေးစား ချီးကျူး ပါတယ်။ နိမ့်ကျ အားငယ် နေသူ တွေအတွက် ကိုယ့် အန္တရာယ် ကို မမှုဘဲ ကိုယ်ချင်းစာနာစိတ် ကို လက်တွေ့လုပ်ပြနိုင် လို့ သူတို့ က Safety Needs ဆိုတဲ့ အဆင့်ကို ကျော်နိုင်ပြီး ဖြစ်နေပါတယ်။

    (၂) Physiological Needs ပြည့်ဝ သော်လည်း Safety Needs အဆင့်ကို မရောက်ဘဲ တြိဂံ အောက်ခြေ မှာတင် တစ်နေ တဲ့သူ များ

    ဒါကတော့ အခြေခံအဆင့် မှာတင် လိုတာထက်ပိုပြီး လောဘကြီးနေ သူများ ဖြစ်ပါတယ်။ ငွေ ကို ပိုရသည်ထက် ပိုရနိုင်ဖို့၊ အစားတွေ ကို အဆီယစ် နင့် နေအောင် စားဖို့၊ အိမ်တွေ ကို တစ်လုံးပြီး တစ်လုံး ပိုင်ဖို့၊ မိန်းမ တွေ တစ်ယောက်ပြီးတစ်ယောက် ယူဖို့၊ နာမည်ကြီးသထက် ကြီးဖို့ ၊ အခွင့်အရေးတွေ ပိုပို ရဖို့ ၊ ငါ့အတွက် သာ ဆိုတာ ကလွဲလို့ တစ်ခြား ဘာကိုမှ စိတ်မဝင်စား ပါ။ ဒီတော့ သူတို့ ရဲ့ လောဘတွေ အတွက် ကာကွယ်ဖို့ ကြိုးစားရင်း အဲဒီ အောက်ခြေမှာဘဲ နစ်နေပါတော့ တယ်။
    တစ်ချို့က ရှေ့အဆင့် ကိုတက်ဖို့ Idea ကို လုံးဝမရှိအောင် ပညာ ဉာဏ်အလင်း ကင်းပါတယ်။ တစ်ချို့ကတော့ Idea ရှိနိုင်ပါတယ်။ ဒါပေမဲ့ လောဘကို မသပ်နိုင်တာ ကြောင့် ရှေ့တက်ဖို့ မကြိုးစားတော့ပါဘူး။
    တကယ်တော့ လောဘနဲ့နေနေတဲ့ သူတွေ၊ ကိုယ့်အတွက်သာ ကြည့်နေတတ် သူ တွေဟာ ပျော်ရွှင်ခြင်းအစစ် ကို မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လောဘ ဆိုတာ ဘယ် လောက်ဖြည့်ဖြည့် မပြည့်တဲ့အရာမို့ပါဘဲ။ ဒီမှာတင် ဥစ္စာချမ်းသာတာ ကနေ ဆင်းရဲသွား မှာ၊ ပါဝါကျမှာ တွေကို ကြောက်လာပြီး ဘာမဆိုလုပ်မယ် တွေဖြစ်ကုန်ကြရတော့တာပါ။ အရှက်တရား ဆိုတာကို လုံးဝ လစ်လျုရှူ ထားတဲ့သဘောပါဘဲ။
    တနည်း အားဖြင့် ဒါဟာ အကြောက်တရား နဲ့ လူတွေ ပါးစပ်ပိတ် နေတာ ကို အခွင့်ကောင်းယူ ကြတာပါ။ သူတို့ရဲ့ လုပ်ရပ် တွေဟာ ရှက်စရာ ဆိုတာ ဝေဖန်မဲ့သူ ကင်းနေတာကြောင့် လဲ ဖြစ်ဖို့များပါတယ်။
    ဒီတော့ကာ ကျွန်မတို့ စကားတွေပိုပြောခွင့် ရလာရင်၊ ပိုပြီး ဝေဖန်နိုင်ရင် “ဘာကိုလုပ်ရင် ဘယ်လို အပြောခံရမယ်” ဆိုတဲ့ သတိထားစိတ် တွေ ဝင်လာနိုင်ပါတယ်။ ဒီတော့ မဟုတ်တဲ့ အခွင့်အရေး တွေ ယူဖို့၊ မမှန်တာ လုပ်ဖို့ ဆိုတာ နဲနဲ တော့ ရှိန်သွား ပါ့မယ်။
    နောက်တနည်း ကတော့ ကောင်းတာကို လုပ်ပြနေတဲ့၊ အမှန်တရား ကို ရပ်တည်ပြရဲ့တဲ့၊ မတရားမှုကို ကာကွယ် ပေးတတ်တဲ့ Role Model များများ လိုအပ် နေတဲ့ အချိန်ပါဘဲ။ အဲဒီ အားကတော့ ပိုပြီး လဲ ထိရောက် မယ်ထင် ပါတယ်။
    ဒီတော့ ကိုလင်းဝေ ရေ ကျွန်မတို့ အားပေးနေပါတယ်။ ဒါမျိုး (အမှန်သတင်း) များများ ထွက်လို့ ကျွန်မတို့ များများ ဝေဖန်နိုင်ရင်တော့ မမှန်တာ၊ မဟုတ်တာ၊ မတရားတာ လုပ်ဖို့ ကြိုးစား သူတွေ ပျောက်လာ ကောင်းပါရဲ့။
    ဒါပေမဲ့ ကျွန်မတို့ အတွက် protection from harm နဲ့ law and order တော့လိုတာမို့ သက်ဆိုင်သူ ဆိုင်ရာ ပိုင်ရာမှ သူတော်ကောင်းကြီးများ ကျွန်မ တို့ ဆင်းရဲသားပြည်သူလူထု ကို ဝိုင်းကူညီ ကြပါ၊ ကျွန်မ တို့ အတွက် Role Model ကောင်းများ လုပ်ပေး ကြပါလို့ အလေးအနက်ထား ပန်ကြားလိုပါတယ်။ ဒီတော့ နီးစပ်ရာမှာ တစ်နိုင်တစ်ပိုင် ကိုယ်တိုင် Role Model လုပ်ပြရင်း နဲ့ ကိုယ်ကိုယ်တိုင်လဲ တြိဂံ ရဲ့ အပေါ်ကို ရောက် မှန်းမသိ ရောက်သွားရ အောင်ပေါ့။

    ပြောချင်တာတွေ အများကြီးပေမဲ့ ရပ်လိုက်ပါဦးမယ်။ 😉

    လေးစားစွာဖြင့်

    PS – တူတော်လေး စိန်ဂီဂီ – အရီး အကြွေးကျေပြီနော်။

    သူကြီးရေ သင်းခရုပါ။ 🙂

    • inz@ghi

      January 15, 2012 at 8:04 pm

      အရီးတော်က ကိုယ့်ဘာကိုယ် အကြွေးမှတ်လိုက်ပြီး ပြန်ဆပ်တော့လည်း တနင့်တပိုး ..
      သာသာထိုးထိုးကြီးကို ဆပ်တော့သကိုးဗျာ …..
      အရီးတော်ကောင်းမှုကြောင့် သဂျီး စတစ်ကီ ချီးမြှင့်တာခံရတဲ့အတွက် …
      ကျေးကျေးပါလို့ ..ထပ်လောင်းပြောချင်ပါတယ်ခင်ဗျား ….

      စကားမစပ် အီလဲဗင်းက ဆြာတယောက်လည်း သည်အကြောင်း …ရေးထားသေးတယ်ခည..
      သူကတော့ တခြား ပွိုင့်အော့ဖ်ဗျူးကပေါ့ဗျာ ….သည် မာ့စ်လော ကိုပဲ အခြေပြုပြီးတော့ပေါ့ …

      ပြောချင် ရှဲချင်တာလေးတွေ …. ပြခွင့် ဆွေးနွေးခွင့်ရသည့်အတွက် …
      အားလုံးကို အလွန်ကျေးဇူးတင်ပါသည်ဗျ။

      ခင်တဲ့
      စိန်ဇာဂီ

  • pooch

    January 15, 2012 at 8:47 am

    အရီးလတ်ရေ ဖတ်ပြီး မှတ်သွားသလို နားလည်မှုတွေ ရော အသိတွေရော အတွေးတွေရော အများကြီး ရလိုက်ပါတယ်

    အရီးလတ်တယောက် ရွာထဲရောက်လာတာကို အလွန်ဝမ်းမြောက်ဝမ်းသာလည်း ဖြစ်မိပါတယ်

  • စိန်ပေါက်ပေါက်

    January 15, 2012 at 10:39 am

    ဒုတိယပိုင်း အစီအစဉ် ဆက်လက်မျှော်နေပါလယ်ချင့်
    အနီလေးဘာလေး ပေးကြပါဦးချင့်

  • မှော်ဆရာသိန်း

    January 15, 2012 at 11:47 am

    ကိုယ့်ကိုကိုယ် ဘယ်အဆင့်ထဲမှာပါသလဲဆိုတာ စမ်းစစ်ဖို့နဲ့
    နောက်တစ်ဆင့်တက်လှမ်းဖို့လဲ လုပ်ရဦးမယ်ဗျာ ….

  • ကြောင်ကြီး

    January 15, 2012 at 1:29 pm

    ကြောင်ကြီးရဲ့တပည့် (ကြာပါပြီ အတိတ်ဘဝ တခုတုန်းကပါ) Maslowရဲ့ ပိရမစ်ကို စီမံခန့်ခွဲမှုဘာသာရပ် သင်ကြားဖူးသူတိုင်း ရင်းနှီးနေမှာပါ။ လူတွေရဲ့ လိုအပ်ချက်ကို အဆင့်ဆင့် ခွဲပြထားတာ ငြင်းတဲ့သူ မယ်မယ်ရရ မကြားမိသေးဘူး၊ ဒါပေမဲ့ စိန်ခေါ်သူ ပေါ်လာပြီ။ ပရော်ဖက်ဆာဦးကြောင် ဖြစ်ပါတယ်…..။
    သူ့သီအိုရီအရ လူဆိုတာ တဆင့်ပြီးသွားတာနဲ့ နောက်တဆင့်တက်တယ်၊ ရပ်မနေဘူး။ ဗိုက်ဝတော့ ဟိုဥစ္စာဖြစ်တယ်။ ဆွေးနွေးချင်တာ လက်တွေ့မှာ တခုပြီးမှ တခု ဟုတ်ရဲ့လား။ တဆင့်မပြီးသေးဘဲနဲ့ နောက်တဆင့် နှစ်ဆင့် ရောယှက်သွားတာကြတော့ရော.. ပထမအဆင့် စားဝတ်နေရေး မပြည့်စုံသေးဘဲနဲ့ ဒုတိယအဆင့် လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်၊ တတိယအဆင့် စိတ်ခံစားမှုကိလေသာအာရုံများရော မဖြစ်နိုင်ဘူးလား။ သီအိုရီအရ မဖြစ်နိုင်ဆိုတာကို ဇွတ်တိုးရင် အကျိုးနဲ့အပြစ် ဘယ်ဟာပိုများသလဲ..။ အဆင့်တဆင့်ကို ဖြည့်တဲ့အခါ ဘယ်အတိုင်းအတာသည် အစွန်းထွက်တန်ဖိုး marginal value အမြင့်ဆုံးဖြစ်မလဲ။
    ပညာရေးစနစ်ကို မြင်ကြည့်ဗျာ။ စာကြေမှ နောက်တတန်း တက်ရမယ်ဆိုရင် အတော်များများ အဆင့်နိမ့်ပညာရေးနဲ့ ကျောင်းထွက်ရကုန်မယ်။ သတ်မှတ်ချက် အဆင့်ကို လျော့ပေါ့ပေးလိုက်တော့ အရည်အချင်းကနေ အရည်အတွက်ဘက် အားသာသွားပေမဲ့ လူအများစုအတွက် ရှေ့ဆက်လှမ်းဖို့ လမ်းပွင့်သွားတယ်။ အရည်အတွက်ဖက်က ကြည့်ရင်လည်း အရင်ကလို တင်းတင်းကျပ်ကျပ် စီစစ်ရွေးချယ်ခြင်းထက် လူတော်ပိုများလာတယ်။ အဆိုးဖက်ကြည့်ပြန်တော့လည်း စွမ်းဆောင်ရည် မပြည့်သူများ နေရာရကုန်လို့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တယ်။ အစီစဉ်တကျ လည်ပတ်နေတဲ့ ယန္တရား ရှုပ်ထွေးမှုများ ဖြစ်ရတယ်။
    ပြန်ချုပ်ရင် မတ်စ်လောရဲ့ သီအိုရီ – တဆင့်ပြီးမှ တဆင့်လှမ်းတယ်ဆိုတာ ယနေ့ခေတ် အမြင်အရ အားနည်းချက်ရှိတယ်။ ဗိုက်မဝလည်း လုံခြုံမှု၊ နွေးထွေးမှု၊ ခံစားမှု၊ လွတ်မြောက်မှုများကို လှမ်းမျှော်ကြည့်ခွင့် ရှိတယ်။ နို့မို့ရင် ကျုပ်တို့လို အောက်ခြေလူအများစုအတွက် ထွက်ပေါက်မရှိနိုင်တော့ဘူး။ နည်းပညာခေတ်ကြီးမှာ ခြားထားတဲ့ လူမှု၊ စီးပွား၊ နိုင်ငံရေး အကာအရံတွေ ပျက်ဆီးကုန်ပြီဆိုပေမဲ့ မမြင်ရတဲ့ အနီအောက်ရောင်ခြည် တံတိုင်းတွေ ကာထားဆဲပဲ။ ဒါကြောင့်မို့ အဆင့်သတ်မှတ်ချက်သည် သီအိုရီအရ ငြင်းစရာမရှိပေမဲ့ အကောင်အထည်ဖော်ရာမှာတော့ ပြောင်းလဲချက်များ ရှိနေပြီဖြစ်ပါတယ်။။။။
    ဒေါက်တတောက်တောက်..ဒါက်တတောက်တောက်..ဒေါက်တတောက်တောက်..ဒေါက်တာ..
    ပရော်ဖက်ဆာဦးကြောင်ကြီး

    • inz@ghi

      January 15, 2012 at 8:12 pm

      ဟုတ်တယ် ဦးကြောင်ရေ ….
      သည်လို အဆင့်ကျော်တာ ခုန်တာ …(မကျေညက်ဘဲ ကျော်တာနဲ့ …skip လို့ရလို့ skip တာ ၂မျိုးပေါ့ဗျာ..)
      ရှိတယ်ဗျ …. နေရာတိုင်းတော့ မာ့လော..ဟာ အီတာနယ်လ် ထရုသ် မဟုတ်ဘူး ….
      ဒါတွေကို ပုံပမာပြ ဆွေးနွေးဖို့ဆိုရင်တော့ …ကျနော်လည်း ဉာဏ်မမီဝူးခည…

      သည်တော့ …..
      အဲ့ဒါတွေအတွက် က အရီးတော်လတ် လို ပညာရှင်မျိုးက waterfall model ကို IT ဘက်အမြင်နဲ့မဟုတ်ဘဲ …
      public sense နားလည်မယ့်ပုံစံမျိုးနဲ့ introduce လုပ်ပြပေး ဆွေးနွေးပေးနိုင်ရင် သိပ် ကောင်းမှာပဲဗျာ….

      အဲ့သည့်ကတဆင့် project management ကို tasks, responsibility, authority, teamwork စတာတွေနဲ့
      မာ့လော ….ဒါမှမဟုတ် …တခြား မော်ဒယ်လ် တခုခုနဲ့ တိုက်ပြီး scenario run ပြရင် ….ရှယ်ဗျ…
      ရှယ်မှ ဇွန်း၂ချောင်းတပ်ရမယ့် ရှယ် ….

      အရီးတော် ရေ ….
      ရေးပေးမယ် မလား ဟင်င်င်…..
      (အရှေ့ကျွန်း သိုင်းထိပ်သီး ဆြာ သစ်ကိုလည်း …ရေစေချင့် …..)

      ခင်တဲ့
      ဂီ….

      • MaMa

        January 15, 2012 at 8:52 pm

        စ ဖတ်ကတည်းကိုက
        ကိုယ့်ကိုကိုယ် ဘယ်အဆင့်ထဲ ပါမလဲလို့ ရင်တထိတ်ထိတ်နဲ့ ဖတ်လာရတာ
        စိန်ဇာဂီက စတုတ္ထဆင့်ထဲပါတယ်ပြောတော့ နည်းနည်းတောင် မြောက်ကြွကြွဖြစ်သွားတယ်။ 🙂

  • ကောင်းမြတ်သူ

    January 15, 2012 at 1:54 pm

    post ရော၊ comments တွေပါ ကြောက်စရာကောင်းလောက်အောင် စိတ်ထား ကောင်းလွန်းတာမို့ အားလုံးPrint လိုက်ပြီ

  • padonmar

    January 15, 2012 at 11:15 pm

    ဂီဂီရေးတာလည်းကောင်း
    မလတ် မန့်တာလည်း ကောင်း
    ဦးကြောင်မန့်တာလည်းကောင်း ဟုသာပြောတတ်ပါသည်။

    မလတ်ရဲ့တိုက်တွန်းချက်လေး သဘောကျပါသည်။
    “နီးစပ်ရာမှာ တစ်နိုင်တစ်ပိုင် ကိုယ်တိုင် Role Model လုပ်ပြရင်း နဲ့ ကိုယ်ကိုယ်တိုင်လဲ တြိဂံ ရဲ့ အပေါ်ကို ရောက် မှန်းမသိ ရောက်သွားရ အောင်ပေါ့။ ”

    နောက်ပြီး
    ဒီပိရမစ်ကြီးကိုကြည့်ပြီး (သူတို့လူမျိုးတွေ ပိရမစ်တော်တော် ကြိုက်ကြတယ်ထင်ပါရဲ့၊ကျန်းမာရေး အတွက် လိုအပ်ချက်များကိုလည်း အဲဒီလို ပိရမစ်နဲ့ ပြတာတွေ့ဖူးလို့ပါ)
    အောက်ဆုံးအဆင့်ဆိုပေမယ့် ဒီ Physiological Needs တွေ မခိုင်ရင် လူတစ်ဦးချင်းတွက်သာမက
    တိုင်းပြည်လည်း Safety level ကို မရောက်နိုင်ပါလားလို့ တွေးမိပါရဲ့။
    မှန်ကန်ကောင်းမွန်တဲ့ လေ၊ရေ အစာနဲ့ အိမ်သာတွေမှ မရရင် ပျော်ရွှင်တဲ့ မိသားစုဘဝတွေနဲ့ ကျန်းမာရေး ကို မစောင့်ရှောက်နိုင်တော့ဘူးပေါ့နော်။
    အပေါ်တက်ဖို့တော့ဝေးရောပေါ့၊
    ကိုယ်လိုရာဆွဲတွေးမိတာပါ။ခွင့်လွှတ်ပါ။

  • Khin Latt

    January 16, 2012 at 5:57 am

    ကိုကြောင်ကြီး ဆွေးနွေးချင်တဲ့
    ~~~ လက်တွေ့မှာ တခုပြီးမှ တခု ဟုတ်ရဲ့လား။ ဗိုက်မဝလည်း လုံခြုံမှု၊ နွေးထွေးမှု၊ ခံစားမှု၊ လွတ်မြောက်မှုများကို လှမ်းမျှော်ကြည့်ခွင့် ရှိတယ်။ ~~~

    မှန်သမှ သိတ်ကိုမှန်ပါတယ်။ ထမင်းချမ်းခဲ လေးကို ဝေမျှစားနေရတဲ့ သူတွေထဲမှာလဲ ကိုယ်ချင်းစာစိတ်၊ လူတွေကို ချစ်ခင် ညှာတာစိတ်တွေ ရှိကြပါတယ်။

    Maslow’s Hierarchy of Needs Theory နဲ့ ပါတ်သက်ပြီး Management ကျောင်းတွေ မှာ Debate တွေလုပ်လေ့ ရှိတယ် လို့ ကြားဘူးပါတယ်။
    တကယ်တော့ အနောက်နိုင်ငံတွေ မှာ သူကြီး ပြောသလို ဘဲ ခလေး တန်း တွေမှာကထဲ က အကြောင်းအရာ အတွေးအခေါ် တွေကို သင်ပါတယ်။ ပြီးတော့ ဒီအတိုင်း အသေမှန် တယ် လို့ မမှတ်စေချင်လို့ ဘဲလား၊ ရှုဒေါင့် ပေါင်းစုံ ကကြည့်တတ်အောင် လို့ဘဲလား ခလေး တွေကို Debate လုပ်ခိုင်း လေ့ရှိပါတယ်။
    ဒါကြောင့် ဆရာပြောသလို ဘဲ တွေးတတ် ပြီး အသေမှတ် စာကျက်လေ့ရှိတဲ့ ကျွန်မတို့ မြန်မာ ကျောင်းသားလေး တွေ ပြည်ပတက္ကသိုလ် တွေရောက်ရင် တစ်ခြား အတန်းသား တွေလို အဲဒီလိုတွေ စဉ်းစား နိုင်ဖို့ အတော်လေး ရုန်းကန်ရတာပါ။
    Maslow’s Theory ဟာ လက်တွေ့တိုင်းတာ မှုပေါ် က ရလာတဲ့ အချက် တွေ ကို အခြေခံပြီး ပြောတာ မဟုတ်ဘူး။ သီအိုရီ သက်သက်ဘဲ လို့ ဆိုပြီး Maslow’s Theory ကို ဆန့်ကျင်ထားတဲ့ “Who Am I” ဆိုတဲ့ စာအုပ်ရှိပါတယ်။ Dr. Reiss ဆိုတဲ့ ဆိုက်ကို ပါမောက္ခ က လူတွေရဲ့ အမူအကျင့် တွေကို စစ်တမ်းကောက်ပြီး Research လုပ်ရေး ထားတာပါ။
    အဲဒီစာအုပ် မှာ ပြောတာက “လူတွေ ဟာ သူများနဲ့ မတူတဲ့ သူတို့ ရဲ့ ကိုယ်ပိုင် စိတ်ဆန္ဒ ကိုယ်စီ ရှိတယ်။ ဒါကြောင့် လူ တွေကို Basic အချက် တွေနဲ့ ပိတ်ပြီး အဆင့် မသတ်မှတ် သင့်ဘူး။ လူတွေ ဟာ I am who I am ကိုဘဲ ပျော်ကြတယ်” လို့ ဆိုပါတယ်။
    ဥပမာ တစ်ခု ကတော့ အရမ်းအလုပ်လုပ် တဲ့ လူတစ်ယောက်ကို “သူ့မှာတော့ ပင်ပန်းကြီး စွာ အလုပ်လုပ်နေရတယ်။ အလုပ်ကို လျှော့လုပ် ရင် သူ့မှာ ပျော်ရွှင်မှု ပိုရမယ် ” ဆိုပြီး ဝေဖန် နိုင်တယ်။ အမှန်တော့ သူ က အဲဒီလို အရမ်း အလုပ် လုပ် နေလို့ ရလာတဲ့ နေရာ၊ ပါဝါ အတွက် စိတ်ဆန္ဒ ပြင်းပြ နေလို့ဘဲ။ အဲဒါကို ပျော်ရွှင် နေလို့ဘဲ။ တစ်ခြား အေးအေး သက်သာ နေချင်သူ ဆို ရင်လဲ သူ့ ဆန္ဒ က တစ်မျိုးကွဲ ပါမယ်။ မတူနိုင်ပါ။ ဒါဆို အဲဒီ သီအိုရီ က ဟုတ်သလိုလို ရှိပြန်ပေါ့။

    (သူကြီး လေသံနဲ့ ပြောရရင် – )
    ဆိုတော့ကာ –
    အဲဒါရော တကယ်မှန် တယ်ထင်လား။ အဲဒီမှာလဲ ကိုယ့်ဘဝကိုယ် မကျေနပ် ဘဲ သူများဘဝ ကို အားကျ နေသူတွေ အတွက် ဆိုရင် ဘယ်လို မှန်နိုင်ပါ ဦးမလဲ။
    ဆန့်ကျင်တွေးကြည့်ပါလား။
    လောကကြီး မှာ သီအိုရီဖြစ်ဖြစ်၊ Research ဘဲဖြစ်ဖြစ်၊ အဆိုအမိန့် ဘဲဖြစ်ဖြစ် မျက်မမြင်ပုဏ္ဏားများ ဆင်စမ်း သလို ထင်ရာတွေး၊ ထင်ရာပြော နိုင်တာချည်းပါဘဲ။

    လွန်ခဲ့တဲ့ နိုဝင်ဘာလထဲ မှာ – “အလင်းထက်မြန်သော အရာမရှိ” ဆိုတဲ့ အိုင်းစတိုင်း သီအိုရီကို တစ်သက်လုံး သုံးလာရာကနေ “အလင်းထက်မြန်တာ ရှာတွေ့ပြီ” ဆိုပြီး ဖြစ်ပါရောလား။
    ဒါပေမဲ့ ဗုဒ္ဓ ရဲ့ “ဘာမှမမြဲ” ဆိုတဲ့ တရားကို တော့ ဘယ်သူ၊ ဘယ်သီအိုရီမှ ဒီနေ့ ထိ ငြင်းနိုင်စွမ်း မရှိသေးပါ။
    ဒီတော့ “မတူသော အရာတွေ ရှိတယ် ဆိုတာ လက်ခံပြီး အဲဒီ မတူတာတွေ ကို ရလာဒ် ကောင်း တစ်ခု ရဖို့ အတွက် ညှိနှိုင်း ကြိုးစားနိုင်ခြင်း” ဖြင့်သာ လောကကြီးကို လှနေစေ နိုင်ပါကြောင်း။”
    (ဒါကတော့ ဆြာသစ် လေသံပါ)

    တူတော်လေးစိန်ဂီဂီ –
    ပညာရှင် လို့ သုံးတော့ ကိုယ်ဘာတုန်း ဆိုတာ သိသမို့ ပြုံးမိသကွဲ့။
    နောက်တော့ လဲ ပညာနဲ့ လုပ်စားရင် ပညာရှင်ဘဲ လို့ယူပြီး လက်ခံပါတယ်။
    ရွာထဲမှာကို ဆေးပညာရှင်၊ စက်မှုပညာရှင်၊ စီးပွါးရေးပညာရှင်၊ ရေကြောင်းပညာရှင်၊ လေကြောင်းပညာရှင်၊ စာပေပညာရှင်၊ အနုပညာရှင်၊ ကွန်ပျူတာပညာရှင်၊ လက်မှုပညာရှင် အများကြီးဘဲကိုး။
    တကဲ့ပြဿနာကတော့ – တူတော် လေး စိန်ဂီဂီ ရဲ့ အချွန်နဲ့ မတဲ့ ပွဲမှာ “သိတယ်” လို့ ဆိုပြန်လဲ ကိုယ့်ကိုယ်ဖော် မသူတော် ဖြစ်၊ “မသိဘူး” ဆိုပြန်ရင်လည်း မသိဘဲ နဲ့ ဘာတွေ ဝင်လာပြီး ရွှီး နေလဲ ဖြစ်။
    ဆုပ်လဲဆူး၊ စားလဲရူး မဲ့ အဖြစ် ရောက်နေရော့ သလား။
    တကယ်တော့ ကျောင်းစာတွေဟာ ကျောင်းမှာဘဲ ကျန်နေပြီး ဒါတွေကို Google နေတာ ဘယ်သူမှမသိ။
    သို့သော် သင်ကြားပေးခဲ့ သော ဆရာသမားများ ဂုဏ်ကိုလဲ မထိခိုက်စေချင်။
    ဒီတော့ ဆြာသစ် ရေ – စီမီနာ အသစ်တစ်ခု ကို အမြန်ခေါ်ပါတော့ လို့ ဘဲ။ 😉
    မောင်နှစ်မ ချင်း ရိုင်းပင်းနော်။

    Pooch ရေ – ဒီအသက်အရွယ် ရောက်မှတော့ ဟန်ကိုယ့်ဖို့ ရွှီးနိုင်အောင် လေ့ကျင့်ပြီး ဖြစ်နေပြီလေ။ တကယ်တော့ အရီးမှာ မသိတာတွေ အများကြီးဆိုတာ ကိုယ့်ကိုယ်ကို သိလို့ အားလုံးဆီက ပညာတွေ ယူနေရဆဲပါ။ ဒါပေမဲ့ ပညာ အသစ်တွေ တိုးတာက များ၊ အသက်လေး ထောက်လာတော့ ကိုယ်ယူနိုင် အားက နဲလာတာမို့ ကိုယ့်ကိုယ်ကို အား မရဘူး။ Pooch တို့လို တော်တဲ့၊ ကြိုးစား နေတဲ့ လူငယ်လေးတွေ တွေ့ရတာ အား ရှိလှပါတယ်။

    မမ ရေ – စပယ်ရာကို ကားပေါ်မှာ ပညာပေး တဲ့ ဇာတ်လမ်းလေးကို မှတ်မိတယ်။
    အဲဒီတုန်းက ရွာသူ မဖြစ်လို့ မမန့်လိုက်တာ။ လက်ခုပ်လက်ဝါးတီး ကို အားပေးခဲ့တာ။
    ဘာလို့လဲ ဆိုတော့ မြန်မာပြည်မှာ တုန်းက ကိုယ်လဲ စပယ်ရာ တွေနဲ့ ရန်ဖြစ်ဘူးလို့။
    တကယ်တော့ သူတို့ က ငုံ့ခံ သူတွေများလို့ လုပ်နေတာရယ်၊ အသိချို့တဲ့တာရယ်၊ ကိုယ်ချင်းစာစိတ် ဆိုတာကို မသိနားမလည်တာတွေ ရယ်ကြောင့်ပါ။
    ဒီလို လူမျိုးတွေကို တော့ ဘယ်လို အသိပညာ ပေးသင့်သလဲ ဝိုင်းစဉ်းစား ကြည့်ရအောင်။
    ပထမဆုံး က တော့ အခြေခံ စားဝတ်နေရေး ပြေလည်ဖို့ပေါ့။
    ဒါပေမဲ့ အခြေခံ စားဝတ်နေရေး ပြေလည် ရင်တောင် Service ကောင်း ပေးရမယ် ဆိုတဲ့ Attitude ရဖို့က အသိပညာမျှနိုင်ဖို့ ပေါ့။
    မမ ရဲ့ Post တွေ မှာ ရေးထားချက်တွေ အရဆိုရင် အဆင့် ၄ထက်တောင် မြင့်မှာပါ။ သူများကို ကူညီနေတာတွေ မနည်းဘူးဘဲကိုး။
    အခုရေးထားတဲ့ Dr. Reiss ရဲ့ I am who I am ဆိုတဲ့ အတွေးအခေါ်ကိုလဲ မမကြိုက်မှာ သေချာတယ်။

    အစ်မ ပဒုမ္မာရေ – တွန်းအားပေးလို့ ကျေးဇူးပါ။
    ကျောင်းတုန်းက စာတွေ ပြန်နွေးနေရတာ။ အရင်ကတော့ ဒီလို ချဲ့မတွေးနိုင်ခဲ့ဘူး။
    အခုတော့ လက်တွေ့ဘဝ ထဲမှာကြာလာတော့ နဲနဲ Apply လုပ်နိုင်သွားတာထင်ပါရဲ့။
    တကယ်တော့ ကိုယ့်မသိတဲ့ အကြောင်းတွေနဲ့ ယှဉ်ရင် သိတာက မြေမှုံတောင် မရှိပါဘူး။
    သိတယ် ဆိုတဲ့ Field ထဲမှာတောင် မသိခြင်းတွေက အများကြီးဘဲ။
    ကျန်းမာရေး အတွက် လိုအပ်ချက်များကိုလည်း အဲဒီလို ပိရမစ်နဲ့ ပြတာတွေ ကို ဆေးပညာ ရှုဒေါင့် ကနေ အကျယ်ချဲ့ ဆွေးနွေး ပေးပါဦး အစ်မရေ။
    အစ်မ ထောက်ပြလိုက်တဲ့ နဲနဲလေးကတောင် အတော်မှန်တာပါ။
    ကျွန်မတို့ အတွက် ဗဟုသုတ တိုးရအောင်ပါ။

    သူကြီးရေ – ရေးချင်လွန်း၊ ပြောချင်လွန်းလို့ကို ရွာထဲကို ဝင်လာတာပါ။ ဒီလို ပြောနိုင်အောင် ဖန်တီးပေးလို့ တကယ်ကို ကျေးဇူးအကြီးကြီး တင်ပါတယ်။ 🙂
    ရေးချင်တာတွေ အတွက် အချိန် ကို ချောက်လိုက် ချော့လိုက် နဲ့ ရေးရတာမို့ အမှားတွေများ ပါရင်၊ လွဲနေတာတွေ တွေ့ရင်၊ စည်းမျဉ်းကို ဖောက်ဖျက်ကျူးလွန်မိရင် ထောက်ပြပေးပါရန် လဲ ပန်ကြားပါတယ်။

    • thit min

      January 16, 2012 at 7:15 am

      မခင်လတ်ကော်မန့်နဲ့ကျနော့ကော်မန့်တချိန်တည်းတက်သွားပုံပါဘဲ။
      ကျနော်လည်း အဆင့်မဟုတ်ဘူး။လွဲနေတယ်လို့ ထောက်ပြပေးထားပါတယ်။
      ဒီထက်ပိုပြောရရင်ခေတ်နဲ့လဲ အံမဝင်တော့ပါဘူး။
      အဲဒီသီအိုရီက ရောထွေးတင်ပြထားတာမို့ ခုနောက်ပိုင်း သီအိုရီတွေရှင်းတဲ့နေရာမှာ
      သူ့ကို အခြေခံသဘောဒီလိုရှိခဲ့တယ် ဆိုပြီးဘဲ သုံးကြပါတော့တယ်။
      တိုက်ရိုက်သုံးတာနဲ့ ခုလိုတွေဖြစ်ကုန်တတ်ပါတယ်။
      ပြောရရင်
      လက်ရှိအနေအထားတွေကို ကာဗာမဖြစ်တော့တာပါဘဲ။
      Value တွေချိန်းကုန်လို့ပေါ့ဗျာ။
      ကဲ မခင်လတ်ရေ
      ကျနော် ဆီမီနာ -၃ ကို ဒီလမကုန်ခင် နောက်ဆုံးရေးပါမယ်။
      ပြီးရင် တော့ မခင်လတ်တို့ ညီလေးတို့ ဦးပါလေရာတို့ ကိုလင်းဝေတို့ကိုဘလက်တို့ဆက်လက်
      ဦးဆောင်ပေးအုန်း။
      အလှဲ့ကျတာဝန်ပေါ့ဗျာ။
      လေးစားလျှက်

      • inz@ghi

        January 16, 2012 at 7:51 am

        ဟုတ်ကဲ့ ဆြာသစ်ရေ…..

        အဆင့် ဆိုတာကြီး ကို ဆက်ဆွဲမှတ်မယ် ဆိုရင်… (တခုမပြည့်ဘဲ တခုကိုကျော်တက်ဖို့ရယ်မှာ…)
        overriding forces တွေကို ရှာနိုင်မှ ဖြစ်မယ်လို့ ယူဆပါကြောင်း…
        သည်တြိဂံ ကြီးကို လည်း အသေစွဲမှတ်နေဖို့ရာ အကြောင်းမရှိ ပေမယ့် …overriding forces ကို
        စိတ်ဝင်စားလို့ တူးဆွမိတော့ …

        ကျနော့် ပါဆင်နယ်လ် အမြင်နဲ့ဆို မိုက်ကယ်ပေါ်တာပြောသွားတဲ့ PESTL (ယခု PESTLE)
        ကိုပဲ ပြေးပြေးမြင်မိတယ်ဗျာ…။အကျင့် စရိုက်တွေကို shape လုပ်သွားနိုင်တဲ့ …environments တွေပေါ့ ..
        Johnson & Scholes ပြောတဲ့ Value Chain နဲ့ စကာတိုက်ချပစ်လိုက်ရင်တော့ …ဘာတွေဟာ သွားလို့
        ဘယ်တွေ လိုသွားတယ် ဆိုတာ တွေ့နိုင်မလားပဲဗျာ….။

        သည်တော့ ပိရမစ်ထက်စာရင် ..Manfred Max-Neef ရဲ့ အဆို (အဆင့်များ က ပြောတဲ့ လိုအပ်ချက်များ -၂ )နဲ့ ပိုကိုက်မလားမဆိုနိုင် ….
        သည်၂ခုကို ရောသမမွှေ ပြီးရင် PESTLE ထည့် …တခြား ဘယ်တိုင်းပြည်နဲ့မှ မတူတဲ့အချက် …(ဗမာပြည် ဗဲလျူး စံနှုန်းတွေ-
        ဘာသာရေး ၊ ယဉ်ကျေးမှု ၊ လူမှုရေး .. )စတဲ့ နေရာတွေ(Socio-Cultural ပိုင်းတွေမှာ) customized လုပ်လိုက်ရင် အုန်းကျုန်းမော်ဒယ်တခု
        ထွက်လာမလား လို့ပါဗျာ …။
        (ထွက်ရင် သဂျီးကို ရောင်းစားမယ်….:P)

        မူးနောက်သွားလို့ တော်သေးပီ…
        အရီးတော် နဲ့ ဆြာသစ်ရေ့ ..

        နောက် ဆင်မီနာ ကျရင်
        အားဖြည့်မယ်နော…

  • thit min

    January 16, 2012 at 7:03 am

    အဲဒီ တြိဂံကို နိုင်ငံတကာရေးရာ လူမှုရေးဗော်လံတီယာတွေ အသုံးများကြပါတယ်။
    (ကွန်ဖရင့်အတွေ့အကြုံအရ)။
    ကိုယ့်ရဲ့ အမြင်ကိုပွင့်လင်းစွာပြောရရင်(ညီရေ- နောက်တမျိုးစဉ်းစားလို့ရအောင်နော်)

    (၁)သူပြောလိုတာ အဆင့်ခွဲချဉ်းကပ်မှုသဘောတခုတည်းမဆောင်ပါဘူး။ပေါင်းစီးမှုပါပါတယ်။
    စပါးကနေ ဆန်ကိုထုတ်လုပ်မှုဆိုရင် အစက လဲ ရုပ်ပစ္စည်း အဆုံးကလဲ ရုပ်ပစ္စည်း ဖြစ်ပါတယ်။
    အဆင့်လိုက် အခွံကျွတ်တာကစလို့ ဖွေးဖွေးဖြူတဲ့အထိပေါ့နော်။အဲဒါမျိုးကအဆင့်ပေါ့။

    (၂)ဒီမှာက ရုပ်ပိုင်းဆိုင်ရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာတွေ ရောထွေးမှုဆိုတော့ အဆင့်တိုင်း
    (အဆင့်လို ပြောချင်ရင်ပေါ့နော်) မှာ ၂မျိုး ၃မျိုး ရောလို့ကို ရကိုရနေပါတယ်။

    တြိဂံထဲက တပိုင်းခြင်းကို အကျဉ်းချုပ် ဆွဲထုတ်ပြရရင်

    (က) စားဝတ်နေရေး

    (ခ) ကိုယ်နှင့်ကိုယ့်မိသားစု (the family)ကျန်းမာရေး၊အလုပ်အကိုင်ရရှိမှု ကိုယ်ကျင့်တရားကောင်းမွန်မှု
    အစရှိသဖြင့် ဘဝ လုံခြုံရေး

    (ဂ) မိတ်ဆွေ၊အခြားသူများ၏မိသားစု( family)၊ရင်းနှီးကျွမ်းဝင်ချစ်ခင်မှု

    (ဃ)ကိုယ့်ကိုကိုယ်တန်ဘိုးထားနေထိုင်နိုင်သောဘဝ၊ကိုယ့်ကိုကိုယ်ယုံကြည်မှူ၊အပြန်အလှန်လေးစားမှူ၊

    (င)လူ့ကျင့်ဝတ်ကိုယ်ကျင့်တရားကောင်းမွန်မှု၊ တီထွင်ဆန်းသစ်နိုင်ခြင်း၊
    ဗော်လံတီယာ (ကိုယ်ကျိုးမပါအများအကျိုးဆောင်စိတ်ဓာတ်)၊

    ဆိုတာတွေ ကြည့်လိုက်ရင် တဆင့်ချင်းသွားတဲ့ အဆင့်လို့ကျနော် လက်မခံချင်တော့ပါဘူး။
    —-စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေဟာ ရုပ်ပိုင်းဆိုင်ရာစားဝတ်နေရေး ကို ကြိုးစားလုပ်ဆောင်
    နေစဉ်မှာလဲ ရှိသင့်တယ်၊ရှိနိုင်တယ် မဟုတ်ပါလား။

    —-ဒီနေရာ (က) ကနေ (ခ) အကူး စားဝတ်နေရေးကိုလုံးပမ်းရလို့ကျန်းမာရေးလစ်ဟင်းမယ်ဆိုတာအထ
    ိတော့အဆင့်လို့ဆိုနိုင်ပါတယ်။ နောက်ပိုင်းကတော့အဆင့်ရယ်လို့မဆိုနိုင်တော့ပါဘူး။

    —-(ဂ)ရဲ့ အနေအထားကိုကြည့်ပါ။ တနေ့လုပ်မှ ထမင်းတနပ်ဘဲ စားရလဲ ကိုယ့်ဘဝတူ ချင်း ချစ်ခင်ရင်းနှီး
    လို့ရပါတယ်။ဘဝ တူချင်းလဲ ခင်မင်ကြမှာပါ။ ထမင်းမစားနိုင်လောက်အောင်ဆင်းရဲလို့မခေါ်မပြောချင်ဘူး
    လို့ ဆိုတဲ့ သဘောဆောင်နေတာကိုတွေ့ရလို့ ခေတ်ဟောင်းအရင်းရှင်စနစ်ရဲ့ အရိပ်အငွေ့တွေ တွေ့နေရ
    ပါတယ်။ ခုခေတ်မှာတော့ငွေရှင်ဟာသူ့ရဲ့အလုပ်သမားလေးလေးစားစားဆက်ဆံရတဲ့နေရာတွေများစွာရှိနေပါပြီ။
    ခေတ်ရဲ့ကွာဟမှု (1) လို့မှတ်ထားပေးပါနော်။

    —–(ဃ) လူ့တန်ဖိုးဟာ စာရိတ္တပါ၊ကိုယ်ကျင့်တရားပါ၊မိသားစုကိုတွယ်တာတတ်မှုဆိုတာ ငွေထက်ပိုတယ်မဟုတ်
    ပါလား။ အဲဒါ လူသားတန်ဖိုးပါ။ ရုပ်ပစ္စည်းပိုင်ဆိုင်မှုနဲ့ မပါတ်သက်ပါဘူး။ စားဝတ်နေရေးမပြည့်စုံလဲ အမေ့ပါးကို
    နမ်းနိုင်ပါတယ်။ အမေ့ကိုခြေဆုပ်လက်နယ်ပြုနိုင်ပါတယ်။ မိသားစုတန်ဖိုးကိုရယူလို့ရပါမယ်။

    —–(င) အဲဒီအဆင့်မှာလည်း (ခ)တုန်းက ကိုယ်ကျင့်တရားကိုပြန်ပေးထားပါတယ်။မတူတာက ဒီ(င)ဟာအများအပေါ်
    ထားရမဲ့ ကျင့်ဝတ်(သူတပါးကိုစိတ်အနှေါင့်အယှက် မဖြစ်စေတာမျိုးလို အသေးစိတ်)ပါ။
    ပြီးတော့တီထွင်ဆန်းသစ်မှုဆိုတာကတော့ ကိုယ်ဝါသနာကို ကိုယ်လုပ်နိုင်တာမျိုးလို့ ဆိုလိုတာပါ။သူ့ကျတော့အဆင့်
    လို့ခေါ်နိုင်ပါတယ်။

    နောက်တခုကတော့ ဗော်လံတီယာစိတ်ဓာတ်ပိုင်းကိုဆိုလိုပါတယ်။ ကျနော့အမြင်တော့အဲဒါအဆင့်ထဲ ထဲ့လို့မရပါဘူး။
    စားဝတ်နေရေးလေး လျှော့တိလျှော့ရဲနဲ့ ဘဲ အများအကျိုးသယ်ပိုးသူများစွာတွေ့လာရလို့ပါ။ခေတ်မတူလို့လို့ဘဲယူဆ
    ရအောင်ပါ။ စိတ်ဓာတ်ကောင်းသူတွေ၊များလာတဲ့ခေတ်မှာ ဗော်လံတီယာဆိုသူတွေဟာ ချမ်းသာသူထက်ဆင်းရဲ(မချမ်း
    သာ)သူတွေများနေပါပြီ။ ကြုံလို့ပြောရရင်စိတ်ကောင်းမရှိခြင်းဟာ ခေတ်မမှီတော့ဘူးဆိုတာပါဘဲ။
    ခေတ်ရဲ့ကွာဟမှု (2) လို့မှတ်ထားပေးပါနော်။

    အဲဒီနေရာလေးမှာ နောက်ထပ်ရေးထားတာကတော့ ပြဿနာဖြေရှင်းနိုင်မှု၊အဂတိတရား၊အမှန်ကိုလက်ခံနိုင်မှု
    လို့ဆိုလေတော့။
    ဒါဟာ ဝစ်စဒန် -ဉာဏ်ပညာ၊ဆင်ခြတုံတရားပါ၊ ဆင်းရဲချမ်းသာမဆိုင်တာမို့ အဆင့်ထဲမထဲ့ရင်ရပါတယ်။
    အဆင့်မြင့်ပညာတွေသင်ယူတတ်မြောက်ခြင်းဟာ ဆင်ခြင်တုံတရားအတွက်အထောက်အကူပြုတယ်ဆိုတဲ့
    ပညာရေး အနှစ်သာရအရတော့ အဆင့်ထဲထဲ့လို့ရပြန်ပါတယ်။
    —————————-။
    အနှစ်ချုပ်ရရင်တော့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုရောထွေးထားတဲ့
    မော်ဒယ်ဖြစ်လေတော့ အဆင့်လို့ပြောတာထက် အချိုးကျ ပေါင်းစပ် တည်ဆောက်မှု ဆိုရင်ပိုမှန်ပါလိမ့်မယ်။
    ပြည့်စုံတဲ့ သူတိုင်းစိတ်ဓာတ်မမြင့်မားနိုင်သလို ဆင်းရဲသူတိုင်စိတ်ထားမနိမ့်ကျ ကြပါဘူး။

    မူးယစ်ဆေးဝါးရောင်းဝယ်ပြီးချမ်းသာနေသူ တယောက်ရဲ့ ဘဝတန်ဖိုး၊သူ့ကိုယ်သူယုံကြည်ချက်ဟာအောက်တန်း
    မှာပါ။ ပိုက်ဆံပြည့်စုံတိုင်း စာရိတ္တမကောင်းနိုင်ပါဘူး။ ဆင်းရဲလို့စာရိတ္တပျက်တယ်ဆိုတာ အချောင်စားချင်လို့ပါဘဲ။

    ကိုယ်ကျင့်တရားဟာ ဘာလဲဆိုတာစဉ်းစားကြည့်မိတော့ မိဘရဲ့ စားဝတ်နေရေး၊ကျန်းမာရေး အတွက်
    မကောင်းတဲ့မိန်းမဖြစ်ရတဲ့ကလေးမရဲ့ ကိုယ်ကျင့်တရားဟာ ပါမစ်တစောင် ၁ဝ ပုံးလာထားဆိုတဲ့
    ညွန်မှူးတယောက်ထက်တော့ အများကြီး အများကြီးကို သာပါတယ်။

    တြိဂံနဲ့ ကြည့်ရင် ကောင်မလေးဟာအောက်ဆုံးစာဝတ်နေရေးစိတ်မအေးရဘူးလို့ဖြစ်နေစဉ်မှာဘဲ
    စိတ်ဓာတ်ကတော့ဟိုးအပေါ်ဆုံးက သူများကို(အဂတိမရှိ)တရားမဲ့မပြုမူတဲ့ နေရာမှာဖြစ်နေတယ်မဟုတ်ပါလား။
    ဒါ့ကြောင့် ဒီဟာကိုအဆင့်လိုက်သွားတယ်ဆိုတာလက်မခံနိုင်ပါဘူးလို့ပြောရခြင်းပါ။
    ==================

    အားလုံးကအဆင့်လို့ စဉ်းစားပြီး အားငယ်နေတာကို လည်းဖျောက်လိုက်ကြပါ။
    စိတ်ဓာတ်အဆင့်အတန်း ဆိုတာ ဘာနဲ့မှမလဲတဲ့သူအတွက်အမြဲထိပ်တန်းပါ။
    ရွှင်လန်းချမ်းမြေ့ကြပါစေ။

    အားလုံးကိုကျေးဇူးတင်လေးစားပါတယ်။
    မောင်သစ်မင်း

    • amatmin

      January 16, 2012 at 2:37 pm

      ဖတ်နေရင်းနဲ့ တထိုင်တည်းကိုယ့်အဆင့်ကို တစ်ကနေ နှစ်ကိုအတင်းဆွဲတင်နေတုန်း
      ဆရာသစ် အပေါ်ကမန့်ထားတာလေးတွေ့မှစိတ်ပျော်သွားပါကြောင်းနှင့်..
      အကျဉ်းချုပ်အားဖြင့် ကိုယ်ကျင့်တရား(အသိ.လုပ်ဆောင်မှု)သည်သာ
      မိမိအဆင့်.တန်ဖိုး အနိမ့်အမြင့် ကိုပြသပေးပါလားဟုယေဘုယျ မှတ်သားသွားပါသည်။
      ကိုဂီရေးလို့ အမလတ်အတွေးကိုဖတ်ခွင့်ရတဲ့အတွက်လည်းကျေးကျေးပါ ။

  • yaungchikha

    January 16, 2012 at 10:44 am

    ကျနော်အတွက်တော့ တကယ့်ကို တန်ဖိုးရှိတဲ့ ပို့စ်နဲ့ကွန်းမန့်တွေကို ဖတ်လိုက်ရတဲ့အတွက် ဆြာဂီနဲ့ အပေါ်က ဆရာသမားများအားလုံးကိုလေးစားကျေးဇူးတင်ပါတယ်…………

  • လင်းဝေ

    January 16, 2012 at 2:29 pm

    သီရိပျံချီ စိန်ဇာဂီ ရေ,
    ဒီရွာထဲမှာတော့ ကိုယ့်လူက စိုင်ကြွေဘာ ပဲ။

    အားလုံးကလည်း ကိုယ်ဘယ်အဆင့်မှာများပါလိမ့်ဆိုပြီး ပူမနေပါနဲ့။
    ဝဏ္ဏကျော်ထင် စိန်ဇာဂီ ပြောသလိုပဲ အများစုကတော့ အဆင့်လေးဖြစ်တဲ့ Esteem Needs မှာရှိနိုင်ကြပါတယ်။
    တချို့တော့ရှိတယ် စားနိုင်သောက်နိုင်ပေမယ့် အောက်ဆုံးအဆင့်က မတက်တာတွေ။
    မုဒိမ်းကောင် ( Self-Esteem ကိုမရောက်နိုင်ပဲ Sexual Need မှာတင် တစ်နေလို့ )
    သူခိုး ( တစ်ဦးပိုင်ပစ္စည်းခိုးတာ၊အများပိုင် အစိုးရဘဏ္ဍာကို ခိုးတာ အားလုံး သူခိုးပဲ ) – သူခိုးဆိုတာလည်း self-esteem မရှိလို့ ဆိုတာရှင်းနေတာပဲလေ။
    အဲဒီလိုတွေထဲ မပါဘူးဆိုရင် ကိုယ့်ကိုကိုယ် ယုံလိုက်ကြစမ်းပါ။ တန်ဖိုးထားလိုက်ကြစမ်းပါ။ ကိုယ့်ကိုကိုယ်တန်ဖိုးသတ်မှတ်ထားမှသာ မဟုတ်တာတွေ မလုပ်ဖြစ်မှာ။

Leave a Reply